နိုင်ငံသားစီစစ်ခြင်းနှင့် ကိုယ်ရေးအချက်အလက်စုဆောင်းသော လုပ်ငန်းစဉ် (Bio data) ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတရပ်ကို မဲဆောက်မြို့မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။ ဒီအလုပ်ရုံဆွေးနွေးပွဲကို အာဆီယံ ဒေသရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ ကွန်ယက်အဖွဲ့တာဝန်ရှိသူ၊ တာ့(ခ်)ခရိုင် စက်မှုလုပ်ငန်းရှင်များနဲ့ ကုန်သည်ကြီးများအသင်း (FTI) မှ အထွေထွေအတွင်း ရေးမှူး၊ မဲဆောက်မြို့ လူဝင်မှုကြီးကြပ်ရေးရုံးမှ ရဲဗိုလ်ကြီး ဆထိ၊ မဲဆောက်မြို့နယ်ရုံး လုံခြုံရေးမှူးတစ်ဦး နဲ့ အလုပ်သမားနေရာချထားရေးရုံး ဦးစီးအရာရှိတစ်ဦး စတာတွေက ၄င်းတို့ နဲ့သက်ဆိုင်တဲ့ လုပ်ငန်းဆောင်တာတွေကို ရှင်းလင်းပြောပြသွားပါတယ်။
ဒီကနေ့မှာ မဲဆောက်မြို့ အခြေစိုက် လူထုအခြေပြုအဖွဲ့အစည်း (CBOs) နဲ့ NGOs တွေက လူဦးရေ စုစုပေါင်း (၅၀) ခန့်တက်ရောက်ခဲ့ကြပါတယ်၊
ဒီကနေ့ တက်ရောက်လာကြတဲ့ (CBOs) တွေဟာ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ သိချင်တဲ့ မေးးခွန်းတွေကို ကိုယ်စားပြု မေးမြန်းခဲ့ကြပါတယ်။ဒီလိုအလုပ်ရုံဆွေးနွေးပွဲ ကျင်းပချိန်ဟာမကြာခင် ဖေဖော်ဝါရီလ ၂၈ရက်နေ့ မှာကုန်ဆုံးမယ့် ရွှေ့ 
ပြောင်းအလုပ်သမားများယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ကြရေး နောက်ဆုံး၇က် သတ်မှတ်ချက်နဲ့ လည်းနီးကပ်စွာတိုက်ဆိုင်
နေပါတယ်။အခုယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ကြရေးကိစ္စဟာ အလုပ်သမားလက်မှတ်ဟောင်းဖြစ်စေ၊နေထိုင်ခွင့်လက်မှတ်
အဟောင်းဖြစ်စေ၊ရှိသူတို့ ကသာပြုလုပ်ကြရမှာဖြစ်ပါတယ်။မနှစ်က အလုပ်သမားလက်မှတ်အသစ်ပြုလုပ်ထားကြသူအတွက်
ထိုင်းအလုပ်သမားဝန်ကြီးဌာနက ကြေငြာချက်ထွက်မလာသေးတာမို့ လို့ လုပ်လိုမရကြသေးပါဘူး။ထိုင်းနိုင်ငံမှာ မြန်မာသံရုံးနှင့်ဆက်သွယ်ပြီးမြန်မာအစိုးရဘက်ကခွင့်ပြုထားတဲ့ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ရေးအကျိုးဆောင်ကုမ္မဏီ၅၆ခုရှိတယ်
လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။၂၀၀၉ခုနှစ်ကယာယီနိုင်ငံကူးလက်မှတ်စတင်လုပ်ဆောင်ကြရန် ကြေငြာတုန်းကမြန်မာပြည်ဘက်ကိုကျပ် ၃၀၀၀ ၊ထိုင်းဘက်ကို ဘတ်၅၀၀ ဖြစ်ပေမယ့် အကျိုးဆောင်ကုမ္မဏီတွေကအခုအခါမှာမြ၀တီ - မဲဆောက်မှာလုပ်၇င် ၅၀၀၀ ဘတ်၊ကော့သောင်း-၊ရနောင်းမှာလုပ်ရင် ၇၀၀၀ဘတ်၊ တာချီလိတ် - မယ်ဆိုင်မှာလုပ်ရင် ဘတ်၈၅၀၀မှ ၁၀၀၀၀ဘတ်အထိအကုန်အကျရှိပြီး အဲဒီပတ်စ်ပို့ လုပ်ပြီးရင်လည်း ထိုင်းနိုင်ငံမှာ နေထိုင်အလုပ်လုပ်ကိုင်ခွင့်လက်မှတ်အတွက် ဘတ် ၃၈၀၀ ကုန်ကျရအုံးမှာဖြစ်ပါတယ်။ အဲဒီလို ယာယီပတ်စ်ပို့နဲ့ အလုပ်သမားလက်မှတ်တွေအတွက် မရှိ ရှိတာ အကုန်အကျခံပြီး လုပ်ဆောင်နေကြရပေမယ့် ထိုင်းနိုင်ငံရဲ့ လုပ်အားခ အနည်းဆုံး ဒေသထဲမှာ ပါဝင်တဲ့ မဲဆောက်အပါအ၀င် တာ့(ခ်)ခရိုင်မှာ သတ်မှတ်ထားတဲ့ အနိမ့်ဆုံး လုပ်အားခ ၁၆၂ ဘတ် ရရှိရေးအပါအ၀င် ထိုင်းဥပဒေပါ အလုပ်သမား အခွင့်အရေးတွေ ရရှိဖို့ အခုချိန်ထိ မလွယ်ကူသေးဘူးလို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေနဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေက ပြောဆိုကြပါတယ်။
** သတင်း-..... သောင်ရင်းနဂါး **

No comments:
Post a Comment