ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, January 11, 2012

ယခုလအတွင်း ထိုင်းနှင့်မလေးရှားနိုင်ငံတ၀ှမ်းသတင်းအတိုအထွာများ

>
(ဇန်န၀ါရီလ ၁၁ ရက်၊ ၂၀၁၂)
ဖြစ်ရပ် ၁။ ။ ကရင်အမျိုးသားအစည်းအရုံး KNU မှ ၁၉ဦးပါငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် မြန်မာအစိုးရနှင့် တရားဝင် အပစ်အခတ် ရပ်စဲရေးအတွက် နှစ်ဘက် ဆွေးနွေးမှု စတင်ရန် ယနေ့နံနက်က ထိုင်း-မြန်မာနယ်စပ်မြ၀တီမြို့မှတဆင့် ကရင်ပြည်နယ် ဘားအံမြို့သို့ ထွက်ခွာသွားပြီး ဖြစ်သည်။
ဘားအံမြို့တွင် မြန်မာအစိုးရကိုယ်စားလှယ်များနှင့် သွားရောက်ဆွေးနွေးမည့် KNU အရပ်ဘက်နှင့် စစ်ဘက်ကိုယ်စားလှယ်အ ဖွဲ့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးက ဦးဆောင်ပြီး နှစ်ဘက်အပစ်အ ခတ် ရပ်စဲနိုင်ရေးအတွက် KNU ဘက်မှ အချက် ၁၁ချက်ကို ဆွေးနွေးတောင်းဆိုသွားမည်ဟု သိရသည်။(KIC)

ဖြစ်ရပ် ၂။ ။ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်ရှိ မြန်မာသံရုံးတွင် မြန်မာအလုပ်သမား (၇၀၀) ခန့်သည် ပတ်စ်ပို့ရရှိရေးအတွက် တိုးဝှေ့ရယူကြရင်း မြန်မာအလုပ်သမတစ်ဦး မူးမေ့လဲကျသွားကြောင်း သတင်းရရှိသည်။ (RFA)

(ဇန်န၀ါရီလ ၉ ရက်၊ ၂၀၁၂)
လိင်တူဆက်ဆံမှုဖြင့် တရားစွဲဆိုခံထားရသော မလေးရှားဒုတိယ၀န်ကြီးချုပ်ဟောင်း - အန်ဝါအီဗရာဟင်၏ အမှုကို အကျိုးအကြောင်းခိုင်လုံမှု မရှိဟု ဆုံးဖြတ်ကာ မလေးရှားတရားရုံးချုပ်က ယနေ့ ပလပ်လိုက်သည်။ ၂ နှစ်ကြာ စွဲဆိုလာခဲ့သောဤအမှုကို DNA (ခေါ်) မျိုးရိုးဗီဇဆိုင်ရာ အထောက်အထား ခိုင်လုံမှုမရှိဟုဆိုကာ ပလပ်ပေးလိုက်ခြင်းဖြစ်သည်။ (VOA)

ဖြစ်ရပ် ၂။ ။ ဘုရားပွဲတော် ပွဲခင်းအတွင်း ဗုံးပေါက်ကွဲခြင်းကြောင့် ၄ ဦး သေဆုံးပြီး ၅ဝ ကျော် ဒဏ်ရာ ရရှိသည့် ဖြစ်ရပ်တခု ဇန်န၀ါရီလ ၇ ရက်၊ည ၁ဝ နာရီကျော်တွင် ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး မြို့နယ် ဘုရားသုံးဆူမြို့ အနန်းကွင်း ကျေးရွာ၌ ဖြစ်ပွားခဲ့သည်။

သေဆုံးသူ ၄ ဦးတွင် အသက် ၁၆ နှစ် အရွယ် ခုံခံရွာသားတဦး၊ ဝင်းခဏကျေးရွာမှ အသက် ၁ဝ နှစ်အောက် ဒုတိယတန်း ကျောင်းသူတဦးနှင့် တညင်ရွာမှ အသက် ၂ဝ ကျော် အမျိုးသမီးတဦးအပြင် အခြားကျေးရွာမှ တဦး ပါဝင်သည်ဟု ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA တပ်မဟာ ၆ မှ ဗိုလ်ကြီး စောထဲနေ က မဇ္ဈိမကို ပြောသည်။(မဇ္ဈိမ)

(ဇန်န၀ါရီလ ၄ ရက်၊ ၂၀၁၂)
ယနေ့ ကျ ရောက်သော ၆၄ နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ပျော်ပွဲရွှင်ပွဲ အားကစားပွဲများကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ ရွှေ့ပြောင်းအလုပ်သမား စာသင်ကျောင်းများတွင် ကျင်းပခဲ့ရာနေ့သစ်အလယ်တန်းကျောင်းတွင်လည်း ကျောင်း၏၆ နှစ်မြောက် ဖြတ်သန်းခြင်းအထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများကို
နေ့သစ်အလကနှင့် ငါတို့လမ်းသစ်အမကမှ ကျောင်းသားများပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။
(မြန်မာပြည်သားသတင်းစဉ်)

(ဇန်န၀ါရီလ ၁ ရက်၊ ၂၀၁၂)
မလေးရှားနိုင်ငံတွင် ပညာရေးလွတ်လပ်ခွင့်ရရှိရေးအတွက် မလေးရှားတက္ကသိုလ်ကျောင်းသားထောင်ပေါင်းများစွာတို့က ဆန္ဒပြလျက်ရှိရာ ယနေ့ဆန္ဒပြပွဲ၌ ကျောင်းသား (၁၇) ဦးအား လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။ (RFA)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)