ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, January 13, 2012

အိန္ဒိယနိုင်ငံတွင် ပေါ်ထွန်းခဲ့သော မဟာယာနဗုဒ္ဓဘာသာအကြောင်း (၉)

>
**မဟာယာနသုတ္တန်များသည် ဘုရားဟော (ဗုဒ္ဓ၀စန) ဟုတ်-မဟုတ် သုံးသပ်ချက်**

မဟာယာနသုတ္တန်များသည် ဘုရားဟော (ဗုဒ္ဓ၀စန) ဟုတ်-မဟုတ် ငြင်းခုံစွပ်စွဲမှုများ ရှေးအခါကတည်း ရှိခဲ့လေသည်။ယနေ့ခေတ်သုတေသီပညာရှင်တို့၏အမြင်တွင်လည်း မဟာယာနသုတ္တန်များသည် ဥာဏ်ပဋိဘာန်ထက်မြက်စူးရှသော က၀ိပညာရှိများ ရေးသားစီရင်ခဲ့ပုံပေါ်ကြောင်း သမိုင်းဝင်သကျမုနိ ဂေါတမဗုဒ္ဓကိုယ်တိုင် ဟောကြားခဲ့သော သုတ္တန် ဒေသနာများမဖြစ်နိုင်ကြောင်း ယူဆကြ၏။ အဋ္ဌသာဟာရှရိကာ ပညာပါရမိတာသုတ္တန် တွင်မူ မဟာယာနသုတ္တန်များသည် ဘုရားဟော (ဗုဒ္ဓ၀စန) မဟုတ် စွပ်စွဲမှုများ ကို ခုခံချေဖျက်ရန် နှင့် ထိုသို့စွပ်စွဲသူများ ကို မာရ်နတ်၏ ကျော့ကွင်းတွင် သက်ဆင်းမိသူများဟုဆိုထား ပုံကိုထောက်ရှုကာ မဟာယာနသုတ္တန်များသည် ဘုရားဟော (ဗုဒ္ဓ၀စန) ဟုတ်-မဟုတ် စွပ်စွဲမှုများငြင်းခုံမှုများ ပြင်းထန်ခဲ့ကြောင်း သွယ်ဝိုက်ဆင်ခြင်သိနိုင် ပေသည်။[1]

ထိုသို့ဆိုခြင်းဖြင့် မဟာယာနသုတ္တန် မဟုတ်သော ရှေးဦးဗုဒ္ဓဘာသာ၏ သုတ္တန်အားလုံးကို ဘုရားဟော (ဗုဒ္ဓ၀စန) ဖြစ်သည်ဟု အတည်ပြုပြောဆိုခြင်းမဟုတ်ပေ။ ပါဠိပိဋကတ်သည်ပင်လျှင် အလုံးစုံကို ဘုရားဟော (ဗုဒ္ဓ၀စန)ဖြစ်သည်ဟု အခိုင်အမာပြောဆိုရန်ခက်ခဲလှပေသည်။ စင်စစ်အားဖြင့်ဘုရားဟော (ဗုဒ္ဓ၀စန) မဟုတ်သော သုတ္တန်များကို ဘုရားဟော (ဗုဒ္ဓ၀စန)ကဲ့သို့ လက်ခံဆည်းကပ်ရန်မှာ ရှင်တော်ဗုဒ္ဓ ကိုယ်တော်တိုင်က အတည်ပြုပေးရန်လိုပါသည်။ မက်ကွင်း၏အလိုအရ ဘုရားဟော (ဗုဒ္ဓ၀စန)ဖြစ်သည်ဟု အတည်ပြုပြောဆိုနိုင်ရန် အခြေအနေ (၃)ခုရှိ၏။ ယင်းတို့မှာ--

· သုတ္တန်ကို ဟောကြားပြီးသောအခါတွင် ရှင်တော်ဗုဒ္ဓ ကိုယ်တော်တိုင်က အတည်ပြုပေးခြင်း

· သုတ္တန်ကို မဟောကြားမီ ရှင်တော်ဗုဒ္ဓ ကိုယ်တော်တိုင်က ကြိုတင်ဗျာဒိတ်ပေးအတည်ပြုပေးခြင်း

· သုတ္တန်ကို ဟောကြားသည့် ပုဂ္ဂိုလ်ကို ရှင်တော်ဗုဒ္ဓ ကိုယ်တော်တိုင်က အတည်ပြုပေးခြင်း

ဤအခြေအနေများနှင့်ပြည့်စုံနိုင်ရန်မှာ ရှင်တော်ဗုဒ္ဓ သက်တော်ထင်ရှားရှိနေချိန်မှသာ ဖြစ်နိုင်ပေလိမ့်မည်။ ရှင်တော်ဗုဒ္ဓ နှင့်တစ်ကွ ထိပ်တန်းသာဝကမထေရ်မြတ်ကြီးများ ပရိနိဗ္ဗာန်စံဝင်တော်မူကြပြီးသောကာလတွင်မူ သဘောတရားအရ ပိဋကတ် သည် ထပ်မံဖြည့်စွက်ရန် မဖြစ်နိုင်တော့ချေ။

မဟာယာန ဗုဒ္ဓဘာသာဝင်များအနေဖြင့်မူ မဟာယာနသုတ္တန်များသည် ဘုရားဟော (ဗုဒ္ဓ၀စန) ဖြစ်ကြောင်း ရှင်တော်ဗုဒ္ဓ ပရိနိဗ္ဗာန်စံဝင်တော်မူကြပြီးသော်လည်း ရှင်တော်ဗုဒ္ဓသည် အမိတာဘဈာနိဗုဒ္ဓ အမိတာယုဈာနိဗုဒ္ဓ စသည့် ရုပ်နယ်လွန်ဈာန်ဘုရားများ (Cosmic Buddhas) အသွင်ဖြင့် ဆက်သွယ်ဟောကြားခဲ့သည်ဟု ယုံကြည်ကြလေသည်။ မဟာယာနသုတ္တန်များသည် ဘုရားဟော (ဗုဒ္ဓ၀စန) ဖြစ်ကြောင်း သကျမုနိရှင်တော်ဗုဒ္ဓကိုယ်တော်တိုင် တစ်ချိန်ချိန် တစ်နေရာရာတွင် အမှန်တကယ် ဟောတော်မူခဲ့ကြောင်း (ဧ၀ံ မေသုတံ) အစချီသော သုတ်နိဒါန်းများဖြင့် ဖေါ်ပြလေ့ရှိ သော်လည်း သုတေသီပညာရှင်များအနေဖြင့် သမိုင်းအထောက်အထား ပိဋကတ်စာပေအထောက်အထား မရှိသော ကြောင့် မဟာယာနသုတ္တန်များသည် ဘုရားဟော (ဗုဒ္ဓ၀စန) ဖြစ်ကြောင်း လက်ခံရန် ခက်ခဲပေလိမ့်မည်။ ဤသို့ဆိုသော်လည်း မဟာယာနသုတ္တန်များသည် နောက်ပိုင်း ရဟန်းတော်များ၏ ထွင်လုံးသက်သက် ဟုမယူဆသင့်ပေ။

ဥပမာ-မဟာယာန ဗုဒ္ဓဘာသာ ဒဿနဂိုဏ်းတစ်ခုဖြစ်သော မာဓျာမိကဂိုဏ်း (မဇ္ဈိမိကဂိုဏ်း)၏ အခြေခံ အယူအဆများကို ပါဠိပိဋကတ်မှ သံယုတ္တနိကာယ် သုတ္တနိပါတ် စသည်တို့တွင် တွေ့ ရှိနိုင်သောကြောင့် ပညာပါရမိတာသုတ္တန်များက မာဓျာမိကဂိုဏ်း (မဇ္ဈိမိကဂိုဏ်း) က အခြေခံခဲ့သော ပညာပါရမိတာသုတ္တန်များ သည် ဘုရားဟော(ဗုဒ္ဓ၀စန)နှင့် လျှော်ညီသော ဟောကြားသွန်သင်ချက်များဖြစ်ကြောင်းထောက်ဆနိုင်ပါသည်။

မဟာယာနသုတ္တန်များ၏ဇစ်မြစ်ကို ရှေးကျသောမဟာယာနသုတ္တန် တစ်ခုဖြစ်သည်ဟုယူဆရသော ပစ္စုပ္ပန္နသုတ္တန်တွင် တွေ့ရ၏။ ဤသုတ္တန်တွင် အမိတာယုဈာနိဗုဒ္ဓ၏ ရူပါရုံကသိုဏ်း ကျင့်ပုံ အမိတာယုဈာနိဗုဒ္ဓ၏ ဗုဒ္ဓခေတ္တ သို့ ကိန်းဝင် ရောက်ရှိပုံ အမိတာယုဈာနိဗုဒ္ဓထံတော်မှ တရားထူးများ နာကြားရပုံ များဖေါ်ပြထား လေသည်။

ဗောဓိသတ္တရဟန်းတော်သည် သမာဓိဝင်စားချိန်မှာ ရုပ်နယ်လွန် ဈာန်ဘုရားများနှင့် ဆက်သွယ်တွေ့ဆုံ ပြီးနောက် အဆင့်မြင့် မဟာယာနတရားတော်များ ကြားနာခဲ့ရပုံ ကို ဖေါ်ပြထားသည်။ ဤနည်းအားဖြင့် မဟာယာနသုတ္တန်များ သည် ဗောဓိသတ္တရဟန်းတော်၏ နက်ရှိုင်းသော သမာဓိစိတ်အတွင်းဝယ် ဓမ္မဗျာဒိတ်တော်များဆန်ဆန်ပေါ်ပေါက်လာဟန် တူပေသည်။ ထို့ကြောင့် ပေါလ် ဟာရစ်ဆန်၏ ထင်မြင်သုံးသပ်ချက်အရ မဟာယာနသုတ္တန်များသည် တောရ ဆောက်တည်နေသောအရည၀ါသီတောမှီ ဗောဓိသတ္တရဟန်းတော်များ၏ ဖေါ်ထုတ်မှုများဖြစ်နိုင်ပေသည်။[2]

ရှေးကျသောမဟာယာနသုတ္တန် တစ်ခုဖြစ်သော အရိယာသုပိနသုတ္တန်တွင် အိပ်မက် (၁၀၈)ပါး ကို ဖေါ်ပြထားပြီး ယင်းတိုပအနက် အောက်ပါတို့မှာ မဟာယာနသုတ္တန်များ၏ဇစ်မြစ် ကို အိပ်မက်လောကနှင် ဆက်သွယ်ထားဟန်ရှိကြောင်း တွေးဆနိုင်ပေသည်။

(၂၂)-တရားတော်နာကြားရခြင်း

(၂၄)-မတွေ့ဖူးသော ရဟန်း ကိုဖူးတွေ့ရပြီး တရားတော်နာကြားရခြင်း

(၂၅)-မိမိကိုယ်တိုင် ဓမ္မာသနပလ္လင်တွင်ထိုင်ပြီး တရားတော် ဟောာကြားခြင်း

(၂၉)-ရှင်တော်ဗုဒ္ဓ ကိုဖူးတွေ့ရပြီး တရားတော်နာကြားရခြင်း

(၅၆)-ဓမ္မကျမ်းစာ လက်ခံ ရရှိခြင်း

(၆၂)- သုတ္တန်ကျမ်းစာများ ဖေါ်ထုတ်ရန် ပဏိဓါနအဓိဋ္ဌာန်ပြုခြင်း

(၆၃)- ဓမ္မကျမ်းစာ ရတနာတစ်ဆူ၏ အမည်နာမကို ကြားသိရခြင်း

(၆၄)-အခြားသောလောကဓါတ်မှ ရှင်တော်ဗုဒ္ဓ တစ်ဆူ၏ အမည်နာမကို ကြားသိရခြင်း

(၉၅)-မင်းပရိသတ်အစုံကို တရားတော် ဟောာကြားခြင်း

ပေါလ် ဟာရစ်ဆန်၏ သုံးသပ်ချက်မှာ စာပေကျမ်းဂန်းသုတ္တန်လေ့လာမှု နှင့် ကမ္မဋ္ဌာန်းကျင့်စဉ် ပေါင်းစပ်မှုကြောင့် မဟာယာနလှုပ်ရှားမှုကိုစတင်ခဲ့ကြသော ရဟန်းတော်များသည် ထူးခြားဆန်းကြယ်သော အိပ်မက်များ ရရှိကာ ဓမ္မကျမ်းစာ သစ်များ ဖေါ်ထုတ်နိုင်ခြင်းဖြစ်ကြောင်းယူဆလေသည်။[3]

ဤသို့ဆိုလျှင်မဟာယာနသုတ္တန်များကို ဘုရားဟော (ဗုဒ္ဓ၀စန) ဖြစ်ကြောင်း မည်သည့်အထောက်အထားဖြင့် လက်ခံရမည်နည်းဟူသောမေးခွန်းဖြစ်ပေါ်လာခဲ့လေသည်။ အေဒီ (၈) ရာစုတွင် ပေါ်ထွန်းခဲ့သော မဟာယာန ရဟန်းတော် ဒဿနပညာရှင် သန္တိဒေ၀၏ သိက္ခာသမုစ္စယ ကျမ်းတွင် ဘုရားဟော (ဗုဒ္ဓ၀စန) ဖြစ်ကြောင်း လက်ခံရန် အကြောင်းတရား (၄) ပါးကို ဖေါ်ပြထားခဲ့သည်ကို အောက်ပါအတိုင်းတွေ့နိုင်သည်။

(၁) သစ္စာဓမ္မကိုညွန်ပြ ခြင်း မိစ္ဆာဓမ္မကို ပယ်ရှားခြင်း

(၂) ဓမ္မ၀ါဒ ကို သင်ကြားခြင်း အဓမ္မ၀ါဒ ကို မဟောကြားခြင်း

(၃) ကိလေသာတရား ခေါင်းပါးရေးကိုညွန်ပြခြင်း ကိလေသာတရား ပွားစီးရေးကို မညွန်ပြခြင်း

(၄) နိဗ္ဗာန်နှင့် အလျှော်ဖြစ်ခြင်း သံသရာလည်မှုနှင့် ဆန့်ကျင်ခြင်း

ဤ လေးချက်နှင့် ကိုက်ညီလျှင် ဘုရားဟော (ဗုဒ္ဓ၀စန) ဖြစ်ကြောင်း လက်ခံရန် လုံလောက်ကြောင်းကောင်းမွန်စွာ အပြစ်ကင်းစွာ အကျိုးရှိစွာ ဟောကြားအပ်သော သုဘာသိတ မှန်သမျှသည် ဘုရားဟော (ဗုဒ္ဓ၀စန) ဖြစ်ကြောင်း ဖြစ်လေရာ ထိုထိုသော မဟာယာနသုတ္တန်များကို ဤအချက်များနှင့်တိုက်ဆိုင်စစ်ဆေးလျှက် ဘုရားဟော (ဗုဒ္ဓ၀စန) ဖြစ်ကြောင်း လက်ခံနိုင်ပေသည်။ ပါဠိပိဋကတ် အင်္ဂုတ္တရနိကာယ် အဋ္ဌကနိပါက် မှ ဥတ္တရ၀ိပတ္တိသုတ် တွင် အလားတူဟောခဲ့ သည်ကိုတွေ့ရပါသည်။ ၀ိမုတ္တိ ကို ရောက်စေနိုင်သော ဓမ္မဟူသမျှ ဘုရားဟော (ဗုဒ္ဓ၀စန) ဖြစ်သည်ဟု ယူဆနိုင်ဖွယ်ရာရှိပါသည်။ ပါဠိပိဋကတ် အင်္ဂုတ္တရနိကာယ် စတုက္ကနိပါက်မှ မဟာပဒေသတရား(၄) ပါးတွင်လည်း ပေါ်ပေါက်လာသော တရားသစ် ဟူသမျှကို ချက်ချင်း လက်ခံခြင်း ငြင်းပယ်ခြင်းမပြုပဲ ဘုရားရှင်ဟောတော်မူခဲ့ပြီးသော ဓမ္မ၀ိနယ ပိဋကတ်များတွင် သွတ်သွင်းတိုက်ဆိုင်စစ်ဆေးကြည့်ပြီးမှ လက်ခံခြင်း ငြင်းပယ်ခြင်း ပြုကြရန် ဟောကြားချက် ရှိပါသည်။ မဟာယာနသုတ္တန်များကို ဤမဟာပဒေသတရား(၄) ပါး အချက်များနှင့်တိုက်ဆိုင်စစ်ဆေးလျှက် ဘုရားဟော (ဗုဒ္ဓ၀စန) ဟုတ်မဟုတ် ဆ၀ါးကြည့်နိုင်ပါသည်။

ဝိမုတ္တိ ကို ရောက်စေနိုင်သော ဓမ္မဟူသမျှ ဘုရားဟော (ဗုဒ္ဓ၀စန) ဖြစ်ကြောင်း မဟာယာန၀ါဒီတို့ ကခံယူခြင်းကြောင့် ကျယ်ပြန့်သော လွပ်လပ်သော အသစ်ဖန်တီးမှုများ ဖြစ်ခွင့်ရှိခဲ့ပုံပေါ်ပါသည်။ မဟာယာနဗုဒ္ဓဘာသာရေးလှုပ်ရှားမှုသည် တောရဆောက်တည် တရားကျင့်သုံးအားထုတ်ကြသော ဗောဓိသတ္တဆုပန်ရဟန်းတော်များ၏ အသစ်ဖန်တီးမှုများက ကာလရွေ့လျောသောအခါ ဘုရားဟော (ဗုဒ္ဓ၀စန) အဖြစ် ပြောင်းလဲလက်ခံခဲ့ကြဟန်တူ လေသည်။

မဟာယာနဗုဒ္ဓဘာသာရေးလှုပ်ရှားမှု ကို ဦးဆောင်ခဲ့သော ရဟန်းတော်များ သည် သမိုင်းဝင်ဗုဒ္ဓ(Historical Buddha) အပေါ် သက်ဝင်ယုံကြည်မှုမှ မှ ဈာနိဗုဒ္ဓများ (Cosmic Buddhas) အပေါ်သက်ဝင်ယုံကြည်မှုဆီသို့ ရွေ့လျှားခဲ့သောအခါ သမိုင်းဝင်ဗုဒ္ဓ မှ မဟာယာနသုတ္တန်များကို ဟောခြင်းမဟောခြင်းကိစ္စသည် အရေးမပါတော့ ချေ။ မဟာယာန၀ါဒီတို့ အတွက် သမိုင်းဝင်ဗုဒ္ဓ ၏ နိမ္မာနကာယထက် သမိုင်း နှင့် လောကီအချိန်ကာလ အတိုင်းအတာများ ကို ကျော်လွန်နေသော (ဈာန်သမာဓိစိတ်ကို အခြေခံသော ပညာဥာဏ်မျက်စိဖြင့်သာမြင်အပ်သော) ဗုဒ္ဓ၏ သမ္ဘောဂကာယ နှင့် ထာဝရတည်ရှိ နေသော ဗုဒ္ဓ၏ ဓမ္မကာယများ ကို ပိုလွန်ပြီး အလေးအမြတ်ထားခဲ့သောကြောင့်သာ ဖြစ်ပေလိမ့်မည်။

(ဆက်လက်ဖေါ်ပြပါမည်။)

**စုဆောင်းတင်ပြသူ- လင်းထက်ဆွေ**

[1] MacQueen 2005a: 313; 1981: 304

[2] Paul Harrison (2003: esp. 117–22)

[3] What I am suggesting here, then, is a convergence of meditation and textual transmission in the forest environment, stimulated into a new burst of creativity as a result of a technological development, the advent of writing. Here the specific circumstances of the real world combine with visions in deep states of meditation or dream to transform received oral tradition into a new kind of Buddhism. The resulting revelations are not completely novel, but deeply conditioned by context and by tradition. Although dismissed as poetic fabrications . . . or even demonically inspired nonsense by their opponents . . . they are in fact creative recasting of material already accepted as authentic buddhavacana [‘words of the Buddha’] by the wider community. (Harrison-2003: 142):

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)