**၁၅.၅၂ ပေါင် ကိုယ်အလေးချိန်ရှိသော ကလေး တရုတ်နိုင်ငံအလယ်ပိုင်းတွင် မွေးဖွား**
(ပေကျင်း၊ ဖေဖော်ဝါရီ ၈)
တရုတ်အလယ်ပိုင်းတွင် မွေးဖွားခဲ့သော ကလေးငယ်လေးတစ်ဦး၏ ကိုယ်အလေးချိန်မှာ ၁၅.၅၂ ပေါင်ရှိသဖြင့် စံချိန်မှတ်တမ်းတင်စရာ ဖြစ်ခဲ့သည်။ နိုင်ငံအတွင်း ၁၉၄၉ ခုနှစ်မှ ယနေ့ ခေတ်ကာလအထိ မွေးကင်းစကလေးငယ်များတွင် ကိုယ်အလေးချိန် အများဆုံးဖြစ်နိုင်သည့် မှတ်တမ်းတင်လောက်သော ကလေးငယ်ဖြစ်သည်။ ထိုကလေးငယ်ကို ဟီနန်ပြည်နယ်၌ အသက် ၂၉ နှစ်အရွယ်အမျိုးသမီးတစ်ဦးက ဖေဖော်ဝါရီ ၄ ရက်တွင် ဖွားမြင်လိုက်ခြင်းဖြစ်ကြောင်း၊ ကလေးငယ်၏ အမည်ကို ချောင်ချောင်ဟု အမည်ပေးထားပြီး အလွန်ဖွံ့ထွားသည့် ကလေးငယ်ဖြစ်သော်လည်း မွေးဖွားမှုမှာ အချိန် မိနစ် ၂၀ ခန့်သာ ကြာမြင့်ခဲ့ကြောင်း နိုင်ငံပိုင် တီယန်ကျင်း သတင်းစာတွင် ဖေဖော်ဝါရီ ၇ ရက်က ဖောပြပါရှိသည်။ (အင်တာနက်)
**လောရက်စ်တစ်နှစ်တာအကောင်းဆုံး အားကစားဆုများချီးမြှင့်၊ တင်းနစ်ကစားသမား ဒီဂျိုကိုဗစ်နှင့် အပြေးမယ် ချာရိုင်ရွတ်တို့ရရှိ**
လောရက်စ် ကမ္ဘာ့အားကစားဆုတွေကို ချီးမြှင့်နိုင်ဖို့ လွန်ခဲ့တဲ့ ၁၉၉၉ ခုနှစ်မှာ ပက်ထရွန်ဒမ်လာနဲ့ ရစ်ခ်ျမွန့်တို့က ဦးဆောင်ဆော်သြကြပြီး ကမ္ဘာအနှံ့မှာရှိတဲ့ မာစီဒီးဘင့်ဇ်လိုကားကုမ္ပဏီတွေ အပါအ၀င် ငွေကြေးကြွယ်ဝတဲ့ ပုဂ္ဂိုလ်တွေက ကမကထပြုပြီး စတင်ဖွဲ့စည်းထူထောင်ခဲ့ခြင်းဖြစ်ပါတယ်။ လောရကစ် ကမ္ဘာ့အားကစားဆုတွေကို ၂၀၀၀ ပြည့်နှစ်ကစတင်ပြီး နှစ်စဉ် ဖေဖော်ဝါရီလမှာ ကမ္ဘာ့နိုင်ငံပေါင်း ၈၀ ကျော် အားကစားအယ်ဒီတာတွေ၊ အားကစားကလောင်ရှင်တွေနဲ့ အသံလွှင့်ဌာနတွေက ဆန္ဒမဲပေးရွေးချယ်ပေးခဲ့ကြခြင်း ဖြစ်ပါတယ်။
ဒါကြောင့် ၂၀၁၁ ခုနှစ်အတွက် အကောင်းဆုံးအားကစားသမားဆုကို တင်းနစ်ကစားသမား နိုဗက်ဒီဂျိုကိုဗစ် ရွေးချယ်ခံရပြီး တစ်နှစ်တာအကောင်းဆုံး အမျိုးသမီး အားကစားမယ်ဆုကို ကင်ညာအပြေးမယ် ချာရိုင်ရွက်က ဆွတ်ခူးရရှိသွားပါတယ်။ (အင်တာနက်)
စုစည်းဘာသာပြန် - မောင်မောင်မြင့်ဆွေ
.

No comments:
Post a Comment