ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, February 20, 2012

သင်၏ချစ်သူရွေးချယ်သော အရောင်မှတဆင့်

>

အရောင်များမှတဆင့် သင့်ချစ်သူ၏ နှလုံးသားအတွင်းသို့ ၀င်ကြည့်ကြ ရအောင်နော်။ အရင်ဆုံး သင်၏ ချစ်သူကို ဘာအရောင်ကို အကြိုက်ဆုံးလဲလို့ မေးကြည့်လိုက်ပါ။ အဲဒီမှာ သင်၏ ချစ်သူပြောတဲ့ အရောင်ကို ကြည့်ပြီး သင်၏ ချစ်သူရဲ့ စိတ်သဘာဝကို ခန့်မှန်းကြည့်လို့ ရတာပေါ့။ အိုကေနော်။ အောက်မှာ အရောင်တွေက ပြောတဲ့ လူသား တွေရဲ့ စိတ်သဘာဝတွေ။
သင်၏ချစ်သူက အပြာရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..
အေးအေးဆေးဆေး နေလိုသူ ဖြစ်တယ်။ ပျော်ပျော်ရွှင်ရွှင် နေလိုသူ ဖြစ်တယ်။ ဆရာသမားတို့ မိတ်ဆွေ အပေါင်း အသင်းတွေအပေါ်မှာ သစ္စာရှိတယ်။ လူတကာကို မေတ္တာထားတတ်သူပေါ့။ အများအကျိုးကို သယ်ပိုးရွက်ဆောင်လေ့ ရှိတယ်။ ပြောရရင်တော့ ပရဟိတ စိတ်ပေါ့။ လူမှု့ ၀န်ထမ်း စိတ်လည်း ရှိတယ်။ နောက်ပြီး ရည်ရွယ်ချက် မြင့်မားတယ်။ ကိုယ့်ရဲ စိတ်ခံစားချက်ကို ကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်လှုပ်ရှားမှု့ကို ထိမ်းချုပ်နိုင်သူ တည်ငြိမ်သူလည်း ဖြစ်တယ်။ အိနြေ္ဒသိက္ခာနဲ့လည်း ပြည်စုံတယ်။ ဂတိစကား အလုပ်ကိုင်းစကား နဲ့ ပါတ်သက်လာရင်လဲ ယုံကြည် စိတ်ချရတယ်။ နောက်... သူဟာ ပါတ်ဝန်းကျင်နဲ့လဲ အဆင်ပြေပြေ ဖြစ်အောင် ပေါင်းသင်း ဆက်ဆံတတ်သူပါ။ ကိုယ့်ရဲ့ ချစ်သူအပေါ်မှာလဲ နားလည်ခွင့်လွှတ်တတ်သူ၊ အချစ်ကြီးသူ ဖြစ်တယ်။

သင်၏ချစ်သူက အနီရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..
သူဟာ ထက်မြက်တဲ့ တောက်ပြောင်တဲ့ အရည်အချင်း အရည်အသွေးတွေ ပိုင်ဆိုင်ထားသူ ဖြစ်တယ်။ သူ့ရဲ့ အနေအထိုင် အပြေအဆို အပြုအမူတွေဟာ သွက်လက်နေတယ်။ ရမ္မက်တော့ ပြင်းထန်တယ်။ နောက်ပြီး အကောင်းလေးလဲ ကြိုက်တတ်တယ်။ သည်းခံစိတ်နည်းပြီး ဒေါသတော့ နည်းနည်း ကြီးသလိုပဲ။ တစ်ကိုယ်ကောင်း ဆန်တတ်ပြီး လူတစ်ဖက်သားအပေါ် အနိုင်ယူချင်တဲ့စိတ်က များနေတယ်။ သူ့ရဲ့ စိတ်ဓာတ်က ခိုင်မာမယ်။ ရဲစွမ်းသတ္တိကတော့ အတော် ရှိပါတယ်။ နောက်ပြီး သူဟာ ဇွဲတော့ အတော် ကောင်းပါတယ်။ တစ်ခုခုကို မဖြစ်ဖြစ်အောင် လုပ်တတ်တဲ့ သဘောသဘာဝရှိတယ်။ မဟုတ်ရင်တော့ နည်းနည်းလေးမှကို သည်းခံမနေတတ်ဘူး။ မျှော်လင့်ချက်နဲ့ ရည်ရွယ်ချက်လည်း သူတို့က မြင့်မြင့်မားမား စိတ်ကူးလေ့ ရှိတယ်။ စွန့်စား လုပ်ကိုင် ဆောင်ရွက်ရတဲ့ အလုပ်ကိစ္စတွေကို ၀ါသနာပါသူ ဖြစ်တယ်။ ဒါကြောင့် များသောအားဖြင့် ထင်ပေါ်ကျော်ကြားသူတွေ ဖြစ်တယ်။ တော်လှန်တတ်တယ်။ ပုန်ကန်တတ်တယ်။ တိုက်ခိုက်တတ်တယ်။

သင်၏ချစ်သူက အဖြူရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..
အဖြူရောင်ကတော့ အေးချမ်းတည်ငြိမ်တဲ့သဘောရှိတယ်။ ဖြူစင်သန့်ရှင်းတဲ့ သဘောရှိတယ်။ ရိုးသားတဲ့ သဘောလည်း ရှိတယ်။ အဲဒီတော့ အဖြူရောင် ကြိုက်သူတဲ့ သင်၏ ချစ်သူကတော့ အေးအေးချမ်းချမ်း သာသာယာယာ နေလိုသူ ဖြစ်တယ်။ သူဟာ သူတစ်ပါးကိုလည်း ဘယ်တော့မှ နစ်နာအောင် မလုပ်တတ်ဘူး။ ကိုယ်မှာ ရှိသလောက်လေးနဲ့ ပျော်ရွှင်နေတတ်တယ်။ လုံးဝ မကြွားတတ်ဘူး။ ဟန်တစ်လုံး ပန်တစ်လုံးလည်း မနေတတ်ဘူး။ လူတွေနဲ့ ဆက်ဆံတဲ့ အခါတွေဆိုရင်လည်း ဘယ်တော့မှ မောက်မောက်မာမာ အထက်စီးက ဆက်ဆံလေ့ မရှိပဲ ကိုယ့်ကို အမြဲ နှိမ်ချ ဆက်ဆံတတ်သူ ဖြစ်တယ်။ ပျော်ပျော်နေတတ်ပေမယ့် စည်းကမ်းတော့ ရှိတယ်။

သူတွေးလိုက်ရင်လည်း ရိုးရိုးရှင်းရှင်းပု တွေးတယ်။ သစ္စာတရားကို တန်ဖိုးထားတတ်တယ်၊ မြတ်နိုးတယ်။ ဘာကိုပဲ ဖြစ်ဖြစ် အရာရာကို အကောင်မြင်တတ်တယ်။ နေတာထိုင်တာ ၀တ်တာ စားတာ အားလုံး သန့်သန့်ရှင်းရှင်း နေတတ် ထိုင်တတ်တယ်။ သူ့ရဲ့ စိတ်ထားဖြူစင်မှု့ကို မြင်နေနရတယ်။ ကိုယ့်ရဲ့ ချစ်သူ ကိုလဲ ဖြူဖြူစင်စင် ချစိတတ်တယ်။

သင်၏ချစ်သူက အစိမ်းရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..
စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မယ်။ ဂတိတည်မယ်။ သစ္စာရှိတယ်။ သူတပါးကို ကူညီတတ်တယ်။ သိမ်မွေ့နူးညံ့မယ်။ ဒေါသဖြစ်ခဲတယ်။ စိတ်ဆိုးခဲတယ်။ ကိုယ့်ချစ်သူ အပေါ်မှာလဲ နွေးထွေးမှု့ မရှိပဲ အေးစက်စက် ဖြစ်နေမယ်။ အား မလို အားမရဖြစ်ရမယ်။ ပွင့်ပွင့်လင်းလင်း မရှိဘူး။ အုံပုန်း ဆန်တာပေါ့။ ပါတ်ဝန်းကျင်နဲ့ ဆက်ဆံရေးကလည်း ခပ်ကြဲကြဲပဲ။ လူတွေနဲ့ ရောရောနှောနှော နေလေ့နေထမရှိဘူး။ ဒါကြောင့် သူလိုလူမှာ အပေါင်းအသင်း သိပ်မရှိတတ်ဘူး။

သင်၏ချစ်သူက အနက်ရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..
သွေးအေးတယ်။ အရာရာကို လေးလေးနက်နက် သဘောထားပြီး လေးလေးနက်နက်ပဲ လုပ်ကိုင်လေ့ရှိတယ်။ သူလုပ်ရင် ဘယ်တော့မှ ထင်ထင်ပေါ်ပေါ် မလုပ်တတ်ဘူး။ အရာရာကို လျှို့ဝှက်စွာ လုပ်ကိုင်တတ်သူပါ။ တစ်ခုခုကို အမြဲတမ်းလဲ ဖုံးကွယ်ထားတတ်သူ။ နောက်ပြီး လူတကာထက် ပိုပြီး အစွဲအလန်း ကြီးတဲ့ သူဖြစ်တယ်။ ပြီးတော့ မာနကလည်း အတော်ကို ကြီးတာ။ ကိုယ့်ကိုကို ယုံကြည်ချက်ကလည်း ပြင်းထန်လွန်းတယ်။ ငါလုပ်ရင် ဖြစ်ကို ဖြစ်ရမယ်ဆိုတဲ့ စိတ် ရှီတယ်။ ခေါင်းမာတယ်။ တယူသန်နိုင်တယ်။ တစ်ယောက်ထဲ သီးသန့် နေလိုစိတ် ရှိတယ်။ မကောင်းတာကို လုပ်ရရင် ပျော်မွေ့တဲ့ စိတ်ရှိတယ်။ ကိုယ်ချစ်သူအပေါ်မှာတော့ လေးလေးနက်နက် စွဲစွဲလန်းလန်း အရူးအမူး ချစ်မယ့်သူပေါ့။

သင်၏ချစ်သူက ခရမ်းရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..
ဆွဲဆောင်မှု့တော့ ရှိတယ်။ ပြဿနာတွေ ဘာတွေတော့ မဖြစ်စေနဲ့နော်။ ပြဿနာဖြစ်လာရင်တော့ ခေါင်း ရှောင်သွားလိမ့်မယ်။ ဘာပဲ လုပ်လုပ်သူဟာ လျှို့ဝှက်စွာ လုပ်ကိုင်လေ့ရှိတယ်။ ကိုယ့်အတွက်ကတော့ အရမ်း သိတတ်တယ်။ ဘယ်လိုအခြေအနေ ပဲ ရောက်ရောက် ဘ၀တိုးတက်ဖို့အတွက်ကတော့ အမြဲတမ်း ကြိုးစားအား ထုပ်နေလေ့ ရှိတယ်။ ထူးဆန်းတာ တစ်ခုကတော့ ဂမ္ဘီရ ပညာရပ်တွေကို ထူးထူဆန်းဆန်း စိတ်ဝင်စားလေ့ရှိ တယ်။ နောက်ပြီး သူဟာ အလှအပတို့ အနုပညာတို့ စာပေတို့ကိုလည်း မြတ်နိုးသူ ဖြစ်မယ်။ သူက အဲဒါတွေသာ လုပ်တဲ့လူဆိုလို့ ကတော့ သေချာပေါက်အောင်မြင်မယ်။ ဒါကြောင့် စိတ်ကူးလဲ အရမ်း ယဉ်တတ်တယ်။ လက်တွေ့မကျတဲ့ အိပ်မက်ဆန်ဆန် စိတ်ကူးတွေလဲ သူ့မှာ အပြည့်ရှိတယ်။ နောက်ဆုံး ကိုယ်ချစ်သူကို ချစ်ရင်တောင် သူက စိတ်ကူးယဉ် ဆန်ဆန်နဲ့ ချစ်ခင်တတ်ပါတယ်။

သင်၏ချစ်သူက လိမ္မော်ရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..
သူကတော့ အရာရာမှာ တက်တက်ကြွကြွ ရှိမယ်တဲ့။ နေတာ ထိုင်တာ ပြောတာဆိုတာကအစ ပျော်ပျော်ရွှင်ရွှင် နေတတ် ထိုင်တတ်တယ်။ နောက်ပြီး စကားအပြောအဆို ကောင်းသူလည်း ဖြစ်တယ်။ လူတွေကသာ သူ့ကို ဂရုစိုက်လို့ကတော့ သူက အရမ်းကြိုက်။ ဒါပေမယ့် သူဟာ ဘာပဲလုပ်လုပ် ပေါ့ပေါ့တန်တန် လုပ်တတ်တဲ့ သဘောရှိတယ်။ ပြောရရင်တော့ ပေါ့ပေါ့နေ ပေါ့ပေါ့စာဆိုတာ သူလိုလူကို ပြောသလိုပါပဲ။ အပျော်အပါးကတော့ ကြိုက်သလားမမေးနဲ့။ နေရာတကာမှာ ထင်ပေါ်ချင်တယ် ကျော်ကြားချင်တယ်။ အချစ်ဆိုသော အရာကိုတော့ ပေါ့ပေါ့တန်တန် သဘောထားတတ်တယ် ဆိုတော့ အင်း ဒီလိုလူမျိုးကတော့ သတိထားပေါ့နော်။

သင်၏ချစ်သူက အ၀ါရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..
အ၀ါရောင်ကို နှစ်သက်တဲ့ သူကတော့ သူဟာ အများအကျိုးကို သယ်ပိုးထမ်ဆောင်လိုတဲ့သူ ဖြစ်တယ်။ ပရဟိတ လုပ်ငန်းတွေကို လုပ်ဆောင်ရတာကို ၀ါသနာ ပါတယ်။ လူတွေကို ဘယ်လို ကူညီပေး၇မလဲ ဆိုတာကိုပဲ စဉ်းစား နေလေ့ရှိတယ်။ လူ့ပါတ်ဝန်းကျင်နဲ့ နွေးနွေးထွေးထွေး ရင်းရင်းနှီးနှီး နေထိုင်တတ်တဲ့ အကျင့်ရှိတယ်။ အပြောင်းအလဲကိုလည်း သဘောကျ လက်ခံတတ်တဲ့လူပေါ့။ သဘောကျ နှစ်ခြိုက်တတ်တဲ့ လူပါ။ သမရိုးကျ လမ်းဟောင်းကို မလိုက်ဘူး လမ်းသစ် ထွင်ဖောက် လျှောက်ချင်တဲ့ လူ။ လက်တွေ့တော့ ကျသား။ သူလည်း အနုပညာကို ၀ါသနာပါပြီး ကိုယ်ချစ်သူအပေါ်လည်း နွေးထွေးစွာ ဆက်ဆံတတ်သူဆိုတော့ ကောင်းပါတယ်။

**သက်မှူး နွယ်**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)