**(Eleven Media Group)**
အကျဉ်းကျခံနေရသူ ၆၅၁ ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပြုကြောင်း ယနေ့ (၁၂-၁-၂၀၁၂) ထုတ်ပြန်ကြေညာခဲ့သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် နိုင်ငံတော်တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအတွက်လည်းကောင်း၊ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးအတွက်လည်းကောင်း၊ နိုင်ငံရေးလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်ခွင့်ရရှိစေရေးအတွက်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးပေးသောအားဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးတွင် တဘက်တလမ်းမှ အထောက်အပံ့ဖြစ်စေသော နိုင်ငံသားများအဖြစ်သို့ ပြုပြင်ပြောင်းလဲနိုင်စေရေးအတွက်လည်းကောင်း အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျခံနေရသူ ၆၅၁ ဦးအား ဇန်နဝါရီလ ၁၃ ရက်နေ့မှ စကာ လွတ်ငြိမ်းချမ်းသာခွင့်ပြုကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်ပါသည်။
Best Regards
**From-Aung Kyaw Thu(Singapore)**

No comments:
Post a Comment