ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, January 15, 2012

လူထုကျန်းမာရေး (လက်အလှအတွက် သိကောင်းစရာ အဖြာဖြာ )

>
**Public Health**

လက်ချောင်းလေးတွေ လှုပ်ရှားဖို့ အတွက် ကြွက်သားပေါင်း ၃၄ ခုက အလုပ် လုပ်ပေးရ ပါတယ်။ အဓိက အဆစ်ပေါင်း ၂၉ ခုနဲ့ တခြား အရိုးအဆစ် အသေးစားတို့ ပေါင်းစပ် ဖွဲ့စည်းထားတဲ့ လက်ချောင်းလေး တွေဟာ မိန်းမတွေရဲ့ အလှအပ တွေထဲက တစ်ခု အပါအဝင် ဖြစ်ပါတယ်။ ကျန်းမာရေး အတွက်ရော၊ အလှအပ အတွက်ပါ အရာတင် စေတဲ့ အစိတ် အပိုင်းမို့ ဒီတစ်ပတ်မှာ လက်ချောင်းကနေ လက်မောင်း အထိဆန့်ပြီး လက်ကမ်းဖော်ပြ လိုက်ရပါတယ်။ လက်နဲ့ ပတ်သက်ပြီး သိထား သင့်တဲ့ ဗဟုသုတလေးတွေ တချို့ ရှိပါတယ်။ လက်ဖဝါးမှာရှိတဲ့ အရေပြားဟာ တခြား အရေပြား တွေထက် ထူးခြားပါတယ်။ အမွေး အမှင် လုံးဝမရှိပါဘူး။ လက်ဗွေရာရှိ ပါတယ်။ အကြမ်းခံနိုင်ပေမယ့် ထိ တွေ့ခံစားလွယ်ပါတယ်။ လက် ချောင်းရဲ့ နောက်ဘက်ခြမ်းက အရေးအကြောင်းတွေဟာ အမှန် တော့ ပါးချိုင့်တွေဖြစ်ပါတယ်။ လက်ဆစ် တွေပေါ်မှာရှိတဲ့ အရေး အကြောင်းဟာ လက်ဆစ်တွေ လှုပ် ရှားရင်ပိုပြီး များပြားလာလေ့ရှိပါ တယ်။
**လက်အနံ့ မွှေးစေဖို့ **
ကြက်သွန်ဖြူ၊ အသားငါးစတဲ့ အကြောင်းအမျိုးမျိုးကြောင့် လက်ဟာ အနံ့ထွက်လေ့ ရှိပါတယ်။ အဲဒီ အခါမျိုးမှာ သွား တိုက်ဆေးယူပြီး လက်ကိုပွတ်ပေးပါ။ သွားတိုက်ဆေး ဟာ အနံ့ကိုနိုင်ပါတယ်။

**လက်ချောမွေ့စေဖို့ **
သံပရာသီးတစ်လုံးကို ထက် ဝက် ဝက်ပြီး လက်ကိုပွတ်ပြီး နှိပ်ပေးပါ။ လက်သည်းတွေကို ကြံ့ ခိုင်စေရုံမျှမက အသား အရေကိုပါ နူးညံချောမွေ့စေပါတယ်။

**လက်မောင်း အဆီကင်းစေဖို့ **
တွဲလွဲကျနေတဲ့ အဆီတွဲတွေ ကို ကိုယ်ကိုယ်တိုင် လက်ပြတ်ဝတ် ပြီး တကူးတကကြော်ငြာမိတဲ့ အဖြစ် မျိုးတွေက ကင်းဝေးရအောင် လက် ပြတ်အင်္ကျီတွေဝတ်ရင် လက်မောင်း သားလေးလှပကြော့ရှင်းအချိုးအဆစ် ပြေပြစ်စေဖို့ နည်းကောင်းလေးပေး လိုပါတယ်။ လက်ပြတ်ဝတ်ဖို့ အရင် ဆုံး လက်မောင်းဟာ အသားအရေ လှပဖို့လိုအပ်သလို ကျစ်လစ်သွယ် လျဖို့လည်း လိုအပ်ပါတယ်။ နောက် ပြီး သန့်ရှင်းဖို့လည်း လိုအပ်ပါသေး တယ်။

အဆီရှိနေတဲ့ လက် မောင်းတွေအတွက် လေ့ကျင့်သင့်တဲ့ အားက စားနည်းတွေကတော့ ကြက်တောင် ရိုက်ကစားနည်း၊ ရေကူးခြင်းတို့ကို လိုက်စား ပေးသင့်ပါတယ်။နောက်ပြီး လက်မောင်းကို အားစိုက်ပြီး လှုပ် ရှားရတဲ့အလုပ်တွေကို လုပ်ပေးရင် လည်း လက်မောင်း သားဟာ ကျစ်လစ်လာပါတယ်။ ဥပမာ-ငရုပ်ဆုံ ထောင်းတာတို့ ဖြစ်ပါတယ်။လက် မောင်းကို လွဲပြီး လေ့ကျင့် တဲ့ လေ့ ကျင့်ခန်းဟာလည်း လက်မောင်း သားကို ကျစ်လစ်စေပါတယ်။ တစ်ခါ လုပ်ရင် ရှစ်ကြိမ်ကနေ စပြီး တဖြည်း ဖြည်း အကြိမ်ရေ တိုးသွားပေးပါ။လက်မောင်းမှာရှိတဲ့ အမွေးအမှင်များ၊ ချိုင်းမွေး များကိုလည်း ရိတ်ထားပေးဖို့ လိုအပ် ပါတယ်။ အများစုဟာ လက်ပြတ် ဝတ်ပေမယ့် ချိုင်းမွေး ကိုတော့ သေချာပြောင်အောင်ရိတ် လေ့မ ရှိပါဘူး။ အရမ်းအကြည့်ရဆိုးပါ တယ်။ လက်မောင်းသားအပြင် တံ တောင်ဆစ်ကိုလည်း ဂရုစိုက်သင့် ပါတယ်။ လက်ပြတ်၊ လက်တိုဝတ် တဲ့ အခါမှာ တံတောင်ဆစ်ဟာ ပေါ် လွင်နေတဲ့ အစိတ်အပိုင်းဖြစ်ပြီး မည်းနေပါက အမြင် မတင့်ပါဘူး။တံ တောင်ဆစ်မည်းနေရင် အပေါ်ပိုင်း ရုပ်ရည် ဘယ်လောက်ချောချော ပုရိသတွေ အတွက် ဖီလင် အပီ အပြင် လျှော့ကျ သွားတတ်ပါတယ်။ တံတောင်ဆစ်နေရာဟာ အလွယ် တကူ မည်းတတ်တဲ့နေရာဖြစ်လို့ Moisturizer လေး ပုံမှန်လိမ်းပေး သင့်ပါတယ်။

**လက်အသားအရေထိန်းသိမ်းနည်း **
လက်ဖမိုးပေါ်က အရေပြား ဟာ မျက်နှာပြင်ပေါ်က အရေပြား ထက်ပိုပြီး ပါးလျပါတယ်။ နောက်ပြီး အဆီ၊ ကို လက် ဂျင်နဲ့ဆွဲဆန့်နိုင် စေတဲ့ ဖိုင်ဘာအမျှင်တွေဟာ ပိုပြီး နည်းပါတယ်။ အရေပြားပါးပါး လျလျဟာ နေရောင်ခြည်နဲ့ ထိတွေ့ ပါများလာတာနဲ့အမျှ အရေး အကြောင်းတွေ ဖြစ်တာ တခြား အစိတ်အပိုင်းတွေမှာ ဖြစ်တာထက် ပိုပြီးမြန်မြန် ဆန်ဆန် ပေါ်လာပါတယ်။ ဒါကြောင့် လက်အသားအရေကို ထိန်းသိမ်းပေးဖို့ လိုအပ်ပါတယ်။ လက်အတွက် Moisturizer ကို တစ်နေ့ အနည်းဆုံး လေးကြိမ် လိမ်းပေးသင့်ပါတယ်။ တစ်ပတ်ကို တစ်ကြိမ်လောက် မျက်နှာလိမ်း တဲ့ ခရင်(မ်)နဲ့လက်ကို အိပ်ရာမဝင် ခင်မှာလိမ်းပေးသင့်ပါတယ်။ ခြောက်သွေ့တဲ့ လက်ပိုင်ရှင်များ အတွက် ဆပ်ပြာနဲ့ ရေဆေးပြီးတိုင်း လက်ကိုရေစွတ်ပြီး ဆားနဲ့လက် ပေါ်လောင်း ပြီး ရေထဲမှာ လက်ကို ပွတ်ပေးပါ။ ပြီးမှ Moisturizer လေးလိမ်းပေးပါ။ လက်ကို သံလွင်ဆီပူပူလေးနဲ့ လိမ်းပြီးပွတ်ပေးပါ။ ငါးမိနစ် လောက် အခြောက်ခံထားပြီး ရေနွေး၊ ဆပ်ပြာနဲ့ ဆေးလိုက်ပါ။ ပိုပြီး ထိရောက်စေချင်တယ်ဆိုရင် တော့ တစ်ညသိပ်ပြီး မနက်ကျ တော့ ဆေးပေးပါ။ ဒါပေမဲ့ လက်ကို လက်အိတ်လေးတော့ ဝတ်ပြီးအိပ် သင့်ပါတယ်။ လက်ကို ပိုပြီး ဒီထက် ဂရုစိုက် ထိန်းသိမ်းချင်သေး တယ်ဆိုရင် နွားနို့ တစ်ဖန်ခွက်ရယ်၊ သံပရာရည် အနည်းငယ်ရယ်ရောပြီး သမအောင် မွှေပါ။ ပြီးတော့ လက်ကို လိမ်းပေး ပါ။ ဆယ်မိနစ် အခြောက်ခံထားပါ။ဒါပေမဲ့ ဒီနည်းကို အသုံးပြုတဲ့ အခါ မှာ လက်မှာ ထိခိုက်ရှရာရှိရင် အသုံး မပြုပါနဲ့။

**လက်သန့်ရှင်းမှုသတိပြု**
တံတောင်ဆစ်နဲ့ လက်ဖျားကြား မှာ ဘက်တီးရီးယားပေါင်း ၂-၁၀ သန်း ခိုအောင်းနေထိုင်နိုင်ပါတယ်။ အိမ်သာ ကနေ ထွက်လာတဲ့ အချိန် မှာ ပိုးတွေဟာ ၂ ဆတိတိပိုများ လာပြီး သုံးနာရီတိတိ လက်မှာ ရှင် သန်နေနိုင် ပါတယ်။ ဒီပိုးတွေ ဟာ နာရီ၊ လက်ကောက် တွေမှာလည်း ခိုအောင်းနေနိုင်ပါတယ်။ ဒါကြောင့် လက်ကို ပိုးမွှားတွေ မကပ်ညိစေ ရအောင် အညစ်အကြေးကိုင်ပြီး တာနဲ့ ဆေးကြောပေးသင့်ပါတယ်။ အမှိုက်ရှင်းပြီးတဲ့အခါမျိုးမှာလည်း လက်ကို ဆေးကြော ပေးသင့် ပါတယ်။

Ref:8 Days

**From-မေမွန်ကျော်**
--

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)