ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, January 10, 2012

အိန္ဒိယနိုင်ငံတွင် ပေါ်ထွန်းခဲ့သော မဟာယာနဗုဒ္ဓဘာသာအကြောင်း (၈)

>

**သဒ္ဓမ္မပုဏ္ဍရိကာသုတ္တန် မှ မဟာယာန အယူအဆများ **

သဒ္ဓမ္မပုဏ္ဍရိကာသုတ္တန် သည် ရှေးအကျဆုံးသော မဟာယာနဗုဒ္ဓဘာသာသုတ္တန်များ အနက်မှ တစ်ခုဖြစ်ပြီး ဤ သုတ္တန်မှ စတင်၍ မဟာယာန အယူအဆများ အပီအပြင် ထင်ရှားစွာ ပေါ်လွင်နေသည်ကို တွေ့ရလေသည်။ ဤသုတ္တန်သည် စကားပြေစုဏ္ဏိယတစ်ပိုင်း ဂါထာအဖွဲ့ တစ်ပိုင်း ရေးဖွဲ့ထားလေသည်။ မဟာယာနနွယ်သော ဗုဒ္ဓ၀င်ကျမ်းစာများ ဖြစ်သည့် လလိတာဝတ္တာရ မဟာဝတ္တု စသည်တို့ ပေါ်ပေါက်ပြီး အေဒီ (၁) ရာစု ၀န်းကျင်ခန့်ဖြစ်နိုင်ကြောင်း ပညာရှင်တို့ ခန့်မှန်းကြပါသည်။ အစောဆုံးတွေ့ရသော တရုပ်ဘာသာပြန်လက်ရာများကို အေဒီ(၂၈၆) တွင် ရဟန်းတော် ဓမ္မရက္ခ မှ ၎င်း အေဒီ (၃၈၃) တွင် ရဟန်းတော် ကုမာရဇီဝမှ ၎င်း အေဒီ (၆၀၁) တွင် ဥာဏဂုတ္တ နှင့် ဓမ္မဂုတ္တ တို့က ၎င်း အသီးသီး ပြန်ဆိုခဲ့ကြလေ၏။ သဒ္ဓမ္မပုဏ္ဍရိကာသုတ္တန် ၏ အရေးပါမှု ကို ၈ကြိမ်၉ကြိမ်မက အထပ်ထပ် ဘာသာပြန်ခဲ့ကြသည်ကို ထောက်ဆလျှင် သိနိုင်လေသည်။ ယနေ့ခေတ်ကာလတိုင် တင်းဒိုင် နိချိရင် ဇာန် စသော ဂျပန် ဗုဒ္ဓဘာသာ ကျောင်းတိုက်ကြီးများတွင် နေ့စဉ် အလေးအမြေတ် ရွတ်ဆိုပူဇော်လျှက်ရှိနေသော သုတ္တန် ဖြစ်လေသည်။
သဒ္ဓမ္မပုဏ္ဍရိကာသုတ္တန် သည် ဟီနယာန မှ မဟာယာနသို့ အပြီးသတ် အသွင်ကူးပြောင်းမှုကို ဖေါ်ပြနေသော သုတ္တန်ဖြစ်၏။ ရှင်တော်ဘုရားသည် အသိဥာဏ် ပါရမီ အဆင့်နိမ့်သော သာဝကများအတွက် ဟီနယာန ကို ဟောကြား ခဲ့ရကြောင်း ကို ရှည်လျားစွာ ဖေါ်ပြထားလေသည်။ ဟီနယာန လမ်းစဉ်သည် ဗောဓိပက္ခိယတရား (၃၇)ပါး ကို ကျင့်သုံး ခြင်းဖြင့် ကိလေသာရ၀ဏ (ကိလေသာ အတားအဆီး) တို့ကို ဖယ်ခွာနိုင်ပြီး အရိယသစ္စာ(၄)ပါးကို သိမြင်နိုင်ခြင်း ပုဂ္ဂလသုညတာ ကို သိမြင်နိုင်ခြင်း ပဋိစ္စသမုပ္ပါဒ် ကို သိမြင်နိုင်ခြင်း စသည့် အကျိုးတရားများ ရရှိနိုင်ပေသည်။ သဒ္ဓမ္မပုဏ္ဍရိကာသုတ္တန် အလိုအရ ဟီနယာန လမ်းစဉ်ကို ပေါက်ရောက်အောင်မြင်ပြီးသော သာဝကများသည် ဗောဓိသတ္တ မဟာယာန ပါရမီလမ်းစဉ် ကို ဆက်လက်ဖြည့်ကျင့်ခြင်းအားဖြင့် ဥေယျာဝရဏ (ဥာဏ်ပညာအတားအဆီး) ကို့ ဖယ်ခွာ နိုင်ပြီးလျှင် ဓမ္မသုညတာ ကို ထိုးထွင်းသိမြင်ပြီး သမ္မာသမ္ဗုဒ္ဓ ဘုရားအဖြစ်ကို ရောက်ရှိနိုင်သည်ဟု ဖေါ်ပြပါသည်။
သဒ္ဓမ္မပုဏ္ဍရိကာသုတ္တန်၏ အဓိကအကျဆုံး အယူအဆမှာ ဧကယာန=ဗုဒ္ဓယာန=မဟာယာန ဖြစ်သည်။ ရှင်တော်ဘုရား သည် အသိဥာဏ် ပါရမီ အဆင့်နိမ့်သော သာဝကများအတွက် ဟီနယာနလမ်းစဉ်များ (သာဝကယာန နှင့် ပစ္စေကဗုဒ္ဓယာန) ကို ဟောကြားခဲ့ရ သော်လည်း အဆုံးစွန်သော တစ်ခုတည်းသော လမ်းစဉ် သည် ဧကယာန=ဗုဒ္ဓယာန=မဟာယာန ဖြစ်သည်ဟုဆိုပါသည်။
သဒ္ဓမ္မပုဏ္ဍရိကာသုတ္တန် သည် အခန်း (၂၇) ခန်းပါဝင်သော ရှည်လျားသော သုတ္တန်ဖြစ်သည်။ ပထမအခန်းတွင် ဤသုတ်သည် ရှေး ဘုရားရှင် အဆက်ဆက်ဟောကြားခဲ့သော မဟာဝေပုလ္လသုတ္တန် ဖြစ်ကြောင်း ဒီပင်္ကရာဘုရားရှင်ထံ သို့ ၀ရပြဘာ ဗောဓိသတ္တထံမှ တစ်ဆင့် ရောက်ရှိခဲ့ကြောင်း ၀ရပြဘာ ဗောဓိသတ္တ မှာ မဉ္ဇူသိရီ ဗောဓိသတ္တ၏ ရှေးဘ၀ဖြစ်ကြောင်း တို့ ကို ဖေါ်ပြထားလေသည်။
ဒုတိယ အခန်းတွင် သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်တို့ ၏ တရားအသိ (ဓမ္မာဘိသယ) ကို ဗောဓိသတ္တ ပစ္စေကဗုဒ္ဓ သာဝကများ မည်သို့မှ အသိမရောက်နိုင်ကြောင်း တတိယ နှင့် စတုတ္တ အခန်းများတွင် ဘုရားရှင်တို့ ၏ ကရုဏာသည် ဝေနေယျတို့ အပေါ် တစ်ပြေးညီကျရောက် စေကြောင်းကို ပုံပြ၀တ္တုနှစ်ပုဒ်ဖြင့် တင်ပြထားလေသည်။ ပဉ္စမ အခန်းတွင် ရှင်တော်ဗုဒ္ဓသည် နေမင်း မိုးတိမ်တိုက် ကဲ့ သို့ ဝေနေယျတို့ အပေါ် တူမျှညီညာစွာ ကျင့်သုံးကြောင်း သာဝကတို့ ရရှိသော နိဗ္ဗာန်သည် အဆုံးစွန်လွတ်မြောက်မှု မဟုတ်ကြောင်း ဘုရားရှင်တို့ ၏ တရားအသိ နှင့် ရရှိသော နိဗ္ဗာန်သည် အဆုံးစွန်လွတ်မြောက်မှု ဖြစ်ကြောင်း ကို ဖေါ်ပြထားလေသည်။

သကျမုနိဘုရားရှင်က မိမိ၏ မဟာသာဝကများသည် တစ်ချိန်ကျလျှင် ဓမ္မသုညတာ ကို ထိုးထွင်းသိမြင်ပြီး သမ္မာသမ္ဗုဒ္ဓ ဘုရားအဖြစ်ကို ရောက်ရမည် ဖြစ်ကြောင်း ဗျာဒိတ်ပေးဟောကြားထားသည်ကို တွေ့ရသည်။ ရှင်တော်ဗုဒ္ဓက ဤ သဒ္ဓမ္မပုဏ္ဍရိကာသုတ္တန် ကို ရှေးဘ၀ဟောင်းတစ်ခုတွင် ဒေ၀ဒတ္တ အလောင်း ရသေ့ထံမှ ကြားနာခဲ့ဖူးကြောင်း ဤသုတ္တန်ကို ကဲ့ရဲ့ရှုတ်ချမည့်သူများ အနာဂတ်ကာလတွင် ပေါ်ပေါက်လာမည်ကို ကြိုတင်မြင်သိခဲ့ကြောင်း ဤသုတ္တန်ကို ကဲ့ရဲ့ရှုတ်ချမည့်သူများ အပယ်ငရဲသို့လားကြရမည့်အကြောင်း ဤသုတ္တန်ကို လေးမြတ်ကြည်ညို ရွတ်ဆိုပူဇော်ထိုက်ကြောင်း စေတီများနှင့်အတူ ဦးညွတ်ရိုသေထိုက်ကြောင်း တို့ ကို ဖေါ်ပြထားပါသည်။

နောက် အခန်း နှစ်ခန်းတွင်မူ ဘုရားရှင်၏ သက်တမ်းသည် အကန့်အသတ်မရှိ အနန္တ-ထာဝရ ဖြစ်ကြောင်း လူ့လောကတွင် မွေးဖွား-ဘုရားဖြစ်-တရားဟော-ပရိနိဗ္ဗာန်ပြု သော ဖြစ်ရပ်များသည် ဘုရားရှင်၏ အမှန်တကယ်ဖြစ်သော အဖြစ်အပျက်များ မဟုတ်မူပဲ ဝေနေယျတို့ကို တရားပြလိုသောကြောင်း ဖန်းတီးထားသော မာယာဝိရူပမျှသာ ဖြစ်ကြောင်း ဒီပင်္ကရာမှ သည် ဂေါတမဗုဒ္ဓ ထိ ဘုရားရှင်ဟူသမျှသည် မိမိ၏ အသွင်များသာ ဖြစ်ကြောင်း ဟောကြားထားသောကြောင့် လောကီလွန် လောကုတ္တရာ ဘုရားရှင်မျိုးဖြစ်ကြောင်း အတည်ပြုပြောဆိုသော အခန်းများဖြစ်လေသည်။ ကျန်အခန်းများအားလုံးသည်ကား ဤသုတ္တန်ကို လေးမြတ်ကြည်ညို ရွတ်ဆိုပူဇော် ခြင်းအားဖြင့်ရရှိနိုင်မည့် အကျိုးတရားများကို ၀ိတ္တာရချဲ့ ရှင်းပြထားချက်များဖြစ်လေ၏။
ထူးခြားချက်မှာ အခန်း (၂၄) တွင် ဗောဓိသတ္တ အ၀လောကိတေသွာရ ကို စတင်မိတ်ဆက်ဖေါ်ပြထားလေသည်။ ဗောဓိသတ္တ အ၀လောကိတေသွာရ ကို ရည်မှန်းဆုတောင်းပတ္ထနာပြုပါက ဘေးဥပါဒ်အန္တရာယ် အသွယ်သွယ်မှ လွတ်မြောက်နိုင်ကြောင်း သူသတ်သမား၏ ဓါးသည်ပင် အစိတ်စိတ်အမြွာမြွာ ကျိုးပဲ့ ရကြောင်း လက်ထိတ် ခြေထိတ်တို့မှ ကျွတ်လွတ်ရကြောင်း သင်္ဘောပျက်ခြင်းဘေးဆိုး ကန္တာရခိုးသူတို့၏ဘေး စသည်တို့မှ လွတ်မြောက်ရကြောင်း ကို ဖော်ပြထားလေသည်။ ဤ အခန်းကို အခြေခံလျှက် ဗောဓိသတ္တ အ၀လောကိတေသွာရ၏ အကြောင်းသက်သက် ကို သာ တစ်ကျမ်းလုံးဖော်ပြထားသော ကာရဏ္ဍဗျူဟာ အမည်ရှိ ကျမ်းကြီးတစ်စောင် ပေါ်ပေါက်ခဲ့လေသည်။ ကာရဏ္ဍဗျူဟာ သည်ကား ဖန်ဆင်းရှင် ဣဿရ၀ါဒ ဆန်ဆန် ရေးသားထားဟန်ရှိလေသည်။

အေဒီ ၃၉၉ တွင် အိန္ဒိယသို့ရောက်လာခဲ့သော တရုပ်ရဟန်းတော် ဖာဟီယန်သည် သီဟိုဠ်မှ တရုပ်ပြည်သို့ သင်္ဘောနှင့်အပြန်လမ်း မုန်တိုင်းမိရာတွင် အ၀လောကိတေသွာရ ကို ဆုတောင်းရာ လှီုင်းလေများ ချက်ချင်းငြိမ်သက်သွားကြောင်း မှတ်တမ်းတင်ထားလေသည်။ အ၀လောကိတေသွာရ သည် လောကသားတို့ ကို ကရုဏာဖြင့်ငုံကြည့်တော်မူနေသော အရှင်ဖြစ်သောကြောင့် သတ္တ၀ါအားလုံးကို ကယ်တင်၍ မပြီးမချင်း နိဗ္ဗာန်သို့ မ၀င်စံရန် အဓိဋ္ဌာန်ပြု ထားသော အရှင ဖြစ်ပြီး ဘုရားရှင် ဟူသမျှတို့၏ မဟာကရုဏာဓါတ်ကို ကိုယ်စားပြုထားသော ဗောဓိသတ္တ လည်းဖြစ်၏။ ကာရဏ္ဍဗျူဟာ ရှေ့ပိုင်းတွင် အ၀လောကိတေသွာရ သည် အ၀ီစိငရဲ၌ အနှိပ်စက်ခံနေရသော သတ္တ၀ါများကို အပါယ်ဒုက္ခမှ ကင်းအောင် အ၀ီစိငရဲပြည်သို့ ဆင်းသက် အ၀လောကိတေသွာရ ရောက်သည်နှင့် ငရဲမီးတောက်များ ငြိမ်းခဲ့ကြောင်း ထိုမှတဖန် သူ၏ မဟာကရုဏာ အစွမ်းဖြင့် ပြိတ္တာများ ကို ငတ်မွတ်ပြေစေခဲ့ ကြောင်း သီဟိုဠ်ကျွန်းမှလူများ ကို ဘီလူးရန် လွတ်စေခဲ့ ကြောင်း ရေးသားထားလေ၏။
ကာရဏ္ဍဗျူဟာ ကျမ်းက ချယ်မှုန်းပြသသော အ၀လောကိတေသွာရ သည် စကြ၀ဠာ ကမ္ဘာ မိုးမြေ ကို ဖန်ဆင်းရှင်ကြီးပင် ဖြစ်နေတော့ပါသည်။ သူ၏ မျက်လုံးမှ နေ နှင့် လ သူ၏ မျက်မှောင်မှ မဟေဿရ နတ်မင်း သူ၏ ပုခုံးမှ နတ်ဗြဟ္မာ ကြီးများ သူ၏ စွယ်တော်မှ သူရဿတီနတ်ဒေ၀ီ သူ၏ ခံတွင်းမှလေနတ်မင်း သူ၏ ခြေထောက်မှ မြေထု သူ၏ အစာအိမ်မှ ၀ရုဏနတ်မင်း တို့ မွေးဖွားခဲ့ကြောင်း အလင်္ကာတန်ဆာဆင် ရေးသားထားလေ၏။ ကာရဏ္ဍဗျူဟာ ကျမ်းတွင် အရေးအပါဆုံးမှာ အ၀လောကိတေသွာရ ကို ရှိခိုးပူဇော်သော ဥုမ် မဏိ ပဒ္ဓမေ ဟုမ် ဂါထာ အကြောင်း ဖြစ်လေသည်။ ဤ အက္ခရာ (၆) လုံးမျှပါသော ဂါထာငယ်လေးသည် နှစ်ထောင်ချီ၍ မဟာယာနဗုဒ္ဓဘာသာဝင် သန်းပေါင်းများစွာ၏ နှလုံးသားများကို စိုးမိုးခဲ့သည်။ တိဗက်မဟာယာနဗုဒ္ဓဘာ ယဉ်ကျေးမှု လွှမ်းမိုးသော နေရာတိုင်းတွင် ဥုမ် မဏိ ပဒ္ဓမေ ဟုမ် ဂါထာ ကို အမြတ်တနိုး အကြိမ် သိန်းသန်းချီ၍ ရါတ်ဆိုပူဇော်ကြလေသည်။ ဥုမ် မဏိ ပဒ္ဓမေ ဟုမ် ဂါထာ နျင့် ပတ်သက်၍ ယင်း ဂါထာသည် အလွန် တန်ခိုးအာနုဘော်ကြီးမားကြောင်း အ၀လောကိတေသွာရ ၏် တိုက်ရိုက် ကောင်းချီးပေးမှု ကို ရနိုင်ကြောင်း မိမိ သွေးကိုမင် ပမာပြု၍ မိမိအရေကို ပုရပိုက် ပမာပြု၍ မိမိ အရိုးကို ကလောင်ပမာပြု၍ ရေးသားပူဇော်သင့်ကြောင်း ဥုမ် မဏိ ပဒ္ဓမေ ဟုမ် ဂါထာ တစ်ကြိမ်ရွတ်ဆိုမှု သည် ဂင်္ဂါ သဲစုထက် ပိုများပြားသော ကောင်းမှု ကုသိုလ် အစုဖြစ်ကြောင်း ယုံကြည်ကြလေသည်။

(ဆက်လက်ဖေါ်ပြပါမည်။)

စုဆောင်းတင်ပြသူ-လင်းထက်ဆွေ

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)