ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, February 20, 2012

ဘ၀အမောပြေ

>
**ဖေဖေကော ဘယ်တော့လဲ**

“မေမေ၊ သားတို့ဦးလေးကြီးကလေ ဟိုဘက်အိမ်က အန်တီလေးကို ဖက်နမ်းတာဗျ သိလား”
“နေပါစေ သားရယ်၊ သူတို့က လက်ထပ်တော့မှာပဲ”
“ဒါဆို သားတို့ဖေဖေရော အိမ်ဖော်ကောင်မလေးကို လက်ထပ်တော့မှာတဲ့လားဟင်”

**ကြိုတင် သတိပေးချက်**

“ဟဲလို မီးသတ်ဌာနကလား ခင်ဗျာ”
“ဟုတ်ပါတယ်ခင်ဗျာ ဘယ်မှာမီးလောင်လို့ပါလဲ”

ဒီလိုပါခင်ဗျာ ကျွန်တော့်အိမ်ရှေ့က ခြံထဲမှာ ငရုပ်နဲ့ ခရမ်းချဉ်ပင် စိုက်ထားတာ တော်တော်လေး အောင်မြင်ပါတယ်။ တစ်နေ့ရောင်းကြေးနှစ်ရာ့ငါးဆယ် သုံးရာလောက်ရပါတယ်”
“မိတ်ဆွေ ခင်ဗျားမှားနေပြီ၊ ဒါမီးသတ်ရုံးဗျ၊ စိုက်ပျိုးရေးဌာန မဟုတ်ဘူး”
“ဟုတ်ကဲ့ သိပါတယ်ခင်ဗျ၊ အခု ကျွန်တော့်အိမ်ဘေးမှာ မီးလောင်နေပါတယ်၊ ခင်ဗျားတို့လာပြီး မီးသတ်ရင် ကျွန်တော့်စိုက်ခင်းက အပင်တွေကို နင်းမိမှာစိုးလို့ပါ”

**မောင့်လက်..မှတ်လို့**
“မောင်ရေ ကျွန်မရင်ဘတ်ကရင်ထိုးလေး ခါးပိုက်နှိုက်သွားပြီ ဒုက္ခပါပဲ”
“မင်းနှယ့်ကွာ လက်ကြီးတစ်ခုလုံးနဲ့ မင်းရင်ဘတ်လာနှိုက်တာ မင်းမသိဘူးလား”
“ကျွန်မက မောင့်လက်မှတ်လို့ ကြည့်နေလိုက်တာ”

**ကိုယ့်မိန်းမအကြောင်း ကိုယ်အသိဆုံးပါ**

“ခင်ဗျားမိန်းမကို လူတစ်ယောက်နမ်းဖို့ကြိုးစာနေတာ ခုနကပဲ ကျွန်တော်တွေ့ခဲ့တယ်ဗျ”
“ဟုတ်လား၊ သူကြိုးစားတာအောင်မြင်သွားလား”
“ဟင့်အင်း”
“အဲဒါဆို ကျွန်တော့်မိန်းမ မဖြစ်နိုင်ဘူး”

**ကာကွယ်ရေး ပစ္စည်း**

လူရွယ်တစ်ဦး ဆေးဆိုင်သို့ ရောက်လာကာ အရောင်းသမကို တိုးတိုးပြောသည်၊ အမျိုးသမီးက ကျယ်ကျယ် ပြန်ပြောသည်။
“ဘာ ကာကွယ်ရေးပစ္စည်းလဲ၊ ကျွန်မတို့ဆိုင်က ဆေးဆိုင်ရှင့်၊ ကာကွယ်ရေး ၀န်းကြီးဌာန မဟုတ်ဘူး”

**အရေးကြီးတာ မေ့သွားတယ်***

စိတ်လှုပ်ရှားနေသော လူငယ်စုံတွဲတစ်တွဲ စိန်ရွှေရတနာဆိုင်ထဲသို့ဝင်လာပြီး တန်ဖိုးကြီး နားကပ်များ၊ လက်ကောက်များကို အငမ်းမရကြည့်သည်။ လူငယ်သည် မိမိ၏အိတ်ထောင်ကို အလောတကြီးနှိုက်သည်။ ရှိသမျှအိတ်များကို နှိုက်သော်လည်း ရှာသည့်ပစ္စည်းကို မတွေ့ချေ၊ ထိုအခါ အမျိုးသမီးက ဆိုင်ရှင်ကို ပြောသည်။
ကိစ္စမရှိပါဘူး၊ ကျွန်မတို့နောက်တစ်ခေါက်လာခဲ့မယ်၊ ကျွန်မရဲ့ အမျိုးသားက ခြောက်လုံးပြူး ထည့်ယူ လာဖို့ မေ့သွားတယ်”

**သုံးစရာရှိသုံးမှပေါ့**

ယောက်ျားအပေါ် သစ္စာဖေါက်ရပုံအကြောင်းကို မိန်းမက ရှင်းပြနေသည်။
“ပိန်ချုံးပြီး ထမင်းဆာနေတဲ့ လူတစ်ယောက် ရောက်လာတယ်၊ ကျွန်မ သူ့ကို သနားသွားတယ်၊ ဒါနဲ့ သူ့ကို ရေချိုးခိုင်းပြီး အစာကျွေးလိုက်တယ်၊ အ၀တ်အစားလည်း ဆင်ပေးလိုက်တယ်။ သူက ကျေးဇူးတင် စကားပြောတယ်၊ တစ်ဆက်တည်းက အစ်မကြီးရဲ့ ယောက်ျား အသုံးမပြုတဲ့ ပစ္စည်းရှိသလားလို့ မေးတယ်။ အဲဒီမှာ ရှင်ကျွန်မရဲ့ ကိုယ်ခန္ဓာကို အသုံးမပြုတာ ကြာပြီပဲလို့ သတိရလိုက်တယ်”

**နေကြပ်တဲ့နေ့**

“သိပ္ပံပညာရှင်တွေဟာ ဘယ်လိုနည်းနဲ့ နေကြပ်တယ်ဆိုတာကို ကြိုသိကြသလဲ မသိဘူးနော်”
“ဘာလဲ၊ သူတို့ သတင်းစာ မဖတ်ဘူးထင်လို့လား”

**ပြောတာကို နားထောင်မှပေါ့**

စကားထစ်သူတစ်ဦးသည် ဆိုင်မှ ရေခဲသေတ္တာဝယ်သည်။ ဆိုင်မှ အလုပ်သမားက ရေခဲသေတ္တာကို ငါးထပ် တိုက်ပေါ်သို့ ထမ်းတင်သည်။ လှေခါးတစ်လျှောက်တက်စဉ် စကားထစ်သူက တစ်စုံတစ်ခုပြောရန် ကြိုးစားသည်။ အလုပ်သမားက နားမထောင်ဘဲ ပြန်ပြောသည်။
“အပေါ်ရောက်မှ ပြောဗျာ”
အပေါ်ဆုံးထပ်သို့ ရောက်လာသည်။
“ကိုင်း…..ဘာပြောချင်လို့လဲ၊ ပြော”
ကျွန်တော်တို့ ၀င်ပေါက်မှား…. မှားဝင်မိတယ်ဗျ”
အလုပ်သမားသည် ဆဲရေးတိုင်းထွာပြီး ရေခဲသေတ္တာကို လာခဲ့သော လှေခါးအတိုင်း ထမ်းပြီးပြန်ဆင် သည်၊ အဆင်းလမ်းတွင် စကားထစ်သူက စကားပြောရန် ကြိုးစားသည်၊ အောက်သို့ရောက်လာသည်။
“ဒီတစ်ခါဘာပြောဦးမလို့လဲ”
“ကျွန်တော် ကျီ…..ကျီစားတာပါ ခင်ဗျာ”

**ပိန်ဆေး**

“ကျွန်မ ဆရာပေးတဲ့ ပိန်ဆေးကို သောက်နေတာ ၂- လရှိပြီ၊ ပိန်လည်းမပိန်ပါလားရှင်”
“တစ်နေ့ကို ခင်ဗျား ဘယ်နှစ်ကြိမ်သောက်သလဲ”
ဆယ်ကြိမ်၊ ထမင်းစားပြီးတိုင်း တစ်ခါသောက်လို့ ဆရာပြောတဲ့အတိုင်းပဲလေ”

**ငွေရတု**

ပြင်သစ်ကုမ္ပဏီတစ်ခု၏ အုပ်ချုပ်ရေးမှူးသည် ၀န်ထမ်းများအားလုံးကို စုရုံးစေကာ အောက်ပါအတိုင်း ပြောသည်။
“လာမယ့်ရက်အနည်းငယ်အတွင်းမှာ ကျွန်တော်တို့ရဲ့ ကုမ္ပဏီဟာ ၂၅-နှစ် ပြည့်တော့မယ်၊ ဒီနှစ်ပတ် လည်နေ့ကို ကျွန်တော်တို့ ထိုက်ထိုက်တန်တန် ကျင်းပရမှာဖြစ်တယ်။ ဒါကြောင့် ဘယ်လိုကျင်းပရင် ကောင်းမလဲ ဆိုတာနဲ့ ပတ်သက်ပြီး အကြံဉာဏ်ပေးကြစေချင်ပါတယ်၊ ဒါပေမယ့် ဒီငွေရတုပွဲဟာ ပိုက်ဆံ အကုန်အကျ များလို့ မဖြစ်ဘူး၊ တစ်နိုင်ငံလုံးက ကုမ္ပဏီအကြောင်းကို ပြောစမှတ်ဖြစ်ရမယ်၊ ၀န်ထမ်းအားလုံးလည်း ကျေနပ်အားရဖြစ် စေရမယ်၊ ကိုင်း….. အကြံဉာဏ်များပေးကြပါ”
မိနစ်အနည်းငယ်အကြာတွင် အခန်းထောင့်တစ်နေရာမှ ၀န်ထမ်းတစ်ဦး နေရာမှ ထရပ်သည်။
“ကျွန်တော့်ဆီမှာ အကြံဉာဏ်တစ်ခုပေါ်လာပါတယ်”
“ပြောပါ”
“အီဖယ်လ်မျှော်စင်ကနေ အုပ်ချုပ်ရေးမှူးကြီး ခုန်ချပါ၊ ဒီအတွက် မျှော်စင်ပေါ်တက်ခ လက်မှတ်ဖိုးပဲ ကုန်ပါမယ်၊ ပြင်သစ်တစ်နိုင်ငံလုံးကလလည်း ခုန်ချတဲ့အကြောင်းနဲ့ ကျွန်တော်တို့ကုမ္ပဏီအကြောင်းကို ပြောကြ မှာ သေချာတယ်၊ အဲ ၀န်ထမ်းတွေရဲ့ ကျေနပ်အားရမှုကတော့ ဘယ်လိုမှမဖော်ပြတတ်အောင်ပါပဲ”

**လက်ဖြောင့်တပ်သား**

အမေရိကန်ဗိုလ်ချုပ်သည် ရှေ့တန်းစစ်မျက်နှာသို့ ရောက်လာသည်။ ရုတ်တရက် ရန်သူ့ဘက်မှ ပစ်လိုက်သော ကျည်ဆန်သည် ၎င်း၏စစ်ယူနီဖောင်းအကျီ င်္ကြယ်သီးကို ဖြတ်သွားသည်။ ကြောက်ကြောက်ဖြင့် ချက်ချင်းဆိုသ လို မြေကြီးပေါ်လှဲချလိုက်သည်။ ဘေးကိုကြည့်လိုက်သောအခါ စစ်သားများဘာမှမဖြစ်သလို ၀ိုင်းဖွဲ့၍ စကားပြော နေကြကသည်ကို တွေ့လိုက်ရသည်။ ဤအချိန်တွင် ဆာဂျင်တစ်ယောက်ပြေးလာသည်။ ဗိုလ်ချုပ်က အော်ပြောသည်။
“ဟေ့ ဆာဂျင်၊ ရန်သူ့စနိုက်ပါကို မင်းတို့ဘာဖြစ်လို့ မပစ်ချတာလဲ”
“ပစ်စရာမလိုဘူးထင်တယ် ဗိုလ်ချုပ်၊ သူ့ကိုပစ်ချလိုက်ရင် သူ့ထက်လက်ဖြောင့်တဲ့ ငနဲတစ်ယောက် ယောက်ကို ရန်သူက အစားထိုးနေရာချလိုက်ရင် မခက်ပေဘူးလား”

**ကျီးစားတာပါ**

စိတ်ရောဂါ အထူးကုဆေးရုံဝင်းထဲရှိ ပန်းခြံတွင် လူနာနှစ်ဦးလမ်းလျှောက်နေကြသည်။ ပန်းခြံထဲတွင်တွေ့သော ခွေးတစ်ကောင်အနားသို့ လူနာတစ်ယောက်က ကပ်သွားသည်။ ခွေးကိုပွတ်သက်ပြီး ပြောသည်။
“မင်္ဂလာပါ ဆင်မင်း”
နောက်တစ်ယောက်က ၎င်းကိုလက်တို့ခေါ်ပြီး တိုးတိုးပြောသည်။
“ဟေ့ကောင်၊ မင်းရူးနေသလား၊ ဆင်မှမဟုတ်တာ”
“ငါသိပါတယ်ကွ၊ ဒီမြင်းကို ငါတမင်ကျီစားတာပါ”

**မောင့်ချစ်သူလေး **

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)