**ဖြစ်ရလေ**
ဆံပင်ပုံစံနှင့် အ၀တ်အစားဒီးဇိုင်း ဆန်းဆန်းပြားပြား ၀တ်ဆင်ထားသော မိန်းကလေးတစ်ဦး ကားလမ်းဖြတ်ကူးလေသည်ကိုကြည့်ပြီး အမျိုးသားတစ်ဦးက အနီးရှိ အမျိုးသားတစ်ဦးအား ပြောကြားလေသည်။
ပထမအမျိုးသား ။ ။ မိတ်ဆွေ… ဟိုမိန်းကလေးကို ကြည့်စမ်း၊ ဆံပင်ပုံစံနဲ့ ၀တ်စားထားတဲ့ အင်္ကျီး၊ ဘောင်းဘီ ဒီးဇိုင်းတွေကလည်း ကလက်လိုက်တာဗျာ။ အခုခေတ် မိန်းကလေးတွေများခတ်ပါ့။

ဒုတိယအမျိုးသား ။ ။ သြော်…အဲဒါ မိန်းကလေးမဟုတ်ဘူး။ ယောက်ျာလေးပါ ကျနော့်သားလေးပါဗျာ…။
ပထမအမျိုးသား ။ ။ ဟုတ်လား… အားနာလိုက်တာဗျာ…။ ခင်ဗျားကို သူ့အဖေမှန်းမသိလို့ ပြောမိလိုက်တာပါ။
ဒုတိယအမျိုးသား ။ ။ ကိစ္စမရှိပါဘူး…ရပါတယ်။ ကျနော်က သူ့အဖေမဟုတ်ပါဘူး။ သူ့အမေပါ။
ပထမအမျိုးသား ။ ။ “ဗျာ”
** အာကာစိုး**

No comments:
Post a Comment