**(၈၄) ကြိမ်မြောက် အော်စကာဆုအတွက် အမည်စာရင်းများထွက်ပေါ် ရုပ်ရှင်မင်းသား ဂျော့ကလူနေနှင့်
မင်းသမီး ၀ီလီလျံ ရေပန်းစားနေ**
(လော့စ်အိန်ဂျလိစ်၊ ဖေဖော်ဝါရီ ၉)
၂၀၁၂ ခုနှစ်ရဲ့ (၈၄) ကြိမ်မြောက် အော်စကာ ရုပ်ရှင်အကယ်ဒမီဆု ချီးမြှင့်ပွဲအခမ်းအနားကို အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့မှာရှိတဲ့ ကိုဒတ်ကဇာတ်ရုံမှာ လာမယ့် ဖေဖော်ဝါရီ ၂၆ ရက်တွင် ကျင်းပတော့မှာဖြစ်ပါတယ်။ အော်စကာ ရုပ်ရှင်အကယ်ဒမီဆုချီးမြှင့်ပွဲကို အမေရိကန်နိုင်ငံ ဟောလိဝုဒ်မှာရှိတဲ့ ဟောလိဒ်ရိုစ်ဘတ်ဟိုတယ်မှာ ၁၉၂၇ ခုနှစ် ရုပ်ရှင်ရာသီမှာ ပြသခဲ့တဲ့ ရုပ်ရှင်ကားတွေထဲမှက ရွေးချယ်ပြီး ဆုချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်က စတင်ပြီး လော့စ်အိန်ဂျလိစ်မြို့ ဟောလိဝုဒ်မှာရှိတဲ့ ကိုဒတ်ကဇာတ်ရုံမှာ ပြောင်းရွှေ့ကျင်းပခဲ့ပါတယ်။ မကြာမီ ကျင်းပတော့မယ့် (၈၄) ကြိမ်မြောက် အော်စကာရုပ်ရှင် အကယ်ဒမီဆုကိုတော့ ၂၀၁၁ ခုနှစ် အတွင်းမှာ ပြသခဲ့တဲ့ ဇာတ်ကားတွေထဲက ရွေးချယ်ပြီး ဆုတွေချီးမြှင့်မှာ ဖြစ်ပါတယ်။
(၈၄) ကြိမ်မြောက် အော်စကာရုပ်ရှင် အကယ်ဒမီဆုအတွက် ပဏာမအမည်စာရင်းထွက်လာပြီးတဲ့နောက် ရေပန်းစားနေတဲ့ ဇာတ်ကား၊ ဒါရိုက်တာနဲ့ သရုပ်ဆောင်တွေရဲ့ အမည်တွေလည်း ပရိသတ်အကြားမှာ ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။ အော်စကာဆုရမယ်လို့ အမည်စာရင်းထွက်ပေါ်နေတဲ့ အကောင်းဆုံးအမျိုးသမီး သရုပ်ဆောင်တွေကတော့ ဂလန်းဂလို့၊ ဗီအိုလာဒေးဗစ်၊ ရွန်နေမာရာ၊ မာရယ်စတိပ် ၊မီချယ်လီဝီလီလျံ တို့ပဲဖြစ်ပါတယ်။ (အင်တာနက်)
**အေအိုင်ဒီအက်စ်ရောဂါကုသသည့်ဆေးဝါးများ ဈေးအသက်သာဆုံးဖြင့် ထုတ်လုပ်မည်**
(ကမ်ပါလာ၊ ဖေဖော်ဝါရီ ၉)
ယူဂန္ဓာနိုင်ငံတွင် ဈေးသက်သာပြီး ကုသရာတွင် ပိုမိုထိရောက်သော HIV/ AIDS ဆေးဝါးများကို လာမည့်လတွင် စတင်ထုတ်လုပ်မည်ဖြစ်ကြောင်း ယူဂန္ဓာနိုင်ငံ နယူးဗားရှင်းသတင်စာ၌ ဖေဖော်ဝါရီ ၈ ရက်က ဖော်ပြထားသည်။
တန်နိုဖိုဗီယာအမည်ရှိ ၄င်းဆေးကို ပြည်တွင်းကုမ္ပဏီဖြစ်သည့် Quality Chemicals Pharmaceutical မှ ထုတ်လုပ်မည်ဖြစ်ကြောင်း နိုင်ငံပိုင် နေ့စဉ်သတင်းစာ နယူးဗားရှင်းတွင် ဖော်ပြထားသည်။ ခုခံအားကျဆင်းစေသော HIV ဗိုင်းရပ်စ်ပိုများ တိုးပွားလာခြင်းနှင့် ခန္ဓကိုယ်အတွင်းရောဂါပိုးပျံ့နှံ့ခြင်းများကို ကုသရာတွင် တန်နိုဖီုဗီယာ သောက်ဆေးသည် ပိုမိုအကျိုးသက်ရောက်စေမည်ဖြစ်သည်။ (အင်တာနက်)
စုစည်းဘာသာပြန် - ချိုချိုပြုံး

No comments:
Post a Comment