**၀မ်းချုပ်တာကိုသက်သာစေဖို့ စအိုထဲ နို့ပုလင်းထိုးသွင်းခဲ့တဲ့လူ**
ကြုံမကြုံဘူးပေါင်ဗျာ . . အမည်မဖော်ပြလိုသူ အသက် ၆၀ အရွယ်အမျိုးသားတစ်ယောက်ဟာ ၀မ်းချုပ်ခြင်း သက်သာစေဖို့ ရည်ရွယ်နဲ့ လုပ်ခဲ့တဲ့အရာတစ်ခုကတော့ သူကိုယ်တိုင် ပြန်လည် မထုတ်တတ်အောင် ဖြစ်ခဲ့ ရပါတယ် ။ တရုတ်ပြည် Zhual မှ ဆေးရုံတစ်ခုဆီသို့ သူဟာ ဒီလိုအခြေအနေဖြစ်ဖြစ်ခြင်း အလျှင်အမြန် သွားရောက် ခဲ့ပြီး တာဝန်ရှိသူတွေကို သူဘယ်လို ခံစားနေရကြောင်းပြောပြခဲ့ပါတယ် ။
သူဟာ ပုံမှန်မဟုတ်တဲ့ နည်းလမ်းတစ်ခုနဲ့ သူ့ရဲ့ အူတွေကို လှုပ်ရှားအောင် ကြိုးစားပြီး ၀မ်းချုပ်ခြင်းကို သက်သာစေဖို့ ကြိုးပမ်းခဲ့သတဲ့ဗျာ ။ နားမလည်နိုင်စရာအချက်ကတော့ သူဟာ ဘာကြောင့် ဆေးခန်းတစ်ခုခုကို သွားပြီး သောက်ဆေးတွေရဲ့အကူအညီကို မရယူခဲ့သလဲဆိုတာပါပဲ ။ ဒါပေမယ့် ဒါကတော့ သူပေးတဲ့ အကြောင်းပြ ချက်ပါပဲ ။ သူ့ရဲ့ဓါတ်မှန်ကတော့ ကမ္ဘာ့အဆိုးရွားဆုံး ဓါတ်မှန်တွေထဲမှာ စာရင်းဝင်ခဲ့ပါပြီ
Source : http://www.metro.co.uk/weird/870695-man-inserts-milk-bottle-up-his-bottom-to-relieve-constipation

**လေယာဉ်မှူးကိုတုန်လှုပ်စေခဲ့တဲ့ ပေ၇၀၀၀ အထက်မှ ပျံသန်းနေသောငါးမန်းကြီး**
သိပ်ပြီးတော့လည်း အံ့သြမသွားကြပါနဲ့ဦး အမှန်ကဒီလိုပါ ။ အိမ်တစ်ကနေပြီး လေသွင်းထားတဲ့ငါးမန်းရုပ်ကြီးဟာ လွတ်ထွက်သွားပြီး ပေ ၇၀၀၀ အမြင့်ကိုရောက်ရှိနေခဲ့တယ် ။ အဲဒါကို ခရီးသည်တင် ဂျက်လေယဉ် ကို မောင်းလာခဲ့တဲ့ လေယဉ်မှူးတစ်ဦးက ရုတ်တရက်မြင်လိုက်ရတဲ့အခါ လေထဲ ပျံဝဲနေတဲ့ငါးမန်းကြီးကြောင့် အလွန်အမင်းထိတ်လန့်ခဲ့ရတယ်လို့
ဆိုပါတယ် ။ နယူးဇီလန်နိုင်ငံ မှ အပြည်အပြည်ဆိုင်ရာလေဆိပ် Christchurch မှ အမြင့် ပေ ၇၀၀၀ အထက်မှာ ဒီငါးမန်းရုပ်ကြီးပျံသန်းနေခဲ့ခြင်းဖြစ်ပါတယ် ။
ဒီဓါတ်ငွေ့တွေဖြည့်ထားတဲ့ ငါးမန်းရုပ်ကြီးကြောင့် လေယဉ်အင်ဂျင်ကတော့ မရပ်သွားခဲ့ပါဘူး ဒါပေမယ့် အညန်း ငယ်တော့ ထိခိုက်မှုရှိခဲ့ပါတယ်လို့ နယူးဇီလန် လေယဉ်မှုးအဖွဲ့မှ Glen Kenny ဆိုသူက ရှင်းပြခဲ့ပါတယ် ။ ဆက်လက်ပြီးတော့ “ ဟီလီယံဆိုတာ Inert gas အမျိုးအစားပါ ဒါနဲပတ်သတ်ပြီး ဘာထင်မြင်ချက်မှ မပေးချင် ပါဘူး ဒါပေမယ့် အကြီးဆုံး အန္တရာယ်ကတော့ လေယဉ်မှူးတွေအပေါ် စတင်သက်ရောက်စေခဲ့ပါပြီ ” လို့ပြော ဆိုခဲ့ပါတယ် ။
Source : http://www.metro.co.uk/weird/886379-flying-shark-spotted-7-000ft-in-the-sky-shocks-airline-pi
**နှင်းခဲတွေအပြည့်ထည့်ထားတဲ့ကန်ထဲ ၃၃မိနစ်ကြာနေခဲ့သူ**
တရုတ်ပြည် အရှေ့မြောက်ဖက် Heilongjiang စီရင်စုမှ Harbin မှာ ဖန်သေတ္တာတစ်ခုထဲကို Jin Songhao ဆိုသူက ၀င်ရောက်သွားခဲ့ပါတယ် ။ သူ့ခန္ဓာကိုယ်မှာတော့ ဘာမှ ၀တ်ဆင်ထားခြင်းမရှိခဲ့ပါဘူး ။ အဲဒီနောက်မှာ စမ်းသပ်သူတွေက သူဝင်ထိုင်လိုက်တဲ့ ကန်ထဲမှာ ထူထပ်တဲ့ နှင်းခဲတွေဖြည့်လိုက်ပါတယ် သူ့ခန္ဓာကိုယ် တ၀က်လောက်မြုပ်အောင်လို့ပေါ့ ။ အံ့သြဖွယ်ကောင်းလောက်အောင်ပဲ အသက် ၅၄ နှစ်အရွယ် ဒီလူ ဟာ အေးခဲနေတဲ့ကန်ထဲမှာ ၃၃ မိနစ်ကြာအောင်နေပြနိုင်ခဲ့ပါတယ် ။ အဲဒီလိုနေစဉ်အတွင်းမှာ သူဟာ ဘီယာ ၂ ပုလင်း နဲ့ မြေပဲတွေကို တအိအိစားပြီးနေခဲ့ပါတယ် ။
ဒီလို အေးခဲနေတဲ့ နှင်းကန်ထဲက ထွက်လာပြီးတဲ့အခါမှာတော့ Mr Songhao ရဲ့ ခန္ဓာကိုယ်မှာ နင်းကိုက်နာ အနည်းငယ်ကိုတော့ တွေ့ခဲ့ရပါတယ် ။ ယခုလတ်တလော အေးခဲနေတဲ့ကန်ထဲ အကြာ ဆုံး နေနိုင် သူအ ဖြစ်မှတ်တမ်းတင်သူကတော့ ရေခဲ ကန်ထဲမှာ မိနစ် ၁၂၀ ကြာအောင်နေပြထားတဲ့လူသားပဲဖြစ်ပါတယ် ။ သူ့မတိုင် ခင်တုန်းကတော့ ၁၁၈ မိနစ်နဲ့ စံချိန်တင်ထားသူတစ်ဦးလည်းရှိပါသေးတယ် ။
Source : http://www.metro.co.uk/weird/887081-man-stays-inside-snow-filled-tank-for-33mins-during-cold-endurance-stunt
From: သက်တန့်ချို
--
Ƭнαиκƨ,
\\\ ///
/ \
| \\ // |
( | (.) (.) | )
---------------o00o-- (_)--o00o---------------
======ஜ۩۞۩ஜ=======
◄██▓░ Ѧя Ƨσяcɛяɛя ░▓██►

No comments:
Post a Comment