ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, February 21, 2012

ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း

> (AC Milan Vs Arsenal )

**ချန်ပီယံဆုဖလားကိုင်မြှောက်လိုလျှင် အာဆင်နယ်ကို စွန့်ခွာသင့်ကြောင်း ဗန်ပါစီ ကို အီဘရာဟီမိုဗစ်ခ်ျ တိုက်တွန်းပြောကြား**

မိုဗစ်ခ်ျက ဗန်ပါစီအနေဖြင့် အာဆင်နယ်အသင်းတွင် နှစ်ပေါင်း အတော်အတန်ကြာ ကစားခဲ့သော်လည်းဆုဖလားနှင့် ဝေးကွာနေဆဲဖြစ်ကြောင်း၊ ထို့ကြောင့် ၄င်းအနေဖြင့် ယခုအချိန်တွင် ဖာဘရီဂတ်စ်ကဲ့သို့ အာဆင်နယ်သို့ စွန့်ခွာမည်ဆိုပါက အာဆင်နယ်အသင်းအပြင် ပရိသတ်များပါ နားလည်ပေးနိုင်မည်ဖြစ်ကြောင်း ဘောလုံးကစားခြင်းသည် ၀ါသနာအရမဟုတ်ဘဲ အောင်မြင်မှု ရယူနိုင်ရန်လည်း လိုအပ်ကြောင်း

(AC Milan Vs Arsenal)

မိမိဆိုလျှင်လည်း မတူညီသည့် ကလပ်ရှစ်သင်းတွင် ဖလားရှစ်လုံးကိုင်မြှောက်နိုင်ခဲ့ကြောင်း ထို့ကြောင့် ဗန်ပါစီအနေဖြင့် အောင်မြင်မှုကို လိုချင်တပ်မက်နေသည်ဆိုပါက ယခုအချိန်သည် အသင်းပြောင်းရန် အကောင်းဆုံးအချိန်ဖြစ်ကြောင်း ပြောကြားခဲ့သည် (အင်တာနက်)

**အမြင်အာရုံချို့ယွင်းမှုနှင့် ရင်ဆိုင်နေရသည့် ဂျိန်းစ်ဘွန်းမင်းသမီးကြီး ဂျူဒီဒန့်ခ်ျ**

ဂျိန်းစ်ဘွန်းဇာတ်ကားများတွင် ထောက်လှမ်းရေးအကြီးအကဲ ‘M’ အဖြစ် သရုပ်ဆောင်သူ မင်းသမီးကြီး ဂျူဒီဒန့်ခ်ျသည် အမြင်အာရုံချို့ယွင်းမှုပြဿနာနှင့် ရင်ဆိုင်နေရပြီဟု သတင်းများတွင် ဖော်ပြသည်။ စနေနေ့က ပြုလုပ်ခဲ့သော တွေ့ဆုံမေးမြန်းမှု တစ်ခုတွင် မင်းသမီးကြီး ဂျူဒီဒန့်ခ်ျက သူမ၏ မျက်စိအခြေအနေကို စမ်းသပ်စစ်ဆေးခဲ့ရာတွင် မျက်လုံးတစ်ဖက်မှာ အမြင်အာရုံ လုံးဝကွယ်ပျောက်သွားနိုင်သည့် အခြေအနေရှိပြီး အမြင်အာရုံအတော်ဆိုးရွားလျက်ရှိသောကြောင့် သူမ၏ ကိုယ်ပိုင်ဇာတ်ညွှန်းများကိုပင် မဖတ်နိုင်တော့ဟု ပြောကြားသည်။

အသက်(၇၇) နှစ်ရှိ မင်းသမီးကြီး ဂျူဒီဒန့်ခ်ျက လန်ဒန်မြို့ ဟိုတယ် တစ်ခု၌ Daily Mirror သတင်းစာနှင့် ပြုလုပ်သော တွေ့ဆုံမေးမြန်းမှုတွင် သူမ၏ သရုပ်ဆောင်ဘ၀ ဆက်လက်ထိန်းသိမ်းမြင့်တင်နိုင်ရန် မိသားစုဝင်များ၊ မိတ်ဆွေများအပေါ် မှီခို အားထားနေရကြောင်း၊ သို့သော်လည်း ဂျူဒီက ယင်းအခြေအနေကို နှစ်သက်သဘောကျကြောင်း အဘယ်ကြောင့်ဆိုသော် သူမက ထိုင်ရုံသာ ထိုင်၍ ဇာတ်ကောင်စရိုက်နှင့် ပတ်သက်၍ စိတ်ကူးယဉ်ရသော အချိန်ပိုရသောကြောင့် ဖြစ်ကြောင်း၊ အဆိုးဆုံးအခြေအနေတစ်ခုမှာညစာစာပွဲများတွင် မိတ်ဆွေအပေါင်းအသင်းများကို သဲသဲကွဲကွဲ မမြင်ရခြင်းပင် ဖြစ်ကြောင်း ပြောကြားသည်။ (အင်တာနက်)

** (၆၂) ကြိမ်မြောက် ဘာလင်ရုပ်ရှင်ပွဲတော် Golden Bear ဆုချီးမြှင့်၊ အီတလီ ဒါရိုက်တာ ၊ဒိန်းမတ်ရုပ်ရှင်မင်းသားတို့ ဆွတ်ခူး**

(ဘာလင်၊ ဖေဖော်ဝါရီ ၁၉)
ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် ဖေဖော်ဝါရီ ၁၈ ရက်က ကျင်းပသည့် (၆၂) ကြိမ်မြောက် ဘာလင် ရုပ်ရှင်ပွဲတော်၏ Golden Bear ဆုနှင့် Golden Silver ဆုများ ချီးမြှင့်ပွဲတွင် အီတလီရုပ်ရှင်ကား Caesar Must Die အကောင်းဆုံး Golden Bear ရုပ်ရှင်ဇာတ်ကားဆု ဆွတ်ခူးရရှိသွားသည်။ ထို့အပြင် ယင်းဇာတ်ကားကို ရိုက်ကူးခဲ့သည့် အီတလီနိုင်ငံသာ ဒါရိုက်တာနှစ်ဦးသော ပေါလိုနှင့် ဗစ်တာရီရိုတို့နှစ်ဦးက အကောင်းဆုံး Golden Bear ဒါရိုက်တာဆုဆွတ်ခူးရရှိခဲ့သည်။ တစ်ဖန်အကောင်းဆုံး Silver Bear အမျိုးသားသရုပ်ဆောင်ဆုကို ဒိန်းမတ်နိုင်ငံမှ ရုပ်ရှင်မင်းသားမစ်ကယ်ဘိုးဖိုစဂတ်က A Royal Affair ဇာတ်ကားဖြင့် ရရှိသွားခဲ့သည်။ အကောင်းဆုံး Silver Bear အမျိုးသမီးဇာတ်ဆောင်ဆုကို ကွန်ဂိုဒီမိုကရက်တစ်နိုင်ငံမှ ရုပ်ရှင်မင်းသမီး ရာချယ်အမ်ဝမ်ဇာက War Witch ဇာတ်ကားဖြင့် ဆွတ်ခူးရရှိခဲ့သည်။ အကောင်းဆုံး Golden Bear ရုပ်ရှင်ဇာတ်ကားတို ဆုကို ပေါ်တူဂီရုပ်ရှင် Rafa ဇာတ်ကားက ဆွတ်ခူးရရှိခဲ့သည်။ ထို့အပြင် အကောင်းဆုံွးGold Bear တစ်သက်တာ အအောင်မြင်ဆုံး အမျိုးသမီးသရုပ်ဆောင်ဆုကို အသက် ၆၃ နှစ်အရွယ်ရှိ အမေရိကန်ရုပ်ရှင်မင်းသမီးကြီး မာရယ်စတိပ်က ဆွတ်ခူးရရှိသွားခဲ့သည်။ (အင်တာနက်)

**ဆိတ်များအချင်းချင်း အသံသင်္ကေတဖြင့် ဆက်သွယ်နိုင်ကြောင်း ဗြိတိသျှသုတေသီများ လေ့လာတွေ့ရှိ**

ဆိတ်သတ္တ၀ါများသည် ၄င်းတို့ကျက်စားရာ ပတ်ဝန်ကျင်းအခြေနေပေါ်မှုတည်၍ ၄င်းတို့၏ အော်သံများဖြင့် အပြန်အလှန်ဆက်သွယ်မှုပြုကြသည်ဟု ဗြိတိသျှ သုတေသီများ၏ လေ့လာချက်တစ်ခုတွင် ဖော်ထုတ်တွေ့ရှိသည်။ ဦးချိုပါ စားမြုံ့ပြန်သတ္တပါဖြစ်သော ဆိတ်များသည် အသက်အရွယ်ကြီးရင့်လာပြီးနောက် အုပ်ဆုများဖွဲ့ကာ ကျက်စားကြသည့် အခါ အသံသင်္ကေတဖြင့် အပြန်အလှန်ဆက်သွယ်ကြသည်ဟု လန်ဒန်မြို့ကွင်းမေရီတက္ကသိလ်မှ သုတေသီများက ဖော်ထုတ်တွေ့ရှိကြောင်း the Daily Telegraph သတင်းစာက ဖေဖော်ဝါရီ ၁၆ ရက်တွင် ရေးသားဖော်ပြသည်။ လူများ၊ ဆင်များနှင့် လင်းပိုင်များသည် စကားသံများဖြင့် ဆက်သွယ်မှုပြုကြပြီး ဆိတ်သတ္တ၀ါများသည်လည်း ယင်းကဲ့သို့ ဆက်သွယ်မှု ပြုပုံရသည်ဟု ဆိုသည်။ ကျွမ်းကျင်သူများသည် လက်တစ်ဆုပ်စာ နို့တိုက်သတ္တ၀ါအချိုကကသာ ၄င်းတို့၏ ပတ်ဝန်းကျင်အနေအထားပေါ်မှုတည်၍ ၄င်းတို့၏ အော်သံများကို အဓိပ္ပာယ်ဖွင့် ခွဲခြားနားလည်နိုင်ပြီး သခြားသတ္တ၀ါမျိုးစိတ်များ၏ အော်သံများကို မျိုးရိုးဗီဇအလိုက်သာ ခွဲခြားသိရှိသည်ဟု ယခင်က တွေ့ဆခဲ့ကြသည့် ဝေလငါးများနှင့် လင်းနို့ သတ္တ၀ါများသည်လည်း စကားသံများ ထွက်ဆိုတက်ကြသည်ဟု ဆိုသည်။
(အင်တာနက်)

စုစည်းဘာသာပြန် - ထန်ဆွင်း

(AC Milan Vs Arsenal )

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)