ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, January 12, 2012

လူထုကျန်းမာရေး (အသည်းရောင် ဘီကာကွယ်ဆေးထိုးထားလား)

>
**Public Health**

လူနာကို ရောဂါ ရာဇဝင်မေးတိုင်း ထည့်မေးလေ့ရှိသည့် မေးခွန်းဖြစ်သည်။ လူနာတိုင်းကို မေး လေ့ရှိ
သော်လည်း အရက်သောက်သူ၊ အသည်းရောဂါခံစားနေရသူနှင့် ကျန်းမာရေးဆေးစစ်သူများတွင် အဓိကထား
မေးသည်။ မြို့ပြနေကျန်းမာရေး အသိရှိသူနှင့်ခေတ်မီသူတော်တော်များများထိုးပြီးဖြစ်နေ တတ်သော်လည်း
အများစုက မထိုးရ သေးသည်ကိုတွေ့ရသည်။
ဈေး အတော်အတန်ရှိသဖြင့် မထိုးကြသည် ထက် ကာကွယ်ဆေး၏ အကျိုးနှင့် ထိရောက်မှုကို မသိ
သည်က များ သည်။ ထိုးပြီးသူကလည်း ကာကွယ် ဆေးအောင်၊ မအောင် မသိ။ဘယ်တုန်းက ထိုးခဲ့မှန်း
မသိ၊ မမှတ်မိသူ က များသည်။ ဆေးနှစ်လုံးထိုးပြီး ဆက်မထိုးဖြစ်သူ၊ ဆေးပတ်မပြည့်သူ များလည်းရှိသည်။ အားဖြည့်အလုံး (Booster Dose) မထိုးဖြစ်သူများ လည်း ရှိသည်။ ပုဂ္ဂလိကဆေးရုံတစ်ခုမှ ဝန်ထမ်း များ အသည်းရောင်ဘီကာကွယ်ဆေး ထိုးထားခြင်းရှိ၊ မရှိ မေးကြည့်ရာ အားလုံးနီးပါး ထိုးမထားကြ။
ယင်း ဆေးရုံမှ ဆရာဝန်ငယ်များတွင်ပင် ဘီပိုးကာကွယ်ဆေးမထိုးရသေးသူများ ရှိသည်။ အခြားသာမန်လူများ
နည်းတူ ဆေးပတ်မလည်သူ၊ ကာကွယ်ဆေး အောင်၊ မအောင် မသိသူ၊ အားဖြည့် ဆေး (Booster Dose) မထိုးရသေး သူ၊ ကာကွယ်ဆေးမအောင်သဖြင့် ဘာဆက်လုပ်ရမှန်း မသိသူများလည်း ပါသည်။ စာရေးသူ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် အလုပ်လုပ်စဉ်က လည်း ဆေးရုံသို့ စရောက်လာသည့် တတိယနှစ် ဆေးကျောင်းသားများကို ဘီပိုးကာကွယ်ဆေးထိုးထား၊ မထား မေးကြည့်လေ့ရှိသည်။
မထိုးကြသည် က များသည်။ မထိုးရသေးသူများကို ထိုးခိုင်းရသည်။ အသည်းရောင် Virus ပိုးများနှင့် အသည်းရောဂါအမျိုးမျိုးအကြောင်းကို အသည်းရောဂါအထူးကုဆရာဝန်ကြီး များက ဘက်စုံထောင့်စုံမှ အခါမလပ် အသေးစိတ် ရေးကြသည်ကို တွေ့ရ ပါသည်။ ယခုစာစုသည် အသည်း အထူးကုဆရာဝန်ကြီးများ
ရေးသကဲ့ သို့ ထဲထဲဝင်ဝင်၊ နှိုက်နှိုက်ချွတ်ချွတ် မဟုတ်မူဘဲဘီကာကွယ်ဆေးအကြောင်း ကိုသာ အဓိက
ထား၍ ရေးသားခြင်း ဖြစ်ပါသည်။ မည်သည့်အသိ၊ မည်သည့်ပညာမဆို မည်မျှလွယ်လွယ်မသိသူများအတွက်
ခက်ခဲနေတတ်သည်။ ဝိုးတိုးဝါးတားဖြစ်နေတတ်သည်။ ဘီ ကာကွယ်ဆေးအကြောင်းနှင့် စနစ် ကျထိုးနည်းကို
မသိကြသူများ ရှိ သည်။ ဘီကာကွယ်ဆေးရှိမှန်း မသိ ကြသူများပင် ရှိသည်။

**အသည်းရောင်ဘီပိုး**
အသည်းရောင် Virus များ အနက် ဘီပိုးနှင့် စီပိုးသည် ပုံစံတူ သည်။ သွေးနှင့်ခန္ဓာကိုယ်အရည်များ မှတစ်ဆင့် ကူးသည်။ Virus နှစ်မျိုး စလုံးသည် နာတာရှည်အသည်း ရောဂါ၊ အသည်းခြောက်ရောဂါနှင့် အသည်းကင်ဆာတို့ကို ဖြစ်စေသည်။ သို့ရာတွင်Virus နှစ်မျိုး ကွာခြား ချက်ရှိသည်။ ဘီပိုးသည် စီပိုးထက် ဆယ်ဆ ပိုးကူးစက်လွယ်သည်။ ဘီပိုး အတွက် ထိရောက်သော ကာကွယ် ဆေးရှိသည်။ စီပိုးအတွက် ကာကွယ် ဆေးမရှိ။

အသည်းရောင်ဘီပိုးသည် အသည်းရောင်စေသည်။ အချို့တွင် ရောဂါလက္ခဏာပြပြီး အများစုတွင် ရောဂါလက္ခဏာမပြဘဲ ကူးစက်ခံရသည်။ကူးစက်ခံရသူ ၉၅ ရာခိုင်နှုန်း ခန့်တွင် ရောဂါပိုးပျောက်သွားသော် လည်း ကျန် ၅ ရာခိုင်နှုန်းခန့်တွင် လုံးဝမပျောက်၊ တစ်သက်လုံးဆက်ရှိ နေတတ်သည်။

နာတာရှည်ဘီပိုး သယ်ဆောင်သူဖြစ်နိုင်ခြေသည် အ သက်အရွယ်ပေါ်မူတည်သည်။ မွေးကင်း စအချိန်တွင် ကူးစက်ခံရပါက ၇၀ မှ ၉၀ ရာခိုင်နှုန်းထိ နာတာရှည်ဘီပိုး သယ်ဆောင်သူ ဖြစ်သွားလေ့ရှိသည်။
ကမ္ဘာပေါ်တွင် နာတာရှည်ဘီပိုးရှိသူ သန်း ၃၀ဝ ခန့်ရှိသည်။ ယင်းလူနာ များသည် နောင်တွင်အသည်းခြောက်
ရောဂါနှင့် အသည်းကင်ဆာဖြစ်နိုင် ခြေများသော လူနာများဖြစ်သည်။ နာတာရှည်ဘီပိုးရှိသူ ၁၅ မှ ၂၀ ရာခိုင်နှုန်းသည် ၅ နှစ်မှ ၂၀ နှစ် အကြာတွင် အသည်းခြောက်သွား တတ်သည်ဟု ဆိုသည်။ နာတာရှည် ဘီပိုးရှိသူ အသည်းခြောက်၊ အသည်း ကင်ဆာဖြစ်ပွားမှုသည် မည်သည့် အရွယ်တွင် ကူးစက်ခံရသည်အပေါ် တွင်လည်း တည်သည်။ မွေးကင်းစ အရွယ် ကူးစက်ခံရပါက ဖြစ်နိုင်ခြေ အလားအလာ ပိုများသည်။ နာတာရှည်ဘီပိုး သယ်ဆောင် သူတို့၏ အခြားနောက်ဆက်တွဲ ပြဿနာမှာ အသည်းကင်ဆာ ဖြစ် သည်။ နာတာရှည်ဘီပိုးရှိသူသည် မရှိသူထက် အသည်းကင်ဆာဖြစ်ရန် အလားအလာ အဆ ၁၀ဝ ပိုများ သည်။
မွေးကင်းစနှင့် ကလေးအရွယ် တွင် ဘီပိုးကူးစက်မှုများသော ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် အသည်းကင်ဆာဖြစ် ပွားမှုမှာမြင့်မားလျက်ရှိသည်။ ယင်း နိုင်ငံများတွင် အသည်းကင်ဆာ အားလုံး၏ ၈၀ ရာခိုင်နှုန်းခန့်သည် ဘီပိုးနှင့် ဆက်နွှယ်ပတ်သက်မှုရှိသည် ဟုဆိုသည်။

**အသည်းရောင်ဘီ ကာကွယ်ဆေး**

ဘီကာကွယ်ဆေးသည် အန္တရာယ် ကင်းသည်။ ဘီပိုးမဝင်အောင် ကာ ကွယ်နိုင်စွမ်းကောင်းသည်။ ဘီပိုး မျိုးကွဲ (Genotypes) အားလုံးကို ကာကွယ်နိုင်သည်။ ကာကွယ်နိုင်မှု သည် ရေရှည်ခံသည်။ ဘီကာကွယ်
ဆေးသည် ကာကွယ် ဆေးထိုးသူ ၉၅ ရာခိုင်နှုန်းတွင် ထိ ရောက်သော ကာကွယ်မှုပေးသည်။ ကလေးနှင့် လူငယ်များတွင် ကာကွယ် နိုင်မှု ပိုစွမ်းသည်။ ထို့ကြောင့် ဘီ ကာကွယ်ဆေးထိုးခြင်းဖြင့် ဘီပိုး ကြောင့်ဖြစ်
သော အသည်းခြောက် ရောဂါနှင့် အသည်းကင်ဆာဖြစ်ပွားမှု ကို ကာကွယ်နိုင်မည်ဖြစ်သည်။ အသည်းရောင်ဘီပိုးအဖြစ်များ သော တရုတ်နိုင်ငံ၊ ထိုင်ဝမ်ကျွန်းတွင် ၁၉၈၄ ခုနှစ်မှစတင်ပြီး ဘီကာကွယ်
ဆေးကို တစ်နိုင်ငံလုံး လွှမ်းခြုံထိုးပေးခဲ့ သည်။ ထို့ကြောင့် ၆ နှစ်အရွယ် ကလေးများတွင် ဘီပိုးကူးစ
က်ဖြစ်ပွားမှု ၁၀.၅ ရာခိုင်နှုန်းမှ ၁.၇ ရာခိုင်နှုန်းထိ လျော့ကျသွားသည်။ ဘီပိုးရှိ ကိုယ်ဝန် ဆောင် မိခင်မှ မွေးကင်းစကလေးသို့ ကူးစက်မှုကို ကာကွယ်နိုင်သဖြင့် ဘီ ပိုးရှိ ကလေးဦးရေသည် ၈၆-၉၆ ရာခိုင်နှုန်းမှ ၁၂-၁၄ ရာခိုင်နှုန်းထိ လျှော့ချနိုင်ခဲ့သည်။ အကျိုးဆက်အနေ ဖြင့် အသည်းခြောက်ရောဂါနှင့် အသည်းကင်ဆာဖြစ်ပွားမှုလည်း သိသိသာသာ ကျဆင်းသွားသည်။ ၆ နှစ်မှ ၁၄ နှစ်အရွယ် ကလေးများတွင်
နှစ်စဉ် အသည်းကင်ဆာဖြစ်ပွားမှု ကလေး ၁၀ဝ၀ဝ၀လျှင် ဝ.၇၀ ရာခိုင် နှုန်းမှ ဝ.၃၆ ရာခိုင်နှုန်းထိ ၁၀ နှစ် အတွင်း ကျဆင်းသွားသည်။ အသည်း ကင်ဆာကြောင့်သေဆုံးမှုလည်း လျော့ နည်းသွားသည်။

**ပါမောက္ခနေ၀င်း(ဆေးပညာ)**

Health Digest

Posted by Mr. Moon

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)