ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, February 20, 2012

မဲဆန္ဒရှင်ပြည်သူတွေမှာ သိပိုင်ခွင့်ရှိတယ်

>
(မဲဆန္ဒရှင်ပြည်သူတွေမှာ သိပိုင်ခွင့်ရှိတယ်" ဆောင်းပါးက ၂၀.၀၂.၂၀၁၂ ထုတ် Favourite News Journal မှာ ပါတဲ့ ဆောင်းပါးပါ။)

စာဖတ်ဝါသနာပါပြီး စာတော်တော်ဖတ်တဲ့ လူငယ်လေးတစ်စုနဲ့ စကားပြောရင်း ဂျာနယ်တွေမှာ စာအမြဲတမ်းရေးနေတဲ့ စာလုပ်ငန်းယဉ်ကျေးမှုအားလုံးအံ့သြသွားကြပုံရတယ်။ တကယ်မသိလို့ မသိဘူးလို့ပြောလိုက်တာပါ။ သူတို့ပြောတဲ့ ကလောင်အမည်တွေဟာ ပရိသတ်ကစောင့်ဖတ်ကြတဲ့အမည်တွေဖြစ်တယ်။ ကိုယ်တိုင်လည်း သူတို့စာတွေကို မလွတ်တမ်းဖတ်ပါတယ်။ ဒါပေမဲ့ သူတို့ဘယ်သူဘယ်ဝါဆိုတာတော့ တစ်ခါမှမေးမကြည့်ဖူးပါဘူး။
သူတို့ရေးနေတဲ့ဂျာနယ်၊မဂ္ဂဇင်းတွေအယ်ဒီတာတွေကိုယ့်ဆီမပြတ်ဝင်ထွက်သွားလာနေကြပေမယ့် စောင့်စည်းတဲ့အနေနဲ့ မေးမကြည့်ခဲ့ဘူး။ ကိုယ်တိုင် အယ်ဒီတာလုပ်ခဲ့သူဖြစ်တော့ လူမသိစေချင်လို့ ကလောင်အမည်ခံရေးတာကို အယ်ဒီတာက ကိုယ့်သဘောနဲ့ကိုယ် ဖွင့်မပြောသင့်ဘူးဆိုတဲ့ စာလုပ်ငန်းယဉ်ကျေးမှုကို စောင့်ထိန်းခဲ့တယ်။

**ကျောင်းဆရာနဲ့ အရက်**
စည်းကမ်းကျင့်ဝတ်အဖြစ် အတိအကျရေးသားပြဋ္ဌာန်းထားတာ မဟုတ်ပေမယ့် ဘယ်လုပ်ငန်းနယ်ပယ်မှာဆို လိုက်နာမှကောင်းတဲ့ကျင့်ဝတ်မျိုးတွေ ရှိတတ်တယ်။ ဥပမာ ကျောင်းဆရာတစ်ယောက်ဟာ ကျောင်းချိန်ပြင်ပမှာတောင် အရက်သေစာသောက်စားခြင်းမပြုရလို့ တားဆီးပိတ်ပင်ထားတဲ့ ဥပဒေမရှိဘူး။ စည်းကမ်းကျင့်ဝတ်လည်းမရှိဘူး။ ဒါပေမဲ့ မြန်မာ့လူ့အဖွဲ့အစည်းမှာတော့ ဆရာလုပ်ပြီး အရက်မူးနေတာကို လူတွေက လက်မခံကြဘူး။ မြန်မာပြည်မှာနေပြီး ကျောင်းဆရာလုပ်ရင်တော့ ဒီကျင့်ဝတ်ကို လေးစားလိုက်နာသင့်တယ်။ ဒါဟာ ယဉ်ကျေးမှုတစ်ရပ်ဖြစ်တယ်။ ကိုယ့်ဟာကိုယ်ကြိုက်လို့သောက်တာ သူများကိုမထိခိုက်ရင်ပြီးတာပဲ မဟုတ်လားလို့ ပြောစရာရှိတယ်။

**အနန္တဂိုဏ်းဝင်**
အဲဒီလို ပြောသူတွေအတွက်ကတော့ ကိုယ့်ကိုကိုယ် မြန်မာပြည်မှာလူဖြစ်လာရတာကိုပဲ အပြစ်တင်ပေတော့လို့ ပြောရလိမ့်မယ်။ ဒါမှမဟုတ်လည်း ကျောင်းဆရာမလုပ်ဘဲ တခြားအလုပ်ပြောင်းလုပ်ပေါ့။ မြန်မာလူမျိုးတွေက ကျောင်းဆရာကို အနန္တော အနန္တငါးပါးထဲတောင် ထည့်သွင်းပြီး အလေးအမြတ်ပြုကြသလို ကျောင်းဆရာတွေဆီက တောင်းဆိုမှုကလည်း ကြီးမားများပြားတယ်။ အနောက်နိုင်ငံတွေမှာ ကျောင်းဆရာက ကျောင်းသူတပည့်မကို လက်ထပ်ယူတာမျိုးကို ဘယ်သူကမှ အထူးအဆန်းလုပ်ပြောမနေကြဘူး။ မြန်မာပြည်မှာလည်း ဥပဒေအရတားမြစ်ပိတ်ပင်ထားတာ မရှိပါဘူး။ ဒါပေမဲ့ ယူတာတွေ့ကြည့်ပါလား။ အများတံတွေးခွက်မှာ ပက်လက်မျောပြီးသာ မှတ်ပေရော့ပဲ။

**ရိုင်းပျတဲ့အပြုအမူ**
စာပေနယ်မှာလည်း သီးခြားလက္ခဏာဆောင်တဲ့ ကျင့်ဝတ်တွေရှိပါတယ်။ အယ်ဒီတာက ကလောင်အမည်ကို ထုတ်ဖော်မပြောအပ်သလို၊ သတင်းပေးသူ သတင်းရေးသူ ဘယ်သူဘယ်ဝါဆိုတာလည်း ထုတ်ဖေါ်ပြောကြားခြင်းမပြုရပါဘူး။ ဂျာနယ်၊ မဂ္ဂဇင်းတိုက်ကို အလည်သွားရင်းနဲ့ အယ်ဒီတာစားပွဲပေါ်မှာတွေ့ရတဲ့ စာမူထပ်ကြီးကို ဆွဲယူဖတ်ရှုတာမျိုးလည်း မလုပ်ရပါဘူး။ ဒါမျိုးကတော့ စာပေနယ်မှ မဟုတ်ပါဘူး။ ဘယ်နယ်ပယ်မှာဖြစ်ဖြစ် မလုပ်အပ်တဲ့အရာဖြစ်တယ်။ တခြားသူတစ်ဦး တစ်ယောက်ရဲ့ စားပွဲပေါ်က စာဖြစ်ဖြစ်၊ စာအုပ်ဖြစ်ဖြစ် ဆိုးကနဲ ဆတ်ခနဲ ဆွဲယူကြည့်ရှုတာ အင်မတန်ရိုင်းပျပါတယ်။ လူ့ယဉ်ကျေးမှန်သမျှ ရှောင်ကြဉ်ရပါတယ်။

**အားလုံးအသိပေးပြီး**
လူတစ်ဦးတစ်ယောက်က မသိစေချင်လို့ တမင်ဖုံးကွယ်လျှို့ဝှက်ထားတာကို ဇွတ်အတင်းသိအောင် မလုပ်သင့်ဘူး။ တစ်ဖက်သားရဲ့ ကိုယ်ရေးကိုယ်တာ (Privacy) ကို လေးစားရပါမယ်။ ဒါက ပုဂ္ဂလိကလူမှုဆက်ဆံရေးနယ်ပယ်မှာ ပြောတာပါ။ နိုင်ငံရေးနယ်ပယ်မှာတော့ အဲဒီလိုမဟုတ်ဘူး။ လူမျိုးတစ်မျိုးလုံးနဲ့ သက်ဆိုင်တဲ့ တိုင်ရေးပြည်ရေးကိစ္စ မှန်သမျှကို တိုင်းသူပြည်သားအားလုံးကို အသိပေးပြီး ပြည်သူအားလုံးရဲ့ အဆုံးအဖြတ်ကို တောင်းခံရပါတယ်။ ပြည်သူမသိအောင် ဘာမှမလုပ်ရပါဘူး။ အရေးကြီးတဲ့ကိစ္စ မှန်သမျှကို ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုတင်ပြပြီး အဆုံးအဖြတ်ရယူရတယ်။ ပိုပြီးအရေးကြီးတဲ့ ကိစ္စမျိုးဆိုရင် တစ်မျိုးသားလုံးရဲ့ဆန္ဒကို ပြည့်သူ့ဆန္ဒခံယူပွဲ ကျင်းပပြီးတောင်းခံရပါတယ်။

**ပြည်သူ့အဆုံးအဖြတ်နာခံ**
ဒါက ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တယ်။ အရာရာမှာ အကြွင်းမဲ့ အာဏာပိုင်စိုးသူဟာ ပြည်သူလူထုသာ ဖြစ်တယ်ဆိုတဲ့သဘော ဖြစ်တယ်။ ဒီမိုကရေစီနိုင်ငံကြီးတွေမှာဆိုရင် တိုင်းပြည်ရဲ့အခြေအနေကို တိုင်းသူပြည်သားအားလုံးသိရှိရအောင် အစိုးရက် ပုံမှန်ရှင်းလင်းတင်ပြမှုတွေ လုပ်ကြတယ်။ တချို့က တစ်လတစ်ကြိမ်၊ တချို့က တစ်ပတ်တစ်ကြိမ်ပြုလုပ်ကြတယ်။ အရာရာကို ပြည်သူလူထုကို အသိပေးပြီး ပြည်သူ့အဆုံးအဖြတ်ကိုနာခံတယ်ဆိုတဲ့ သဘောဖြစ်တယ်။ ဒီလိုတင်ပြရုံလောက်နဲ့ မလုံလောက်သေးဘူး ထင်ရင် လွှတ်တော်နဲ့ နိုင်ငံတော် မော်ကွန်းတိုက်မှာရှိတဲ့ အစိုးရ စာရွက်စာတမ်းတွေ၊ မှတ်စုမှတ်ရာတွေကို တောင်းယူစစ်ဆေးကြည့်ရှုနိုင်ကြတယ်။

**သိပိုင်ခွင့်//
အရေးကြီးကိစ္စအဖြစ် သတ်မှတ်တဲ့ လျှို့ဝှက်နဲ့ ကန့်သတ်စာရွက်စာတမ်း၊ မှတ်စုမှတ်ရာတွေကိုလည်း သက်တမ်း၂၅နှစ်သာ ပိတ်ပင်တားဆီးထားတယ်။ ၂၅နှစ်ပြည့်တာနဲ့ ကန့်သတ်စာရင်းက ပယ်ဖျက်ပြီး ဘယ်သူမဆို ကြည့်ရှုခွင့်ပေးတယ်။ တစ်ချို့ကိစ္စများဆိုရင် အစိုးရတွေက ကန့်သတ်ထားပေမယ့် အခြေခံဥပဒေခုံရုံးက တိုင်းသူပြည်သားများရဲ့ သိပိုင်ခွင့် (Rights to Know ) အရ ကန့်သတ်ချက်ကို ပယ်ဖျက်ရမယ်လို့ ဆုံးဖြတ်လို့ဖွင့်ပေးလိုက်ရတာတွေ ရှိတယ်။

**လေးစားဖို့အထူးလိုအပ်**
ပြည်သူလူထုရဲ့ " သိပိုင်ခွင့် " ကို မလေးစားရင် ဘယ်လိုလုပ်ပြီး ဒီမိုကရေစီလို့ ဆိုနိုင်မှာလဲ။ တစ်ဦးတစ်ယောက်တည်းသာသိပြီး တစ်ဦးတစ်ယောက်တည်းရဲ့ ဆုံးဖြတ်ချက်နဲ့လုပ်တယ်ဆိုတာက အာဏာရှင်စနစ်ဖြစ်တယ်။ နောက်ဆုံး ဆုံးဖြတ်ချက်ကို ရွေးချယ်ချမှတ်ရမှာက မဲဆန္ဒရှင်ပြည်သူတွေဖြစ်တယ်။ မဲဆန္ဒရှင်ပြည်သူလူထုမသိအပပ်တဲ့အရာ ဘာမျှမရှိစေရဘူး။ တိုင်းပြည်နဲ့လူမျိုးရဲ့ ကံကြမ္မာနဲ့ ပတ်သက်တာမှန်သမျှ မဲဆန္ဒရှင်ပြည်သူတွေ သိခွင့်ရှိတယ်။ နိုင်ငံရေးသမားမှန်သမျှ ပြည်သူလူထုရဲ့
"သိပိုင်ခွင့်" ရှိမှုကို လေးစားကြဖို့ အထူးလိုအပ်ပါတယ်။

**လူထုစိန်ဝင်း**

--
Posted By Blogger လူဗိုလ် ...

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)