(ဖေဖော်ဝါရီလ ၁၄ရက်၊ ၂၀၁၂)
ဖြစ်ရပ်-၁။ ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင် ပဒိုမန်းရှာလားဖန်း ကွယ်လွန်ခြင်း ၄ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားနှင့် ဘာသာပေါင်းစုံ ၀တ်ပြုဆုတောင်းပွဲကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ယနေ့ ကျင်းပပြုလုပ်ခဲ့ကြသည်။- မြနှယ်စိမ်းစိမ်း (အင်းစိန်)
ဖြစ်ရပ်-၂။ ။ထိုင်းနိုင်ငံ၏ ရေပြတ်လပ်မှုနှင့် အနာဂတ် ရေလွမ်းမိုးမှုမှာ ကာကွယ်နိုင်ရေးအတွက် ထိုင်းဘတ် ဘီလီယံ ၂၀၀ ကုန်ကျမည့် သံလွင်မြစ်နှင့် ဘူမိဘော ဆည်ကြီးကို ဆက်သွယ်မည့် ၈၈ ကီလိုမီတာ အရှည်ရှိ တူးမြောင်း တခုတည်ဆောက်ရန် ထိုင်းဝန်ကြီးချုပ် အကြံပေးမှ ပြောဆိုလိုက်သည်။ရေဘေးကယ်ဆယ်ရေး စင်တာတွင် ပြုလုပ်သည့် ၂၀၀၁ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သည် ရေလွမ်းမိုးမှု ဆွေးနွေးပွဲတွင် ထိုင်းဝန်ကြီးချုပ်၏ အကြံပေး Uthen Chatpinyo မှပြောဆိုခဲ့သည်။ ဤစီမံကိန်း အကောင်အထည် ပေါ်နိုင်ပါက ထိုင်းနိုင်ငံ စိုက်ပျိုးရေးအတွက် လိုအပ်သည့် ရေပြတ်လတ်မှုများကို ကာကွယ်ပေးနိုင်မည် ဖြစ်သည်။ဤတူးမြောင်း တည်ဆောက်နိုင်ပါက တစက္ကန့်လျင် ဘူမိဘော ဆည်သို့ ရေကုဗမီတာ ၃၀၀၀ ပို့ပေးနိုင်မည် ဖြစ်ကာ၊ လျှပ်စစ် ထုတ်လုပ်ရန် အတွက် လိုအပ်သော ပမာဏ ရရှိမည်ဖြစ်သည်။ ၄င်းစီမံကိန်းသည် သက်ဆင် အစိုးရလက်ထက် ၂၀၀၄ ခုနှစ်တွင် အကောင်အထည် ဖေါ်ရန် အစိုးရ အဖွဲ့မှ မီးစီးပြခဲ့သော်လည်း ၂၀၀၆ ခုနှစ် စစ်တပ်မှ အာဏာ သိမ်းအပြီး ၄င်းစီမံကိန်း ပျက်ပြယ်ခဲ့ရသည်။(မောက္ခနိုင်ငံတကာသတင်း)
(ဖေဖော်ဝါရီလ ၁၃ရက်၊ ၂၀၁၂)
မလေးရှားနိုင်ငံတွင် တရားမ၀င်လုပ်ကိုင်နေသော နိုင်ငံခြားသား အလုပ်သမားများကို စီမံချက်ဖြင့်ဖမ်းဆီးရာ မြန်မာနိုင်ငံသားအများအပြားဖမ်းဆီးခံခဲ့ရကြောင်း၊ မျက်မြင်တစ်ဦး၏အဆိုအရမြန်မာနိုင်ငံသား ၃၀၀ နှင့် ၄၀၀ ကြားအဖမ်းခံခဲ့ရကြောင်း၊ သတင်းရရှိသည်။ (BBC)
(ဖေဖော်ဝါရီလ ၁၂ရက်၊ ၂၀၁၂)
ဖြစ်ရပ်-၁။ ။တမန်တော်မိုဟာမက်ကို မှတ်ချက်ချရေးသားမှုအချို့ပြုလုပ်ခဲ့သော ဆော်ဒီအာရေဗျနိုင်ငံသား သတင်းစာဆရာ ဟန်ဇာကက်ရှ်ရာရီကို ၄င်းတိမ်းရှောင်နေသော မလေးရှားနိုင်ငံရဲတပ်ဖွဲ့က ပြန်လည်ဖမ်းဆီးရမိပြီး ယနေ့တွင်ပင် ဆော်ဒီအာရေဗျနိုင်ငံသို့ လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။ ဆော်ဒီအာရေဗျနိုင်ငံတွင် တမန်တော်မိုဟာမက်အား ဝေဖန်ခြင်းကို သေဒဏ်စီရင်လေ့ရှိကြောင်းသိရသည်။ (RFA)
ဖြစ်ရပ်-၂။ ။မလေးရှားနိုင်ငံမှ ငါးဖမ်းသမားတစ်ဦးက တီလပ်ခ်ဘာဟန်ကမ်းရိုးတန်းအနီး ရေပြင်မှ ဖေဖော်ဝါရီ ၁၁ ရက်က အလွန်ကြီးမားသော ငါးဖိန်းမျိုးစပ်ငါးကောင်းကို ဖမ်းဆီးမိခဲ့ကြောင်း မလေးရှားမီဒီယာများက ဖေဖော်ဝါရီ ၁၂ ရက်တွင် ဖော်ပြသည်။ အသက် ၃၈ နှစ်အရွယ် တန်ခန်ဆန်အမည်ရှိ ငါးဖမ်းသမားသည် အဆိုပါရေပြင်၌ ငါးဖမ်းပိုက်ဖြင့် ငါးဖမ်းနေစဉ် အဆိုပါငါးကြီးကို ဖမ်းမိခဲ့ခြင်းဖြစ်သည်။ ၄င်းငါးကြီးသည် အရှည်ခြောက်ပေခန့်ရှိပြီး အလေးချိန် ၁၆၅ ကီလိုဂရမ်ရှိသည်။ ငါးဖမ်းသမားတန်ခန်ဆန်သည် ပြီးခဲ့သည့် ခြောက်လကလည်း ကြီးမားသော ငါးတစ်ကောင်ကို ဖမ်းမိခဲ့ဖူးသည်။ ယခုဖမ်းမိသော ငါးများအနက် အကြီးဆုံးဖြစ်သည်။ (အင်တာနက်)
(ဖေဖော်ဝါရီလ ၁၁ရက်၊ ၂၀၁၂)
စင်္ကာပူတဘက်ကမ်း ဂျိုဟိုးပြည်နယ်မှာ မလေးရှားစုံတွဲတတွဲက သူတို့ မင်္ဂလာပွဲကို ဈေးထဲမှာ လုပ်ခဲ့ပါတယ်။
သတို့သား Erryzuan Topah က အသက် ၃၄၊
သတို့သမီး Nurul Jannah Abdullah က အသက် ၂၂။
ဒီအိုင်ဒီယာက သတို့သမီးဖခင်၊ ဈေးထဲက ကြက်သားဆိုင်ပိုင်ရှင် Abdullah Idris ရဲ့ အိုင်ဒီယာ ဆိုပဲ။
ဧည့်သည်တွေအပြင် ဈေးထဲက ပရိသတ်ပါ သူတို့မင်္ဂလာပွဲကို မျက်မြင်သက်သေ ဖြစ်ကြတာမို့ သတို့သားက ဒီအစီအစဉ်ကို မငြင်းဘူးလို့ ဆိုတယ်။(ဧရာဝတီ)
(ဖေဖော်ဝါရီလ ၁၀ရက်၊ ၂၀၁၂)
ဖြစ်ရပ်-၁။ ။ထိုင်းနိုင်ငံ ရေပိုင်နက်ထဲမှာ ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသား ၂၇ ယောက်ကို ဒီကနေ့ ရေတပ် အာဏာပိုင်တွေက ဖမ်းလိုက်တယ်လို့ မန်နေဂျာ အွန်လိုင်း အင်တာနက် စာမျက်နှာမှာ ရေးထားပါတယ်။
တရားဝင် ခရီးသွားလာတဲ့ စာရွက်စာတမ်းတွေ မရှိဘူး။ ကော့သောင်းမြို့ကနေ ရနောင်းမြို့ကို ဖြတ်ကူးနေတုန်း အဖမ်းခံရတာပါ။အဖမ်းခံရတဲ့ လူတွေ စစ်ဆေးမေးမြန်းချက် အရ “အားလုံး ရန်ကုန်ကနေ ကော့သောင်းမြို့ကို ဘတ်ငွေ ၃၅၀၀ အကုန် အကျခံ ပြီး လာခဲ့တယ်၊ ဖန်ငနဲ့ ဖူးကက်မြို့မှာ အလုပ် သွားလုပ်ဖို့ ထိုင်းလူမျိုး တယောက်ကို ဆက်သွယ်ထားတယ်” လို့ ဆိုပါတယ်။ထိုင်းအာဏာပိုင်တွေကလည်း အဲဒီ ထိုင်းလူမျိုးရဲ့ ဖုန်းနံပတ်ကို ယူထားပြီးတော့ ဥပဒေ အရ အရေးယူ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။အဖမ်းခံထားရတဲ့ မြန်မာနိုင်ငံသားတွေကိုတော့ လတ်တလော ရနောင်းမြို့နယ် ပါနန်း ရဲစခန်းမှာ ပို့ထားတယ် တဲ့။(ဧရာဝတီ)
ဖြစ်ရပ်-၂။ ။နိုင်ငံသားစီစစ်ခြင်းနှင့် ကိုယ်ရေးအချက်အလက်စုဆောင်းသော လုပ်ငန်းစဉ် (Bio data) ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတရပ်ကို မဲဆောက်မြို့မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။ ဒီအလုပ်ရုံဆွေးနွေးပွဲကို အာဆီယံ ဒေသရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ ကွန်ယက်အဖွဲ့တာဝန်ရှိသူ၊ တာ့(ခ်)ခရိုင် စက်မှုလုပ်ငန်းရှင်များနဲ့ ကုန်သည်ကြီးများအသင်း (FTI) မှ အထွေထွေအတွင်း ရေးမှူး၊ မဲဆောက်မြို့ လူဝင်မှုကြီးကြပ်ရေးရုံးမှ ရဲဗိုလ်ကြီး ဆထိ၊ မဲဆောက်မြို့နယ်ရုံး လုံခြုံရေးမှူးတစ်ဦး နဲ့ အလုပ်သမားနေရာချထားရေးရုံး ဦးစီးအရာရှိတစ်ဦး စတာတွေက ၄င်းတို့ နဲ့သက်ဆိုင်တဲ့ လုပ်ငန်းဆောင်တာတွေကို ရှင်းလင်းပြောပြသွားပါတယ်။(မြန်မာပြည်သားသတင်းစဉ်)
(ဖေဖော်ဝါရီ ၉ ရက်၊ ၂၀၁၂)
ထိုင်းနိုင်ငံ၏ လက်ရှိပညာရေးဝန်ကြီး Suchart သည် မန်ဒရိန်း တရုတ်ဘာသာ သင်ကြားရေး အတွက် တရုတ်နိုင်ငံမှ ဆရာ ၅၀၀၀ ခေါ်ယူရန် စီစဉ်နေကြောင်း ပြောဆိုခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် ပေါ်ပေါက်လာမည့် အာဆီယံ စီးပွားရေး အသိုက်အ၀ိုင်းနှင့်အတူ ကမ္ဘာ့ဒုတိယ စီးပွားရေး အင်အားကြီး နိုင်ငံ ဖြစ်လာသည့် တရုတ်၏ စီးပွားရေး နှင့်ဆက်စပ် လုပ်ဆောင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။ထိုင်း-တရုတ် ယဉ်ကျေးမှုနှင့် စီးပွားရေး အဖွဲ့၏ အကူအညီဖြင့် ထိုင်းကျောင်းများတွင် မန်ဒရိန်း ဘာသာ သင်ကြားရေးအတွက် တရုတ်နိုင်ငံမှဆရာ ၅၀၀၀ စေလွှတ်ပေးရန် တောင်းဆိုထားသည်။ ၄င်းအဖွဲ့၏ ပြောဆိုချက်အရ တရုတ်နိုင်ငံသည် ထိုင်းအစိုးရ၏ စီမံကိန်းကို စိတ်ဝင်စားသည့် အပြင် ငွေကြေးကူ ညီရန် စီစဉ်နေကြောင်း ပြောဆိုခဲ့သည်။တရုတ်ဘာသာ စကား သင်ကြားရေးအတွက် လူငယ် စခန်းများ ဖွင့်လှစ်ပေးခြင်း၊ တရုတ်ဘာသာစကား တတ်မြောက်မှု ပြိုင်ပွဲများ ကျင်းပခြင်းနှင့် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံ ရှိတက္ကသိုလ်များတွင် ပေါက်ဖေါ်သင်တန်း (sister school) များ ဖွင့်လှစ်ရန် တရုတ်နိုင်ငံမှ ကမ်းလှမ်းထားသည်။
ထိုင်းပညာရေး ၀န်ကြီးသည် ဖေဖေါ်ဝါရီလ အတွင်း တရုတ်နိုင်ငံသို့ သွားရောက်ကာ သဘောတူ စာချုပ်ချုပ် ဆိုရန် စီစဉ်ထားသည်။(မောက္ခနိုင်ငံတကာသတင်း)
(ဖေဖော်ဝါရီ ၈ ရက်၊ ၂၀၁၂)
၆၅ နှစ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားတစ်ရပ်ကို ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့တွင် မွန်တိုင်းရင်းသားအဖွဲ့အစည်းများစုပေါင်းပြီး ယနေ့ကျင်းပကြသည်။ (မြန်မာပြည်သားသတင်းစဉ်)
(ဖေဖော်ဝါရီလ ၅ ရက်၊ ၂၀၁၂)
ထိုင်း-မြန်မာနယ်စပ်တနေရာမှာ ရထားပို့ဆောင်ရေးဝန်ကြီးဦးအောင်မင်း ဦးဆောင်သော အစိုးရ၏ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ပြည်ပအခြေစိုက်လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ပအို့ဝ်အမျိုးသား အစည်းအရုံးတို့နှင့် သီးခြားစီတွေ့ဆုံခဲ့ကြကြောင်း သတင်းရရှိသည်။ (DVB)
(ဖေဖော်ဝါရီလ ၃ ရက်၊ ၂၀၁၂)
ADRA – Thailand ၏ အစီအစဉ်ဖြင့် ပြီးခဲ့သည့် ဇန်န၀ါရီ ၂၇ ရက် နေ့ကတည်းက ဘန်ကောက်ပြည်နယ်နှင့် ရယောင်းပြည်နယ်သို့ လေ့လာရေးခရီးရောက်ရှိနေသော ထိုင်း-မြန်မာနယ်စပ်အခြေစိုက် (JACBA/SAW/ BLC and CPPCR) အစရှိသည့် လူထုအခြေပြုအဖွဲ့အစည်း၎ဖွဲ့သည် ယနေ့နံနက်ပိုင်း၌ ဘန်ကောက်မြို့တွင် ကျင်းပသော Migrant working Group အစည်းအဝေးကို တက်ရောက်ကြသည်။ ညနေပိုင်းတွင်မူ မဲဆောက်သို့ ပြန်လည်ထွက်ခွာလာခဲ့ကြသည်။ (မြန်မာပြည်သားသတင်းစဉ်)

No comments:
Post a Comment