**ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု မက်ဆီဆွတ်ခူးရရှိ**
(လန်ဒန်၊ ဇန်န၀ါရီ ၉)
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)၏ ၂၀၁၁ခုနှစ် တစ်နှစ်တာအကောင်းဆုံး ဆုကို မက်ဆီက ဆွတ်ခူးရရှိသွားသည်။
အာဂျင်တီးနားနှင့် ဘာစီလိုနာတိုက်စစ်မှူးမက်ဆီသည် စီရိုနယ်ဒိုနှင့် ဇာဗီတို့အပါအ၀င် အဆိုပါဆုကို ဆွတ်ခူးရန် ပဏာမ ရွေးချယ်ခံထားရသူသုံးဦးအနက် တစ်ဦးဖြစ်သည်။ အသက် ၂၄ နှစ်ရှိ မက်ဆီသည် ယင်းဆုကို ၂၀၀၉ ခုနှစ်နှင့် ၂၀၁၀ ခုနှစ်နှင့်ယခုနှစ်တွင် ရရှိခဲ့ရာ ၃ ကြိမ်ဆက်တိုက်ကမ္ဘာ့အကောင်းဆုံးဆုကို ရရှိခဲ့သူဖြစ်သည်။ (အင်တာနက်)
**ဒီဇင်ဘာလအတွက် ပရီမီယာလိဂ်အကောင်းဆုံးဆုနည်းပြ မာတင်အိုနေးနှင့် တိုက်စစ်မှူး ဒမ်ဘာဘာတို့ရရှိ**
(လန်ဒန်၊ ဇန်န၀ါရီ ၉)
**မာတင်အိုနေး**

ဒီဇင်ဘာလအတွက် တစ်လတာပရီမီယာလိဂ် အကောင်းဆုံး ဘောလုံးသမားအဖြစ် နယူးကာဆယ်တိုက်စစ်မှူး ဒမ်ဘာဘာအား ရွေးချယ်လိုက်သည်။ ဆန်းဒါးလန်းနည်းပြ မာတင်အိုနေးသည် ဒီဇင်ဘာလအတွင်း နည်းပြသစ်အဖြစ် ဆန်းဒါးလန်းအသင်းကို စတင်တာဝန်ယူခဲ့ရာ ဘောလုံးပွဲလေးပွဲ၌ ခုနှစ်မှတ်အထိရရှိအောင် စွမ်းဆောင်နိုင်ခဲ့သူဖြစ်သည်။ မာတင်အိုနေးသည် ယင်ခင်အက်စ်တွန်ဗီလာအသင်းနည်းပြအဖြစ် တာဝန်ယူခဲ့စဉ်က တစ်လတာ အကောင်းဆုံးနည်းပြအဖြစ် ရှစ်ကြိမ်ရွေးချယ်ခံခဲ့ရဖူးသည်။
**ဒမ္ဘာဘာ**

အသက် ၂၆ နှစ်အရွယ်ရှိ နယူးကာဆယ်တိုက်စစ်မှူး ဒမ်ဘာဘာသည် ဒီဇင်ဘာလအတွင်း ဘောလုံးပွဲခြောက်ပွဲကစားခဲ့ရာ ငါးဂိုးသွင်းယူနိုင်ခဲ့သူဖြစ်သည်။ ပြီးခဲ့သည့် နွေရာသီ၌ ၀က်စ်ဟမ်းအသင်းမှ နယူးကာဆယ်အသင်းသို့ အလွတ်ပြောင်းရွှေ့မှုဖြင့် ရောက်ရှိလာသည့် ဒမ်ဘာဘာသည် ယခုနှစ်ဘောလုံးရာသီ၌ ဘောလုံးပွဲပေါင်း ၁၉ ပွဲတွင် ၁၅ ဂိုးသွင်းယူနိုင်ခဲ့သူဖြစ်သည်။ (အင်တာနက်)
စုစည်းဘာသာပြန် - မြင့်မောင်စိုး

No comments:
Post a Comment