ထိုင်းနိုင်ငံမှာ အုန်းသီးလည်းအလွန်ပေါများလှပါတယ်။
ထိုင်းအစားအစာတွေ အများစုမှာ အုန်းနို့ကိုထည့်ထားတတ်တယ်။ အစပ်လည်းအလွန်ကြိုက်တဲ့လူမျိုးဟုပြောရမယ်။
အုန့်နို့ပါတဲ့ဟင်းများကို ကျနော်ကြိုက်ပေမယ့် အစပ်များတဲ့ဟင်းများကိုတော့မကြိုက်ပါ။
အုန်းနို့များကို စားတိုင်းလည်း ကျနော်ခေါင်းကိုက်တတ်တာကို သတိပြုမိပါတယ်။ ကျနော့်မှာ သွေးတိုးရောဂါမရှိပါ။ ဒါကြောင့် အုန်းနို့နဲ့မတည့်ဟုထင်ပါတယ်။
ဒါကြောင့် အုန်းနို့ပါတဲ့အစားများကို ကြိုက်ပေမယ့် နောက်ပိုင်းမှာ မစားဖြစ်တော့ပါ။ ထိုင်းနိုင်ငံမှာ မျောက်တွေအလွန်ပေါများလှပါတယ်။
ထိုင်းမှာ မျောက်ဖမ်းတာကို မထင်မှတ်ပဲတွေ့ခဲ့ရပါတယ်။
အုန်းသီးကို လက်တစ်နှိုက်စာအရွယ် အလောတော် ဖေါက်လိုက်တယ်။ အုန်းရည်ကိုတော့လူကသောက်လိုက်တယ်။
ပြီးတော့ အုန်းသီးထဲကို မျောက်ကြိုက်တတ်တဲ့အစာကိုထည့်လိုက်တယ်။
ထန်းညက်ခဲလေးတွေလို့ထင်မိတယ်။
ပြီးတော့ လူက အထဲက အစာကို နှိုက်စားပြလိုက်တယ်။
ပြီးတော့ အဲဒီအပေါက်ဖေါက်ထားတဲ့အုန်းသီးကို သစ်ပင်အောက်တစ်ခုမှာထားလိုက်တယ်။ မျောက်တွေ ဆင်းလာတယ်။
လူလုပ်သလိုပဲ အုန်းသီးထဲက အစာကိုနှိုက်တယ်။ လက်ဝင်သွားပါတယ်။
အထဲက အစာကို လက်သီးဆုပ်တစ်ဆုပ်စာ ဆုပ်လိုက်တယ်။
လက်သီးဆုပ်လိုက်တဲ့အတွက် လက်ကပြန်ထုတ်လို့မရတော့ဘူး။
အဲဒီ မျောက်ဟာ ပြေးလို့လည်းမရတော့ဘူး။
သစ်ပင်ပေါ်လည်းမတက်နိုင်တော့ဘူး။
အဲဒီ မျောက်ကို အလွယ်တကူဖမ်းလိုက်ရုံပါ။ မျောက်ကလည်း လက်သီးဆုပ်ကို မလွှတ်ဘူး။
အစာပေါ်ထားတဲ့လောဘစိတ်က လက်သီးကိုတင်းတင်းဆုပ်ထားစေတယ်။
လောဘစိတ်က လက်ကိုဖြန့်ရကောင်းမှန်းလည်းမသိဘူး။
ဒါနဲ့ပဲ လောဘကြီးလှတဲ့ မျောက်တွေတစ်ကောင်ပြီးတစ်ကောင် ဖမ်းဆီးခြင်းခံရပါတယ်။
++++++++++++++++++++++++++++++
လူကြီးမင်းက
ဒါတွေဟာ မျောက်တွေမှာသာ ဖြစ်နိုင်တယ်လို့မထင်ပါနဲ့။
လောဘစိတ်ဟာ လူတွေမှာလည်း ရှိနေပါတယ်။ မျောက်တွေမှာရှိတဲ့လောဘစိတ်ထက် ပိုမယ်ထင်ပါတယ်။
လောဘစိတ်နဲ့လူတွေက ပစ္စည်း၊ဥစ္စာကို ရှာတယ်။ ရတယ်။ ဆုပ်ထားတယ်။
မျောက်နဲ့ဘာထူးသေးလဲ။
သူဋ္ဌေးဆိုတာ ပိုက်ဆံကလွဲပြီးဘာမှမရှိသူကိုခေါ်ပါတယ်။
ဘာကြောင့်ဆိုတော့ အဲဒီသူဋ္ဌေးကလက်ကို
တင်းတင်းဆုပ်ထားတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။
Ref: A.W.H Blog
**မေမွန်ကျော်**
တစ်ခါတုန်းက ကျနော်ထိုင်းနိုင်ငံကိုရောက်သွားခဲ့တယ်။

No comments:
Post a Comment