ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, February 27, 2012

လူထုအတွင်း သတင်းလန့်ခြင်း ရောဂါ

>
လူထုအတွင်းသတင်းလန့်ခြင်းရောဂါ မည်သို့စတင်ခဲ့သည်ကို မောင်ချိုဝေ တင် ပြခဲ့ဖူးပါသည်။ သို့တင်ပြခဲ့စဉ်ကထိုရောဂါ အားမည်သို့ကုစားရမည်ကို အခွင့်သင့်လျှင် မောင်ချိုဝေဆက်ရေးပါဦးမည်ဟုလည်
း နိဒါန်းပျိုးခဲ့ပါသည်။ သတင်းနှင့် ပတ်သက် ၍ မောင်ချိုဝေတင်ပြခဲ့သောကာလသည် ၁၉၈၅ ခုနှစ်မှ ၁၉၉၅ခုနှစ်အတွင်းဖြစ်ပါ သည်။ သည်တင်ပြချက်များကိုဖွင့်ဟနိုင် ရန် ခေတ်တစ်ခေတ်ပြောင်းသည်ကို မောင်ချိုဝေစောင့်ခဲ့ရကြောင်းလည်းထပ် မံတင်ပြချင်ပါသည်။
မောင်ချိုဝေတို့နိုင်ငံရှိ အခြေခံလူထု သည် သတင်းနားမထောင်၊ သတင်းကို တန်ဖိုးမထားကြခြင်းမှာသတင်းအာသီသ မရှိ၍မဟုတ်ပါ။ ကောလဟလသတင်းများ၊ နိုင်ငံရပ်ခြားသတင်းဌာနများမှ လိုရာဆွဲ သတင်းကောက်နုတ်ချက်များကိုမူလက်ခံ ဆင့်ပွားနေတတ်ကြပါသည်။ သတင်းနှင့် လူထုဆက်ဆံရေး ဤသို့သောအသွင်ဖြင့် ကြာရှည်လာသောအခါ အဆိုးမြင်သတင်း ဌာနများ၏ ၀ါဒဖြန့်ခံပစ်မှတ်ပရိသတ်များ ဖြစ်သွားကြပြီး ၎င်းသတင်းဌာနတို့မောင်း သည့်အတိုင်း မိမိနိုင်ငံသတင်းဌာနများက ထုတ်ပြန်သည့်သတင်းများကိုဆန့်ကျင်လို စိတ်များဖြစ်ပေါ်လာကြခြင်းဖြစ်ပါသည်။
““မီဒီယာကို မီဒီယာဖြင့်တိုက်မည်”” ဟု မိမိတို့သည်လည်းတန်ပြန်ဝါဒဖြန်ခဲ့ ကြပါသည်။ သို့သော် ၀ါဒဖြန့်ချိခြင်း အတတ်နိုင်ငံရေးနိုးကြားသူများကတောင်း ဆိုခဲ့ကြသည်မှန်သော်လည်း လူထုကိုနှစ် ရှည်လများကျုံးသွင်းထားပြီးဖြစ်သည့် အတိုက်အခံသတင်းဌာနများက မင်းမဲ့ စရိုက်လမ်း၊ အကြမ်းဖက်မှုလမ်းများကို ဒီမိုကရေစီလမ်းဟုမြင်အောင်လှုံ့ဆော်နိုင် ခဲ့ကြပါသည်။ သတင်းဖြင့်ဝါဒဖြန့်ခြင်း တိုက်ပွဲတွင်ရှုံးခဲ့ကြသည်ဟု ၀န်ခံရမည်ဖြစ် ပါသည်။ ထိုအရှုံးသည် ယနေ့တိုင်ပုံရိပ် ထင်နေဆဲဖြစ်ပါသည်။ မောင်ချိုဝေ၏ အမြင်အားဖြင့် သတင်းသမားတိုင်း ၀ါဒ ဖြန့်ခြင်းနှင့် တန်ပြန်ဒဖြန့်ခြင်း သီအိုရီများ ကိုတတ်ကျွမ်းထားသင့်ပါသည်။ မောင်ချို ဝေတို့စာပေနှင့် စာနယ်ဇင်းအဖွဲ့ဗဟိုက ဖွင့်လှစ်သော သတင်းစာပညာသင်တန်း တွင် ထိုဝါဒဖြန့်ခြင်းနှင့် တန်ပြန်ဝါဒဖြန့် ခြင်းသင်ခန်းစာများထည့်သွင်းသင်ကြား ပေးသင့်ပါသည်။ သို့မှသာ သူတို့မည်သို့ လုပ်ဆောင်သွားသည်ကို သီအိုရီအားဖြင့် ခွဲခြမ်းနိုင်မည်ဖြစ်ပါသည်။ ဤသည်မှာ လည်းအမျိုးသားရေးအတွက်လိုအပ်မှုတစ် ခုဖြစ်ပါသည်။
မောင်ချိုဝေတို့သည် အကြောင်းအရာ တစ်ခုကိုအထပ်ထပ်အခါခါဖော်ပြခြင်းဖြင့် လူထုစိတ်နှလုံးတွင်စွဲမြဲမည်ဟုယူဆခဲ့ကြ ပါသည်။ ထို့ကြောင့်လည်း ၀ါဒဖြန့်ချိရေး ဆောင်ပုဒ်များကို သတင်းစာများ၌ ကာလရှည်လျှားစွာဘောင်ခတ်၍ ထည့် သွင်းပြသခဲ့ပါသည်။ ရုပ်မြင်သံကြား၊ ရေ ဒီယိုအသံလွှင့်ဌာနများကအကြိမ်ကြိမ်ဖော် ပြထုတ်လွှင့်ခဲ့ပါသည်။ သတင်းစာများ သည်ဆောင်ပုဒ်သတင်းစာများဖြစ်သွား ခြင်းနှင့် ရုပ်မြင်သံကြား၊ ရေဒီယိုများပိတ် ထားခံရခြင်းသာအဖတ်တင်ပါသည်။ ရု ရှားခန္ဓာဗေဒပါရဂူအိုင်ပီပေ့ဗ်လော့၏ အကြောင်းဆက်တုန့်ပြန်မှုသီအိုရီအရ ၀ါဒဖြန့်ချိရေးဆောင်ရွက်နိုင်မှုကိုလေ့လာ ကြည့်ပါက ၀ါဒဖြန့်ချိရေးသည်အမှန်တရား ကိုအသုံးပြု၍ဆောင်ရွက်ရကြောင်း၊ အတတ်ပညာကိုအသုံးပြု၍ သတင်း အချက်အလက်များကိုသူ့နေရာနှင့် သူရွေးချယ်ဖော်ထုတ်တင်ပြရကြောင်းပေါ် လွင်နေပါသည်။ လှုံ့ဆော်မှုတစ်ခုကိုပြု လုပ်ခြင်းဖြင့် စိတ်ဝင်စားမှုဖြစ်စေသော အကြောင်းဆက်သည် လှုံ့ဆော်မှုကြိမ်ဖန် များစွာပြုလုပ်သောအခါ အကြောင်းဆက် တုန့်ပြန်မှုပျက်ပျက်သွားကြောင်းကို ပေ့ဗ် လော့ကခွေးတစ်ကောင်၊ အစာခွက်တစ် ခွက်၊ ခေါင်းလောင်းတစ်လုံးဖြင့်သက်သေ ပြနိုင်ခဲ့ပါသည်။ ခွေးအားအစာကြွေးချိန် တွင်ခေါင်းလောင်းထိုးသံကိုပေးခြင်းဖြင့် ခွေးသည်ခေါင်းလောင်းထိုးသံကြားလျှင် သွားရေကျခဲ့ပါသည်။ အစာခွက်မရှိလည်း ခွေးသည်ခေါင်းလောင်းသံကြားလျှင် သွား ရေကျပါသည်။ သို့သော် ထိုခေါင်းလောင်း သံကိုပင်ကြိမ်ဖန်များစွာထိုးခဲ့လျှင် ခွေး သည်သွားရေမကျတော့ကြောင်း စမ်းသတ် ပြပါသည်။ မောင်ချိုဝေတို့ သီအိုရီနှင့် အညီလုပ်ကိုင်ကြရမည်ဖြစ်ပါသည်။
သတင်းလွတ်လပ်ခွင့်ဆုံးရှုံးရခြင်းသည် လည်း ပြည်သူလူထုနှင့် သတင်းကင်းကွာ ခဲ့ရခြင်း၏အကြောင်းတစ်ရပ်ဖြစ်ပါသည်။ ပြီးခဲ့သောကာလများက သတင်းသည် ဘခြောက်လုံးဘောင်ထဲမှာထွက်ခွာမရခဲ့ ပါ။ ““လွတ်အောင်ရေးရမယ်””ဟူ သော စကားမောင်ချိုဝေတို့ သတင်းနယ်ပယ် တွင် ရေပန်းစားခဲ့ပါသည်။ ဘာကို လွတ် အောင်ရေးပါမည်နည်း။ အရေးယူခံရခြင်း မှလွတ်အောင်ရေးရမည်ဟုအဓိပ်္ပာယ်ရပါ သည်။ သတင်ရေးသောသတင်းထောက် များသည်သတင်းရေးနည်းအတတ်ပညာ ကိုအသုံးချခွင့်မရကြပါ။ သတင်းကိုသတင်း အဖြစ်နှင့် သာမက သတင်းဝေဖန်ချက်၊ သတင်းဆောင်းပါး၊ သတင်းအစီရင်ခံချက်၊ တွေ့ဆုံမေးမြန်းခြင်းစသည်ရေးဟန်များ ဖြင့်ရေးသားနိုင်သေးရာ မည်သည့်သတင်း အားမည်သို့ရေးသင့်သည်ကိုသတင်းစာ ပညာတတ်သောသတင်းသမားများကသာ ဆုံးဖြတ်နိုင်ပါသည်။

ဤသည်မှာပစ်မှတ် ပရိသတ်အားသတင်းအရေးအသားဖြင့် ဆွဲဆောင်မှုကိုဖြစ်စေပါသည်။ မောင်ချို ဝေ၏ အမြင်အရသတင်းတိုင်းတွင်ရသရှိ ပါသည်။ သတင်းသမားသည်ထိုရသကို ပေါ်လွင်အောင်ရေးသားနိုင်ပါမှ လူထုနား စွဲသောသတင်းဖြစ်ပါမည်။ သို့ဖြစ်ရန်လည်း သတင်းရေးသူကိုလွတ်လပ်ခွင့်ပေးရပါမည်။

သတင်းလွတ်လပ်ခွင့်ဟုမောင်ချိုဝေ တင်ပြရာတွင် သတင်းရေးသားမှုလွတ် လပ်ခွင့်သာမက သတင်းအကဲဖြတ်မှုလွတ် လပ်ခွင့်၊ သတင်းဝါစဉ်စီမှုလွတ်လပ်ခွင့်၊ သတင်းဖော်ပြထုတ်လွှင့်မှုလွတ်လပ်ခွင့် များလည်းပါဝင်ပါသည်။ သတင်းပုဒ်ရေ များဖောင်းပွနေခြင်းသည်သတင်းအကဲ ဖြတ်ခွင့်မရသဖြင့်ဖြစ်ရပါသည်။ သတင်း များရှည်လျှားထွေပြားနေခြင်းသည်သတင်း တည်းဖြတ်ခွင့်ဆုံးရှုံးနေ၍ြုဖစ်ပြီး သတင်း အပေါ်စိတ်ဝင်စားမှုနည်းပါးကြခြင်းသည် သတင်းဝါစဉ်စီမှု၊ သတင်းဖော်ပြထုတ်လွှင့် မှုပုံသဏ္ဍာန်များလွတ်လပ်ခွင့်ကင်းမဲ့ခဲ့ကြ ၍ဖြစ်ပါသည်။ မိမိတို့ ထုတ်ပြန်သော သတင်းများကိုပြည်သူလူထုဖတ်ရှုစေလို ခြင်းဖြင့် သတင်းတည်းဖြတ်သူပညာရှင် များ၊ သတင်းပြင်ဆင်သူပညာရှင်များ၏ လက်တို့ကိုထိန်းချုပ်လိုက်သောအခါစိတ် ၀င်စားစရာမကောင်းသောသတင်းစာတစ် စောင်၊ သတင်းထုတ်လွှင့်မှုတစ်ခုဖြစ်ခြင်း ရလာဒ်ကိုရခဲ့ကြပါသည်။ ကြည့်စေ ဖတ်စေ လိုသော သတင်းများအဟောသိကံဖြစ် ရပါတော့သည်။ သတင်းနှင့် သက်ဆိုင် သမျှလွတ်လပ်ခွင့်ပေးကြရပါမည်။
သတင်းပါရှိရေးအတွက်လောဘကြီး ကြသဖြင့် မိမိတို့အာဏာစက်ကို သတင်း ထုတ်ပြန်ရေး၌ မလိုအပ်ဘဲအသုံးချသည့် ဖြစ်စဉ်များလည်းတွေ့ကြုံခဲ့ရပါသည်။ ““မဖြတ်ပါနှင့် မတိပါနှင့်”” ““ရှစ်နာရီသတင်း မှာထည့်ပါ”” စသည့်အမိန့်များကို မောင်ချို ဝေတို့သတင်းဝန်ထမ်းများနာခံခဲ့ရပါသည်။ မောင်ချိုဝေတို့သတင်းတာဝန်ဆောင်
ရွက် နေသူများအဖို့ အမိန့်နာခံခြင်းဖြင့်ကိုယ် သက်သာပါသည်။ သို့သော် စိတ်မသက် သာပါ။ နိုင်ငံတော်၏ မည်သည့်အဆင့် ရှိသောပုဂ်္ဂိုလ်ကြီးများပြောသောမိန့်ခွန်း သည်နိုင်ငံတော်အနာဂတ်အတွက် မူဝါဒ များဖြစ်သည်။ မည်သည့်နေရာတွင်ဖော် ပြရမည်ကိုသိပါသည်။ နိုင်ငံတော် အစိုးရ ၏ ကြေညာချက်များသည်မည်မျှအရေး ကြီးသည်။ မည်သို့ဦးစားပေးရမည်ကိုနား လည်ပါသည်။ သတင်းအကဲဖြတ်ခြင်းဆို သည်မှာလည်းသတင်းစာပညာရပ်တစ်ခု ဖြစ်ပါသည်။ မည်သည့်သတင်းကိုဦးစား ပေးသင့်သည်သိပါလျက် ဘယာကြောက် ၍အခြားဦးစားပေးလိုက်ရသောသတင်း များများခဲ့ပါသည်။ ဆောက်လုပ်ရေးဝန် ကြီးတစ်ဦး လမ်းတစ်လမ်းကိုစစ်ဆေးခြင်း၊ ကျန်းမာရေးဝန်ကြီးတစ်ဦးဆေးရုံကိုစစ် ဆေးခြင်း၊ အားကစားဝန်ကြီးတစ်ဦးအား ကစားကွင်းကိုစစ်ဆေးခြင်းတို့မှာ လူပုဂ်္ဂိုလ် ထူးခြားမှုအရသတင်းအဖြစ်ဖော်ပြနိုင်သော် လည်း သာမန်လမ်း၊ သာမန်ဆေးရုံ၊ သာ မန်အားကစားကွင်းဖြစ်ပါက သတင်း အနည်းအများကိုထောက်ရှုလျက် သတင်း တာဝန်ခံသူကို သတင်းရွေးချယ်ခွင့်ပြုသင့် ပါသည်။ ထိုစဉ်က သတင်းစာသားများ ဖောင်းပွရာတွင် မခြားနားသောမိန့်ခွန်း များကိုထပ်ကာထပ်ကာဖော်ပြနေရခြင်း လည်းပါဝင်ပါသည်။ နိုင်ငံတော်အကြီး အကဲကမူဝါဒမိန့်ခွန်းတစ်ရပ်မြွတ်ကြား လိုက်ပြီဆိုလျှင် ထိုမိန့်ခွန်းအတိုင်းအားလုံး သော ပုဂ်္ဂိုလ်ကြီးများကထပ်ခါထပ်ခါမိန့် ခွန်းခြွေကြခြင်းဖြစ်ပါသည။် ထိုမိန့်ခွန်းများ ကိုမတည်းဖြတ်ပါနှင့် ဟူသောအမိန့်နှင့် ရောက်ရှိလာရာအလွန်းညည်းငွေ့ဖွယ် ရာသတင်းများပြည်သူလူထုထံပါးသို့ရောက် ရှိသွားပါသည်။ ထိုသတင်းမျိုးသည်ပြည်သူ အတွက်ထုတ်ပြန်သောသတင်းထက် သတင်းထုတ်သူအတွက်သတင်းများဖြစ် သဖြင့် ပြည်သူသိလိုမှုရှိခြင်း၊ မရှိခြင်းထက် မိမိနေရာတည်မြဲရေးအထောက်အကူပြု မပြုကိုဦးတည်သွားပါသည်။ ဆင်ခြင်ရ ပါမည်။
ပြည်သူနှင့် မနီးစပ်သောသတင်းများ ကို များများထုတ်လွှင့်ခြင်းသည် သတင်း ဌာနတစ်ခုအပေါ်လူထုစိတ်ဝင်စားမှုရာ ခိုင်နှုန်းကျဆင်းသွားခြင်း၏အကြောင်းရင်း ဖြစ်ပါသည်။ လူတို့သည်မိမိတို့နှင့် နည်း နည်းနီးစပ်လျှင် နည်းနည်းစိတ်ဝင်စား တတ်ကြပြီး များများနီးစပ်လျှင်များများ စိတ်ဝင်စားတတ်ကြမှာသဘာဝဖြစ်ပါ သည်။ သတင်းစာပညာတွင် နီးစပ်ခြင်း အင်္ဂါရပ်ကိုအရေးတကြီးသင်ကြားရပါ သည်။ ထိုနီးစပ်ခြင်းတွင် အချိန်အားဖြင့် နီးစပ်ခြင်း၊ နေရာဒေသအားဖြင့်နီးစပ်ခြင်း၊ အကြောင်းအရာအားဖြင့်နီးစပ်ခြင်း၊ စိတ် ၀င်စားစေမှုအားဖြင့်နီးစပ်ခြင်းတို့ပါဝင်ပါ သည်။ မိမိဘ၀နှင့် မနီးစပ်သောသတင်း များကို ထုတ်လွှင့်ကြရန်အရေးကြီးပါ သည်။

သတင်းထိန်ချန်ခြင်းတစ်နည်းအား ဖြင့် သတင်းအမှောင်ချခြင်းနှင့် သတင်း နောက်ကျခြင်းများကလည်းထိုစဉ်ကသတင်း များကို ယုံကြည်အားထားမှုနည်းပါးသွား စေပါသည်။ နမူနာအားဖြင့် နိုင်ငံခြား ဧည့်သည်တစ်ဦးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီး တစ်ဦးတွေ့ဆုံသည် သတင်းကိုထုတ်ပြန် ရာတွင် မည်သည့်အကြောင်းအရာများ ကို ဆွေးဆွေးခဲ့ကြသည်။ မည်သည့် အကြောင်းအရာများကိုသဘောတူခဲ့ကြ သည်ကိုထိန်ချန်၍ နှစ်ဦးနှစ်ဘက်မှမည် သည့်ပုဂ်္ဂိုလ်များတက်ရောက်သည်ကိုသာ ထုတ်ပြန်ခြင်းမျိုးဖြစ်ပါသည်။ ပြည်သူလူ ထုအဖို့၎င်းသတင်းသည်မည်သို့မျှအာသီ သမပြေနိုင်ပါ။ အာသီသမပြေနိုင်သည့် အပြင်အစိုးရသည်မရိုးသားဟုပင် ထင်မှတ် စေခဲ့ပါသည်။ အတိုက်အခံများ၏ လှုပ်ရှား မှုသတင်းများ၊ ဆန္ဒပြမှုသတင်းများကိုမူ အလွန်လျှို့ဝှက်စွာထိန်ချန်လေ့ရှိပါသည်။ ပြည်သူလူထုသည်ထိုသတင်းမျိုးကို နိုင်ငံ ရပ်ခြားသတင်းဌာနများမှထုတ်လွှင့်မှုကို သာနားထောင်ကြရသဖြင့် သတင်းမှန်၊ မမှန်ဝေခွဲခွင့်မရတော့ပါ။ သတင်းစာရှင်း လင်းပွဲများပြုလုပ်သော်လည်း ထိန်ချိန်မှု များဖြင့်သန့်စင်ပြီးသတင်းများကိုမြန်မာ့ သတင်းစဉ်တစ်နေရာတည်းမှထုတ်ပြန်ခြင်း သည် သတင်းမြန်ဆန်မှုနှင့် သတင်းမှန် ကန်မှုကိုထိခိုက်ခဲ့ပါသည်။ ရုပ်မြင်သံကြား ဌာနတို့သည်မိမိတို့ရိုက်သောသတင်းရုပ် အတွက်မိမိတို့သတင်းထောက်ကသတင်း ရေးထုတ်လွှင့်ခွင့်မပြုသောအခါသတင်းနှင့် အရုပ်ဆက်စပ်ရာတွင် အခက်အခဲများ စွာဖြစ်ခဲ့ရပါသည်။ သတင်းလက်ဝါးကြီး အုပ်မှုသည်သတင်းသမားများအတွက်သာ မက ပြည်သူလူထုအတွက်လည်းအချက် စုံအလက်စုံသိခွင့်မရဖြစ်ကြရပါသည်။ ပြုပြင်စရာဖြစ်ပါသည်။
ပြည်သူလူထုမနှစ်မြို့ဆုံးကိစ္စမှာ ရုပ်မြင်သံကြားသတင်းထုတ်လွှင့်ချိန်ကို ၂ နာရီ ၃ နာရီ ကြာအောင်ဆက်တိုက်ထုတ် လွှင့်ခြင်း၊ သတင်းစာတွင်နိုင်ငံတော်ပြန် တမ်းသဖွယ်သတင်းများကိုသာသတင်း စာတစ်စောင်လုံးပုံနှိပ်ထုတ်ဝေခြင်းများ ဖြစ်ပါသည်။ ထိုမဆင်ခြင်မှုများကြောင့် ပြည်သူလူထုအများကသတင်းဆိုလျှင် အရှည်ကြီးလာတော့မည်ဟု သိနေပါ သည်။ သတင်းလန့်ရောဂါဝင်ပါတော့ သည်။ ကုစားရပါလိမ့်မည်။
မောင်ချိုဝေသည်အခွင့်သင့်၍ပြည် သူလူထုကိုဟောပြောခွင့်ရတိုင်း သတင်း ကြည့်ကြရန်၊ သတင်းနားထောင်ကြရန် စည်းရုံးဟောပြောဖြစ်ပါသည်။ မိမိသတင်း လောကဘက်ကလည်း လူထုကြည့်ချင် စဖွယ်၊ ဖတ်ချင်စဖွယ်ဖြစ်ရန် ကြိုးပမ်းကြ ရပါမည်။ သတင်းလွတ်လပ်ခွင့်များနှင့် သတင်းလောကသည် ဒီမိုကရေစီအစိုးရ သစ်လက်ထက်တွင်ဟန်ချက်အသစ်တစ် ခုကို ပြောင်းလဲနေပါပြီ။ အတိတ်က လွဲချော်ခဲ့မှုများအပါအ၀င်သင်ခန်းစာယူ စရာများစွာရှိပါသည်။
စတုတ္ထမဏ္ဍိုင်သည် နေရာတစ်ခုရ လာသည်နှင့်အမျှ သတင်းမီဒီယာသမား တို့၌လွတ်လပ်မှုနှင့် တာဝန်ယူရမှုများ အတူတကွရရှိလာပါသည်။ အလွန်တာ ၀န်ကြီးပါသည်။ ဆက်၍အခွင့်သင့်လျှင် ယနေ့သတင်းများမည်သည့်တူရူကိုသွား နေကြောင်း မောင်ချိုဝေရေးချင်ပါသေး သည်။

**မောင်ချိုဝေ**

**From-မာဃလုလင်**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)