**Public Health**
- သွေးနှင့် သင့်၏ လေထုတ်ခြင်းကို လည်းကောင်း၊ ဝမ်းဖြောင့်ခြင်းကိုလည်းကောင်း၊ ပိုးသေခြင်းကိုလည်းကောင်း ပြုတတ်၏။
- အဖျားအမျိုးမျိုး၊ အနူအမျိုးမျိုး ကိုလည်းကောင်းပယ်နိုင်၏။
- အသံနက်ခြင်းကိုလည်းကောင်း၊ ချွေးထွက်ခြင်းကိုလည်းကောင်း၊ သုက်ပွားခြင်းကို လည်းကောင်း ပြုတတ်၏။
- ကြက်သွန်ဖြူကို မီးအုံး၍သုံးလျှင် လေလည်သည်။ ချောင်းဆိုးခြင်း၊ လေထိုးခြင်း၊ အာရုံကြောအားနည်းခြင်း၊ ဖျဉ်းရောဂါဖြစ်ခြင်း၊ အဆုတ်နာဖြစ်ခြင်း၊ ကြည်ညှာချောင်းဆိုးဖြစ်ခြင်း များကို ပျောက်ကင်းစေပြီး မူးမေ့လျှင် ကြက်သွန်ဖြူကို ရှူရပါသည်။ ကြက်သွန်ဖြူမှ ထုတ်ယူရရှိသော အဆီသည် အအေးဓာတ်ကို ကာကွယ်သည်။ တက်ဖျား၊ ကျဖျား၊ ခြေသေလက်သေ ဝေဒနာရှင်များ အတွက်လည်း လိမ်းဆေးအဖြစ်နှင့် နာကျင်ကိုက်ခဲသော ဝေဒနာမျာတွင် အသုံးဝင်သည်။ အကြောရောဂါနှင့် အကြောဆွဲရောဂါများတွင် လိမ်းဆေးအဖြစ် အသုံးပြုသည်။
အကယ်၍ တစ်ဦးတစ်ယောက်သည် ဆီးညှစ်အားနည်းနေ၍ ဆီးမသွားနိုင်ခဲ့သော် ဆီးစပ်၌ ကြိတ်ပြီး အုံပေးရမည်။
Ref:Health Care
**မေမွန်ကျော်**

No comments:
Post a Comment