
နှစ်သစ်ရောက်ပြီ
နှစ်သစ်ရောက်ပြီ
အော်ကြီးဟစ်ကျယ်
စိတ်ထဲက အော်လိုက်မိ . . .
ငါ့နာရီ အဆိုအရ
ည ဆယ့်နှစ်နာရီတိတိ
မနှင်းဆီ
ငါတို့ ဘာများပြောင်းလဲခဲ့ပါသနည်း . . .
တီဗွီကြည့်တိုင်း မြင်နေရတဲ့
ခေါင်းပေါင်းစ တလူလူနဲ့ လူထူထူတွေလား . . .
မကြာမှီလာမီ မျှော် ဆိုတဲ့
အခုထိ အောက်ခြေပြည်သူ မသုံးနိုင်တဲ့
သုံးသိန်းတန်ဖုန်းဆိုတာတွေလား . . .
အဟောင်းအစုတ် (ဈေးကြီးကြီးတွေ)
ပေးမှ ရွှေငါး ကား တွေသွင်းလို့ရတယ်ဆိုတာလား . . .
တစ်စခန်းထ
ပါတီဖွဲ့ကြတဲ့ အိုနေပြီ ဆိုတာတွေလား . . .
ဟူး
တော်ပါတော့ တော်ပါတော့ကွယ်
နှစ်သစ်မှာ ဘာထူးမလဲ
ဘာထူးမလဲ ဒီနှစ်သစ်မှာ . . .
သူတို့တွေ
ထောင်ဆိုတဲ့ နေရာမှာ
ဟက်ပီးနယူရီးယား အော်နေကြသလား . . .
သူတို့တွေ
ဟော်တယ်ခန်းမ အလယ်မှာ
ဟက်ပီးနယူးရီးယားအော်နေရသလား . . .

ထားလိုက်ပါ
ထားလိုက်ပါ
မနက်ဖြန်တိုင်းဟာ ခဏပဲ သစ်ရတာပါ
မနှင်းဆီရေ
စေ့စေ့တွေးကြည့်မှ
နှစ်သစ်ဟာ ဘာမှမထူး
အဲ့ဒါကြောင့် အဲ့ဒါကြောင့်ပဲ
စိတ်ထဲကပဲ တူးတူးခါးခါးအောက်လိုက်မိတယ် . . .
ဟက် ပီး န ယူး ရီး ယား . . .
**မာဃလုလင်**

နှစ်သစ်ရောက်ပြီ
နှစ်သစ်ရောက်ပြီ
အော်ကြီးဟစ်ကျယ်
စိတ်ထဲက အော်လိုက်မိ . . .
ငါ့နာရီ အဆိုအရ
ည ဆယ့်နှစ်နာရီတိတိ
မနှင်းဆီ
ငါတို့ ဘာများပြောင်းလဲခဲ့ပါသနည်း . . .
တီဗွီကြည့်တိုင်း မြင်နေရတဲ့
ခေါင်းပေါင်းစ တလူလူနဲ့ လူထူထူတွေလား . . .
မကြာမှီလာမီ မျှော် ဆိုတဲ့
အခုထိ အောက်ခြေပြည်သူ မသုံးနိုင်တဲ့
သုံးသိန်းတန်ဖုန်းဆိုတာတွေလား . . .
အဟောင်းအစုတ် (ဈေးကြီးကြီးတွေ)
ပေးမှ ရွှေငါး ကား တွေသွင်းလို့ရတယ်ဆိုတာလား . . .
တစ်စခန်းထ
ပါတီဖွဲ့ကြတဲ့ အိုနေပြီ ဆိုတာတွေလား . . .
ဟူး
တော်ပါတော့ တော်ပါတော့ကွယ်
နှစ်သစ်မှာ ဘာထူးမလဲ
ဘာထူးမလဲ ဒီနှစ်သစ်မှာ . . .
သူတို့တွေ
ထောင်ဆိုတဲ့ နေရာမှာ
ဟက်ပီးနယူရီးယား အော်နေကြသလား . . .
သူတို့တွေ
ဟော်တယ်ခန်းမ အလယ်မှာ
ဟက်ပီးနယူးရီးယားအော်နေရသလား . . .
ထားလိုက်ပါ
ထားလိုက်ပါ
မနက်ဖြန်တိုင်းဟာ ခဏပဲ သစ်ရတာပါ
မနှင်းဆီရေ
စေ့စေ့တွေးကြည့်မှ
နှစ်သစ်ဟာ ဘာမှမထူး
အဲ့ဒါကြောင့် အဲ့ဒါကြောင့်ပဲ
စိတ်ထဲကပဲ တူးတူးခါးခါးအောက်လိုက်မိတယ် . . .
ဟက် ပီး န ယူး ရီး ယား . . .
**မာဃလုလင်**


No comments:
Post a Comment