**တစ်ပတ်အတွင်း ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဖူလ်ဟမ်ကွင်းလယ်ကစားသမား ဒမ်ပဆေးအား ရွေးချယ်**
(လန်ဒန်၊ ဇန်န၀ါရီ ၁၁)
ပြီးခဲ့သည့် သီတင်းတစ်ပတ်အတွက် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ဂိုးလ်ကွန်ဝက်ဘ်ဆိုက်က ရွေးချယ်ခဲ့ရာ ဖူလ်ဟမ်ကွင်းလယ်ကစားသမား ဒမ်ပဆေးရွေးချယ်ခံရကြောင်း ၄င်းဝက်ဘ်ဆိုက်က ဇန်န၀ါရီ ၁၀ ရက်၌ သတင်းထုတ်ပြန်သည်။ အသက် ၂၈ နှစ်အရွယ် ကွင်းလယ်ကစားသမား ဒမ်ပဆေးသည် ပြီးခဲ့သည့် သီတင်းပတ်အတွင်း ချာလ်တန်အသင်းနှင့် ကစားခဲ့သောပွဲ၌ သုံးဂိုးသွင်းပြီး ဟက်ထရစ်ရယူနိုင်ခဲ့သည်။ တစ်ဖန် အာဆင်နယ်အသင်းအား နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ယူခဲ့သောပွဲတွင်လည်း ဂိုးသွင်းယူနိုင်ခဲ့သည်။ ချာလ်တန်အသင်းအား သုံးဂိုးသွင်းပြီး ဟက်ထရစ်ရယူနိုင်ခဲ့ခြင်းသည် ဒမ်ပဆေး၏ ဘောလုံးသမား သက်တမ်း၌ ပထမဆုံးအကြိမ် ဟက်ထရစ်ရရှိခဲ့ခြင်းဖြစ်သည်။ နောက်ပွဲစဉ်များ၌ ဟက်ထရစ်ရရှိအောင် ဂိုးသွင်းယူနိုင်ရေးကြိုးစားမည်ဟု ဒမ်ပဆေးက ပြောကြားသည်။ ယခုအခါ ဒမ်ပဆေးသည် ဂိုးလ်ကွန်ဝက်ဘ်ဆိုက် သီတင်းတစ်ပတ်အတွင်းကမ္ဘာ့အကောင်းဆုံးဘောလုံးသမား ၁၃၈ ဦးမြောက် ဖြစ်လာခဲ့သည်။ (အင်တာနက်)
စုစည်းဘာသာပြန် - မောင်မောင်မြင့်ဆွေ

No comments:
Post a Comment