**ကမ္ဘာမှအဝေးဆုံးအကြီးဆုံး ကြယ်တာရာအစုအဝေးကြီးတွေ့ရှိ**
(ပေကျင်း၊ ဇန်န၀ါရီ ၁၁)
အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် အော်စတင်းမြို့တွင် ကျင်းပသည့် နက္ခတ္တဗေဒပညာရှင်အဖွဲ့နှစ်ပတ်လည်တွေ့ဆုံပွဲတွင် အဆိုပါကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ယခုတွေ့ရှိသည့် ကြယ်တာရာအစုအဝေးသည် ကမ္ဘာမှ အလင်းနှစ်ပေါင်း ခုနှစ်ဘီလီယံအကွာအဝေးတွင် တည်ရှိနေပြီး နေစကြ၀ဠာ၏ပမာဏထက် များစွာအဆပေါင်း ကြီးမားသည်။ ထိုကြယ်တာရာအစုအဝေးကို ပြည့်ဝဖြိုးကြွယ်မှုရှိသော အရာဟု အဓိပ္ပါယ်ရသည့် စပိန်ဘာသာစကား အဲလ်ဂေါဒိုဟု အမည်သတ်မှတ်ထားသည်။ ကြယ်တာရာအစုအဝေး ပမာဏအကြီးမား ဆုံးဖြစ်သည့် ၄င်းအဲလ်ဂေါဒိုနဂါးငွေ့တန်းကြယ်တာရာအစုကို နာဆာ၏ချန်ဒရာ X-ray နှင့် အာတာကာမာအာကာသ စူးစမ်းရေးမှန်ပြောင်းတို့ဖြင့် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)

**တရုတ်နိုင်ငံ၌ အကြီးဆုံးနေစွမ်းအင် ထုတ်လုပ်ရန်အတွက် စီစဉ်လျက်ရှိ**
တရုတ်နိုင်ငံ တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟေနန်စီစုရှိ အာဏာပိုင်များနှင့် ဥရောပနေစွမ်းအင်ကုမ္ပဏီတစ်ခုတို့သည် ကျင်ဟိုင်းမြို့အခြေစိုက် အကြီးဆုံးနေစွမ်းအင်ထုတ်လုပ်မှုတစ်ခုကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇန်န၀ါရီ ၉ ရက်က အင်တာနက်သတင်းတစ်ရပ်တွင် ဖော်ပြသည်။ တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အာဏာပိုင်များနှင့် ဥရောပမှအဓိကနေစွမ်းအင်ရင်းနှီးမြှပ်နှံမှုကုမ္ပဏီတစ်ခုဖြစ်သည့် ဂျီအက်စ်ကုမ္ပဏီတို့သည် သဘောတူစာချုပ်မှုကြမ်းတစ်ရပ်ကို ဇန်န၀ါရီ ၈ ရက်က လက်မှတ်ရေးထိုးခဲ့ကြသည်။ မဖွံ့ဖြိုးသေးသည့် ယင်းစီရင်စုအတွင်းရှိ ဒေသခံပြည်သူများ လျှပ်စစ်ဓာတ်အားလုံလုံလောက်လောက်ရရှိရန်အတွက် တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ယင်းနေစွမ်းအင်အရင်းအမြစ်မှ နှစ်စဉ် ဓာတ်အားများရရှိမည်ဖြစ်ပြီး အဆိုပါဒေသရှိ အခြားသောနေရာများထက် လျှပ်စစ်ဓာတ်အားပိုမိုရရှိမည်ဖြစ်သည်။ (အင်တာနက်)
**မော်စကိုမြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်၌ ဓာတ်ငွေ့ပေါက်ကွဲမှုဖြစ်**
ရုရှားနိုင်ငံ မော်စကိုမြို့အနောက်တောင်ပိုင်းရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ဇန်န၀ါရီ ၁၀ ရက် ဓာတ်ငွေ့ပေါက်ကွဲမှုတစ်ခုဖြစ်ပွားရာ နှစ်ဦးသေဆုံးပြီး အခြား ၂၀ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ မီဒီယာများက သတင်းထုတ်ပြန်သည်။ အဆိုပါ ပေါက်ကွဲမှုဖြစ်ရသည့် အဓိကအကြောင်းအရင်းမှာ ဆိုင်အတွင်းရှိဓာတ်ငွေ့ပိုက်များ ချွတ်ယွင်းမှုကြောင့်ဖြစ်နိုင်သည်ဟု အစိုးရတာဝန်ရှိသူတစ်ဦးက အင်တာဖက်သတင်းဌာနသို့ပြောကြားခဲ့သည်။ ယင်းပေါက်ကွဲမှုသည် အထပ်နှစ်ထပ်ရှိ စားသောက်ဆိုင်တစ်ဆိုင်၏ ပထမကြမ်းပြင် အထပ်မှ စတင်ဖြစ်ပွားဖြစ်ပြီး ပေါက်ကွဲမှုအရှိန်ကြောင့် မီးလောင်ကျွန်းမှုဖြစ်ခဲ့ရာ မီးမှာ အနီးပတ်ဝန်းကျင်အထိ ကူးစက်ပျံ့နှံ့ခဲ့သည်ဟု ဆိုသည်။ အဆိုပါ စားသောက်ဆိုင်၏ အလုပ်သမားအမျိုးသမီးနှစ်ဦးသေဆုံးခဲ့ပြီး ၄င်းတို့အား စားသောက်ဆိုင်မီးဖိုဆောင်အခန်းအတွင်၌ သေဆုံးနေသည်ကို တွေ့ခဲ့ကြောင်း လူ ၂၀ ကျော်ကို ဆေးရုံသို့ တင်ပို့ထားရကြောင်း မောင်စကိုအရေးပေါ်ဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ (အင်တာနက်)
စုစည်းဘာသာပြန် - တင်မောင်လွင်
/span>

No comments:
Post a Comment