ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, January 10, 2012

ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း

>
**လက်တင်အမေရိကမှာ အအောင်မြင်ဆုံးအဆိုတော် ဂရမ်မီဆု ခုနှစ်ဆုရ ဂလိုရီယာအီစတီဖန်း**
(လန်ဒန်၊ ဇန်န၀ါရီ ၈)
အဆိုတော် ဂလိုရီယာ အီစတီဖန်း (Gloria Estefan) ဟာ အမေရိကန် လက်တင်အဆိုတော်တွေထဲမှာ သမိုင်းတင်ခဲ့ရတဲ့ ပထမဆုံး အမျိုးသမီးအဆိုတော်ဖြစ်ပါတယ်။ အသက် ၅၄ နှစ်ရှိပြီဖြစ်တဲ့ အီစတီဖန်းရဲ့ သီချင်းတွေဟာ ကျူးဘားနိုင်ငံရဲ့ ကမ္ဘာမှာ လူကြိုက်များခဲ့တာဖြစ်ပါတယ်။ သူမဟာ ဟာဗားနားမယ်ဘ၀မှ အဆိုတော် ဖြစ်လာတာပါ။ သူမဟာ လွန်ခဲ့တဲ့လေးနှစ်အတွင်းမှာ ပထမဆုံးသော အယ်လ်ဘမ်ထွက်ခဲ့ပါတယ်။ အီစတီဖန်းဟာ သူမရဲ့ ဂီတအနုပညာရှင်သက်တမ်း ဆယ်စုနှစ်ငါးခုထဲမှာ တေးအယ်လ်ဘမ်ပေါင်း သန်း ၉၀ အထိ ရောင်းချခဲ့ရတဲ့ ကမ္ဘာ့ကျော်ကြားတဲ့ အဆိုတော်ဖြစ်ပါတယ်။ ကျူးဘား-အမေရိကန် ကပြားအဆိုတော် အီစတီဖန်းဟာ ၁၉၇၀ ပြည့်လွန်နှစ်များကစလို့ ဂီတလောကထဲမှာ အောင်မြင်ကျော်ကြားတဲ့ အဆိုတော်ဖြစ်လာခဲ့ပါတယ်။ Don’t Wanna lose you လို့ အမည်ပေးထားတဲ့ သူမရဲ့တေးအယ်လ်ဘမ်ဖြစ်ခဲ့ပါတယ်။ အဆိုတော် အီစတီဖန်းဟာ ဂရမ်မီဆုခုနစ်ဆု ဆွတ်ခူးနိုင်ခဲ့တဲ့ အဆိုတော်ဖြစ်ပါတယ်။ ဒီနောက်မှာတော့ သူမဟာ ဂီတလောကမှာအောင်မြင်မှုတွေအတွက် ၂၀၀၈ ခုနှစ်က အထူးလက်တင်ဂရမ်မီဆုဆွတ်ခူးသွားခဲ့ပါတယ်။ (အင်တာနက်)

**တိုက်စစ်မှူး အွန်နရီ အာဆင်နယ်တွင် နှစ်လကစားမည်**
(လန်ဒန်၊ ဇန်န၀ါရီ ၈)
အသက် ၃၄ ခုနှစ်အရွယ် အာဆင်နယ်အသင်းခေါင်းဆောင်ဟောင်း အွန်နရီသည် မေဂျာလိဂ်ဘောလုံးကစားပြီး အတန်ကြာ အာဆင်နယ်အသင်းနှင့်အတူ လေ့ကျင့်ထားလျက်ရှိသည်။ အွန်နရီသည် အာဆင်နယ်အသင်းနှင့်အတူ ဇန်န၀ါရီနှင့် ဖေဖော်ဝါရီလများတွင် ကစားမည်ဖြစ်သည်။

တိုက်စစ်မှူး ဂါဗင်ဟို အာဖရိကနိုင်ငံများဖလား သွားရောက်ကစားနေစဉ် အွန်နရီက ၄င်းနေရာတွင် ကစားပေးရမည်ဖြစ်သ်ည။ ၄င်းသည် ၂၀၀၇ ခုနှစ်က ပေါင် ၁၆ သန်းဖြင့် အာဆယ်နယ်မှ ဘာစီလိုနာသို့ ပြောင်းရွှေ့ခဲ့သည်။ အွန်နရီသည် အာဆင်နယ်အသင်းတွင် ဂိုးသွင်းစံချိန်အများဆုံး တိုက်စစ်မှူးအဖြစ် သမိုင်းတင်ခံထားရသူလည်းဖြစ်သည်။ (အင်တာနက်)

**တိုက်စစ်မှူး ရွန်နေမန်ယူ၌ ဆက်ရှိမည်ဟုဆို**
(လန်ဒန်၊ ဇန်န၀ါရီ ၈)
လာမည့်အပြောင်းအရွှေ့ရာသီတွင် တိုက်စစ်မှူး ရွန်နေအား ရောင်းချမည်ဆိုသည့်သတင်းများအပေါ်မန်ယူက ငြင်းဆိုလိုက်သည်။ ရွန်နေနှင့် နည်းပြဖာဂူဆန်တို့၏ ဆက်ဆံရေးသည် ပြိုကွဲသွားပြီဖြစ်ကြောင်း ဆက်ဒဒေးအင်ဒီဗင့်းဒင့် သတင်းစာက ရေးသားဖော်ပြသည်။ စောစောပိုင်းသတင်းများတွင် ရွန်းနေနှင့်မန်ယူတို့ လမ်းခွဲလိုက်ကြပြီဖြစ်ကြောင်း နှစ်ဖက်စလုံးမှကြေညာချက်များ ထုတ်ပြန်ခဲ့သည်။သို့သော်လည်း အင်ဒီဗင်းဒင့်သတင်းစာ၏ ဖော်ပြချက်မှာ လုံးဝမမှန်ကြောင်း မိမိနေဖြင့် အနာဂတ်တွင် မန်ယူနှင့်အတူ ဆက်လက်ကစားသွားမည်ဖြစ်ကြောင်း ရွန်နေကိုယ်တိုင် တွစ်တာဝက်ဘ်ဆိုက်တွင် ပြောကြားလိုက်သည်။ အသက် ၂၆ နှစ်ရှိ ရွန်နေသည် ၂၀၁၁ ခုနှစ်က မန်ယူနှင့် ငါးနှစ်သက်တမ်းစာချုပ်ထားသည်။ (အင်တာနက်)

**ဘရစ္စဘိန်းဖလား အင်ဒီမာရေးဆွတ်ခူး**
(လန်ဒန် ဇန်န၀ါရီ ၈)
အင်ဒီမာရေးသည် ဒေါဂိုပိုလော့အား ၆-၁၊ ၆-၃ ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ၄င်းသည် ဘရစ္စဘိန်းဖလားကို ဆွတ်ခူးနိုင်ခဲ့၍ သြစတြေးလျအိုးပင်းဖလား ဆွတ်ခူးနိုင်ရန်လည်း သြစတြေးလျ အိုးပင်းတင်းနစ်ပြိုင်ပွဲတွင် ပါဝင်ကစားမည်ဖြစ်သည်။ ယင်းပြိုင်ပွဲကို သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့၌ ဇန်န၀ါရီ ၁၆ ရက်တွင် ပါဝင်ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။ ဗြိတိသျှနံပါတ်တစ် တင်းနစ်ကစားသမား အင်ဒီမာရေးသည် သြစတြေးလျ အိုးပင်းပြိုင်ပွဲတွင် ဖလားဆွတ်ခူးနိုင်ပါက ပထမဆုံးသော ၄င်း၏ ဂရင်းဆလမ်းဖလားဖြစ်လာတော့မည်ဖြစ်သည်။ (အင်တာနက်)

စုစည်းဘာသာပြန် - မြင့်မောင်စိုး

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)