**သီသီလေးရယ်**
အိုင်းရစ်လူမျိုးနှစ်ဦး ဆောက်လုပ်ရေးတစ်ခုတွင်အလုပ်လုပ်ကြသည်။
သူတို့အထက်မှ ကြီးကြပ်သူသည် အလွန်စည်းကမ်းကြီးသည်။ အနားယူချိန်၊ နေ့လည်စာစားချိန်တောင် ကောင်းကောင်းမပေး အလုပ်သာဖိလုပ်ခိုင်းသည်။
တစ်ရက်တွင်မူ ကြီးကြပ်သူ ညနေ ၃ နာရီခန့်တွင်ပြန်သွားသည်။
ကြီးကြပ်သူပြန်သည်နှင့် ၃း၁၅ တွင် သူတို့လည်းပြန်ကြသည်။ ဒုတိယရက်တွင်လည်း ကြီးကြပ်သူပြန်သွားရာ ၃း၁၅ တွင်သူတို့ပြန်သည်။
အိုင်းရစ်နှစ်ယောက်ထဲမှတစ်ယောက် အိမ်ပြန်ရောက်ချိန်တွင် အိပ်ခန်းတံခါးကိုဖွင့်ကြည့်ရာ သူ့မိန်းမနှင့် ချစ်ရည်လူးနေသော ကြီးကြပ်သူကိုတွေ့သည်။
တံခါးကို အသာပြန်ပိတ်ပြီး လုပ်ငန်းခွင်သို့အမြန်ပြန်သွားကာ အလုပ်လုပ်သည်။ နောက်တနေ့တွင် သူ့အဖော်ကိုပြောသည်။
“ငါတို့နောက်တခါ ၃း၁၅ အိမ်ပြန်လို့မဖြစ်တော့ဘူး၊ မနေ့ကတောင် ငါ့ကိုမိတော့မလို့ သီသီလေးရယ်”
** lion lady**

No comments:
Post a Comment