**သန္ဓေစပ်သားဖောက်ထားသော မျောက်နီလေးသုံးကောင် အမေရိကန်သိပ္ပံရှင်များ
ပထမဆုံး မွေးထုတ်ပေးနိုင်**
(ပေါ့ခ်လန်း၊ ဇန်န၀ါရီ ၈)
သီးခြားစီသော သန္ဓေသားလောင်းများ၏ ဆဲလ်များပေါင်းစပ်ပြီး သန္ဓေသားလောင်းသစ်တည်စေပြီး သားမွေးစေခြင်းကို ပထမဆုံးအကြိမ် အောင်မြင်မှုရရှိခဲ့သည်။ အတူညီသည့် သန္ဓေသားလောင်းအသီးသီးမှ ဆဲလ်များကို ထုတ်ယူပေါင်းစပ်ကာ မျောက်မများ၏ သားအိမ်အတွင်း ထည့်သွင်းပြီး သုတေသနပြုခဲ့ရာ မျောက်လေးသုံးကောင်အားမွေးဖွားစေနိုင်ခဲ့ခြင်းဖြစ်သည်။ ချီမာဂို၊ ရိုကုနှင့် ဟာ့ဇ်တို့ဖြစ်ကြဥည်။ ထိုမျောက်နီလေးသုံးကောင်ကို မတူညီသည့် သန္ဓေသားလောင်းခြောက်လောင်းမှ ဆဲလ်များကို ထုတ်ယူကာ ပေါင်းစပ်၍ မွေးထုတ်ထားခြင်းဖြစ်သည်။ ထိုသို့ မျိုးဗီဇမတူသည့် ဆဲလ်များဖြင့် ဖွဲ့စည်းစေ၍ ခန္ဓာကိုယ်တစ်သျှူးများဖြစ်တည်စေကာ မွေးဖွားခဲ့သော မျောက်သုံးကောင်သည် ကျန်းမာရေးကောင်းမွန်ကာ သာမန်အတိုင်းပင် သွားလာလှုပ်ရှားလျက်ရှိကြောင်း၊ မျိုးဗီဇမတူသည့် ဆဲလ်များ၏ တုံ့ပြန်မှုသည်လည်း ဖောက်ပြန်မှုမရှိဘဲ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ကောင်းစွာတည်ဆောက်ဖွံ့ဖြိုးစေလာကြောင်း ပေါ့ခ်လန်းရှိ အော်ရီဂွန် ကျန်းမာရေးသိပ္ပံတက္ကသိုလ်မှ ပညာရှင် ဆောက်ခ်ခရတ်မီတဲလ်လီပေါ့ဖ်က ပြောကြားသည်။ (အင်တာနက်)
**မျက်မှန်ကွန်ပျူတာ**
အသစ်တီထွင်ထုတ်လုပ်ထားသည့် Wearable Computer (၀တ်ဆင်ထားနိုင်သော ကွန်ပျူတာ) မျက်မှန်ကွန်ပျူတာတစ်လုံးကို ကုမ္ပဏီအဖွဲ့ဝင်တစ်ဦး စမ်းသပ်ကိုင်တွယ်ပြစဉ်။ (ကိုင်းနှင့်တကွ မျက်မှန်တပ်ဆင် ကွန်ပျူတာ၊ မောက်စ်နှင့် ခေါက်သိမ်းနိုင်သော ကီးဘုတ်တို့ဖြင့် တရုတ်နိုင်ငံယူနန်ပြည်နယ်ရှိ သိပ္ပံနည်းပညာကုမ္ပဏီကြီးတစ်ခုမှ တီထွင်ထုတ်လုပ်ထားသည်။

မျက်မှန်တွင် ကွန်ပျူတာတစ်လုံးကဲ့သို့ ကြည့်ရှုအသုံးပြုနိုင်သော ယခုကွန်ပျူတာအမျိုးအစားသည် တရုတ်နိုင်ငံတွင် ပထမဆုံးအကြိမ် တီထွင်ထုပ်လုပ်ခြင်းဖြစ်ပြီး လာမည့်မတ်လအတွင် ဈေးကွက်တင်ရောင်းချမည်ဖြစ်သည်။ (အင်တာနက်)
**၂၀၁၃ ခုနှစ် အလယ်ပိုင်း၌ နေမုန်တိုင်းများဖြစ်ပေါ်နိုင်**
(၀ါရှင်တန်၊ ဇန်န၀ါရီ ၈)
၂၀၁၂ ခုနှစ် နှစ်လယ်ပိုင်းမှ စတင်ကာ နေဂြိုလ်တွင် လှုပ်ရှားမှုများ တိုးမြင့်ဖြစ်ပေါ်လာနိုင်ပြီး ၂၀၁၃ ခုနှစ်အလယ်ပိုင်း၌ စူးရှတောက်ပသော အလင်းရောင်ခြည်တန်းများထွက်ပေါ်ကာ နေမုန်တိုင်းများဖြစ်ပေါ်လာနိုင်ကြောင်း အမေရိကန်အမျိုးသားအာကာသရေးရာနှင့် အာကာသသိပ္ပံမှ သုတေသနပညာရှင် သောမက်စ်ဒီဂျာမာလူဒင်က ဇန်န၀ါရီ ၈ ရက်၌ ထုတ်ဖော်ပြောကြားလိုက်သည်။ (အင်တာနက်)
**၁၇၉၃ ခုနှစ်ထုတ် ကြေးဒင်္ဂါးတစ်ပြားအမေရိကန်ဒေါ်လာ တစ်သန်းရရှိ**
(အော်လန်ဒို၊ ဇန်န၀ါဂီ ၈)
ဖလော်ရီဒါပြည်နယ်ရှိ ဖလော်ရီဒါယူနိုက်တက် နူမစ်မာတစ်ခန်းမ၌ ပြုလုပ်သည့် နှစ်ပတ်လည် လေလံတင်ရောင်းချပွဲတွင် အမည်မဖော်လိုသော ၀ယ်ယူသူတစ်ဦးက အဆိုပါကြေးဒင်္ဂါးကို များပြားသော ငွေကြေးပမာဏဖြင့် ၀ယ်ယူသွားခဲ့ခြင်းဖြစ်သည်။ ၄င်းကြေးဒင်္ဂါပြားသည် ထူးခြားပြောင်မြောက်သော ဒီဇိုင်းလက်ရာဖြစ်ပြီး ရှားပါးရှေးကျသောဒင်္ဂါးပြားလည်းဖြစ်သည်။ ကြေးဒင်္ဂါးပြားမျက်နှာစာတစ်ဖက်တွင် လေဘာတီပုံပါရှိပြီး
နောက်ဘက်တွင် ပန်းခတ်များပါရှိသည်။အဆိုပါလေလံပွဲတွင် ဒင်္ဂါးအမျိုးအစားပေါင်း ၆၀၀ ခန့်ပြသရောင်းချခဲ့သည်။ ရှေးကျသည့် တစ်အောင်စတန် ငွေဒင်္ဂါးပြားများ၊ နီကယ်ဒင်္ဂါးများနှင့် အခြားငွေဒင်္ဂါးအကြွေစေ့များလည်း ပါဝင်သည်။ (အင်တာနက်)
စုစည်းသာပြန် - မိုးမြင့်လင်းလက်

No comments:
Post a Comment