ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, February 27, 2012

ဧည့်စာရင်း ဟာ ပြည်သူကိုခတ်တဲ့ သံကြိုးလား ?

>
အောက်က သတင်းလေးကို ဖတ်လိုက်ရတော့ ကျနော် နေတဲ့ မြို့သစ်က ရပ်ကွက်ရုံးကို ပြေးသတိရမိတယ် ။ ကျနော်က အရင် က အင်းစိန်မှာနေတယ် ။ သန်ခေါင်စာရင်းနဲ့ နေတယ်ဆိုတော့ ဧည့်စာရင်း
တိုင်ကြားရတဲ့ ဒုက္ခကိုမသိဘူး ။ အဲ့ ဒီ မြို့သစ်ကိုရောက်တော့ ဧည့်စာရင်းတိုင်ရရော . . . အမယ် သူတို့က ဧည့်စာရင်းကို စာအုပ်နဲ့ဗျ ။ ကျနော်အရင်က မြင်ဖုးတဲ့ ဧည့်စာရင်းတွေက စာရွက်လေးနဲ့လေ ။
အခုက အိမ်ဌားပြီဆိုင် အိမ်ရှင် အိမ်ဌားချုပ်ထားတဲ့ စာချုပ် ကို ရပ်ကွက် အုပ်ချုပ်ရေးရုံးကို ယူလာပြရတယ် ။ သူတို့ က အဲ့ဒီစာချုပ်ကို ကြည့် ပြီး တံဆိပ်တုံးတွေ ဘာတွေထုပေးတယ်ပေါ့ ။ သူတို့ တံဆိပ်တုံး
ထုပေးမှ တရားဝင်ပါသတဲ့ ။ တံဆိပ်တုံး ထုခတော့ ၄၀၀၀ ပေးရတယ် ။ ဒါတင်မက ဧည့်စာရင်းစာအုပ်ခ ၅၀၀ ဆိုပြီးသပ်သပ်ပေးရတယ်ဗျ ။ အကုန်လုံးပေါင်းရင် ဧည့်စာရင်းစာအုပ်တစ်အုပ်ရဖို့ ပိုက်ဆံ အနည်း
ဆုံး ၅၀၀၀ လောက်ကုန်တယ် ။ ဒါက အစ ။

ဧည့်စာရင်းကိုတော့ တခါတိုင်ရင် ၁၅ ရက်စာလောက်ပေးတယ် ။ ဆိုးတော့မဆိုးဘူးလို့ ပြောရမှာပေါ့ ။ တချို့ ရပ်ကွက်တွေမှာ တပါတ်ဆယ်ရက်ပဲပေးတာကိုး ။ ကျနော်တို့ ရပ်ကွက်လေးက အဲ့ဒါတော့ကောင်းတယ် ။
ဒါပေမယ့် မကောင်းတာက ဧည့်စာရင်း တိုင်မဲ့ ရက်ကျော်သွားရင် တရက်ကို အုတ်နီခဲ၅ လုံးပေးရတယ်ဗျ ။ ကျနော်ဆို တခါက ခရီးသွားနေတော့ ဧည့်စာရင်းမတိုင်မိဘူး ။ တပါတ်လောက်ရက်ကျော်သွားတယ် ။

အုတ်ခဲ အလုံး လေးဆယ်လောက် လျှော်ပေးလိုက်ရပါရောလား ။ အဲ့ဒါ ဒဏ်ကြေးတဲ့ဗျာ ။ မရှိဆင်းရဲသားတွေ နေတဲ့ မြို့သစ်ပါဆိုမှ . . . အဲ့လိုကြီး တရက်ငါးလုံး ဆိုတွက်ကြည့်ဗျာ ။ အုတ်နီခဲက တလုံး ကို ကိုးဆယ်တရာဆိုတော့ တလုံးတရာနဲ့ပဲတွက် ၁၀၀ × ၄၀ = ၄၀၀၀ ။ အဲ့ဒါ တပါတ်ရက်ကျော်လို့ လျှော်ရတာ ။ အဲ့ဒီလေးထောင်ဆိုတာ ကျနော်တို့ အိမ်နားက မိသားစုလေးတွေအတွက် ၂ရက်ဈေးဖိုးလောက်ရှိတယ်ဗျ ။ အဲ့လို ။
တကယ်လို့ ကျနော်သာ တလလောက်ခရီးသွားမယ်ဆိုရင် တွေးကြည့်ပေါ့ ။ တပါတ်ကိုလေးထောင် ဆိုတော့ တလ သောင်းခြောက်ထောင် . . . နင့်ရောပဲ ။ အဲ့ဒါမလျှော်နိုင်ရင် ဧည့်စာရင်းမပေးဘူးဗျ ။စဉ်းစားကြည့် ။
မပေးပဲနေပြန်ရင်လည်း ဧည့်စာရင်းစစ်ရင် အဖမ်းခံရမယ် . . . ရုံးကိုရောက်မယ် ။ တသောင်းလောက် လျှော်ရမယ် ။ ကဲ ဘယ်ဘက်က တွက်တွက် မချောင်လှဘူး ။ ကျနော်တွေးကြည့်မိတယ် ။ ငါတို့ ဘာအပြစ်တွေ
များလုပ်ထားလို့ ဒီလို သွားသွားအကြောင်းကြားနေရတာလဲ . . . ဧည့်စာရင်းမတိုင်တာ ရာဇ၀တ်မှု့လား . . . ကိုယ့်ဟာကိုယ်အေးဆေးမနေရဘူုးဗျာ ။ ညတစ်နာရီ နှစ်နာရီ အိမ်ထဲထိ ၀င်ပြီး ဧည့်စာရင်းစစ်တာတွေ့
ဖူးတယ် ။ ထားတော့ ထားတော့ ။

တခါကလည်း ကျနော့် အဖေအိမ်ရှိတဲ့ လှိုင်သာယာ ကိုအလည်သွားတာ . . . မိုးအရမ်းချုပ်သွားတော့ . . . အဖေက အိပ်ခိုင်းတာနဲ့ပဲ သူ့အိမ်မှာ အိပ်လိုက်တယ် ။ တရက်ထည်းဆိုတော့ အဖေလည်း ဧည့်
စာရင်းမတိုင်မိဘူးထင်ပါရဲ့ ။ ညကျတော့ ဧည့်စာရင်း စစ်ရောဗျို့ ။ ရဲတွေရော လူကြီးတွေရော မီးသတ်တွေရော အိမ်တံခါးတွေ ဖွင့်ခိုင်းပြီးစစ်တာ ။ အဲ့ဒါမှ ကျနော် ခွကျတော့တာပဲ ။ ကျနော့်လွယ်အိပ်ကသွား
လေရာပါတယ် . . . လွယ်အိပ်ထဲက ကဗျာစာအုပ်ထဲမှာလည်း ( အဲ့တုန်းကပေါ့လေ ) ဒီမိုကရေစီအကြောင်းရေးထားတဲ့ ကဗျာတွေ ၊ အစိုးရဝေဖန်ထားတဲ့ ကဗျာတွေ ဆောင်းပါးတွေ နဲ့ မိလို့ကတော့ ကျနော်မ
ချောင်ဘူး ။ ဆိုတော့ တအိမ်လုံးမှာ အလုံခြုံဆုံးနေရာဖြစ်တဲ့ အိမ်သာ ရဲ့ တခါးရွက်နောက်မှာ ပုန်းနေရတယ် ။ ခြင်ကကိုက် အနံ့ကနံ . . . ဒုက္ခ ဒုက္ခ ။ ဒါတောင် မီးသတ်ရဲဘော်ကြီးတွေ က အိမ်သာထဲကို ဓါတ်မီး
နဲ့ လှမ်းထိုးကြည့်နေလို့ ငြိမ်ကုတ်နေရသေးတယ် ။

ဖြစ်နိုင်ရင် . . . ဒီဧည့်စာရင်း ကိစ္စကြီးကိုဖျက်သိမ်းဖို့ကောင်းနေပြီ ။ အိမ်ထောင်စုတွေကို သန်းခေါင်စာရင်းထုတ်ပေးပေါ့ . . . ချက်ခြင်းတော့ မဖြစ်တာသေချာပါတယ်။ ပြီးတော့ ပြေး၎ပြေးကိစ္စတွေ နိုင်နင်းသွားရင်
တော့ ဒီဧည့်စာရင်း ထုံးတမ်းစဉ်လာကြီးကို ဖျက်သိမ်းရင်ကောင်းမယ် ။ အခုဟာက ပြည်သူလူုထု ကို သံကြိုးခတ်ထားသလို ဖြစ်နေတယ် ။ လွတ်တော်ကိုယ်စားလှယ်တွေ ဒီကိစ္စကို အဆိုတင်မဲ့ နေ့ကို ပဲ စောင့်မျှော်
ရင်း ၁၅ ရက်တခါ ဧည့်စာရင်းတိုင်နေရပါတော့တယ် ။

**မာဃလုလင်**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)