ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, January 15, 2012

အားလုံးကို တန်ဖိုးထားပါ

>
**အားလုံး(All inclusive)**

အားလုံးဆိုတဲ့စကားလုံးနဲ့ ဒီဆောင်းပါးကိုစတင်ပါရစေ။ အားလုံးဆိုတာကို ဒီနေရာမှာ သက်ရှိတွေ (လူ တိရစ္ဆာန်၊ သစ်ပင်အားလုံး) သက်မဲ့တွေ(မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ တော၊ တောင်၊ ရေ၊ မြေ စကြာဝဠာအဆုံး အားလုံး)၊ သက်ရှိသက်မဲ့မဟုတ်တဲ့ (ဆင်ခြင်တုံတရားနဲ့ သိနားလည်ထားရမယ့်အရာတွေ ဘာသာတရား၊ ယဉ်ကျေးမှု၊ အမှန်တရား၊ မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ တရားဥပဒေ၊ နိုင်ငံတော်၊ ပြည်သူ၊ လူ့အခွင့်အရေးအားလုံး) တို့ကို ခြုံငုံဆိုလိုတာပါ။ ဖော်ပြပါအားလုံးဟာ တစ်စုံတစ်ခုမှ တန်ဖိုးမဲ့နေတာမရှိပါ။ သူ့သက်ဆိုင်ရာ တန်ဖိုးနဲ့သူ တန်ဖိုးရှိနေကြပါတယ်။

**တန်ဖိုး**
တန်ဖိုးဆိုတာ အားလုံးမှာ ထိုက်သင့်သလိုရှိကြပါတယ်။ အသုံး ၀င်မှုတန်ဖိုး(useful value)၊ အသုံးတည့် မှုတန်ဖိုး(utility value)၊ အသုံးချမှု တန်ဖိုး(applicable value)၊ ကိုယ်ပိုင် တန်ဖိုး(face value)၊ နေရာလိုက် တန်ဖိုး(place value)စသည်ဖြင့် သူ့ တန်ဖိုးနဲ့သူရှိနေကြတာပါ။ အားလုံး ဟာ ဖော်ပြပါတန်ဖိုးတစ်ခုခုနဲ့ ပတ် သက်နေကြတာချည်းပါပဲ။တန်ဖိုး ထားတတ်ခြင်း၊တန်ဖိုးသိတတ်ခြင်း၊ တန်ဖိုးကိုနားလည်ခြင်းတို့ဟာ လူ တစ်ဦးနဲ့တစ်ဦး အမြင်မတူကွဲပြားနိုင်သော်လည်း ပကတိတန်ဖိုးရှိမှုက တသမတ်တည်းရှိနေမှာပါ။ ရေရဲ့တန် ဖိုးဟာ ရေသန့်ရောင်းသူ သတ်မှတ်တန်ဖိုးနဲ့ မီးသွေးရောင်းသူ သတ်မှတ်တန်ဖိုးဟာ မတူနိုင်ပါဘူး။ ဒါပေမယ့်ရေဟာ သူတို့နှစ်ဦးစလုံးအတွက် မရှိမဖြစ်ပါ။

**တန်ဖိုးအရှိဆုံးလူ**

သာမန်အားဖြင့် လူတွေက လောကမှာ လူသာတန်ဖိုးအရှိဆုံးလို့ ယူဆထားကြပါတယ်။ လူတွေအတွက် လိုအပ်တဲ့အစားစာကို သစ်ပင်သီးနှံတွေထံက၊ ကြက်ငှက်သား ငါးတိရစ္ဆာန်တွေထံက မွေးမြူဖမ်းယူ သတ်ဖြတ်စားသောက်ကြပါတယ်။ ဒါကလည်း လူတွေအတွက် မလွဲမသွေ လုပ်ဆောင်ကြရတဲ့ သဘာဝပါ။ ဒါပေမယ့်လူတွေက သဘာဝလွန် လောဘသားတွေ ဖြစ်နေပြန်ပါတယ်။ စားရုံ သောက်ရုံနဲ့ မကျေနပ်နိုင်သေးပါဘူး။ သဘာဝသယံဇာတကို အပြိုင်အဆိုင် ရယူဖို့ကြိုးစားကြတယ်။ သစ်တောတွေကို အပြိုင်အဆိုင်ခုတ်ယူကြတယ်။ ရေနံတွေ အပြိုင်အဆိုင် တူးယူကြတယ်။ အပြိုင်အဆိုင်တွေဟာ ပြင်းထန်ပေါက်ကွဲလာပါတော့တယ်။ ဒီလိုနဲ့ စစ်ပွဲတွေ၊ နယ်မြေလုပွဲတွေ၊ ပစ္စည်းလုပွဲတွေ၊ အာဏာလုပွဲတွေနဲ့ လုပွဲပေါင်းစုံနဲ့ လောကကို အကျည်းတန်စေပါတယ်။ လူလူချင်းလုကြတာ အရေမကြီးပါဘူး။
လူပြုသမျှ နုရတဲ့တိရစ္ဆာန်တွေ၊သစ်ပင်တွေ၊သစ်တောတွေ၊ မြစ်ချောင်းအင်းအိုင်တွေ၊ မြေကြီးတွေ၊ မြေအောက်က
ရွှေငွေကျောက်သံပတ္တမြားတွေ၊ ရေနံတွေကို ထင်တိုင်းကျဲ စိတ်ရှိတိုင်းလုပ်ချင်တာလုပ်နေတာ ကောင်း မကောင်း လူတွေစဉ်းစားသင့်ပါတယ်။ အစက သဘာဝဟာ လူပြုသမျှ ငုံ့ခံမယ်လို့ ထင်ခဲ့ကြပေမယ့် ခုတော့သဘာဝကြီးလည်း သည်းမခံသာလွန်းလို့ နာလွန်းလို့ တုံ့ပြန်တာပါ။
သဘာဝရဲ့တုံ့ပြန်မှုက လူတွေရဲ့တုံ့ပြန်မှုထက် ပိုကြီးပါတယ်။ သဘာဝမှာ နယ်နိမိတ်မရှိပါဘူ။ သဘာဝမှာ လူမျိုးမရှိပါဘူး။ လူတွေလို အဆင့်အတန်း မခွဲခြားပါဘူး။ ဘင်္ဂလားဒေ့ရှိမှာတိုက်တဲ့ မုန်တိုင်းက ရခိုင်ပြည်ကိုလည်း အလွတ်မပေးပါဘူး။ ဧရာဝတီမှာတိုက်တဲ့နာဂစ်မုန်တိုင်းက ရန်ကုန်တိုင်းကိုလည်းဆက်တိုက်တာ ပါပဲ။ ဒါကြောင့် သဘာဝရဲ့တန်ဖိုးကို သိကြရမှာက လူတစ်ဦးတည်း၊ လူ တစ်စုတည်း၊ အဖွဲ့အစည်းတစ်ဖွဲ့တည်း၊ တစ်နိုင်ငံတည်းမှာသာ တာဝန်ရှိ တာမဟုတ်ပါဘူး။
လူတိုင်းလူတိုင်း မှာ တာဝန်ရှိပါတယ်။

အစွယ်လိုသူမိဖုရား၊ အသွားစေခိုင်းသူ မင်းဧကရာဇ်တို့က ဘေးမသီ ရန်မခကြဘဲ ကံကွက်ကြားရွာပြီး တစ်ဦးတည်းသော အသတ်ခံရမယ့် မုဆိုးသောနုတ္တရလိုပါပဲ ခုလည်းသစ်ပင်ခုတ် သစ်တောပြုန်းတီးအောင်လုပ်သူက တစ်ယောက်၊ မြစ်ချောင်းတွေ ကမောက်ကမဖြစ်အောင် လုပ်သူကတစ်ယောက်၊ မြေကြီးထဲကသယံဇာတတွေတူးဖော် သူကတစ်ယောက် အဲဒီထဲမှာ ကံကွက် ကြားရွာပြီးဘာမသိညာမသိမုန်တိုင်း မိသေရသူကထောင်ပေါင်းများစွာ၊ ကိုယ့်ဇာတိမြေကနှင်ထုတ်ခံရလို့ အိုး မဲ့အိမ်မဲ့ဖြစ်ရသူကရာပေါင်းများစွာ၊ လယ်မြေဆုံးရှုံးဘ၀ဆုံးရသူကများစွာ များစွာ။
တန်ဖိုးအရှိဆုံးလူကသစ်ပင် တွေကိုလည်းတန်ဖိုးမထားပါဘူး။ မြစ် ချောင်းတွေကိုလည်းတန်ဖိုးမထားပါ ဘူး။သယံဇာတတွေကိုလည်း တန်ဖိုး မထားပါဘူး။လူအချင်းချင်းလည်း တန်ဖိုးမထားပါဘူး။ သည်လိုတန်ဖိုး မထားလို့ကိုယ်လိုလူတွေသေကြေရပါ လားလို့သတိပြုဆင်ခြင်သင့်ပါတယ်။

**လူလူချင်းတန်ဖိုးထားပါ**
အားလုံးကို တန်ဖိုးထားဖို့ဆိုတာ ခဏလေး၊ ကျွန်တော်တို့ လူအချင်းချင်းရော တန်ဖိုးထားကြပါရဲ့လား။
တကယ်ဆို ကျွန်တော်တို့ လူတွေဟာ ကျွန်တော်တို့ အချင်းချင်း လေးလေးစားစား တန်ဖိုးထားကြရမှာပါ။ ယခင်ဆောင်းပါးမှာတင်ပြခဲ့သလို ဈေးသည်ကိုလည်း တန်ဖိုးထား။ ဂိတ်စောင့်ကိုလည်း တန်ဖိုးထား။ ဆရာဝန်ကိုလည်း တန်ဖိုးထား။ ကျောင်းဆရာကိုလည်း တန် ဖိုးထား။ သူ့တန်ဖိုးနဲ့ သူရှိနေတာကို အသိအမှတ်ပြု တန်ဖိုးထားရမှာပါ။

**တလွဲတန်ဖိုးထားမှုများ**
ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ တန်ဖိုးထားမှု လွဲချော်နေတာတွေ တွေ့ရပါတယ်။ ငယ်စဉ်ကလေးဘ၀တည်းက နားထဲမှာစွဲနေအောင် တန်ဖိုးဖြတ်နေကြတဲ့ အပြောအဆိုတွေ၊ ဆုံးမသွန်သင်မှုတွေဟာ ကြီးပြင်းလာတဲ့အခါ အဲဒီအစွဲကြောင့် ကျွန်တော်တို့ကိုယ် တိုင် တန်ဖိုးဖြတ်လွဲမှားလာခဲ့ပါတယ်။
ငယ်ငယ်တုန်းက သူစိမ်းတစ်ယောက်က လမ်းမှာတွေ့နှုတ်ဆက်ရာက အမှတ်တမဲ့ မေးတတ်ကြတဲ့ စကားတွေကို လေ့လာကြည့်ပါ။
"သားလေးကြီးရင်ဘာလုပ်မလဲ'' ကလေးက ရုတ်တရက် ဘာဖြေရမှန်းမသိပါဘူး။ ဒီတော့သူ့အမေကို မော့ကြည့်လိုက်ပါတယ်။ ဒီတော့ အမေက ''ဖြေလိုက်လေသားရဲ့။ သားက ဆရာဝန်ကြီးလုပ်မှာပါလို့'' ဒီတော့မှ ကလေးက ''သားသားက ဆရာဝန်ကြီး လုပ်မှာ'' ဒါမှမဟုတ် ''သားသားက အင်ဂျင်နီယာကြီးလုပ်မှာ'' ဒါမှမဟုတ် ''သားသားက စစ်ဗိုလ်ကြီးလုပ်မှာ'' ဘယ်သူကဖြစ်ဖြစ် သားကြီးလာရင် ဘာလုပ်မလဲမေးတိုင်း မေးတိုင်း ကလေးတွေခမျာ ဆရာဝန်ကြီး၊ အင်ဂျင်နီယာကြီး၊ စစ်ဗိုလ်ကြီးကလွဲပြီး အခြားမဖြေတတ်ကြပါဘူး။ ဒီလိုနဲ့ကလေးတွေဟာ ဆရာဝန်ကြီး၊ အင်ဂျင်နီယာကြီး၊ စစ်ဗိုလ်ကြီးတွေဖြစ်မှ လူရာဝင်မှာ တန်ဖိုးရှိမှာလို့ စွဲသွားကြပါတယ်။ အခြားအလုပ်အကိုင်တွေကို အထင်မကြီးတော့ပါဘူး။ ဈေးသည်တို့၊ ဆိုက်ကားသမားတို့၊ မီးသတ်ဝန်ထမ်းတို့၊ ရုံးစာရေးတို့လို အလုပ်တွေကို တန်ဖိုးမထားကြတော့ပါဘူး။
တကယ်ဆို မိမိလက်ရှိလုပ်နေတဲ့ အလုပ်ကလည်း သမာဇီဝဖြစ်နေရင် မိမိကလေးကိုလည်း လက်ရှိအလုပ်အကြောင်း နားလည်အောင် စိတ်ဝင်စားအောင် တန်ဖိုးထားအောင် ပြောပြသင့်ပါတယ်။ ဒါပေမယ့် ကလေးတိုင်းသူတို့ မိဘတွေ သင်ပေးသလို ဆရာဝန်ကြီး၊ အင်ဂျင်နီယာကြီး၊ စစ်ဗိုလ်ကြီးတွေ ဖြစ်မလာကြပါဘူး။ အချို့က ဆယ်တန်းတဘုန်းဘုန်းကျပြီး ဆိုက်ကားနင်းသူက နင်းချေရပါပြီ။ သူ့ဘ၀မှာ ဆိုက်ကားနင်းရမယ်လို့ သူ့အမေကလည်း မသင်ပါဘူး။ သူကိုယ်တိုင်လည်း မထင်ပါဘူး။ မဖြစ်လို့တာ ဆိုက်ကားနင်းနေရတာ ဆိုက်ကားသမားဘ၀ကို သူလုံးဝ တန်ဖိုးမထားပါဘူး။
ဒီတော့ အချိန်တန် ဆိုက်ကား ထွက်နင်းတယ်။ ပြန်လာတယ်။ အိပ်တယ်။ စားတယ်။ ဆိုက်ကားနင်းတဲ့ အလုပ်အပေါ်မှာ တန်ဖိုးမထားပါဘူး။ စိတ်မ၀င်စားပါဘူး။ ဒီတော့အလုပ်ကို ဘယ်လိုတိုးတက်အောင်လုပ်မယ်ဆိုတဲ့ စိတ်ကူးကောင်းတွေ ပေါ်မလာပါဘူး။ ခရီးသည်လာရင် သွားလိုရာ နင်းပို့မယ်။ အားနေရင် ကျားထိုးမယ်။ ခေါင်းပန်းလှန်မယ်။ နှစ်လုံး၊သုံးလုံး တွက်မယ်။ ဘောလုံးပွဲလောင်းမယ်။ ဆိုက်ကားက 'သ' နေတဲ့ ဆိုက်ကားသမား၊ တိုးတက်ရာတိုးတက်ကြောင်း စဉ်းစားနေတဲ့ဆိုက်ကားသမား အင်္ကျီ အ၀တ်အစား သပ်သပ်ရပ်ရပ် ၀တ်ထားတဲ့ ဆိုက်ကားသမား၊ လူပုံသပ်သပ်ရပ်ရပ်နေတဲ့ ဆိုက်ကားသမား အတော်ကို ရှားပါးလှပါတယ်။ အဲဒါသူတို့ဘ၀ကို တန်ဖိုးမထားလို့ ဖြစ်ပါတယ်။ သူတို့ဟာ လောကအတွက် အသုံးဝင် အသုံးတည့် တန်ဖိုးရှိတဲ့လူအဖြစ် သူတို့ဘာသာ မသတ်မှတ်ကြပါဘူး။ အဲဒါငယ်စဉ်ကတည်းက ဦးချိုးခံထားရလို့ ဖြစ်ပါတယ်။
ဆိုက်ကားသမားကို ဥပမာပေးလို့ ဆိုက်ကားသမား လူတန်းစားတစ်မျိုးတည်းကို ဆိုလိုတာမဟုတ်ပါဘူး။ ငါး ရောင်းတဲ့လူ၊ ကန်စွန်းရွက်ရောင်းတဲ့လူ၊ ဖိနပ်ချုပ်တဲ့လူ၊ ထီးချုပ်တဲ့လူ၊ ကားမောင်းတဲ့ဒရိုင်ဘာ အစရှိတဲ့ အလုပ်အမျိုးမျိုးလုပ်ပြီး အသတ်မွေးဝမ်းကျောင်း ပြုနေတဲ့ လူအမျိုးမျိုးကို ဆိုလိုပါတယ်။
တကယ်တော့ အလုပ်ဟူသမျှ ဂုဏ်ရှိစွဆိုတာ ရှေးယခင်ကတည်းက ပြောဆိုသုံးစွဲနေတဲ့ စကားပါ။ မိမိလုပ်တဲ့အလုပ်ကို တန်ဖိုးထားစေချင်လို့ စေတနာပြစကားပါ။ အလုပ်ကို တန်ဖိုးထားတယ်ဆိုတာ အပြောလွယ်သလောက် လက်တွေ့လုပ်ပြဖို့ နည်းနည်းခက်ပါတယ် . . .

**အလုပ်ဟူသမျှ ဂုဏ်ရှိစွ**
လူဆိုတာ ထမင်းစားဖို့အတွက် သမာအာဇီဝအလုပ်တစ်ခုခုကို မလွဲမသွေ လုပ်ကြရပါတယ်။ တချို့က လုပ်ချင်တဲ့အလုပ်ကို လုပ်ခွင့်ရကြပါတယ်။ တချို့က၀ါသနာပါတဲ့ အလုပ်ကို ရှာလုပ်ကြတယ်။ များသောအားဖြင့် ကိုယ်လုပ်ချင်တဲ့အလုပ်ကို လုပ်ခွင့်မရကြဘဲ ပိုက်ဆံရပြီးရော အလုပ်ကိုပဲလုပ်နေရတဲ့လူတွေ များပါတယ်။ သူတို့တွေဟာ သူတို့အလုပ်ကို တန်ဖိုးမထားတတ်ကြပါဘူး။ ပြီးစလွယ် လုပ်တတ်ကြပါတယ်။ ဒီလိုနဲ့သူတို့ တိုးတက်ကြီးပွားလာတဲ့လူ နည်းပါတယ်။
တကယ်တော့ အလုပ်ဟူသမျှ ဂုဏ်ရှိစွ ဆိုတာ ရှေးယခင်ကတည်းက ပြောဆိုသုံးစွဲနေတဲ့စကားပါ။ မိမိလုပ်တဲ့အလုပ်ကို တန်ဖိုးထားစေချင်လို့ စေတနာပြစကားပါ။ အလုပ်ကို တန်ဖိုးထားတယ်ဆိုတာ အပြောလွယ်သလောက် လက်တွေ့လုပ်ပြဖို့ နည်းနည်းခက်ပါတယ်။ ဒါပေမယ့် လက်တွေ့ကျပြီး လွယ်တာကစလုပ်ကြည့်ရအောင်ပါ။ မိမိ ယခုလုပ်နေရတဲ့အလုပ်ဟာ တန်ဖိုးရှိတဲ့အလုပ်အဖြစ် ရှုမြင်ပါ။ ထီးပြင်သူ ဆိုကြပါစို့။ သင့်မှာ အတတ်ပညာတစ်ခု တတ်မြောက်ထားတယ်ဆိုတာ ရဲရဲဝံ့ဝံ့ ယုံကြည်လိုက်ပါ။ သင့်လိုမပြင်တတ်လို့ သင့်ဆီလာပြင်နေရတာဟာ သင့်အတတ်ပညာကို အသိအမှတ်ပြုလို့ပေါ့။ (တိုးတိုးလေး အကြံပေးချင်တာက သင်တကယ်ထီးပြင်တတ်အောင် လုပ်ထားနော်။)
လူအတော်များများကလမ်းဘေး ဈေးသည်၊ ဆိုက်ကားသမား၊ ဒရိုင်ဘာ၊ ယာဉ်နောက်လိုက်(စပယ်ယာ)စတဲ့ လူတွေကို အထင်သေးကြတယ်လို့ အဲဒီ လမ်းဘေးဈေးသည်၊ ဆိုက်ကားသမား၊ ဒရိုင်ဘာ၊ ယာဉ်နောက်လိုက် (စပယ်ယာ)တွေက သူတို့ဘာသာထင် နေကြပါတယ်။ အမှန်ကသူတို့ကို စစချင်း ဘယ်သူကမှ အထင်မသေးကြပါဘူး။ တကယ်အထင်သေးနေကြတာက သူတို့ကို သူတို့ပါပဲ။ ငါလမ်းဘေးဈေးသည်ပဲ ဘယ်သူကမှ ငါ့ကိုဂရုစိုက်ကြမှာမဟုတ်ဘူးဆိုတဲ့စိတ်နဲ့ မျက်နှာသနပ်ခါး မလိမ်း၊ ခေါင်းကိုဖြစ်ကတတ်ဆန်း စုစည်း၊ အ၀တ်အစားကို မသပ်မရပ်ဝတ်၊ ဒီလိုနဲ့ ဈေးထဲကို လာကြပါတယ်။ အဲဒီဈေးသည်ကို ဘယ်သူက လေးစားမလဲ။ ဘယ်သူကအလေးထားမလဲ။ ဈေးဗန်း ခင်းရာမှာလည်းအမှိုက်ပုံသာသာချ ခင်းထားပြန်တော့ဈေးဝယ်သူရဲ့စိတ်က အထင်သေးနေမှာသေချာပါတယ်။
ဘတ်စကားပေါ်က မြင်ကွင်းတစ်ခုပါ။ မိုးတွင်းတစ်ခုပါ။ ဘတ်စကားပေါ်မှာ လူတွေထုံးစံအတိုင်း ပြည့်ကြပ်နေပါတယ်။ လူတစ်ယောက် ကားပေါ်တိုးဝှေ့တတ်လာပါတယ်။ သူ လူတွေကြားထဲ တိုးဝင်လိုက်ပါတယ်။ သူ့နံဘေးက လူတွေအားလုံးကို မိုးရေတွေ စိုသွားပါတယ်။ သူကတော့ မိုးမစိုပါဘူး။ သူက မိုးကာဝတ်ထားလို့ပါပဲ။ သူကတော့ သူ့ကိုယ်သူ တန်ဖိုးထားလွန်လွန်းပြန်ရော။
ကိုယ့်တစ်ကိုယ်ရည်ကောင်းစား ရေးအတွက် အခြားလူတွေကို အကျိုးယုတ်စေတာဟာ လူလူချင်း တန်ဖိုးမထားကြလို့ ပဲဖြစ်ပါတယ်။
ထို့အတူ လူတန်းစားတစ်ရပ်က မိမိတို့ကောင်းစားရေးသာ ဆောင်ရွက်နေပြီး အခြားလူတွေကို ၀န်ထုပ် ၀န်ပိုးဖြစ်နေစေတာဟာ မိုးကာခြုံပြီး လူတွေကြားလျှောက်သွားနေတာနဲ့ တူလှပါတယ်။ မိမိဟာ အားလုံးအတွက် တန်ဖိုးရှိသလို၊ အားလုံးဟာလည်း မိမိအတွက် တန်ဖိုးရှိပါတယ်။ အားလုံးကို တန်ဖိုးထားပါတယ်။

Written by မောင်တင်ဦး(မြောင်းမြ)

Ref:EMG

From-မေမွန်ကျော်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)