ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, January 13, 2012

ချစ်ခြင်းအားဖြင့်နှောင်ဖွဲ့အပ်သော

>

“ ထား… မျက်နှာမကောင်းပါလားကွယ် ”

တစ်ယောက်နဲ့တစ်ယောက် ကာလများစွာ အလွတ် ကျက်မှတ်ထားပြီးသား စိတ်တွေမို့ ထား ဘယ်လို ခံစားနေရတယ်ဆိုတာကို သူ သိနေပေမယ့် သူ မနေနိုင်တော့လို့ မေးလိုက်တာကို ထား သိလိုက်ပါတယ်။

“ နှမျောလို့ပါ ”

လက်ထဲက ပစ္စည်းလေးကို တယုတယ ကိုင်တွယ်ရင်းက သူ့ကို ကြည့်လို့ လှမ်းပြောလိုက်တယ်။

“ထား မနှမျောတတ်တာ ကိုယ်သိပါတယ်ကွာ ”

“ ဒီ့ပြင်ဟာ မနှမျောပေမယ့် ဒါလေးကိုတော့ နှမျောမိလို့ပါ ”

“ အင်း…. အတော်ဆိုးသွားလို့လား၊ ကိုယ် နောက်တစ်ခု ပြန်ရှာဝယ်ပေးပါ့မယ်ကွာ ”

ထားရဲ့ မျက်စောင်းဝင့်ဝင့်က သူ့ဆီ ရောက်သွားတယ်။

“ မဖြစ်နိုင်တာ ပြောနေပြန်ပြီ၊ တကယ် တစ်ထပ်ထဲကျတာ ရှာဝယ်ပေးနိုင်လို့လား ”

“ တစ်ထပ်ထဲတော့ ဘယ်ဟုတ်ပါ့မလဲကွာ၊ အနီးစပ်ဆုံး ရှာကြည့်ပေးရမှာပေါ့ ”

ကျေနပ်တဲ့ အရိပ်အယောင်လေး ထားမျက်နှာပေါ် ဖြတ်ပြေးသွားတာ တွေ့လိုက်ရမှ သူ နေသာသလို ရှိသွားပုံရတယ်။

“ထားကတော့ အစားထိုး ၀ယ်ပေးလို့ ရမယ်ဆိုလဲ မလိုချင်တော့ပါဘူး၊ ဘယ်လိုမှ ထပ်တူညီတာ ရနိုင်တာမျိုးမှ မဟုတ်တာ”

“ အင်းလေ…ဟုတ်ပါတယ်.. ဘယ်လောက် တူတာလေးပဲ ရစေဦးတော့၊ မျက်စိနဲ့ မမြင်ရတဲ့ အရာတွေလည်း ပါဝင်နေတာဆိုတော့ ထား နှမျောမယ်ဆို နှမျောလောက်ပါတယ်..၊ ဟုတ်ဖူးလား.. ”

ထားရဲ့ မျက်စောင်း ချိုချိုလေးတစ်ခုက သူ့ဆီ လွင့်သွားရတယ်။

“ ဟွန်း… သိရဲ့သားနဲ့များ လေကုန်ခံ ပြောနေရသေးတယ်”

“ နှမျောတာလဲ နှမျောပေါ့ကွာ၊ ဒါပေမယ့် နေမကောင်း ဖြစ်လောက်အောင် နှမျောရတယ်လို့၊ တကယ့်စံပဲ၊ ကဲ..ပြော.. ချွေးလေးထွက်သွားအောင် ဘဲသားမြူစွမ်ပြုတ် ပူပူလေး သောက်မလား.. ပြော”

“ မသောက်ချင်တော့ပါဘူး၊ သွားရင်းလာရင်းနဲ့သာ စူပါဂလူး ကော်ဗူးလေး တစ်ဗူးလောက် ၀ယ်ခဲ့စမ်းပါရှင်..”

“ အင်း.. အင်း… ၀ယ်ခဲ့ပေးမယ်..၊ ထားလဲ ခဏလောက် တစ်ရေးအိပ်လိုက်ဦးနော်… ”

“ ထားကို အိပ်ဆေးတိုက်ခဲ့ ”

“ အင်း..ဟုတ်သား…ရော့.. ဒီမှာ.. ကိုယ့်ရဲ့ အိပ်ဆေး၊ အိပ်ဆေးတိုက်တိုင်း မျက်လုံးလေး မှိတ်ထားပေးတာ ဟိုး.. အရင်တုန်းက အတိုင်းပဲနော်”

“ ထားက ဘယ်တော့မှ အပြောင်းအလဲ မရှိသူဆိုတာကို… ကို က မသိဘူးလား ..”

“ သြ… ထားရယ်၊ ကိုယ် မသိပဲ နေပါ့မလားကွာ.…”

သူ့ရဲ့ အိပ်ဆေး ချိုမွှေးမွှေးလေးက ထားရဲ့ ရှင်မတောင် သနပ်ခါးရနံ့ သင်းပျံ့ထုံနေတဲ့ မဟာနဖူးပြင်လေးပေါ် ရောက်လာချိန်မှာ မျက်တောင်လေး ပိတ်သွားလျှက်က ထားရဲ့ နှုတ်ခမ်းလေး ပြုံးသွားမိတယ်။

“ ဟေ့… သက်ထား… ဒီနေ့ တယ်လှနေပါလား…၊ ဒီနေ့ မေဂျာအလှ သရဖူဘွဲ့က တို့ သူငယ်ချင်းပဲ ရမယ် ထင်တယ်ဟေ့..”

ပါးနပ်လွန်းတဲ့ နွယ်နွယ်က ထား အလှတွေ ဒီနေ့မှ ထူးထူးခြားခြား ပြင်လာတာကို ရိပ်မိနေလေပြီ။ ရှက်သွေး ဖြန်းခနဲ ဖြစ်သွားမိတယ်။ အခန်းအပြင်ဘက်ကို ဝေ့၀ဲ ကြည့်လိုက်မိတော့ သူ့ရဲ့ အရိပ်အရောင်တောင် မမြင်ရသေး။ တအောင့်နေရင် စာသင်ချိန် စတော့မှာမို့ အတန်းထဲမှာ လူစုံသလောက်ရှိနေကြပြီ။ အတန်းအပြင် ကော်ရစ်တာ တလျှောက်မှာလည်း တခြားမေဂျာက ကျောင်းသားများ အုံထလို့။ အရင် ရက်တွေတုန်းက ထား ကျောင်းကို ရောက်တာနဲ့ သူကကို ထားရဲ့ မြင်ကွင်းအောက်၊ တစ်နေရာမဟုတ် တစ်နေရာမှာ တွေ့နေရပြီ။ အခု သူ ဘယ်များရောက်နေလဲ။

ဒီနေ့ အတန်းထဲမှာ ဖရက်ရှာကွင်းနဲ့ကင်း ရွေးပွဲရှိတာမို့ အားလုံး လှုပ်လှုပ်ရွရွ ရှိနေကြတယ်။ ထားတို့လို အခုမှ တက္ကသိုလ်စတက်ရတဲ့ ပထမနှစ်သမားတွေအတွက် ထူးထူးခြားခြား စိတ်လှုပ်ရှားနေရချိန်ပေါ့။ ထားနဲ့ ပထမဆုံး ကျောင်းတက်တက်ခြင်း ခင်မင်ခွင့်ရခဲ့သူ နွယ်နွယ်က လူကောင်လေးက သေးချင်ပေမယ့်၊ သွားတက်လေး နှစ်ဖက်နဲ့ ချစ်စရာ အပြုံးချိုချိုကို ပိုင်ဆိုင်ခွင့်ရထားသူ၊ ပေါင်းသင်းဆက်ဆံရေး ကောင်းသူမို့၊ သူတို့ မေဂျာရဲ့ ဘုရင်မအဖြစ် ကြိုတင် ရေပန်းစား နေသူလေးပေါ့။ သူလိုလူက အခုလို လှမ်းပြောလိုက်တော့ ထား မနေတတ်အောင် ရှက်သွားမိတယ်။

ထားကတော့ အရပ်မြင်ြ့မင့် အသားဖြူဖြူ၊ မပြင်မဆင်နဲ့ ခန္ဓာကိုယ်အချိုးအစား အသင့်အတင့်သာရှိပြီး နှုတ်နည်းသူတစ်ဦးပါ။ အခုလို အလှမပြင်စဖူး အလှပြင်လာတာက မေဂျာကွင်းအတွက် မဟုတ်ဖူးဆိုတာ ထားကလွဲလို့ ဘယ်သူမှ မသိ။ ထား ၀တ်လာတဲ့ အသည်းနှလုံးပုံလေးတွေ ကျဲကျဲရက်ထိုးထားတဲ့ နံ့သာနုရောင် သိုးမွှေးအနွေးထည် ပါးပါးလေးရဲ့ အောက်၊ ထားရဲ့ ၀ဲဘက်ရင်အုံလေးရဲ့ အပေါ်မှာတော့ အစိမ်းရောင် ကြောင်လေးနှစ်ကောင် ငြိမ်သက်စွာနဲ့ ရှိနေတယ်။ ကြောင်လေးနှစ်ကောင် ငြိမ်သက်နေသလောက် ထားရဲ့ နှလုံးသားလေးက တဆတ်ဆတ် ခုန်လို့ လှုပ်ရှားနေတာ..။

မနေ့ညက အဲ့ဒီ သက်မဲ့ ကြောင်လေးနှစ်ကောင်ကို တစ်ညလုံး အိပ်မပျော်နိုင်ပဲ ထား ထိုင်ကြည့်ခဲ့မိတယ်။ အိပ်ရာပေါ်က ထားရဲ့ ခေါင်းအုံးစွတ် ဖြူဖြူလေးပေါ်မှာ ယှဉ်တွဲနေတဲ့ အစိမ်းရောင် ကြောင်လေးနှစ်ကောင်ကို ကြည့်ရင်း၊ မနက်ဖြန် ကျောင်းတက်ရင် ဒီကြောင်လေး နှစ်ကောင်ကို ခေါ်သွားဖို့ သင့်မသင့်ကို ခေါင်းတွေ ပူအောင် ထား စဉ်းစားခဲ့ရတယ်။

သိုးမွှေးစ မျှင်မျှင်အိအိ ကျောက်စိမ်းရောင်လေးနဲ့ ပြုလုပ်ထားတဲ့ အမွှေးပွပွလေးနဲ့ ကြောင်သေးသေးလေး နှစ်ကောင်က ချစ်စရာ အလွန်ကောင်းနေတယ်။ မျက်လုံး ပြူးပြူးလေးတွေနဲ့၊ နားရွက်လေးတွေ ကိုယ်စီထောင်လို့။ မျက်လုံးနေရာလေးမှာ ပလပ်စတစ် အကြည်အကြွလေးနဲ့ အ၀ိုင်းဖောင်းဖောင်းလေး လုပ်ထားတယ်။ မျက်စံလေးကို အနက်ရောင် ပလပ်စတစ်အစေ့လေး တစ်စေ့စီ ထည့်ထားတယ်။ ကြောင်လေးနှစ်ကောင်ကို လှုပ်ကြည့်လိုက်ရင် မျက်စံအနက်လေးက တလှုပ်လှုပ်နဲ့ ဟိုသည် ရွေ့နေတာက၊ တစ်ကောင်ကို တစ်ကောင် လှမ်းကြည့်နေသလိုလို။ ဖောင်းဖောင်းကစ်ကစ် ကိုယ်လုံးလေးနှစ်ခုက ပူးကပ်ထားသလို၊ ခေါင်းလေးနှစ်ခုကလည်း ပူးကပ်လို့။ သူတို့ နှစ်ကောင်ကို အခုလို ပူးကပ်နေအောင် အနောက်ဖက်ကနေ ရွှေရောင်တွယ်ခြိတ် သေးသေးလေးနဲ့ ပူးတွယ်ထားတယ်။

စိတ်ရင်းကောင်းတဲ့၊ ပျော်ပျော်နေတတ်တဲ့ သာမန် ယောကျာ်းတစ်ယောက်ဖြစ်တဲ့ သူ့ကို ထား ခင်တွယ်နေမိတာ မဆန်း။ သူ ထားကို စိတ်ဝင်စားနေတာ မိန်းကလေးပီပီ ထား ရိပ်စားမိနေပြီ။ သူက ထားတို့လိုပဲ မေဂျာတူ၊ နောက်ဆုံးနှစ် ကျောင်းသားတစ်ယောက်။ ကျောင်းဖွင့်ပြီး တစ်ပတ်လောက်နေမှ ကျောင်းလာတက်တဲ့ သူက၊ သူငယ်ချင်းတွေက ဒီနှစ် ဖရက်ရှာလေးတွေ ချောတယ်၊ သွားကြည့်မယ်ဆို ခေါ်လာတာ လိုက်လာရင်း၊ ထားကို ဒုတိအကြိမ်မြောက် တွေ့ခွင့်ရလိုက်တာဆိုပဲ။ မနေ့က သူ ကျောင်းရှေ့မှာ သူငယ်ချင်းတွေကို စောင့်နေတုန်း ထားကို ပထမဆုံးအကြိမ် တွေ့ခဲ့ဘူးပြီး၊ အဲ့ဒီတုန်းထဲက လူနဲ့ မမျှတဲ့ ပန်းဖွားတွေ အများကြီးပါတဲ့ ကချင်လွယ်အိတ် အနီကြီးကို ပုခုံးမှာ ထုံးလွယ်ထားပြီး၊ ထမီတိုတို ၀တ်ထားတဲ့ ထားကို သူ သတိမပြုပဲ မနေနိုင်ခဲ့ဘူးတဲ့လေ။

“ ကိုယ့်.. အကြည့်တွေ ထားဆီက ခွာလို့ကို မရတော့ဘူး၊ ထားက သူငယ်ချင်းနဲ့ အားပါးတရ စကားပြောနေတာ ကလေးလေးလိုပဲ၊ သိပ် ချစ်စရာ ကောင်းတယ် ” လို့ ခင်မင်ပြီး နောက်ပိုင်း သူ ပြောပြတော့ ကျေနပ်စိတ်နဲ့ ထား ခေါင်းလေးကို ငုံ့ထားမိတယ်။

သူက ထားထက် အသက်ကြီးတယ်။ သူ့အသံ ချိုသြသြက စွဲဆောင်မှုရှိတယ်။ သူက အရောင်လေးတွေနဲ့ လည်ကတုံးအိင်္ကျီကို စွဲစွဲမက်မက် ၀တ်တတ်တာရယ်၊ ဟာသ ဇ၀နဥာဏ်ရှိတာရယ်၊ သူ့ရုပ်က မချောပေမယ့် လူချစ်လူခင်ပေါတယ်၊ လူကြားထဲမှာ ထင်ရှားနေတတ်တာရယ်က သူ့ရဲ့ တခြား ယောကျာ်းလေးတွေနဲ့ မတူတဲ့ ထူးခြားချက်။ အဲ့ဒါတွေကြောင့် ထား သူ့ကို စသတိထားမိခဲ့တာ။

သူနဲ့ စကား စပြောဖြစ်တာကလည်း ရုပ်ရှင်ဆန်ဆန်ပဲ။ ထားရှိတဲ့ နေရာရဲ့ မလှမ်းမကမ်းမှာ သူက အမြဲလိုလို ရှိနေခဲ့တယ်။ သူက ကျောင်းဆင်း၊ ကျောင်းတက် ထားအနောက်ကနေ ဘာဆို ဘာမှ အနှောင့်အယှက်မပေးပဲ တကောက်ကောက အရိပ်လို လိုက်နေခဲ့တာ မိန်းကလေးပီပီ ထား သိတာပေါ့။ ဒီလိုနဲ့ စကားပြောဖို့၊ မိတ်ဆွေဖွဲ့ဖို့ အားမထုတ်ပဲ သူ နေလာလိုက်တာ နှစ်လနီးပါး ရှိလာတယ်။ သူ အဲ့ဒီလို နေနေတာကိုက ထားစိတ်ကို ခိုးလိုးခုလု ဖြစ်စေတယ်။

တစ်ရက်..၊ သူ့ကို ထားကိုယ်တိုင်က စကား စပြောဖြစ်ဖို့ အခြေအနေ ဖြစ်လာခဲ့တယ်။ ကျူတိုရီရယ်အပြီး သူငယ်ချင်းတွေနဲ့ လမ်းခွဲလို့ ကျောင်းရှေ့ ကားမှတ်တိုင်မှာ ဘတ်စ်ကားကို ထားတစ်ယောက်ထဲ စောင့်နေခဲ့တယ်။ အဲ့ဒီနေ့က အိမ်မပြန်ခင် မေမေ့ ကျန်းမာရေးအတွက် ဆူးလေဘုရားကို ယတြာသွားချေဖို့ စီစဉ်ထားတယ်။ ပြီးရင် ဘုရားကနေ ၁၅မိနစ်သာသာ လမ်းလျှောက်ရင် ရောက်တဲ့ အိမ်ကို အေးအေးဆေးဆေး လမ်းလျှောက်ပြန်မယ် စိတ်ကူးထားတယ်။

မှတ်တိုင်မှာ ကားစောင့်နေတုန်း အရက်နံ့တွေ တထောင်းထောင်းထနေတဲ့ လူနှစ်ယောက်၊ ထားရဲ့ နဘေးကို ရောက်လာပြီး ရိသဲ့သဲ့တွေ လာပြောနေကြတယ်။ ပုံမှန်ဆို မကြောက်တတ်ပေမယ့် သူတို့ဆီက အရက်နံ့ရလိုက်တာရယ်၊ ကားမှတ်တိုင်မှာ လူတွေ များနေတာရယ်ကြောင့် နည်းနည်း လန့်သွားသလို၊ ရှက်တဲ့ စိတ်နဲ့ပါ မွှန်ထူနေမိတယ်။ အရှေ့ မျက်နှာချင်းဆိုင်ကနေ ထားတို့ဘက်ကို ကားလမ်းကူးလာတဲ့ သူ့ကို တွေ့လိုက်ချိန်မှာ၊ အားကိုးရာ ရသွားသလို ဟန်မဆောင်နိုင်တော့ပဲ သူ့ကို လှမ်းခေါ်လိုက်မိတယ်။ အပြုံးမျက်နှာနဲ့ သူ အနားရောက်လာချိန်၊ အရက်သမားနှစ်ယောက် မယောင်မလည်နဲ့ ခပ်လှမ်းလှမ်းကို ခွာသွားတယ်။

အမှတ်(၁၄)၊ ရေနိုးကားကြီး ဆိုက်လာတော့ ထားတို့ နှစ်ယောက်လုံး ကားပေါ် တက်လိုက်တယ်။ ကားပေါ်မှာ နေရာလွတ်တွေ အများကြီးရယ်။ အမူးသမားနှစ်ယောက်ကလည်း ထားတို့ အနောက်က လိုက်တက်လာတယ်။ ထားနဲ့ မျက်နှာချင်းဆိုင် နေရာလွတ်မှာ သူ့ကို လာထိုင်ဖို့ ပြောမိတယ်။ သူက မထိုင်ပဲ ခုံနှစ်ခုရဲ့ နောက်မှီပေါ် လက်နှစ်ဖက် ခွတင် ရပ်ရင်း “ တစ်ယောက်ထဲ ချောင်ချောင်ချိချိ ထိုင်လေ ” လို့ ပြောတယ်။ အရက်သမားနှစ်ယောက်က အနောက်ဆုံး ခုံတန်းမှာ နေရာယူလျှက်ကနေ သူ့ကို မကြည်ရှိုးနဲ့ လှမ်းကြည့်နေတယ်။

ခဏနေတော့ သူက သူ့ လွယ်အိတ်ကြီးထဲက စာအုပ်တစ်အုပ် ထုတ်ပေးပြီး “ ရော့… ဖတ်ချင်ဖတ်လေ…” ဆို စာအုပ်တစ်အုပ်ကို လက်ထဲ ထည့်ပေးတယ်။ စာအုပ်အဖုံးကို ကြည့်လိုက်တော့ နန္ဒာသိန်းဇံရဲ့ “ မိတ်ကောင်းဆွေကောင်းများနဲ့ ခရီးသွားခြင်း” ဆိုလို့ ထားတို့ နှစ်ယောက်သား မတိုင်ပင်ပဲ ပြိုင်တူ ပြုံးလိုက်မိကြတယ်။ ထားစိတ်ထဲ အမူးသမားတွေကို မမှုတော့သလို ခံစားလိုက်ရတယ်။ ထားစိတ်ထဲ လုံခြုံသွားသလိုပဲ။ ထား ရင်တွေ ခုန်နေခဲ့တယ်။ ဒီလိုနဲ့ ကားပေါ်မှာ သူက ထားနဲ့အတူ ဆူးလေဘုရားအထိ မတ်တပ်ရပ်လျှက် ပါလာခဲ့တယ်။

သူနဲ့ စစချင်း စကားပြောဖြစ်တဲ့ နေ့မှာပဲ ဘုရားအတူတူ ဖူးဖြစ်ခဲ့တာပေါ့။ မေမေ့မွေးနံ၊ ဆူးလေးဘုရားရဲ့ သောကြာထောင့်မှာ ထား ရှိခိုးဦးချနေတာကို တစိမ့်စိမ့် သူ ထိုင်ကြည့်နေခဲ့တာ ထား မမေ့သေးပါဘူး။ အိမ်အပြန် ဆူးလေဂုံးတံတားပေါ်အရောက် သူက ထားနာမည်ကို မေးတယ်။ ထားနာမည် သက်ထားခင်ခင်လို့ ပြောတော့ “ ကျွန်တော် ထားလို့ ခေါ်မယ်နော်” လို့ ပြောတယ်။ ထားကို အိမ်မှာ သက်ထားလို့ပဲ ခေါ်ကြတယ်။ “ထား” လို့ သူက စခေါ်ခဲ့တာပါ။ သူ့ နာမည်ကို ရှက်ရှက်နဲ့ ပြန်မေးမိတော့ သူ့ မှတ်ပုံတင်ကဒ်ကို ထုတ်ပြတယ်။ သူ့နာမည်ကြီးက ရိုးစင်းလိုက်တာ။ မှတ်ပုံတင်ကဒ်က မွေးသက္ကရာဇ်ကို ကြည့်ပြီး သူက ထားထက် အသက်ကြီးတာ သိလိုက်ရတယ်။

သူက ထား အတန်းရှိရာကို အချိန်ရတိုင်း အလာမပျက်ပါပဲ။ ထား သူငယ်ချင်းတွေနဲ့တောင် သူ ခင်နေပြီ။ နွယ်နွယ့် အပြောနဲ့ဆို သူနဲ့ထားက နားလည်မှုအရှိဆုံး မိတ်ဆွေတွေပဲပေါ့။ သူနဲ့ထားရဲ့ ကြားက သံယောဇဉ်က တဖြည်းဖြည်းနဲ့ တင်းကြပ်လာခဲ့ပြီ။

မနေ့က ကျောင်းကင်တင်းမှာ ထိုင်တုန်း သူက ထားကို ချစ်စရာ အပြာရောင် စက္ကူဗူး ပိစိလေးတစ်ခု ထုတ်ပေးတယ်။ “ အိမ်ရောက်မှ ထား ဖောက်ကြည့်နော်၊ အခု မဖောက်နဲ့ဦး…၊ ကျွန်တော်ရှက်တယ်” လို့ သူက ပြောတယ်။ အမှန်က သူ့ထက် ထားရှက်နေမှာ စိုးလို့ ပြောမှန်း ထားသိတာပေါ့။

“ နက်ဖြန် ထားတို့ ဖရက်ရှာဝဲလ်ကမ်းနေ့မှာ ကျွန်တော် ကျောင်းကို အစောကြီး ရောက်နေမယ်၊ ထားကို စောင့်နေမယ်နော် ”

ထား ခေါင်းလေး ငြိမ့်လိုက်မိတယ်။ အိမ်ပြန်ရောက်တော့ အခန်းတံခါးပိတ်ပြီး လွယ်အိတ်ထဲက စက္ကူဗူးလေးကို တထိတ်ထိတ်နဲ့ ထုတ်ကြည့်လိုက်တယ်။ အထဲမှာက အဖြူရောင် စာခေါက်လေး။ ရင်တလှပ်လှပ်နဲ့ ဖွင့်ကြည့်လိုက်တော့….

ရည်းစားစာဆိုတာကို ဆန့်ကျင်ဘက် ယောကျာ်းလေးတွေဆီက တုန်လှုပ်မှုမရှိပဲ ထား လက်ခံရခဲ့ဘူးပါတယ်။ အခုတော့ ချစ်ပါတယ်လို့ တစ်လုံးမှ မပါပဲ၊ ရေးထားတဲ့ သူ့ရဲ့ လက်ရေး စောင်းစောင်းလေးတွေက ထားရဲ့ စိတ်နှလုံးကို သိမ်းကြုံး ယူငင်သွားတော့တယ်။ ချစ်စရာ အစိမ်းရောင် သိုးမွှေးကြောင်လေး နှစ်ကောင်က စာရွက်လေးရဲ့ အပေါ် ထောင့်စွန်းနေရာမှာ တွယ်ခြိတ်ထားလျှက်ကနေ၊ ထားရဲ့ အရှက်သည်းနေတဲ့ မျက်နှာနီနီကို လှမ်းကြည့်လို့။

ထားဝတ်လာတဲ့ အသည်းနှလုံးပုံလေးတွေ ကျဲကျဲရက်ထိုးထားတဲ့ အနွေးထည် ပါးပါးလေးရဲ့ အောက်၊ ထားရဲ့ ၀ဲဘက် ရင်အုံလေးရဲ့အပေါ်မှာ အစိမ်းရောင် ကြောင်လေးနှစ်ကောင် ငြိမ်သက်စွာနဲ့ ရှိနေတယ်။ ကြောင်လေးနှစ်ကောင်က ငြိမ်သက်နေသလောက် ထားရင်တွေက ဗရမ်းဗတာ ခုန်နေတယ်။ ဝေခွဲမရတဲ့ စိတ်တွေက ထားရဲ့စိတ်ကို အနားမပေးပဲ လူးလာ ပြေးနေစေတယ်။ ရင်ထိုးလေးကို ဘာလို့ မထားခဲ့ပဲ ထား တတ်လာခဲ့မိရတာလဲ။ တတ်ထားခဲ့ရင်လဲ ဘာလို့ အပေါ်ကနေ အနွေးထည် ထပ်ဝတ်လာမိခဲ့တာလဲ။ အမှန်က ထား ရှက်နေမိတာ။ ထားရဲ့ အတွေးတွေ၊ ထားရဲ့ အိပ်မက်တွေမှာ သူ နေရာယူထားတာ ကြာမှကြာပေါ့။ သူ့မျက်နှာကို တွေးမြင်ယုံနဲ့ ထားလက်ဖျားလေးတွေ အေးစက်လို့တောင် လာရတယ်။

ဒီနေ့ ကျောင်းရောက်ထဲက သူ့ကို ထား အရိပ်အယောင်တောင် မတွေ့ရဘူး။ ထား လက်ဖျားမှာ ချွေးစေးတွေနဲ့။ ကျောင်းခန်းထဲမှာသာ ထိုင်နေရတယ်၊ ထား စိတ်နဲ့လူ မကပ်ချင်ဘူး။ ကျောင်းတက်ချိန် နီးလာတဲ့အထိ သူ့ကို ထား မတွေ့ရတော့ ၀မ်းနည်းချင်လာမိတယ်။ စိတ်လည်း တိုလာတယ်။ လက်ပတ်နာရီက စက္ကန့်တံလေးတွေက တရွေ့ရွေ့ သွားနေတယ်။ အခုထိ သူ့အရိပ်အယောင်တောင် မမြင်ရသေးဘူး။ ထားကို သူ ဒီလို နောက်စရာလား။ စိတ်တိုတိုနဲ့ ၀တ်လာတဲ့ အနွေးထည်လေးကို ရင်ဘတ်ကြယ်သီးတွေ အကုန်စေ့အောင် တပ်ထားလိုက်မိတယ်။ “ သူကဖြင့် မလာဘူး၊ ရင်ထိုးကို တတ်လာမိတာ.. ရှက်ဖို့ ကောင်းလိုက်တာ..” လို့ တွေးရင်း ရင်ထဲ တနုံ့နုံ့ ဖြစ်နေမိတယ်။ ဒီနေ့မှ ထူးထူးခြားခြား အလှပြင်လာလို့ ဖရက်ရှာဝဲလ်ကမ်းအတွက် ပြင်လာတယ်လို့ သူငယ်ချင်းတွေက ထင်နေကြပြီ။

ရှက်ဒေါသတွေက တကိုယ်လုံး ပျံ့လို့လာတယ်။ အတန်းအပြင်ဘက် ကော်ရစ်တာမှာလဲ ကျောင်းသား တော်တော်များများက ရစ်သီရစ်သီနဲ့။ သူတို့ အကြည့်တွေက ကွင်းလို့ ရေပန်းစားနေတဲ့ ထားနဲ့နွယ်နွယ်တို့ အနားတ၀ိုက်မှာ။ အပြင်က ကျောင်းသားတွေ ပစ်ပေါက်ထားတဲ့ စက္ကူမြှား သေးသေးချွန်ချွန်လေးတွေက ထားတို့ စားပွဲဘေးနားမှာ ဟိုသည် ပျံ့ကျဲလို့။ ထားရဲ့ သိုးမွှေးအနွေးထည်လေးမှာတောင် မြှားလေးတွေ လာခြိတ်နေသေးတယ်။ ထား အံကို တင်းတင်း ကြိတ်ထားလိုက်မိတယ်။ ထား စိတ်ထဲ ပေါက်ကွဲနေတာ နွယ်နွယ်တောင် ရိပ်မိတယ်။ ထား စိတ်တိုနေတာ စက္ကူမြှားတွေကြောင့် မဟုတ်မှန်း နွယ်နွယ့်ကို ထား ဘယ်လို ပြောပြလို့ရပါ့မလဲ။

ဖရက်ရှာဝဲလ်ကမ်းမှာ ဘုရင်မဆုကို သူငယ်ချင်း နွယ်နွယ်ရသွားခဲ့တယ်။ သူ့ကြောင့် ထားမှာ နွယ်နွယ်အတွက် အပြည့်အ၀ ၀မ်းမသာနိုင်ပါဘူး။ ထား အိမ်ကို အမြန် ပြန်ရောက်ချင်နေပြီ။ အိပ်ရာထဲ ခေါင်းဖွက်လို့ ငြိမ်ငြိမ်လေး နေလိုက်ချင်ပြီ။ နွယ်နွယ့်ကို နှုတ်ဆက်ပြီး အိမ်ပြန်ဖို့ ကားဂိတ်ကို ခပ်သွက်သွက် လျှောက်လိုက်တယ်။ မှတ်တိုင်က ထွက်ကာနီး နံပတ်(၁၄)ကားပေါ် ရအောင် တိုးတက်လိုက်တယ်။ အတွေးထဲမှာ ဒေါသ စကားလုံးတွေ ပလုံစီထနေတယ်။ ကျောင်းမတက်ခင် အမြဲရှိနေတတ်တဲ့ သူက အခုတော့ ဘယ်ရောက်သွားပြီလဲ။ ဒီလိုနေ့မျိုးမှာ ဂရုတစိုက်နဲ့ စောစော ရောက်မနေသင့်ဘူးလား။ ထားကို ဒီလောက်တောင် အချိန်မပေးနိုင်ပဲ ဘာလို့ ချစ်စကား ပြောခဲ့ရတာလဲ။

ကျောင်းဆင်းချိန် ကြပ်ပိတ်ညပ်သိပ်နေတဲ့ ကားပေါ်မှာ ထားပါ ရောညပ်နေတယ်။ စပယ်ရာကို ကားခပေးမယ်လုပ်တော့ “ ကိုယ့်အတွက်ပါ ပေးပေးနော်၊ အကြွေ မပါလို့” ဆိုတဲ့ သူ့အသံ ချိုသြသြကို အနောက်ဖက်က မထင်မှတ်ပဲ ကြားလိုက်ရတယ်။ အမှတ်မထင် ထားဘေးနားကို အတင်း တိုးဝှေ့ဝင်လာရပ်တဲ့ သူ့ကို တွေ့လိုက်ရတယ်။ သူ အခုမှ ဘယ်နေရာကနေ ရောက်လာတာလဲ။ လူတွေနဲ့မို့ ဘာမှ မပြောချင်တာမို့ နှုတ်ဆိတ်လျှက်က ကားခ နှစ်ယောက်စာ ပေးပေးလိုက်တယ်။ တတ်နိုင်သမျှ သူ့ကို ကျောခိုင်းထားမိတယ်။ ဖြစ်နိုင်ရင် သူနဲ့ အဝေးဆုံးကို ထား ပြေးချင်နေမိပြီလေ။

ကားက ကျပ်လိုက်တာမှ သူ့ရဲ့ အသက်ရှူငွေ့ နွေးနွေးက ထားရဲ့ လည်ကုတ်ပေါ် ရောက်နေတာကို သိလိုက်ရတဲ့ အထိပဲ။ အရင်က ကားစီးတိုင်း သူ့မျက်နှာဆီ မော့လို့ စကားတွေ ပြောခဲ့ပေမယ် ဒီတစ်ခါတော့ နှစ်ယောက်လုံး နှုတ်ဆိတ်နေတယ်။ ထားစိတ်ထဲ ၀မ်းနည်းဝမ်းသာသလို စိတ်နှစ်ခွ ဘာလို့ ခံစားနေရတာလဲ။ တစ်ဆက်ထဲမှာ အနွေးထည်အောက်၊ ထားရဲ့ ၀ဲဘက် ရင်အုံလေးပေါ်က ကြောင်လေး နှစ်ကောင်ကို စိတ်ပူသွားမိတယ်။ လူတွေ တအားကြပ်လို့ ရင်ထိုးလေးများ ပြုတ်ကျသွားရင်..ဆိုပြီး စိုးရိမ်လာမိတယ်။ သူက ထားရဲ့ မျက်နှာထား တင်းတင်းကြောင့်လား မသိ၊ တိတ်ဆိတ်ငြိမ်သက်လို့ နေလိုက်တာများ ကားပေါ်က ဆင်းတဲ့ အထိပါပဲ။ ကတ္တရာလမ်းမပေါ် ခြေချတော့ အနွေးထည်ကြီးနဲ့ ချွေးထွက်သန်တဲ့ ထားမှာ ချွေးတဒီးဒီး ကျနေလေပြီ။

ဆူးလေ ဂုံးတံတားက ဒီနေ့မှ တက်ရတာ ပိုမောနေသလိုလို။ ထားနဖူးက ချွေးတွေ သုတ်ဖို့ သူ အတင်း ကမ်းပေးတဲ့ တစ်ရှုးစက္ကူကို ငြင်းလိုက်မိတယ်။ သူ့ မျက်နှာပျက်သွားတာကို ထား တွေ့ဖြစ်အောင် တွေ့လိုက်တယ်။ အခုနေခါမှာ သူ့စိတ် ကသိကအောင့်ဖြစ်အောင်ပဲ ထားလုပ်ချင်နေမိတယ်။ ထား ခံစားနေရတဲ့ အခိုက်အတန့်လို သူ့ကိုလည်း ထပ်တူ ခံစားစေချင်နေမိတာ။

“အရမ်းအိုက်နေတယ် မဟုတ်လား… အနွေးထည် ချွတ်ထားလိုက်လေ”

ထားမှာ ကိုယ့်အခက်အခဲနဲ့ ကိုယ်မို့ ခေါင်းခါပြလိုက်မိတယ်။ ထားရင်ဘတ်မှာ ထိုးထားတဲ့ ကြောင်ရုပ်လေး သူ မြင်သွားမှာ စိုးမိတယ်။ ထား ဘယ်လိုလုပ် အနွေးထည်ကို ချွတ်လို့ ဖြစ်ပါ့မလဲ။

“ကျွန်တော် ဒီနေ့ စိတ်တွေ အရမ်းလှုပ်ရှားနေမိတယ်၊ ထား ကျောင်းထဲ စ ၀င်လာထဲက ပေါ်တီကို တိုင်အကွယ်ကနေ ချောင်းနေခဲ့တာ”

ထား “ကျွတ်” ခနဲ လုပ်လိုက်မိရင်း “အပိုတွေ ပြောမနေနဲ့…” လို့ ပြောချင်မိ လိုက်တာမို့ အောက်နှုတ်ခမ်းလေးကိုသာ တင်းတင်း ကိုက်ထားလိုက်မိတယ်။ ဒီလိုနေ့မျိုး ကျောင်းဆင်းမှ ကြပ်ပိတ်ညပ်နေတဲ့ ကားပေါ်တက်လာတဲ့ သူ့ကို ထား စိတ်မဆိုးသင့်ဘူးလား။ ဒီနေ့အတွက် တစ်ညလုံး စိတ်ကူးနဲ့ မက်ခဲ့ရတဲ့ သူနဲ့ထားရဲ့ အိပ်မက်ချိုချိုတွေ အခုတော့ သွားပြီပေါ့။ အဲ့ဒီလိုလူနဲ့ ထား ပေးရမယ့် အဖြေနဲ့ ထိုက်တန်လို့လား။

“ထား အိကျီ င်္လေးကို ရင်တထိတ်ထိတ်နဲ့ အကွယ်ကနေ ကျွန်တော် လှမ်းကြည့်မိတာ..၊ မျှော်လင့်ထားတဲ့ ရင်ထိုးလေးကို မတွေ့လိုက်ရတော့ ရင်ထဲမှာ တကယ် မကောင်းဘူး…”

သူ့အသံတိုးရှရှက ထားမျက်ရည်တွေကို ချူနေသလိုမို့ ထား အံကို တင်းတင်းကြိတ်မိနေရပြီ။ ထား အလှပြင်လာတာ သူ့အတွက်၊ သူမလာလို့ ထား ဘယ်လောက်တောင် စိတ်တွေ တိုခဲ့ရသလဲဆိုတာ သူဘာလို့ မသိနိုင်ရတာလဲ။ ထားရဲ့ အနွေးထည်အောက်မှာ သူပေးထားတဲ့ ရင်ထိုးလေး ရှိနေနိုင်တယ်ဆိုတာ သူဘာလို့ မစဉ်းစားမိရတာလဲ။ သူ ထားကို နားမလည်ပါလားနော်။

“ထား အတန်းထဲ ၀င်သွားလောက်ချိန်မှ ထား အတန်းရှိရာကို တက်ခဲ့တာ၊ အတန်းအပြင်မှာ ကျောင်းသားတွေကလဲ တပုံကြီး..၊ ကျွန်တော် ပြူတင်းပေါက်မှန်ကြားထဲက ထားကို ချောင်းကြည့်လိုက်တော့၊ သူတို့က စက္ကူမြှားတွေနဲ့ ထားတို့ ထိုင်နေတဲ့ နေရာကို ပစ်နေကြတယ်လေ၊ ထားအကြည့်တွေကလဲ သူတို့ဆီမှာပဲ..၊ ထား အလှတွေ ပြင်လာတာ ကျွန်တော်အတွက် မဟုတ်ဘူးဆိုတာ တွေးမိတော့ သ၀န်တိုသလိုလို ၀မ်းနည်းသလိုလိုနဲ့..၊ တစ်ခါမှ အဲ့ဒီလို ခံစားချက်မျိုး မခံစားဖူးသေးဘူး ”

ထား အိမ်နားရောက်တော့မှာမို့၊ ထုံးစံအတိုင်း သူက လမ်းခွဲဖို့ ခြေလှမ်း အရှိန်ကို လျှော့လိုက်တယ်။ ထား ခြေလှမ်းတွေက သူနဲ့ ထပ်တူ နှေးသွားတယ်။ ထား စိတ်တွေက သူ့စကားသံအောက်မှာ ဘာလို့များ ရုတ်ချည်း ပျော့ပျောင်းလာရတာလဲ မသိဘူး။ သူ့ မျက်ဝန်းတွေကို ထား သေသေချာချာ စိုက်ကြည့်ချင်နေမိပြီ။

“ ကျွန်တော် ညက အိပ်လို့တောင် မပျော်ဘူး၊ ဒီနေ့အတွက် တကယ်ကို စိတ်တွေ စောနေခဲ့ရတယ်၊ စိတ်ကူးနဲ့ ၀မ်းသာကြည့်တာတောင် တော်တော် ပျော်ခဲ့ရတယ်၊ တကယ်တော့ ထားရဲ့ ကျွန်တော့်အပေါ် ခင်တွယ်မှုကို ကျွန်တော် ကိုယ်တိုင်ဖျက်စီးလိုက်မိတာပါ…၊ ထားရဲ့ ဆုံးဖြတ်ချက်ဟာ ထားရဲ့ဆန္ဒပါ..”

သူ့ ခြေလှမ်းတွေ ရပ်တန့်လိုက်တယ်။ ထား နှလုံးသွေးတွေပါ ရပ်သွားရသလိုပဲ။ ထား အရမ်း စိုးရိမ်သွားမိပြီ။ ထား သူ့ကို ဘာမှ ပြောမနေချင်တော့ဘူး။ ထား တွေဝေနေရမယ့် အချိန်မဟုတ်ဘူးဆိုတာ သိလိုက်တယ်။ သူ့ကို ဒီထက်ပိုပြီး ထား မရက်စက်နိုင်တော့ဘူး။ ထားကိုယ်ထားလည်း မညာချင်တော့ဘူး။ ဟန်ဆောင်ရတာကို ထား သိပ်မုန်းတယ်။ ထား သူနဲ့ မျက်နှာချင်းဆိုင်လိုက်တယ်။

ထားရဲ့ လက်ချောင်းလေးတွေက အနွေးထည် ကြယ်သီးလေးတွေကို တစ်လုံးချင်းစီ ဖြုတ်နေမိတယ်။ သူက ဇဝေဇ၀ါနဲ့ ထားရဲ့ လက်ချောင်းလေးတွေကို လိုက်ကြည့်နေတယ်။ အနွေးထည် ကြယ်သီးအားလုံး ပြုတ်သွားချိန်မှာ အနွေးထည်လေးကို ချွတ်လို့ သူ့ပခုံးပေါ် လွှားခနဲ ပစ်တင်လိုက်တယ်။ ထား ခေါင်းကို ရှက်ရှက်နဲ့ ငုံ့ထားလိုက်တော့ အိကျီ င်္ရင်ဘတ်ပေါ်က ကြောင်လေးနှစ်ကောင်နဲ့ မျက်လုံးချင်း ဆုံမိတယ်။ ထားရဲ့ နှုတ်ခမ်းအစုံမှာ ရှက်ပြုံးတွေ ဝေနေမိပြီ။

တောက်ပတဲ့ အပြုံးနဲ့ သူ့ရဲ့ မချင့်မရဲ လက်သီးဆုတ်ဖွဖွက ထားနဖူးပေါ် ရောက်လာချိန်မှာတော့ ထားအိကျီ င်္ရင်ဘတ် ၀ဲဘက်ပေါ်က အစိမ်းရောင်ကြောင်လေး နှစ်ကောင်က လန့်ဖျတ်ပြီး ခေါင်းလေးတွေ ပြန်ငုံ့သွားကြတယ်။

ကြောင်လေးနှစ်ကောင်ကို ထားက တယုတယ ကိုင်ထားတယ်။ ထားလက်ထဲက တကွဲတပြားစီဖြစ်နေတဲ့ ကြောင်လေးနှစ်ကောင်ကို စူပါဂလူးနဲ့ သူက ပြန်ပူးကပ်ပေးနေတာကို မျက်တောင် မခပ်စတမ်း ကြည့်နေရင်း ဘေးကနေ ထား ကူညီပေးနေမိတယ်။

“ နောက်ဆို ထားက သမီး မမြင်နိုင်တဲ့ နေရာမှာ သိမ်းထားလေ၊ မဟုတ်ရင် သူက ကလေးဆိုတော့ ဘာမှမသိဘူး၊ ယူပြီး ကစားမှာပေါ့ ”

“ ကို့သမီးက ထားအလစ်မှာ ဘီဒိုအံဆွဲဖွင့်ပြီး မွှေထားတာလေ၊ ဒီကြောင်လေးနှစ်ကောင်ကို တကွဲတပြားစီနဲ့ သူ့ ကျောင်းကွန်ပါဗူးထဲမှာ တွေ့တော့ ထား မျက်လုံးပြူးသွားတာပေါ့၊ တခြားဟာဆို သမီးဆော့လဲ ထား ဘာမှဖြစ်မှာ မဟုတ်ပါဘူး၊ အခုက…..”

“ အင်းပါ… ကိုယ်.. နားလည်ပါတယ်၊ အခုလို စူပါဂလူးနဲ့ ပြန်ကပ်ပြီး သေချာ ပြန်သိမ်းထားလဲ ရတာပဲဗျ.. ဟုတ်ဖူးလား၊ တကထဲ… သိသိခြင်း မပြောဘူး၊ သုံးရက်လောက် ကြိတ်ဝမ်းနည်း နေရသေးတယ်၊ အခုလို ဖျားယူမှ ဖွင့်ပြောရတယ်လို့.. ”

မူလအတိုင်း သေသေသပ်သပ်နဲ့ နေသားတကျဖြစ်သွားတဲ့ ကြောင်လေးနှစ်ကောင်ကို ကြည့်ပြီး သူနဲ့ ထား ပြိုင်တူ နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်မိတယ်။

သူ့ လက်သီးဆုတ် ဖွဖွက ထားနဖူးပေါ် ရောက်လာတော့၊ ဟိုးအရင်အချိန် နေ့တစ်နေ့ရဲ့ ချွေးတွေ ရွှဲနေတဲ့ အနွေးထည်အောက်က ကြောင်ကလေး နှစ်ကောင်ဆီ နှစ်ယောက်လုံးရဲ့ စိတ်တွေ ပြန်ရောက်လို့ သွားရတယ်။

မေမေ မသိအောင် ကြောင်ရုပ်ရင်ထိုးလေး ယူဆော့ထားမိလို့ ဆူခံရမှာ စိုးရိမ်နေတဲ့ သမီးငယ်လေးက၊ လိုက်ကာ အကွယ်ကနေ ဖေဖေနဲ့မေမေ ကြင်နာနေကြတာကို မျက်လုံးလေး ပြူးကြည့်ပြီး အံ့သြသင့်နေရှာတယ်။

ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။
** မြသွေးနီ**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)