ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, February 22, 2012

ဘ၀အမောပြေ

>
**မာစတာကီး**

စကားဝိုင်း တစ်ခုမှာ အမျိုးသမီး တစ်ယောက်က ပြောတယ်
ရှင်တို့ ယောက်ျားတွေက မိန်းမတွေနဲ့ ထည်လဲ အိပ်တော့ **“**ယောက်ျားကောင်း
မောင်းမတစ်ထောင်**”**တဲ့။ မိန်းမတွေက ယောက်ျား တစ်ယောက်ထက်များ
ပိုအိပ်မိရင်တော့ မကောင်းတဲ့ မိန်းမ။ ကြေးစားမတဲ့။ အတော်လည်း မတရားတာပဲ။
မိန်းမတွေကိုဆိုရင် နှိမ်ချင်ကြတာပဲ။

အဲဒီတော့ ယောက်ျားတစ်ယောက်က ပြန်ပြောတယ်။

ဒါက ဒီလို ရှိပါတယ် အစ်မကြီးရယ်။ သော့တံတစ်ချောင်းက သော့ခလောက်တွေ အများကြီးကို ဖွင့်နိုင်ရင်
**“**မာစတာကီး**”**လို့ ခေါ်တယ်လေ။ သော့ခလောက်
တစ်ခုကို ဘယ်သော့တံမဆို ဖွင့်နိုင်ရင်တော့ သုံးစားလို့မရတဲ့ သော့ခလောက် ဖြစ်သွားမှာပေါ့....

**အော်.. ဖြစ်ရလေ**

တောမှ အမျိုးသမီးကြီးတယောက်သည် ရုပ်ရှင်ရုံလက်မှတ်စစ်ကို
ပါးရိုက်သော အမှုနှင့် ရန်ကုန် မြို့နယ်တရားရုံးသို့ ရောက်ရှိလာသည်..

တရားခွင်တွင်..

တရားသူကြီး - အဒေါ်ကြီး ဘာ့လို.ဒီလူကို ပါးရိုက်ရတာလဲ..

အမျိုးသမီးကြီး - တရားသူကြီးမင်းရှင့်..သူက လက်မှတ်ပြခိုင်းလို.

ကျွန်မက လက်မှတ်ကို ကောင်းကောင်းမွန်မွန်ပြပါတယ်၊

ဒါပေမယ်.သူက ကျွန်မလက်မှတ်ကို ဆွဲဖြဲပစ်တယ်လေ..

**တောသားလူလည်**
ရထားရိုးရိုးတန်းတွင်တောသားတစ်ယောက်ရယ်.မြောက်ကြွမြောက်ကြွဖြစ်နေတဲ့

မြို့ကြီးသားတစ်ယောက်ရယ် အခြားတဖက်တွင် အဘွားကြီးတယောက်ရယ် အရမ်းချောသော ကောင်မလေးတယောက်တို့ မျက်နှာချင်းဆိုင် ထိုင်နေကြ လေသည်..

လှိုင်ခေါင်းတခုထဲရထားဖြတ်သွားချိန်တွင် ရထားထဲ၌် မှောင်သွားလေသည်.. ထိုအချိန်တွင် ‘ရွှတ်’ ဆိုသော ပါးနမ်းသံနဲ့ ‘ဖြန်း’ ဆိုတော့ ပါးရိုက်သံတို့ကို တဆက်တည်း ကြားရပီး ခဏတာ ငြိမ်သွားလေသည်..

ထို့နောက် ရထားပေါ် အလင်းရောင်ရလာသောအခါ

အဘွားကြီးတွေးပုံမှာ “ဒီကောင်မလေး ငါ့သမီးဖြစ်ရင် ကောင်းမှာပဲ.. ဟိုနှာဘူး ၂ ကောင်ထဲမှ ၁ ကောင်ကောင်က ကောင်မလေးကို နမ်းလိုက်တော့ ကောင်မလေးက ပါးကိုပြန်ရိုက်လိုက်တာ ဖြန်းခနဲ နေတာပဲ”

ကောင်မလေးတွေးပုံမှာ “ဟိဟိ.. ဟို ငနာ၂ကောင်ထဲက ၁ကောင်ကောင်က အမှောင်ထဲမှာ ငါမှတ်ပီးတော့ အဘွားကြီးကို မှားနမ်းတာ အဘွားကြီး လက်စာမိသွားတယ်”

ခပ်ထောင်ထောင် မြို့ကြီးသားမှ သူ့ပါးသူပွတ်ရွေ့ တွေးပုံမှာ “ဟိုတောသား ပါးနမ်းတာက ကောင်မလေးက ငါ့ကိုမှားပီးရိုက်ရတယ်လို့”

တောသားကပြုံးကာ တွေးပုံမှာ “ဟဲဟဲ တော်တော် တော်တဲ့ငါပဲ.. ငါ့လက်ဖ၀ါး ငါနမ်းပီးတော့ ဘေးကကောင်ကို ဘေးကကောင်ကို အမြင်ကတ်ကတ်နဲ့ ရိုက်လိုက်တာ တော်တော်အရသာရှိတာပဲ…”

**သက်သေခံပစ္စည်း**
ရေကန်ကြီးတခုတည်းထဲတွင် ငါးဖမ်းကိရိယာအစုံပါသော ငါးဖမ်းလှေ လေးတစင်းဟာ အရိပ်ကောင်းသောနေရာတွင်ရပ်ထားလေသည်.. ၎င်းလှေပေါ်၌ အမျိုးသမီးတယောက်သည် စာအုပ်တအုပ်ကို
စိတ်ဝင်တစား ဖတ်နေလေသည်.. လေအဝှေ့ကြောင့် လှေလေးသည် ကမ်းနှင့် တဖြည်းဖြည်းကွာရွေ့ ငါးမဖမ်းရ နယ်မြေတွင်းသို့ ၀င်ရောက်လာသည်.. ထိုအချိန်တွင် ကန်စောင့်ရဲလှေတစင်းရောက်လာရွေ့…

ကန်စောင့်ရဲ - ငါးမဖမ်းရ နယ်မြေထဲမှာ ငါးဖမ်းတဲ့အတွက် မင်းကိုတရားစွဲမယ်

အမျိုးသမီး - ကျွန်မ ငါးဖမ်းတာမဟုတ်ဘူး စာဖတ်နေတာ မမြင်ဘူးလား..

ကန်စောင့်ရဲ- ခင်ဗျားမှာ ငါးဖမ်းပစ္စည်း သက်သေအကုန်ပါတယ်.. မငြင်းပါနဲ့..

အမျိုးသမီး - ဒီလိုဆိုရင် ရှင်ကျွန်မကို အဓမ္မကျင့်တယ်လို့ တရားပြန်စွဲမယ်

ကန်စောင့်ရဲ - ဘာဖြစ်လို့လဲ
အမျိုးသမီး - ရှင့်မှာလဲ သက်သေခံပစ္စည်းအကုန်ပါတာပဲ

**ပူသေးလို့**
စိတ္တဇဆေးရုံတွင် မနက်တိုင်းကျန်းမာရေးတိုးတက်မှုရှိမရှိ ဆရာဝန်ကြီးက လူနာများကို စမ်းသပ်လေ့ရှိသည်..
တမနက်ခင်းတွင် ဇွန်း ခက်ရင်း တစုံပါသော ပန်ကန်းပြားအလွတ်တချပ်စီကို လူနာတယောက်စီရှေ့၌ ချပေးထားသည်..
ထိုအခါ လူနာများသည် စားစရာမပါသော ပန်ကန်ပြားထဲသို့ ဇွန်း ခက်ရင်းနဲ့နှိုက်ကာ အားပါးတရ စားကြလေသည်..
ဆရာဝန်ကြီးသည် ကျန်းမာရေးတိုးတက်မှု မရှိကြောင်းတွေ့ရသောကြောင့် စိတ်ညစ်သွားသည်..
သို့သော် လူနာတစ်ယောက်သည် မစားပဲ ပန်းကန်ပြားကို စိုက်ရွေ့ ကြည့်နေလေသည်..
ကျန်းမာရေးတိုးတက်နေသည်ဟုထင်ရသော ထိုလူနာအား ဆရာဝန်ကြီးက -'ဟေ့ကောင် မင်းဘာ့ကြောင့်မစားတာလဲ'
လူနာ- "ပူသေးလို့"

**မဟုတ်တဲ့နေရာက ကြီးနေတယ်**
မင်္ဂလာဦးည လွန်မြောက်ပြီး ဇနီးမောင်နှံ ၂ယောက် . .ယောက်ျားဖြစ်သူအတွက်
ဖိနပ်ဝယ်ထွက်ကြသည်။
ဖိနပ်ဆိုင်တွင် အရောင်းဝန်ထမ်းက နံပါတ် ၄၅ ယူလာသည် ။ လူငယ်စီးကြည့်သည် ။
အလွန်ငယ်နေသည်။
နံပါတ်၄၆၊ ထို့နောက် ၄၇ မတော်ပါ ဖိနပ်မှာ ငယ်နေသည်။
"ကျွန်မတို့ဆိုင်မှာ ဒိထက်ကြီးတဲ့ နံပါတ်မရှိတော့ဘူးရှင့်"
စိတ်ပျက်လက်ပျက်ထွက်လာကြရင်း ဇနီးဖြစ်သူကပြောသည် . .
"ဘယ်လိုမှမတတ်နိုင်ဘူး ရှင့်ခြေထောက်တွေက ကြီးလွန်းတာကိုး"
"အေးကွာ ငါကတောသားကိုး ဖိနပ်မပါပဲ လမ်းလျှောက်ထွက်တာများလို့ ခြေထောက်တွေ
တဖြည်းဖြည်းကြီးလာတယ်ထင်တယ်"
"ရှင် ဘောင်းဘီမ၀တ်ပဲလျှောက်ရင် ပိုတောင်ကောင်းဦးမယ်"

**ဆေးသေတ္တာကို ဖွင့်လို့မရသေးလို့**
ကိုယ်ဝန်အရင့်အမာနှင့် မိန်းမဖြစ်သူ အလွန်အမင်း ဗိုက်နာနေသည့်အတွက် ယောက်ျားဖြစ်သူက ဆရာဝန်ကို အသည်းအသန် ဖုန်းဆက်ခေါ်သည်။
ဆရာဝန်မကြီးရောက်လာပြီးနောက်-
"လူနာရော"
"အခန်းထဲမှာ"
"ရှင် အပြင်မှာပဲနေနော်၊ အခန်းထဲဝင်မလာနဲ့"
"ဟုတ်ကဲ့"
ခဏကြာတော့ ဆရာဝန်မကြီးက တံခါးဟလိုက်ပြီး ယောက်ျားဖြစ်သူကို လှမ်းပြောတယ်။
"၀က်အူလှည့်ရှိရင် အမြန်ပေးပါ"
"ဟုတ်ကဲ့"
ယောက်ျားဖြစ်သူက ယူပေးလိုက်တယ်။ ဆရာမကြီးဝင်သွားပြီး ခဏနေတော့ ပြန်ထွက်လာတယ်။
"ပလာယာပါ လိုချင်တယ်"
"ဟုတ်"
တစ်မိနစ်လောက်ကြာတော့
"စို့ နဲ့ တူသာ ပေးပါတော့"
ဒီတော့ လူနာရှင်ယောက်ျားက စိုးရိမ်တကြီးနဲ့
"ဆရာမရယ်၊ ပွင့်ပွင့်လင်းလင်းပြောပါခင်ဗျာ
၊ လူနာရဲ့ အခြေအနေက တော်တော်ဆိုးလို့လား"
"မပြောတတ်သေးဘူးရှင့်၊ ဆေးသေတ္တာကို ဖွင့်လို့မရသေးလို့ လူနာကို မကြည့်ရသေးဘူး"
..................................................
မိန်းမ ထမင်းစားခန်းထဲဝင်လာသောအခါ ယောကျာင်္းက ယင်ကောင်များအား ယပ်တောင်ဖြင့် လိုက်ရိုက်နေသည်ကိုတွေ့ ရသည်။
"ရှင်ဘာလုပ်နေတာလဲ" ဟု မိန်းမကမေးသောအခါ
ယေကျာင်္းက "ယင်ကောင်အမဲလိုက်ထွက်နေတာ"ဟုအဖြေပေးသည်။
"တော်တော်များများ သတ်လိုက်ပြီလား" ဟုမိန်းမက ဆက်မေးသည်။
"အေး၊ အမ၂ကောင်၊ အထီး၃ကောင် ဆော်ထည့်လိုက်ပြီ" ဟုယောကျာင်္းကပြောရာ
"ရှင်က ယင်ကောင်ကိုအထီး အမ ဘယ်လိုသိသလဲ "ဟုမိန်းမက ပြန်မေးလေ၏ ။
ထိုအခါ ယောကျာင်္းက "သိတာပေါ့ဟ၊ ဘီယာဗူးပေါ်က ၃ကောင်ကအထီး၊ ဖုန်းပေါ်မှာ ကြာကြာနားနေတဲ့ ၂ကောင်က အမပေါ့" ဟုအဖြေပေးလေသည်။
.....................................
အလိုက်သိတဲ့တပည့်
တစ်ခါကရွာတစ်ရွာမှာ ဆရာနှင့်တပည့်၂ဦး၊ အိမ်တစ်အိမ်မှာအတူနေထိုင်ကြပြီး၊
တပည့်မှာဆရာ့စကားကိုမြေ၀ယ်မကျနားထောင်၍ ရိုးသားသူတစ်ဦးဖြစ်ပါတယ်။
တစ်နေ့ မှာဆရာကကိစ္စရှိလို့ -" တပည့်ရေ၊ ဆရာအပြင်သွားအုံးမယ် ထမင်းချက်ထားကွာ" လို့ မှာခဲ့ပါတယ်။

ဆရာအပြင်ကပြန်လာပြီး" တပည့်ရေ၊ ထမင်းစားကြရအောင်ခူးကွာ" လို့ ပြောလိုက်တော့၊ တပည့်ကလည်းခူးပြီးတာနဲ့ ဆရာက " ဟင်းကောကွာ" လို့မေးတယ်။
ထိုအခါတပည့်က" ဆရာကထမင်းပဲချက်ထားလို့ မှာတာကို" ဟုပြန်ဖြေတယ်။
ဆရာက အားမလိုအားမရနဲ့ " တပည့်ရာရိုးပါ့၊ ဆရာက 'တစ်' ဆိုရင်၊ တပည့်က 'နှစ်' 'သုံး' အထိစီစဉ်ထားရတယ်ကွ၊မှတ်ထားသိလား လို့ပြောပါတယ်။

အဲဒီလိုနဲ့ တစ်နေ့ မှာတော့ ဆရာဖျားနေလို့ တပည့်ကို" ဆေးဆရာသွားပင့်ခဲ့ကွာ" ပြောတော့၊ တပည့်လည်းအပြေးတစ်ပိုင်းနဲ့ အိမ်ကထွက်သွားတယ်။
ခဏကြာတပည့်ပြန်လာပြီး ဆရာက-"တပည့်ရေ၊ ဆေးဆရာပင့်ခဲ့ပြီလား" လို့ မေးတော့၊
တပည့်ဖြေလိုက်ပုံမှာ-" ဆရာကျွန်တော့်ကိုသွန်သင်တဲ့အတိုင်း၊ ဆေးဆရာလည်းပင့်ပြီ၊
နောက်ပြီးအခေါင်းနဲ့ ဘုန်းကြီးပါပင့်လာပါတယ်ခင်ဗျာ"

...............................................................
တစ်နေ့  အဖျားအလွန်ကြီးနေသောလူနာတစ်ဦးအား၊ ဆရာဝန်ကဆေးကုသပေးပါသည်။
လူနာ- ဆရာ၊ ကျွန်တော်ဘာတွေစားရမယ်ဆိုတာညွှန်ကြားပေးပါ။
ဆရာဝန်- အဖျားကတက်လိုက်ကျလိုက်ဖြစ်နေတော့ အူရောင် ငန်းဖျားဖြစ်မှာစိုးရတယ်။
ထမင်းကအစ အဖတ်ဆိုရင်ဘာမှမစားပါနဲ့ ၊ နွားနို့ ၊ ကော်ဖီ အရည်ဆိုရင်အားလုံး
သောက်လို့ ရပါတယ်။
ပြောပြီးဆရာဝန်ကပြန်သွားတော့သည်။ နောက်တစ်နေ့ လူနာဆီရောက်တော့၊ လူနာအဖျား
တက်နေသဖြင့်-

ဆရာဝန်- အဖျားတက်နေပြန်ပြီလား၊ ဘာတွေစားလဲ၊ အဖတ်တွေစားတယ်ထင်တယ်။
လူနာ- ဘာမှမစားပါဘူးဆရာရယ် ။ ထန်းရည်ခါး ၁ဗူးပဲသောက်ထားတာပါ။
ဆရာဝန်- ဟာ၊ ဖျားနေတဲ့သူက ထန်းရည်ခါးသောက်ရသလား။
လူနာ- ဆရာက အရည်ဆိုရင်အားလုံးသောက်လို့ ရတယ်ဆို။
.....................................................
**ဒါမှ အမတ်အစစ်**
ရွေးကောက်ပွဲဝင်ပြိုင်ပြီးပြန်လာသော ယောက်ျားကိုမိန်းမက မေးလိုက်သည်။

မိန်းမ။ ။မောင်ရေ အခြေအနေဘယ်လိုလဲ။
ယောက်ျား။ ။ အခြေအနေကတော့ တော်တော်ကိုကောင်းနေပြီ။

မိန်းမ။ ။ ရှင်ညာတာတော့ မဟုတ်ပါဘူးနော်။
ယောက်ျား။ ။ ဟိုမှာ တနေကုန် ညာပြီးပြီပဲ ။ဘာညာစရာ လိုတော့လို့လဲကွ။
................................................................
**ဒီညတော့ အိပ်ရတော့မယ်**

ခရီးသည်တင်လေယာဉ်တစ်စီးတွင် အလွန်ကို ထုံအလွန်းသော လူတစ်ယောက် လိုက်ပါလာသည်။

ထိုစဉ်လေယာဉ်မယ်က ‘လေယာဉ်အင်ဂျင်တစ်လုံး ပျက်သွားပါတယ်။ ဒါပေမယ့် ကျန်တဲ့သုံးလုံးနဲ့ ဆက်လက်ပြီး သွားနိုင်ပါတယ်။ ဒါပေမယ့် ခရီးစဉ်အဆုံးကို တစ်နာရီ နောက်ကျပြီးမှ ရောက်ပါမယ်။ မစိုးရိမ်ကြပါနဲ့’ ဟု ကြေညာလေသည်။

နောက်နာရီဝက်ခန့်အကြာတွင် လေယာဉ်မယ်က ‘နောက်ထပ်အင်ဂျင်တစ်လုံး ပျက်သွားပြန်ပါတယ်။ ကျန်သေးတဲ့အင်ဂျင်နှစ်လုံးနဲ့ ဆက်လက်သွားနေပါတယ်။ ခရီးစဉ်အဆုံးကိုတော့ နောက်ထပ် သုံးနာရီကြာမှ ရောက်ပါမယ်။ မစိုးရိမ်ပါနဲ့’ ဟု ထပ်မံ ကြေညာလေသည်။

နောက်တစ်နာရီခန့် အကြာတွင် လေယာဉ်မယ်က ‘ကျန်တဲ့ အင်ဂျင်နှစ်လုံးပါ ပျက်စီးသွားပါပြီ’ ဟုကြေညာလေသည်။

ထိုအခါ လူအ က သူ့သူငယ်ချင်းကို ပြောလိုက်ပုံက ‘သေချာပြီ။ အဲဒါဆို ဒီညတော့ လေယာဉ်ပျံပေါ်မှာပဲ အိပ်ရတော့မယ်’

..............................................................
**ကျေးဇူးပါ**
ကုမ္ပဏီပိုင်ရှင်တစ်ယောက်က ၃လ အတွင်း မန်နေဂျာရာထူးအထိရောက်ရှိလာသော လူငယ်တစ်ယောက်အား ခေါ်ယူကာ ချီးကျူးပြောဆိုလေသည်။

ပိုင်ရှင်။ ။ မင်းဟာ ဒီအလုပ်ကို လွန်ခဲ့တဲ့ ၃ လမှ စလုပ်တယ်။ ၂ ပတ်အတွင်းမှာပဲ ရာထူးတက်တယ်။ နောက် ၁ လ အကြာမှာ လက်ထောက်မန်နေဂျာဖြစ်လာတယ်။ နောက် ၆ ပတ် အကြာကြတော့ မင်း မန်နေဂျာရာထူးအထိ ရောက်လာတယ်။ မင်းတော်တော်ကြိုးစားတဲ့ သူငယ်ပဲ။ မင်းကိုပိုင်ဆိုင်ရတဲ့အတွက် ဂုဏ်ယူတယ်ကွာ။ ကဲ… ဘာပြောချင်သေးလဲ။

လူငယ်။ ။ ကျေးဇူးပါအဖေ။
................................................

**မေးသမျှ ပြန်ဖြေနေလို့**…
အများသုံး အိမ်သာတစ်ခုထဲ ၀င်ပြီး ကမုတ်ထဲထိုင်ရုံ ရှိသေးသည်။
ဟိုဖက်အိမ်သာထဲက လူက လှမ်းနှုတ်ဆက်သည်။
"ဟေ့လူ. နေကောင်းလား…"
ဒီလိုနေရာမျိုးမှာ အလ္လာပသလ္လာပ စကားပြောရတာ စိတ်မသက်မသာ ရှိလှသည်။
မကောင်းတတ်တော့လည်း ပြန်နှုတ်ဆက်ရသည်ပဲပေါ့.
"ကောင်းပါတယ်. ကျေးဇူး"
အသေအချာ အကျအနထိုင်ပြီး ကိုယ့်ကိစ္စကို ဆက်ရှင်းမည် ကြံကာရှိသေး.
အလိုက်မသိတတ်သော ငနဲသားက ထပ်မေးလာပြန်သည်။
"ခင်ဗျား ဘာတွေ အလုပ်ရှုပ်နေလဲဗျ."
ဟာ… ဒီလူတော့ ခက်ပြီ. ဘာလဲကွာ… ဒီလိုနေရာမျိုးမှာ ဒီလို
ဂွတီးဂွကျမေးခွန်းတွေ လာမေးနေတာ ဘာလဲ….
စိတ်ပေါက်ပေါက်နှင့် ဘုတောပစ်လိုက်သည်။
"ခင်ဗျားလိုပဲပေါ့ဗျာ."
ဘာပဲဖြစ်ဖြစ် မြန်မြန်လက်စသတ်ပြီး ထွက်သွားဖို့ စိတ်ကူးလိုက်သည်။
ဒါပေမယ့် နောက်ထပ်မေးခွန်းတစ်ခု ထပ်ထွက်လာပြန်သည်။
"ကျွန်တော်လာခဲ့မယ်ဗျာ. ရမလား"
ဗုဒ္ဓေါ……. ဒီလူ ဘယ်လိုလူလဲ. ဂေးလား. ဂျော်ရကီးလား. ဘာကောင်လဲကွာ…
ဘာပဲဖြစ်ဖြစ်. ကိုယ်ကျင်လည်ကျက်စားနေရာ နေရာမဟုတ်၍ သတိတော့ ထားနေရသည်။
ထောင်းခနဲ ထွက်လာသော ဒေါသကို အသာချိုးနှိမ်လျက် အသံ ခပ်အုပ်အုပ်ဖြင့်
ပြန်ဖြေလိုက်သည်။
"မလုပ်နဲ့လေဗျာ. ကျွန်တော်လည်း ဒီမှာ အလုပ်ရှုပ်နေတာ.."
ဒုန်းခနဲ တံခါးဆောင့်ပိတ်သံ ကြားလိုက်ရပြီး ဟိုဖက်က ပြန်ပြောသည်။
"နောက်မှပဲ ပြန်ဆက်တော့မယ်. ဟိုဖက်အခန်းထဲက သောက်ပေါတစ်ကောင်က ရူးသလို
နှမ်းသလိုနဲ့ ငါမေးသမျှ ပြန်လိုက်ဖြေနေလို့…."

**နံရံတွေ ပြိုနေလို့**

အရူးထောင်တွင် အရူးများ ထောင်ဖောက်ပြေးရန် တိတ်တဆိတ် အစည်းအဝေး လုပ်နေကြသည်။ နောက်ဆုံးတွင် ကြက်များကဲ့သို့ ပျံကာ ထောင်နံရံကို ကျော်ဖြတ်ကြမည်ဟု ဆုံးဖြတ်လိုက်ကြပြီး ကြက်သားများများစားရန်လဲလိုအပ်ကြောင်း ဆုံးဖြတ်လိုက်ကြသည်။

ထို့နောက် ၃ လ အကြာအတွင် အရူးများ ပျံသန်းနိုင်လာကြသည်။ ထို့ကြောင့် ထောင်ဖောက်မပြေးခင် အရူးတစ်ယောက်ကို ကင်းထောက်အနေဖြင့် ကြည့်ခိုင်းလိုက်သည်။ ကင်းထောက်အရူးမှာ စိတ်ပျက်လက်ပျက်ဖြင့် ပြန်လာသည်။

ကျန်အရူးများက အကြောင်းအရင်းကိုမေးသောအခါ
‘ငါတို့ထောင်ဖောက်ပြေးလို့မရတော့ဘူး။ ငါတို့ပျံပြီးကျော်ရမယ့် နံရံတွေပြိုနေပြီ’
.................................................
**ပိုတောင်ကောင်းသွားပါတယ်**

တစ်နေ့တွင် စတာလင်စီးလာသောကားသည် မြင်းစီးလာသောလူတစ်ယောက်အား အရှိန်နှင့် တိုက်မိသေကြောင့် မြင်းရောလူပါ ပြုတ်ကျသွားပြီး ဒဏ်ရာအပြင်းအထန် ရရှိသွားလေသည်။

ကားပေါ်မှ စတာလင်ဆင်းလာပြီး သေလုဆဲဆဲဖြစ်နေသော မြင်းအားသေနတ်နှင့်တေ့ကာ ပစ်သတ်လိုက်သည်။

ထို့နောက် မြင်းပိုင်ရှင်အား အခြေအနေကောင်းပါသလား မေးမြန်းရာ မြင်းပိုင်ရှင်မှာ ကမန်းကတန်း လူလဲထပြီး အဖြေပေးလိုက်လေသည်။

‘အဟဲ…ကောင်းပါတယ်။ တော်တော်ကို ကောင်းပါတယ်။ ကားနဲ့ အတိုက်မခံရခင်ထက်ကို ပိုကောင်းပါတယ်’
..........................................
**ကြိုက်ရာလမ်းရွေး**

နိုင်ငံတော်အကြီးအကဲတစ်ယောက် နောက်ဆုံး အသက်ထွက်ခါနီးတွင် သူ၏ နေရာဆက်ခံမည့် လူကို မေးလေသည်။
‘ငါ့လူ ငါလဲသေတော့မယ် မင်းတိုင်းပြည်ကို ဆက်လက်ပြီးဘယ်လိုအုပ်စိုးမလဲ’

ထိုအခါ နိုင်ငံတော် အကြီးအကဲနေရာ ဆက်ခံမည့်သူက
‘ကျွန်တော့်နောက်ကို သူတို့လိုက်အောင် လုပ်မှာပေါ့’

နိုင်ငံတော်အကြီးအကဲက ထပ်မေးသည်။
‘မင်းနောက်ကို မလိုက်ရင် ဘယ်လိုလုပ်မလဲ’

နိုင်ငံတော်အကြီးအကဲနေရာ ဆက်ခံမည့်သူက
‘ကျွန်တော့်နောက် မလိုက်ရင် ခေါင်းဆောင်ကြီးနောက် လိုက်အောင် လုပ်မှာပေါ့’

**************
**ဒီကောင် လူမဟုတ်ဘူး**
အသက်ရွယ်ကြီးရင့် ကာ လင်မယားကတောက်ကဆ ရန်ဖြစ်နေကြစဉ် လင်ဖြစ်သူ
အဖိုးကြီးက မယားဖြစ်သူ အဘွားကြီးအား ရိုက်နှိက်နေလေသည်။

ထိုစဉ် သမီးဖြစ်သူ ငိုယိုပြီး ဖခင်ဖြစ်သူအားတိုင်လေသည် " အဖေ သမီးကို
သမီးယောက်င်္ကျားရိုက်တယ်"

ဖခင်။ ။ " သား ဒီကောင် သူများသားသမီးကိုလည်းယူုသေးတယ်
ရိုက်လည်းရိုက်တယ် ဒီကောင်လူမဟုတ်ဘူး"...

************
**နောက်မသွားတော့ဘူးနော်**
ကိုဒသဂီရိတို့ချစ်စခင်စ ကြင်နာစ ဇနီးမောင်နှံ နှစ်ယောက်ကနေ သားသမီးတွေ ပွားစီးလာတဲ့
အချိန်မှာ ဘယ်လိုဖြစ်သလဲ ဆိုတာကိုရေးချင်တာ...........
ညားကာစကတော့ မျက်စိအောက်က ပျောက်မသွားနဲ့ဦး တနေ့ကုန်ထိုင်ပြီး
တစိမ့်စိမ့်ကြည့်နေတဲ့ ကိုဒသဂီရိ.....
သူနားက တဖ၀ါးမှမခွာလို့ ချစ်တက်လိုက်တာလို့ ထင်ထားတဲ့ မမိန်းမ.....
ကာလတွေ ရွေ့လျားလာတော့ ကလေးတစ်ယောက်ပွားစည်းလာတယ် ...
အခေါ်အဝေါ်လေးကလဲ ပြောင်းလာတယ်။ ကိုဒသဂီရိက သူ့မိန်းမ ကို ကလေးတစ်ယောက်အမေလို့ခေါ်သတဲ့ လေ။
အရင် ကအလုပ်ကိစ္စကလွဲလို့ သူ့အနားမှာပဲ အချိန်ပေးတဲ့ ကိုဒသဂီရိဟာ
ခုဆိုညနေစောင်းလာရင် လမ်းလျှောက်ထွက်တက်လာတယ်..။. သွားခါနီးရင်လဲ ကဲ ကို အပြင်သွားလိုက်ဦးမယ်
ကလေးတစ်ယောက်အမေရေ.....ဆိုပြီး လစ်ရော။
မမိန်းမက ပြုံးပြုံးလေး ကြည့်လို့ ကျန်ခဲ့တာပေါ့ ..။ ကိုဒသဂီရိက KTV ,တို့ ဘာတို့ သွားပြီ ရေလည်လန်းနေတာပေါ့။
အဲဒီလို သွားတာလဲ ခဏခဏပဲလေ သွားတိုင်းလဲ သွားလိုက်ဦးမယ်
ကလေးတစ်ယောက်အမေရေ.....ဆိုပြီး လစ်တာပေါ့။
ဒီလိုနဲ့ တစ်ယောက်ကနေ နှစ်ယောက် ... နှစ်ယောက်ရလားတော့
သက်ပြင်းလေးတောင်ချလိုက်သေးတယ် ။ဟင်း.......
သွားလိုက်ဦးမယ် ကလေးနှစ်ယောက်အမေရေ.....ဆိုပြီး လစ်တယ်လေ။ မမိန်းမက
ပြုံးတာကလဲ ပညာပါလာပြီဗျ .......။
ငါးသလဲထိုး ငါးမြွေထိုးပြုံးလေးတွေ ပေါ့ .....။
အဲ့ သုံးယောက်မြောက်မွေးတော့ ထုံးစံအတိုင်း ကလေး လေးလမပြည့်ခင်အထိ
မိန်းမနား ကပ်သေးတယ် ...လေးလလဲ
ပြည့်ရော ထုံးစံအတိုင်း သွားလိုက်ဦးမယ် ကလေးသုံးယောက်အမေရေ.....ဆိုပြီး
လစ်မလို့ခြေလှမ်းနေတုန်းမိန်းမက ပြုံးပြုံးလေးနဲ့ ပြန်ပြောလိုက်တဲ့ စကားကြောင့် နောက်ကိုဒသဂီရိအပြင်ကိုမသွားတော့ဘူးတဲ့ .
်ပြောလိုက်တဲ့ စကားက....................................
သွားပေဦးတော့ ကလေးနှစ်ယောက်အဖေရေတဲ့။

**Thet Zaw**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)