ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, February 14, 2012

ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ

>
**ဗီဂါဒုံးပျံကြီး ပထမဆုံးလွှတ်တင်ရန်စီစဉ်၊ ဂြိုလ်တုကိုးလုံးသယ်ဆောင်သွားမည်**

(ပြင်သစ်(ဂီယာနာ)၊ ဖေဖော်ဝါရီ ၁၂)
ဥရောပအာကာသအေဂျင်စီက ဗီဂါ (Vega) အမည်ရှိ ဒုံးပျံကို အာကာသသို့ ပထမဆုံးလွှတ်တင်ရန် စီစဉ်လျက်ရှိကြောင်း ၄င်းအေဂျင်စီက ဖေဖော်ဝါရီ ၁၀ ရက်တွင် ကြေညာသည်။ ဗီဂါဒုံးပျံကို တနင်္လလာနေ့တွင် ပြင်သစ်(ဂီယာနာ)ရှိ ကော်ရိုးအာကာသယာဉ်လွှတ်တင်ရေးစခန်းက ပစ်လွှတ်သွားရန်စီစဉ်လျက်ရှိသည်။ ၄င်းဗီဂါဒုံးပျံကို ဥရောပအာကာသ အေဂျင်စီက ၁၉၉၀ ပြည့်လွန်နှစ်များတွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ၄င်းဒုံးပျံက ဂြိုလ်တုကိုးလုံး သယ်ဆောင်သွာမည်ဖြစ်သည်။ (အင်တာနက်)

**မလေးရှားငါးဖမ်းသမားတစ်ဦး အလေးချိန် ၁၆၅ ကီလိုဂရမ်ရှိသည့် ငါးဖိန်းတစ်ကောင်ဖမ်းမိ**
(ကွာလာလမ်ပူ၊ ဖေဖော်ဝါရီ ၁၂)
မလေးရှားနိုင်ငံမှ ငါးဖမ်းသမားတစ်ဦးက တီလပ်ခ်ဘာဟန်ကမ်းရိုးတန်းအနီး ရေပြင်မှ ဖေဖော်ဝါရီ ၁၁ ရက်က အလွန်ကြီးမားသော ငါးဖိန်းမျိုးစပ်ငါးကောင်ကို ဖမ်းဆီးမိခဲ့ကြောင်း မလေးရှားမီဒီယာများက ဖေဖော်ဝါရီ ၁၂ ရက်တွင် ဖော်ပြသည်။ အသက် ၃၈ နှစ်အရွယ် တန်ခန်ဆန်အမည်ရှိ ငါးဖမ်းသမားသည် အဆိုပါရေပြင်၌ ငါးဖမ်းပိုက်ဖြင့် ငါးဖမ်းနေစဉ် အဆိုပါငါးကြီးကို ဖမ်းမိခဲ့ခြင်းဖြစ်သည်။ ၄င်းငါးကြီးသည် အရှည်ခြောက်ပေခန့်ရှိပြီး အလေးချိန် ၁၆၅ ကီလိုဂရမ်ရှိသည်။ ငါးဖမ်းသမားတန်ခန်ဆန်သည် ပြီးခဲ့သည့် ခြောက်လကလည်း ကြီးမားသော ငါးတစ်ကောင်ကို ဖမ်းမိခဲ့ဖူးသည်။ ယခုဖမ်းမိသော ငါးများအနက် အကြီးဆုံးဖြစ်သည်။ (အင်တာနက်)

**ငှက်များရန် ကာကွယ်မည့်စက်ရုပ်များ တောင်ကိုရီးယားလေဆိပ်၌ထားမည်**
(ဆိုးလ်၊ ဖေဖော်ဝါရီ ၁၂)
ငှက်များနှင့် လေယာဉ် ၀င်တိုက်မှုဖြစ်စဉ်များမှာ အကာအကွယ်ပေးရန် လေဆိပ်များတွင် စက်ရုပ်များထားရှိရေး အစီအစဉ်တစ်ရပ်အနေဖြင့် တောင်ကိုရီးယားနိုင်ငံစစ်ဘက်လေဆိပ်တစ်ခု၌ လာမည့်ဇွန်လမှစတင်ကာ စက်ရုပ်များထားရှိတော့မည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၂ ရက်၌ သတင်းထုတ်ပြန်သည်။ ၄င်းစက်ရုပ်ကို တောင်ကိုရီးယား အဏုမြူသုတေသနသိပ္ပံမှ သုတေသနပညာရှင်များက ထုတ်လုပ်ထားခြင်းဖြစ်သည်။ လေဆိပ်တစ်ခုတွင် စက်ရုပ်လေးရုပ်ထားရှိကာ လေဆိပ်အတွင်းရှိ ထိန်းချုပ်ရေးအခန်းမှနေ၍ အလိုအလျောက်စနစ်ဖြင့် ထိန်းချုပ်သွာမည်ဖြစ်သည်။ (အင်တာနက်)

**တရုတ်နှစ်သစ်ကူးပွဲတော် ခရီးသွားပြည်သူ ၂.၃၆ ဘီလီယံဖြင့် စံချိန်တင်ကျင်းပနိုင်ခဲ့**
(ပေကျင်း၊ ဖေဖော်ဝါရီ ၁၂)
ဇန်န၀ါရီ ၈ ရက်က စတင်သည့် တရုတ်နှစ်ဥစ်ကူးပွဲတော်၏ ၃၃ ရက်ကာလအတွင်း နိုင်ငံတစ်ဝန်း ကုန်းလမ်းအသုံးပြု ပွဲတော်ခရီးသွာပြည်သူဦးရေသည် ၂.၂၆ ဘီလီယံရှိခဲ့ကြောင်း သက်ဆိုင်ရာဌာန၏ အချက်အလက်များတွင် ဖော်ပြသည်။ ယမန်နှစ်ပွဲတော်ကာလ၏ ပထမ၃၃ရက်ကာလကထက် ခရီးသွားပြည်သူ ဦးရေ ၉.၈ ရာခိုင်နှုန်းတိုးမြှင့် ခဲ့ခြင်းဖြစ်ကြောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန၏ စာရင်းတွင်ဖော်ပြထားသည်။ ယခုနှစ် တရုတ်နှစ်သစ်ကူးပွဲတော်၏ ၃၃ ရက်ကာလ အပိုင်းအခြားတွင် နိုင်ငံအနှံ့ကို ရေကြောင်းခရီးထွက်ခွာသည့် ပြည်သူဦးရေ ၃၅.၈၉ သန်းရှိသည်။ နှစ်သစ်ကူးပွဲတော်ခရီးသွားရာသီကာလသည် ရက်ပေါင်း ၄၀ ကြာမြင့်ဦးမည်ဖြစ်ပြီး ယင်းတရုတ်နှစ်သစ်ကူးပွဲတော်သည် နိုင်ငံခြားသားအလုပ်သမားများနှင့် ကောလိပ်ကျောင်းသားများ၏ အိမ်ပြန်ရာသီတွင်ကျင်းပသော အဓိကအကျဆုံးပွဲတော်လည်းဖြစ်သည်။ (အင်တာနက်)

**အစ္စရေးခေတ်မီဒုံးခွင်းဒုံးစနစ် အောင်မြင်စွာစမ်းသပ်ပစ်လွှတ်**
(တဲလ်အဗစ်၊ ဖေဖော်ဝါရီ ၁၂)
အစ္စရေးက ၄င်း၏ အဲရိုးလက်နက်စနစ်ကို ဖေဖော်ဝါရီ ၁၀ ရက်က အောင်မြင်စွာစမ်းသပ်နိုင်ခြင်းမှာ အီရန်ကဲ့သို့သောနိုင်ငံများက တာလက်ပစ်ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်လာခဲ့လျှင် ကာကွယ်နိုင်ရေးအတွက် လက်နက်စနစ်တီထွင်မှုတွင် ကြီးမားသမိုင်းမှတ်တိုင်တစ်ခုဖြစ်ကြောင်း ကြေညာလိုက်သည် အစ္စရေး၏ အဲရိုးလက်နက်စနစ်နှင့် အမေရိကန်တိုက်ချင်းပစ်ဒုံးပျံ ကာကွယ်ေ၇းစနစ်တို့ ပူးပေါင်းဆောင် ရွက်နိုင်ကြောင်း ပြသလိုက်ခြင်းလည်း ဖြစ်သည်ဟုဆိုသည်။ (အင်တာနက်)

စုစည်းဘာသာပြန် - မိုးမြင့်လင်းလက်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)