(Chile May Host World’s Biggest Telescope)
**ကမ္ဘာ့အကြီးဆုံးအာကာသမှန်ပြောင်း ဥရောပ ပညာရှင်များထုတ်လုပ်**
(မြူးနစ်၊ ဖေဖော်ဝါရီ ၈)
အဆိုပါ တယ်လီစကုပ်ကို ဗာရီလက်တယ်လီစကုပ်ဟုခေါ်ဆိုပြီး ချီလီနိုင်ငံတွင် တည်ဆောက်ထားသော အခြား အာကာသကြည့်မှန်ပြောင်းလေးခုနှင့် ချိတ်ဆက်ကာ အာကာသုတေသနလုပ်ငန်းများ ဆောက်ရွက်မည်ဖြစ်သည်။ ယင်းအာကာသကြည့် မှန်ပြောင်းသည် အချင်းမီတာ ၃၀ ရှိပြီး ချီလီနိုင်ငံ သဲကန္တာရဒေသရှိ တောင်ထိပ်ပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်သည်။ ၄င်းမှန်ပြောင်း၏ မှန်ဘီလူးအရည်အသွေးမြင့်မားမှုနှင့် ပုံရိပ်ကြည်လင်ပြတ်သားမှုများမှာ အခြားအာကာသကြည့်မှန်ပြောင်းများထက် ပိုမိုကောင်းမွန်သည်။ ယခုကမ္ဘာ့အကြီးဆုံး အာကာသကြည့်မှန်ပြောင်းကို ဥရောပနိုင်ငံပေါင်း ၁၅ နိုင်ငံက စပွန်ဆာပေးထားပြီး ဂျာမဏီနိုင်ငံ မြူးနစ်မြို့တွင် ဌာနချုပ်ဖွင့်ထားသော ဥရောပတောင်ပိုင်းအာကာသသုတေသနရေးရာအဖွဲ့က တည်ဆောက်ထားခြင်းဖြစ်သည်။ (အင်တာနက်)
**အသံထက်မြန်ပြီး ရေဒါမဖမ်းယူနိုင်သည့် ဂျေ-၂၀ တိုက်လေယာဉ်သစ် တရုတ်စမ်းသပ်ပျံသန်း**
(ပေကျင်း၊ ဖေဖော်ဝါရီ ၈)
အခြားနိုင်ငံများမှ ထုတ်လုပ်ထားသော တိုက်လေယာဉ်များထက် ပိုမိုစွမ်းဆောင်ရည်မြင့်မားသည့် ဂျေ-၂၀ အမည်ရှိ တိုက်လေယာဉ်အသစ်ကို တရုတ်နိုင်ငံက ဖေဖော်ဝါရီ ၇ ရက်၌ စတင်စမ်းသပ်ပျံသနးကြောင်း တရုတ်အရာရှိများက ဖေဖော်ဝါရီ ၈ ရက်၌ ပြောကြားသည်။ အဆိုပါ တိုက်လေယာဉ်သစ်သည် ရေဒါဖြင့်ဖမ်းယူနိုင်ခြင်းမရှိဘဲ ယခင်တရုတ်နိုင်ငံက ထုတ်လုပ်ခဲ့သော ဂျေ-၇ နှင့် ဂျေ-၈ တိုက်လေယာဉ်များထက် နည်းပညာပိုမိုမြင့်မားသည်ဟု ၄င်းတိုက်လေယာဉ်ကို မောင်းနှင်သည့် တရုတ်လေယာဉ်မှူးတစ်ဦးဖြစ်သော စူယောင်လန်းက ပြောကြားသည်။ (အင်တာနက်)
**တိဗက်အဝေးပြေးလမ်းပေါ်၌ နှင်းထူထပ်စွာကျဆင်း၊လူပေါင်း ၄၀ ကျော်ပိတ်မိနေ၊ ယာဉ်လမ်းကြောပိတ်ထားရ**
(လက်ရှ်ဆာ၊ ဖေဖော်ဝါရီ ၈)
တရုတ်နိုင်ငံအနောင်တောင်ပိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်၇ တိဗက်ဒေသရှိ မီတာ ၅၀၀၀ ရှိသော အဝေးပြေးလမ်းမကြီးပေါ်တွင် ဆီးနှင်းများထူထပ်စွာကျဆင်းမှုကြောင့် လူပေါင်း ၄၀ ကျော်ပိတ်မိနေကြောင်း ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ဖေဖော်ဝါရီ ၈ ရက်၌ ပြောကြားသည်။ နာဂါရီဒေသ ကျောင်ဘားစီရင်စုအတွင်းရှိ အမှတ် - ၂၁၉ အဝေးပြေးလမ်းမကြီးပေါ် ကီလိုမီတာ ၁၀၀ အကွာအဝေးရှိ လမ်းအစိတ်အပိုင်းတွင် နှင်းထုများ ဖေဖော်ဝါရီ ၇ ရက်ကတည်းက ဖုံးအုပ်နေသောကြောင့် ယာဉ်လေးစီပေါ်တွင် လိုက်ပါလာသည့် ခရီးသည် ၄၀ မှာ ပိတ်မိနေလျက်ရှိကြောင်း ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင် ရဲအရာရှိတစ်ဦးဖြစ်သည့် ကျန်ကျင်းရှိုင်က ပြောကြားသည်။ ကယ်ဆယ်ရေး သမားများသည် ပိတ်မိနေသူများအား ကယ်ဆယ်ရန် ယင်းနေ့မွန်းလွဲ ၃ နာရီ ၀န်းကျင်က ရောက်ရှိခဲ့ကြောင်း ၄င်းကပြောကြားသည်။ (အင်တာနက်)
**လွန်ခဲ့သည့် နှစ်ပေါင်း လေးဘီလီယံခန့်က အင်္ဂါဂြိုလ်ပေါ်တွင် သမုဒ္ဒရာတစ်ခုဖြစ်တည်ခဲ့ဟုဆို**
(ပါရီ၊ ဖေဖော်ဝါရီ ၈)
အဆိုပါ ရေပြင်ကြီးမှာ သမုဒ္ဒရာတစ်ခုသဖွယ်တည်ရှိခဲ့ကြောင်း အင်္ဂါဂြိုမျက်နှာပြင်ပေါ်တွင် အလွန်ရှေးကျသော ကမ်းရိုးတမ်းများ၊ သမုဒ္ဒရာကြမ်းပြင် အနေအထားများ၊ နှစ်ပေါင်းများစွာဖြစ်တည်နေသော နုန်းတင်မြေများကု ဥရောပအာကာသအေဂျင်၏ အင်္ဂါဂြိုလ်လေ့လာရေးယာဉ်က ရေပါအသုံးပြုလေ့လာပြီး မြေပြင်စခန်းသို့ သတင်းအချက်အလက်နှင့် ဓာတ်ပုံများပေးပို့ခဲ့ခြင်းဖြစ်သည်။ ယခင်သမုဒ္ဒရာသည် အင်္ဂါဂြိုလ်မျက်နှာပြင်ပေါ်တွင် လွန်ခဲ့သော နှစ်ပေါင်း လေးဘီလီယံခန့်က ဖြစ်တည်ခဲ့ခြင်းဖြစ်ပြီး နှစ်ပေါင်းသုံးဘီလီယံခန့်တွင် ၄င်းသမုဒ္ဒရာသည် ရေခဲပြင်ကြီးသဖွယ်ဖြစ်တည်ခဲ့ခြင်းဖြစ်ကြောင်း သတင်း၌ ဆက်လက်ဖော်ပြထားသည်။ (အင်တာနက်)
**ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်း၌ အင်အားပြင်းငလျင်လှုပ် သေဆုံးသူ ၅၂ ဦးရှိ၊ နေအိမ်များပြိုလဲ**
(မနီလာ၊ ဖေဖော်ဝါရီ ၇)
အဆိုပါငလျင်သည် ဖိလစ်ပိုင်နိုင်ငံ နေဂရိုစ်ကျွန်းရှိ ဒူမာဂူတီမြို့ မြောက်ဘက် ကီလိုမီတာ ၇၀ ခန့်အကွာ မြေအောက်အနက် ကီလိုမီတာ ရ၀ ခန့်၌ ဗဟိုပြုလှုပ်သွားခြင်းဖြစ်သည်။ ငလျင်ဒဏ်ကြောင့် နေအိမ်အပျက်အစီးများအောက်တွင် လူ ၂၉ ဦးပျောက်ဆုံးနေဆဲဖြစ်သည်။ ငလျင်လှုပ်မှုကြောင့် ဆူနာမီသတိပေးချက်ထုတ်ပြန်ခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်ရုပ်သိမ်းခဲ့သည်။ ငလျင်ဒဏ်ကြောင့် နေအိမ်နှင့် အဆောက်အအုံများ ပြိုကျခဲ့သည့်အပြင် မြေပြိုမှုများဖြစ်ပွားခဲ့သည်။ ငလျက်ဒဏ်ကို စီးဘူးမြို့နှင့် နေဂရိုစ်မြို့အပါအ၀င် အနီးဝန်းကျင်မြို့များတွင်လည်း ရိုက်ခတ်ခံခဲ့ရသည်။ ထို့အပြင် အချို့နေရာများတွင် မြေပြိုမှုများဖြစ်ပွားခဲ့သည်။ (အင်တာနက်)
စုစည်းဘာသာပြန် - မိုးမြင့်လင်းလက်

No comments:
Post a Comment