**အဆိုတော်ကြီး မက်ဒေါနားတစ်ကိုယ်တော် အယ်လ်ဘမ်ထွက်ရှိ**
(နယူးယောက်၊ ဖေဖော်ဝါရီ ၄)
အဆိုတော်မက်ဒေါနားတစ်ယောက် အခုတစ်လော အလုပ်တွေ တော်တော်များနေပုံပါပဲ။ သူမဟာ Super Bowl Show မတိုင်မီ နှစ်အရက်အလို ဖေဖော်ဝါရီ ၃ ရက်က MDNA လို့အမည်ရတဲ့ တစ်ကိုယ်တော်တေးအယ်လ်ဘမ် ထွက်ခဲ့ပါတယ်။
ဒီတေးအယ်လ်ဘမ်မှာ အခြားအဆိုတော်နှစ်ဦးဖြစ်တဲ့ နစ်ကီမီနားနဲ့ M.L.A တို့က Featuring သီဆိုပေးထားတယ်လို့ ဆိုပါတယ်။ မက်ဒေါးနားဟာ W.E လို့အမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားသစ်မှာ ဒါရိုက်တာလုပ်ပြီးတဲ့ နောက် ပထမဆုံး ဂီတလောကကို ပြန်ဝင်လာခြင်းလည်း ဖြစ်ပါတယ်။ (အင်တာနက်)
**ကလေးငယ်များနှင့် လူမမာများအား ပြုစုနိုင်သည့် စက်ရုပ်**
(လော့စ်အိန်ဂျလိစ်၊ ဖေဖော်ဝါရီ ၅)
လူသားတစ်ဦး၏ မျက်နှာသွင်ပြင် အမူအရာ၊ စိတ်ဝင်စားမှုနှင့် လေ့လာသင်ယူနိုင်မှုများအပြင် လူသားတို့၏ အနေအထိုင်အပြုအမှုအတိုင်း အနီးစပ်ဆုံး အပြုအမူအတိုင်း အနီးစပ်ဆုံး ဆောင်ရွက်ုနိုင်သော စက်ရုပ်တစ်မျိုးကို အမေရိကန်သုတေသနပ ပညာရှင်များက ထုတ်လုပ်နေကြောင်း ဖေဖော်ဝါရီ ၅ ရက်၌ သတင်းထုတ်ပြန်သည်။ အဆိုပါ စက်ရုပ်များသည် ကလေးငယ်များအား အနေအထိုင်အပြုအမှုများကို ဆရာတစ်ဦးကဲ့သို့ သင်ကြားပြသပေးနိုင်သလို လေဖြတ်ခံထားရသော ဝေဒနာရှင်များကိုလည်း ၄င်းတို့ပုံမှန်လှုပ်ရှားသွားလာနိုင်ရန် လေ့ကျင့်ခန်းများ ပူးတွဲပြုလုပ်ပေးနိုင်သည်။
ထို့အပြင် လူသားတစ်ဦးကဲ့သို့ တွေးခေါ်စဉ်းစားနိုင်သည့် အနေအထားမျိုးဖြစ်စေရန်လည်း နည်းပညာများထည့်သွင်းထားသည်။ ကွန်ပျူတာ၊ ဆဲလ်ဖုန်းနှင့် အခြားနည်းပညာသုံးပစ္စည်းများကိုလည်း ကိုင်တွယ် အသုံးပြုနိုင်သည့် စက်ရုပ်ဖြစ်သည်။ ၄င်းစက်ရုပ်များကို လူမှုရေးဆိုင်ရာ ကိစ္စရပ်များတွင် လူသားတစ်ဦးကဲ့သို့ အသုံးပြုနိုင်ရန် ထုတ်လုပ်ခြင်းဖြစ်ကြောင်း ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းတက္ကသိုလ်မှ ပါမောက္ခမာဂျာမာထရစ်က ပြောကြားသည် မိမိတို့သည် ယင်းစက်ရုပ်အား ပိုမိုစွမ်းဆောင်ရည်မြင့်မားစေရန် အရေးပါသည့် နည်းပညာရှင်နည်းစနစ်များ ထည့်သွင်းရန် စီစဉ်နေကြောင်း ၄င်းက ပြောကြားသည်။(အင်တာနက်)
စုစည်းဘာသာပြန် - မိုးမြင့်လင်းလက်

No comments:
Post a Comment