**ပွဲကြည့်ပရိသတ်အတွင်း မခံနိုင်အောင်စနောက်ရာမှ ရန်ပွဲဖြစ်ပွား၊ ၁၀၄ ဦးသေဆုံးခဲ့**
(ကိုင်ရို၊ ဖေဖော်ဝါရီ ၂)
အီဂျစ်နိုင်ငံ ပို့ဆက်မြို့တွင် ကျင်းပသည့် နိုင်ငံ့ထိပ်သီးဘောလုံးအသင်းနှစ်သင်း ဖေဖော်ဝါရီ ၁ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားကြရာ ဘောလုံးပြိုင်ပွဲတွင် နှစ်ဖက်ပရိသတ်မျာ ခိုက်ရန်ဖြစ်ပွားကြသဖြင့် သေဆုံးသူ ၁၀၄ ဦးအထိရှိပြီး ဒဏ်ရာရသူတစ်ထောင်ကျော်ရှိခဲ့ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြသည်။ အီဂျစိ်သီးကလပ် အဲလ်အာလီအသင်းနှင့် ပို့ဆက်မြို့ခံ အဲလ်မာစရီအသင်းတို့ ယှဉ်ပြိုင်ကစားကြသည့် ဘောလုံးပွဲတွင် အဲလ်မာစရီအသင်းက အဲလ်အာလီအသင်းကု သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရပြီးနောက် နှစ်ဖက်ပရိသတ်များ ကွင်းထဲဝင်ရောက်ကာ ခိုက်ရန်ဖြစ်ပွားခဲ့ကြသည်။ ခိုက်ရန်ဖြစ်ပွားရသည့် အကြောင်းရင်းတစ်ရပ်မှာ ရှုံးသည့် အာလီပရိသတ်များက နိုင်သောမာစရီအသင်းကို မခံနိုင်အောင်စနောက်သည့်ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး ကွင်းထဲဝင်ရောက်လာရာမှ စတင်ကာ ရန်ခိုက်ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။ တစ်ခုသော ဆိုင်းဘုတ်တွင် “အဲလ်မာစရီ ခေါ် ပို့ဆက်အသင်းသည် အမှိုက်နှင့်တူကြောင်း၊ ၄င်းအသင်းသည် လူမဟုတ်ကြောင်း” စသည်ဖြင့် မခံနိုင်အောင်စနောက်သည့်စာသားများရေးသားထားသည် ထိုသို့ စနောက်ခြင်းကို မခံနိုင်သဖြင့် အဲလ်မာစရီပရိသတ်များအား ကွင်းထဲဆင်းကာ အဲလ်အာလီပရိသတ်များနှင့် ဘောလုံးသမားများကိုပါ လိုက်လံတိုက်ခိုက်ခဲ့ကြောင်း၊ ပွဲကြည့်စင်ပေါ်မှလည်း ကျောက်ခဲ၊ မီးပန်း၊ ပုလင်းစသည်တို့ဖြင့် ပစ်ပေါက်ခဲ့ကြကြောင်း လုံခြုံရေးအရာတစ်ဦးက ပြောကြားသည်။ (အမ်အင်န်အေ၊ ဆင်ဟွာ)
**ဥရောပ၌ အအေးလှိုင်းများကျရောက်၊လူပေါင်း ၈၃ ဦးအထိ သေဆုံး**
(ဘူခါရက်၊ ဖေဖော်ဝါရီ ၂)
ဥရောပ အရှေ့ပိုင်းနိုင်ငံများတွင် အအေးလှိုင်းများကျရောက်လျက်ရှိရာ ဒေသအများအပြား၌ အပူချိန် အနုတ် ၃၀ ဒီဂရီဆဲလ်စီးရပ်စ်အထိ ကျဆင်းနေရာ သေဆုံးသူဦးရေမှာ ၈၃ ဦးခန့်ရှိနေပြီ ဖြစ်ကြောင်း၊ ယူကရိန်းအရာရှိများက ဖေဖော်ဝါရီ ၂ ရက်၌ သတင်းထုတ်ပြန်သည်။ ယူကရိန်းနိုင်ငံတစ်နိုင်ငံတည်း၌ပင် အအေးဓာတ်ပြင်းထန်မှုကြောင့် ပြီးခဲ့သည့်ရှစ်ရက်အတွင်း သေဆုံးသူဦးရေမှာ ၄၃ ဦးအထိရှိလာပြီဖြစ်သည်ဟု ၄င်းတို့က ပြောကြားသည်။ သေဆုံးသူများမှာ ဆေးရုံနှင့် နေအိမ်များတွင်ဖြစ်ပြီး အချို့မှာ လမ်းများပေါ်တွင် သေဆုံးနေကြခြင်းဖြစ်သည်။ (အင်တာနက်)
စုစည်းဘာသာပြန် - မိုးမြင့်လင်းလက်

No comments:
Post a Comment