ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, January 12, 2012

ယတြာ အားကိုးခဲ့ပေးမဲ့ အနားပေးခံရတဲ့ ၀န်ကြီးချုပ်ဦးခင်ဇော်

>
(ယတြာ အားကိုးခဲ့ပေးမဲ့ အနားပေးခံရတဲ့ ၀န်ကြီးချုပ်ဦးခင်ဇော်)
..........................................................
MyanmarNewNow မှ ဖော်ပြခဲ့ပြီးဖြစ်တဲ့ တနင်္သာရီတိုင်း
ဝန်ကြီးချုပ်ဦးခင်ဇော် အကြောင်းပြန်လည်တင်ပြပေးလိုက်ပါတယ်။
တနသာင်္ရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးခင်ဇော်
နေပြည်တော် နိုဝင်ဘာ ၂၅။
တနသာင်္ရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးခင်ဇော်အား
တာဝန်မှအနားပေးလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။ယင်းသတင်းနှင့်ပတ်သက်ပြီး
အမည်မဖော်လိုသူ အစိုးရအရာရှိတစ်ဦးက
မှန်ကန်ကြောင်းအတည်ပြုပြောကြားခဲ့သည်။
ဦးခင်ဇော်အား မည်သည့်ကိစ္စဖြင့်အနားပေးလိုက်သည်ကိုမူရှင်းရှင်းလင်းလင်းမသိရပေ။သို့သော်
ပြည်ပမီဒီယာများက ဦးခင်ဇော်အား ဆန်တင်ပို့ခွင့်ကိစ္စနှင့်ပတ်သက်သော
အရှုပ်အထွေးများရှိကြောင်း မကြာမီကရေးသားခဲ့သည်။
ဦးခင်ဇော်သည် ယခင်အစိုးရလက်ထက်က ဒုတိယဗိုလ်ချုပ်ကြီးရာထူးဖြင့်
ကစထမှုးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ကြောင်း ရန်ကုန်မီဒီယာအုပ်စု
သတင်းအရသိရပါတယ်။

အခုလို တာဝန်က အနားမပေးခင်မှာ--

ဘုရာ…..တရား မြဲနေတဲ့ ၀န်ကြီးချုပ်ဦးခင်ဇော်
အခုတလော အင်တာနက်စာမျက်နှာပေါ်မှာ ပွဲဆူနေခဲ့တဲ့ ၀န်ကြီးချုပ်
ဦးခင်ဇော်(ဂေါ်ဇီလာ)တစ်ယောက်ဘုရား…….. တရားမြဲနေပါတယ်။ မန္တလေးက
အခါပေးဗေဒက၀ိန် ဦးဝင်းအောင်ရဲ့အစီအမံလမ်းညွှန်မှု့တွေနဲ့
လုပ်လိုက်ရတဲ့ယတြာ သစ်တောပျိုးခြံနဲ့ပရဆေးဥယာဉ်ထဲက အပင်တွေအရွက်တွေ
အခက်တွေ အပွင့်တွေလည်း မျိုးတုန်းလုနီးပါးဖြစ်နေပြီ လို့ပြောပါတယ်၊
ထားဝယ်မြေကတန်ခိုးကြီးဘုရားတွေဆိုလည်း
မရောက်ဖူးတဲ့နေရာ….မဖူးဘူးတဲ့ဘုရားမရှိသ လောက်ပါဘဲ့တဲ့၊
စစ်သားလူထွက်ဘဲ့ဂေါ်ဇီလာရယ်…လုပ်ရဲရင်ခံရဲရမှာပေါ့…အလှည့်ကျရင်မနွဲ့စတမ်းပေါ့၊
ကိုယ့်မှာ အာဏာ၊ပါဝါ၊စည်းစိမ်ဥစ္စာတွေအပြည့်နဲ့တောင်
ဒီလိုကြောက်လန့်တုန်လှုပ်တဲ့ အနေထားကိုခါးသီးအောင်ခံစားရရင်…
အာဏာမဲ့၊ပါဝါမရှိ၊စည်းစိမ်ဥစ္စာနွမ်းပါးတဲ့တနင်္သာရီတိုင်းသားတွေအပေါ်အော်ငေါက်ခဲ့တဲ့အပေါ်၊နှိပ်ကွပ်ခဲ့တဲ့အပေါ်၊
ဘယ်လောက်တောင်ကြောက်လန့်ခံစားကြရရှာမလဲ၊ကိုယ်ချင်းစာစိတ်နဲ့သာအရင်ကနေခဲ့ရင်
ဒီပြဿနာတွေဖြစ်လာစ ရာအကြောင်းမရှိပါဘူး၊
အခုတော့ဝန်ကြီးချုပ်အစိုးရရဲ့(၁)နှစ်တာခရီးမှာ….တနင်္သာရီတိုင်းသားတွေရဲ့ရင်ထဲအသဲထဲ
မှာ…နာကျည်းမှုတွေ….မုန်းတီးမှု့တွေ…..ခါးသီးတဲ့ကျိန်စာတွေပြည့်နေပါပြီ၊နောက်ကျခဲ့ပါပြီကော
ဂေါ်ဇီလာကြီးရယ်….
ရွေးကောက်ပွဲပြီးခဲ့တာတစ်နှစ်ကျော်ကြာခဲ့ပါပြီ၊

အုပ်ချုပ်ရေးတာဝန်ယူခဲ့တာလည်း(၇)လကျော်ခဲ့ပါပြီ၊
ဝန်ကြီးချုပ်ရဲ့အုပ်ချုပ်ခံတနင်္သာရီတိုင်းမှာ ဘာတွေများ
တိုးတက်ပြောင်းလဲနေပါပြီလဲ၊ပြန်ပြီးသုံးသပ်ဆင်ခြင်ကြည့်ပါ၊
---ခရိုင်၊မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကလည်း
ခုတ်လို့ထစ်လို့ပါးပါးလှီးလို့ကောင်းတုန်း၊ငွေပေး…..ရန်မလိုလုပ်တုန်း၊
ဆက် ကြေးတောင်းတုန်း၊ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေကလည်းအရင်
ကကွက်တီးလုံးမပြောင်းဘဲ ကခုန်လို့ကောင်းတုန်း၊
လိုင်းကြေးကောက်တုန်း….ပြည်သူ့ရိက္ခာစားဝန်ထမ်းတွေကလည်း
တောင်းရမ်းလို့ညစ်ပတ်လို့ကောင်းတုန်း၊လုပ်ပိုင်ခွင့်
ဗန်းပြလို့လုပ်စားနေတုန်း….ရေလောင်းနေရတုန်း…အဲပြောင်းသွားတာဆိုလို့…ပြောရအုံးမယ်…နိုင်ငံတော်အလံရယ်
အုပ်ချုပ်ရေးဆိုင်းဘုတ်တွေရယ်ပဲ့ရှိပါတယ်၊ ပင်လယ်ထဲမှာလည်း
ဝန်ကြီးချုပ်ရဲ့သွေးသောက်ခိုးသားငါးရာအဖွဲ့တွေ
လိုင်စင်မဲ့ဝင်ခိုးဆွဲနေလို့ ငါးတွေရေထွက်ကုန်တွေကုန်သလောက်ဖြစ်နေပါပြီ…

ကုန်းပေါ်မှာ လည်းဝန်ကြီးချုပ်ရဲ့သစ္စာခံစားဖားသစ်သူခိုးတွေ
ခိုးခုတ်နေလို့ တောထဲကရုက္ခစိုးတွေတောင်ဘုံ ပျောက်နေပါပြီ၊
ဘယ်လိုစီမံခန့်ခွဲမှု၊ဘယ်လိုစေတနာတွေနဲ့အုပ်ချုပ်နေပါသလဲ….“၀“
တစ်လုံးစီမံခန့်ခွဲပညာပါလား၊
ဂေါ်ဇီလာကြီးခင်ဗျား…တိုင်းဒေသကြီးအစိုးရအဖွဲ့ထဲမှာလည်း ရွေးကောက်ပွဲ
အနိုင်ရ၀န်ကြီးတွေကို နေရာမပေး..လုပ်
ပိုင်ခွင့်မပေးဘဲ…ပညာပေးထားတာ….၀န်ကြီးတွေလဲပညာအပေးခံရလွန်းလို့မကြာခင်
ပညာရှိတွေဖြစ်တော့မယ်၊
ဝန်ကြီးချုပ်ဂေါ်ဇီလာတစ်ယောက်
(23.11.2011)ရက်နေ့မှာကျမ်းမာရေးကိစ္စအကြောင်းပြလို့ စင်ကာပူကိုဆေး
ကုသွားပါတယ်၊ မန္တလေးက အခါပေး၊ဗေဒင်က၀န်ဦးဝင်းအောင်ရဲ့တွက်ချက်မှုအရပါ၊
ဗေဒင်ဆရာဦးဝင်းအောင်က လည်း စင်ကာပူကိုမှအခါပေးရတယ်လို့
၊ဆီးရီးယားတို့၊လစ်ဗျားတို့၊အီဂျစ်တို့၊ပါလစ်စတိုင်းတို့၊အီသီယိုးပီးယားတို့၊ဆိုမာ
လီယာတို့၊ဆီလွတ်ပြီး
ဆေးကုရင်းတောင်းရမ်းစားသောက်ဖို့အကြံပေးအခါပေးရမှာ….အခုဝန်ကြီးချုပ်ရဲ့စင်ကာပူခရီး
စဉ်အတွက် တာဝန်ယူပေးတာက AK company
/ထူးတိုးတိုးကုမ္မဏီမိသားစုနဲ့ရွှေဝက်ဝံမိသားစု ခိုးသားငါးရာတို့ရဲ့စု
ပေါင်းအလှူဒါနလို့သိရပါတယ်၊စင်ကာပူကိုဝန်ကြီးချုပ်နဲ့အတူ
ချစ်ဇနီးဂေါ်ဇီလာမမရယ်၊ချစ်သမီးဂေါ်ဇီလာခင်ဇော်ရယ်၊
သမက်လောင်းအောင်မြင်သူcompany က(ဦးလှမျိုး)ရယ်လိုက်သွားတယ်လို့သိရပါတယ်၊
ဝန်ကြီးချုပ်ကျမ်းမာရေးအကြောင်းပြပြီး စင်ကာပူကိုသာထွက်သွားတာ
ထားဝယ်မှာ တုန်းကတစ်ရက်ကို (၁၈)ကျင်းဂေါက်ရိုက်နိုင်ပါသေးတယ်၊(၅)သိန်းတန်
အရက်ကိုလည်းတစ်နေ့တစ်ဗူးသောက်နိုင်သေးတယ်၊၀န်ကြီးတွေ ဌာနဆိုင်ရာတွေကို
ဦးကျောက်လုံးလေသံနဲ့ ဆူပူကြိမ်းမောင်းအော်ဟစ်ဆဲဆိုနိုင်သေးတယ်၊
ဆိုတော့ဘာရောဂါများဖြစ် သလဲဆိုတာကိုတော့စိတ်ဝင်စားစရာပဲ့၊ သူ့သစ္စာခံ
ကျန်ကျောင်းစိုးဝင်း(ဟိုင်ဖိုင်)ကသူ့မိန်းမမရှိတုန်း၊ ဟိုအခွေလာပြ
ဒီအခွေလာပြ၊ဟိုဟာရှာပေး၊ဒီဟာရှာကြွေးနဲ့များ…..ဟိုဒင်းရောဂါဖြစ်သွားသလားလို့……
ဝန်ကြီးချုပ်စင်ကာပူကိုဆိုင်းမဆင့်ဗုံမဆင့်ထွက်သွားရတာက
…ကြောက်လို့ရှောင်ပြေးတာလား?
…နေပြည်တောကလာမယ့်(၃)ဦး စုံခုံ ကိုကြောက်လို့လား?
…မကြာခင်ကျင်းပမဲ့ကြားဖြတ်ရွေးကောက်ပွဲကိုတာဝန်ယူရမှာကြောက်လို့လားဆိုတာကတော့ဝန်ကြီးချုပ်
ကိုယ်တိုင်အသိဆုံးဖြစ်မှာပါ။
ဂေါ်ဇီလာကြီးမရှိတော့
ဗိုလ်မှူးကြီးဇော်လွင်(ပြောင်ကြီး)သိပ်ပြီးတော့သောင်းကျန်းမနေနဲ့အုံးနော်…တော်ကြာ
ပထွေးနောက်ပါသွားအုံးမယ်………..
မြို့တော်ထားဝယ်ကမြို့သူမြို့သားများကတော့(ရှင်ကိုးရှင်)ဘုရားမှာ
ဝန်ကြီးချုပ်အမြန်ဆုံးပြုတ်ပါစေလို့၊ပန်း
သပြေညောင်ရေလောင်းရင်းတောင်းဆုပန်ချွေကာ၊ ၀န်ကြီးချုပ်ဘေးမသီရန်မခ
ထားဝယ်ကိုပြန်ရောက်လာရင်သံပုံး တီးတောထုတ်ဖို့
စောင့်ကြိုနေကြပါတယ်လို့ကြားရပါတယ်၊
အာဏာလုပ်ပိုင်ခွင့်နဲ့စည်းစိမ်ယစ်မှုးပြီး
မလုပ်သင့်တာ၊မပြောသင့်တာ၊မစီမံသင့်တာ၊တွေကိုတလွဲလုပ်တတ်တဲ့
ဝန်ကြီးချုပ်ဂေါ်ဇီလာဖတ်ဖို့
ဒီကဗျာတိုလေးတစ်ပုဒ်လက်ဆောင်ပေးလိုက်ပါတယ်၊ဖတ်ပြီးဆင်ခြင်နိုင်ပါစေ……….
သိလျက်နှင့်ပင်
ဝိဘက်ကြမ္မာထင်ရဲ့
ရွှေညဏ်ရှင်မဝေခွဲနိုင်ဘု
ပွဲတွေ့အမှား

By: သစ်ထူးလွင်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)