**ပေါင် ၁၀ သန်းတန်အိမ်ဝယ်ရန် ကမ္ဘာကျော် ဟာသသရုပ်ဆောင်မစ္စတာဘင်းန် စီစဉ်နေ**
(လော့စ်အိန်ဂျလိစ်၊ ဇန်န၀ါရီ ၉)
ကမ္ဘာကျော်ဟာသသရုပ်ဆောင် ရိုဝမ်အက်ကင်ဆန်(မစ္စတာဘင်းန်)သည် အင်္ဂလန်နိုင်ငံအနောင်တောင်ပိုင်း ဒီဗွန်မြို့တောင်ဘက် ဆာလ်ကွန်ဘီအရပ်တွင်ရှိသော နေအိမ်တစ်လုံးကို ပေါင်၁၀ သန်းဖြင့် ၀ယ်ယူရန်စီစဉ်နေကြောင်း မစ္စတာဘင်းန်က ဇန်န၀ါရီ ၉ ရက်၌ ထုတ်ဖော်ပြောကြားသည်။ အိပ်ခန်းငါးခန်းပါပြီး လူကုံထံများနေထိုင်သည့် အိမ်ခန်းဖွဲ့စည်းမှုများ၊ အနုပညာမြောက်သော အိမ်တွင်းအသုံးအဆောင်ပစ္စည်းများက မစ္စတာဘင်းန် စိတ်ဝင်စားစေသည့် အချက်များပင်ဖြစ်သည်။ အဆိုပါ အိမ်ကို ရောဘတ်မက်ဒေါနယ်က တည်ဆောက်ပိုင်ဆိုင်နေထိုင်ခဲ့ခြင်းဖြစ်သည်။ ပင်လယ်၏အလှကို ခံစား၍ ရသောမြင်ကွင်းကိုလည်း အိမ်ထှဲာနေ၍ ကြည့်ရှုခံစားနိုင်သည်။ မစ္စတာဘင်းန်သည် လောလာဆယ်၌ ဇာတ်ကားသစ်လေးကားရိုက်ကူးရန်ရှိနေရာ ယင်းအိမ်အားဝယ်ယူရန် အမြန်ဆုံးစီစဉ်လျက်ရှိသည်။ (အင်တာနက်)
**၂၀၁၁ ခုနှစ် ကမ္ဘာ့အလှဆုံးအနုပညာရှင်စာရင်းဝင်ဂျပန်ရုပ်ရှင်မင်းသမီး ကာဒီနာ**
(တိုကျို၊ ဇန်န၀ါရီ ၉)

၂၀၁၁ ခုနှစ်အတွက် ကမ္ဘာ့အလှဆုံးအနုပညာရှင်အမျိုးသမီး ၁၀ ဦးစာရင်းကို ဇန်န၀ါရီ ၉ ရက်က သတင်းထုတ်ပြန်ခဲ့ရာ ဂျပန်ရုပ်ရှင်မင်းသမီး ကာဒီနာလည်းပါဝင်လာသည်။ အသက် ၂၅ နှစ်အရွယ်သာရှိသည့် ဂျပန်ရုပ်ရှင်မင်းသမီး ကာဒီနာသည် မော်ဒယ်နှင့် သရုပ်ဆောင်တစ်ဦးဖြစ်ပြီး ၂၀၀၄ ခုနှစ်မှစတင်ကာ Tri Puru H ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်သည်။

ရုပ်ရှင်ကားပေါင်းများစွာ ရိုက်ကူးခဲ့ပြီးဖြစ်ရာ ၂၀၀၇ ခုနှစ်က ရိုက်ကူးခဲ့သော Dream Planetဇာတ်ကား၌ အထူးအောင်မြင်ခဲ့သူဖြစ်သည်။ မကြာမီက ရိုက်ကူးခဲ့သော Kamen Rider ဇာတ်ကားမှာ ယခုအခါ ဂျပန်နိုင်ငံတစ်ဝန်း၌ ပြသလျက်ရှိသည်။ (အင်တာနက်)
စုစည်းဘာသာပြန် - မောင်မောင်မြင့်ဆွေ

No comments:
Post a Comment