တင်ပဲလ်ဟော့ဖ်လေဆိပ်ကို ရောက်တော့ အထင်နဲ့အမြင် ပါစင်အောင် လွဲနေလေပြီ။ လူတွေက တိုးဝှေ့ပြီး သူ့ဆီ လာနေကြတယ်။ သူတို့ ဘာသာစကားကို တစ်လုံးမှ နားမလည်ပေမယ့် သူတို့တွေ အားလုံးရဲ့ မျက်ဝန်းမှာ နွေးထွေးတဲ့ ကျေးဇူးတင်စကားတွေနဲ့ ပြည့်သိပ်နေတယ်။ အဲ့ဒီမှာ အမေရိကန်တွေကို ဂျာမန်တွေက ခါးခါးတူးတူး မုန်းနေတယ်ဆို ကြားဖူးခဲ့တာတွေ မမှန်ဘူးဆိုတာ ချက်ချင်းပဲ သူ နားလည်သွားရတယ်။
ကယ်ဆယ်ထောက်ပံ့ရေး လေယာဉ်တွေ ဆင်းသက်နေကျ ခြံစည်းရိုးနားမှာ ရပ်စောင့်နေကြတဲ့ ဂျာမန် ကလေးသုံးဆယ်လောက်ကို သူ တွေ့လိုက်ရတယ်။ သူတို့က သူ့ကို လက်ပြ လှမ်းခေါ်ကြတယ်။ ဒီရိက္ခာတွေက သူတို့ ရှင်သန်မှုအတွက် ဘယ်လောက်တောင်မှ အရေးကြီးတယ်ဆိုတာကို အင်္ဂလိပ်စကား မပြောတတ် ပြောတတ်နဲ့ ရှင်းပြကြတယ်။
“ ရာသီဥတု ဆိုးဝါးချိန်မို့ နောက်တစ်ခါဆို ဂျုံအိတ်တွေ ပိုယူခဲ့ပါနော်၊ ဒါမှ သမီးတို့ အလျဉ်မှီအောင် စားရမှာ ”
ကလေးတွေ ပါးစပ်က ဒီလိုမျိုး ပြောတာကို သူ အရင်က မကြားဖူးခဲ့ပါဘူး။ သုညဒီဂရီ စင်တီဂရိတ်အောက်က ရေခဲပွင့်တွေ သီးနေတဲ့ ဆံပင်စလေးတွေ၊ နှာသီးဖျားရဲရဲနဲ့ မျက်နှာလေးတွေဆီကနေ သူ ရုန်းမထွက်နိုင်တော့ပါဘူး။ အခြား တိုင်းပြည်တွေကို သူ ဒီလို ရိက္ခာထောက်ပံ့ရေး သွားခဲ့ဘူးတယ်။ ကလေးတွေက သူ့အိင်္ကျီလက်ကိုဆွဲလို့ သူ့ဆီကနေ သကြားလုံးတွေ တောင်းကြတယ်။ အခု ဘာလင်မှာတော့ ဒီလို မဟုတ်ဘူး။ သကြားလုံးဆိုတာကို မမြင်ဖူးကြလို့ တောင်းရကောင်းမှန်း မသိကြဘူး။ သကြားလုံးဆိုတာ သူတို့အတွက် အထူးအဆန်းအရာ။ မရှိမဖြစ် လိုအပ်တာက ဂျုံမှုန့်။ ဂျုံမှုန့်ရှိမှ သူတို့ မငတ်ကြမှာ။ သူ့ စိတ်ထဲ ကလေးတွေအတွက် စိတ်မကောင်းဖြစ်မိတယ်။
ဒါနဲ့ ဗိုလ်ကြီးဂေးလ်က သူ့ရဲ့ ကုတ်အိင်္ကျီရှည်အိတ်ထဲ လက်နှိုက်ကြည့်လိုက်တော့ သူ့ကိုယ်တာ ရထားတဲ့ ပီကေနှစ်တောင့် ထွက်လာတယ်။ တစ်ဝက်စီ ချိုးပြီး အနီးဆုံးက ကလေး လေးယောက်ကို မျှဝေပေးလိုက်တယ်။ သူတို့ မလုကြပါဘူး။ အဲ့ဒီ ကလေး လေးယောက်၊ ပီကေက ငွေရောင်စက္ကူပတ်လေး ခွာနေတာကို ကျန်ကလေးတွေ အားလုံးက တိတ်တဆိတ် ၀ိုင်းကြည့်နေကြတယ်။ မျှော်လင့်မျက်ဝန်းတွေနဲ့ပေါ့။
ပီကေလေး ထွက်လာတော့ သူတို့လက်ထဲကနေ ကျန်ကလေးတွေကို ဖဲ့ပြီး မျှဝေ ကျွေးနေပြန်ရော။ စားနေကြရင်း ကုန်သွားမှာ စိုးတဲ့ မျက်ဝန်းတွေနဲ့၊ ခွာချထားတဲ့ ပီကေစက္ကူစလေးတွေကို အထူးအဆန်းသဖွယ် ကောက်ယူကြည့်ရင်း ပျော်နေကြတဲ့ သူတို့လေးတွေကို ကြည့်ပြီး သူ့ရင်ထဲ နာကျင်နေသလို ခံစားရတယ်။ နေရောင်ထဲမှာ ငွေရောင်စက္ကူစလေးတွေက ကလေးတွေရဲ့ မျက်ဝန်းနဲ့အပြိုင် တလက်လက်နဲ့။ အပြစ်ကင်းကင်းနဲ့ တောက်ပနေတဲ့ မျက်ဝန်းလေးတွေကို ကြည့်ပြီး မိခင်တပ်ရင်းမှာ ကျန်ခဲ့တဲ့ သူ့အတွက် ဝေစုရထားတဲ့ သကြားလုံးတွေကို သွားမြင်မိတယ်။ ကလေးတိုင်းကို သူ ကျွေးချင်နေမိပြီ။ အစစ အရာရာ ရှားပါးပြီး ခွဲတမ်းချ စားနေရတဲ့ အချိန်မှာ သူ့စိတ်ကူးကို အကောင်အထည် ဖော်နိုင်ပါ့မလား။ နောက်ဆုံးတော့ ရုတ်ချည်းပေါ်လာတဲ့ “နောက်တစ်ခေါက် ရိက္ခာပြန်လာပို့ရင် လေယာဉ်ဆင်းကာနီး ခြံစည်းရိုးဆီကို သကြားလုံးတွေ ကြဲချပေးမယ်” ဆိုတဲ့ စိတ်ကူးကို ပုံဖော်ဖို့ ဆုံးဖြတ်လိုက်တယ်။
ဒါနဲ့ သူ ပြောတာကို နားမလည်တဲ့ ကလေးတွေကို ခြေဟန်လက်ဟန်နဲ့ သူ့အစီအစဉ်ကို နားလည်အောင် ရှင်းပြပေးပါတယ်။
“ တခြား လေယာဉ်တွေနဲ့၊ ဦးရဲ့ လေယာဉ် ဘယ်လို ခွဲခြားပြီး သိနိုင်မလဲ ” လို့ ကလေးတွေ မေးတော့ သူ သတိပြန်ရသွားတယ်။ စစ်အတွင်းက လေ့ကျင့်ခဲ့သလို “ ဦးက လေယာဉ် ဆင်းကာနီး တောင်ပံတွေကို လေထဲမှာ ဟောဒီလို ဟောဒီလို လူးလွန့်ပြီး ၀ဲပြမယ်လေ ” လို့ သူ့လက်ကို ဆန့်တန်း ၀ဲပြရင်း ပြောပြတော့ ကလေးတွေအားလုံး “ဟေး” ခနဲ အော်ပြီး ထခုန်ကြတယ်။
အမှန်ကတော့ ဒါမျိုး ပြုလုပ်ဖို့ တရားဝင် ခွင့်မပြုထားပါဘူး။ ဒါပေမယ့် နောက်တစ်ကြိမ် ဂျာမဏီကို ပြန်သွားချိန်မှာတော့ သူ့စိတ်ကူးတွေကို ရအောင် စတင်နိုင်ခဲ့တယ်။ ကိုယ်တိုင်က တင်းကျပ်တဲ့ ခွဲတမ်းစံနစ်နဲ့ ရိက္ခာတွေ ရနေခဲ့ပေမယ့် သူငယ်ချင်းတွေရဲ့ ၀ိုင်းဝန်းကူညီမှုနဲ့ ပီကေထုတ်တွေ၊ သကြားလုံးအချို့ကို သူ စုဆောင်းနိုင်ခဲ့တယ်။ နောက်ပြီး လက်ကိုင်ပုဝါလေးတွေကို သူ စုဆောင်းတယ်။ ကလေးတွေ အလွယ်တကူ ဖမ်းယူနိုင်ပြီး အနာတရ မဖြစ်လေရအောင်၊ သကြားလုံးတွေ တစုတစည်းထဲ ထည့်လို့ရအောင်၊ လက်ကိုင်ပုဝါစတွေကို လေထီးပုံသဏ္ဍာန် ခေါက်ချိုးပြီး ချိုချဉ်လေးတွေကို ထည့်ထားလိုက်တယ်။
လေယာဉ်ပျံ မဆင်းခင် အဝေးကြီးထဲကနေ ကလေးတွေကို သူ လှမ်းမြင်နေရပြီ။ ခြံစည်းရိုးတ၀ိုက်မှာ ကလေးတွေ မနည်းပါလား။ လေယာဉ်ပျံရဲ့ တောင်ပံတွေကို သူက လူးလွန့်လှုပ်ရမ်းရင်း ပျံသန်းပြလိုက်တဲ့အခါ ကလေးတွေက လက်တွေ မြှောက်လို့ လေထဲမှာ ခုန်ပေါက်ရင်း အော်ဟစ်နေကြတယ်။ လေယာဉ်ကို အသာနိမ့်ဆင်းလို့် ကုန်တင်ကုန်ချ အပေါက်ကနေ အသင့် ပြင်ဆင်ထားတဲ့ သကြားလုံး လေထီးအိတ်လေးတွေကို မြေပြင်ကို တစ်ခုချင်း ချပေးလိုက်တယ်။ သကြားလုံး လေထီးလေးတွေက လေထဲမှာ ဝေ့ကာ ဝေ့ကာ၊ လိမ့်ကာ လိမ့်ကာနဲ့ မြေပြင်က လက်ကလေးတွေ ကြားထဲ တဖြည်းဖြည်း နိမ့်ဆင်းသွားတယ်။ ကလေးတွေ အားလုံး လေထီးလေးတွေ နောက်ကို အပြေးအလွှား လိုက်ကြတယ်။
လေယာဉ်ပျံ ပြန်တက်သွားချိန်မှာတော့ လေထီးလေးတွေကို ဝှေ့ယမ်းပြရင်း သကြားလုံးလေးတွေကို ပျော်ရွှင်စွာ စားနေတဲ့ ကလေးတွေကို ကြည့်ပြီး ကြည်နူးပျော်ရွှင်စိတ်နဲ့ သူ့စိတ်ထဲ ဖိုလှိုက်နေမိတယ်။
အထက်လူကြီးတွေရဲ့ တရားဝင်အမိန့်မရပဲ လုပ်ဆောင်မှုအတွက် အပြစ်ပေး ခံရမှာကို သေမလောက် ကြောက်ရွံပေမယ့် သူနဲ့ သူ့သူငယ်ချင်းများက သကြားလုံးတွေ၊ ပီကေတွေကို လေယာဉ်ကွင်းလို နေရာမျိုးမှာ သာမကပဲ၊ ကျောင်းတွေအပေါ်၊ ကစားကွင်းတွေအပေါ် နောက်တစ်ကြိမ် ကျဲချဖို့အတွက် ဆက်ပြီး စည်းရုံး စုဆောင်းနေကြပါတယ်။
မိခင်တပ်ရင်းမှာ ရှိနေတဲ့ တစ်နေ့မှာတော့ ကိစ္စတစ်ခုနဲ့ အထက်အရာရှိရဲ့ ရုံးခန်းထဲ သူရောက်ခဲ့ပါတယ်။ အရာရှိရဲ့ စားပွဲပေါ်က စာအိတ်အပုံလိုက်ထဲက အပေါ်ဆုံးစာအိတ် တစ်အိတ်နှစ်အိတ်ခန့်ကို သူတွေ့မြင်လိုက်ရတော့ ထိတ်လန့် တုန်လှုပ်သွားရပါတယ်။ စာအိတ်မှာ ကလေးလက်ရေးလေးတွေနဲ့ လိပ်မူထားသူက “ ဦးဦးလူးလွန့်တောင်ပံ” “ ဦးဦး သကြားလုံးပိုင့်လော့”။ သူ ခပ်သွက်သွက်လေး စာအိတ်တွေကို တစ်အိတ်ချင်း လှန်လျောကြည့်လိုက်တယ်။ စားပွဲပေါ်က စာအိတ်အားလုံးက သူ့ဆီ လာထားတဲ့ ကလေးတွေဆီက စာအိတ်တွေ။ ခွင့်ပြုမိန့်မရပဲ ဆောင်ရွက်ထားတဲ့ သူ့ရဲ့ လုပ်ရပ်အတွက် သက်သေခံပစ္စည်းတွေ။ အဲ့ဒီအချိန်ထိ စာအိတ်များရဲ့ ပိုင်ရှင်ဟာ သူဆိုတာကို အထက်အရာရှိတွေက မသိကြသေးပါဘူး။
သိပ်မကြာပါဘူး။ နေ့စဉ်ထုတ် သတင်းစာမှာ သူ့ရဲ့ အမှတ်တံဆိပ်နဲ့ လေယာဉ်ပုံကြီးနဲ့ အတူ၊ လေထဲကနေ မြေပြင်ပေါ်ကို ၀ဲပျံကျနေတဲ့ သကြားလုံး လေထီးအိတ်လေးများနဲ့၊ ကလေးများရဲ့ ပျော်ရွှင် မျက်နှာများက ယှဉ်တွဲလို့ ပါလာပါတော့တယ်။ အထင်းသားမို့ သူ ဘာကိုမှ ဆက်ပြီး ဖုန်းကွယ်လို့ မရတော့ပါဘူး။ ပေးအပ်တဲ့ အပြစ်ကို ခံယူဖို့ အသင့်ဖြစ်နေခဲ့ပါပြီ။
ဒါပေမယ့် အံ့သြ၀မ်းသာမှုတွေက သူ့ရှေ့မှောက်ကို ခပ်မြန်မြန်ပဲ ရောက်ရှိလို့ လာပါတော့တယ်။ အပြစ်ပေးခံရမယ့်အစား၊ သူ့ကို အားတက်သရော ၀ိုင်းချီးကျူးကြပြီး၊ သကြားလုံးတွေကို ကလေးတွေအတွက် ဆက်ပြီး ကျဲချခွင့် တရားဝင် ရလိုက်ပါတော့တယ်။
ဒီလိုနဲ့ လေထီးလုပ်ဖို့ လက်ကိုင်ပုဝါတွေ၊ ရှပ်အိင်္ကျီစတွေ မလုံလောက်တော့ပါဘူး။ ကလေးတွေက သူတို့ လေထီးစလေးတွေကို အသုံးပြုဖို့ ပြန်ပို့ပေးကြပါတယ်။ ဒါ့အပြင် အမေရိကန်နိုင်ငံ တ၀ှမ်းလုံးမှာ ရှိတဲ့၊ သူ့လုပ်ရပ်ကို နှစ်သက်ထောက်ခံသူများက ပေးလှူတဲ့ လက်ကိုင်ပုဝါတွေ၊ သကြားလုံးတွေကို အဆက်မပြတ် လက်ခံရရှိနေတော့မှ သူ့ရဲ့ ကလေးတွေအတွက် သူ့စိတ်တွေ အေးရပါတော့တယ်။
မယုံကြည်နိုင်စရာ အဖြစ်ပဲလို့ သူတွေးနေမိပေမယ့် သူတကယ် လက်တွေ့ကြုံနေရာတာမှန်း သိနေခဲ့ပါတယ်။ မကြာခင်မှာပဲ “သို့ – လူးလွန့်တောင်ပံ” ဆိုပြီး သူ့ဆီ လိပ်မူထားတဲ့ သူ့ရဲ့ ဂျာမဏီက ကလေးများဆီ ပြန်စာတွေ အချိန်မှီ ရေးနိုင်ဖို့အတွက် ဗိုလ်ကြီးဂေးလ်ဟဲလ်ဗော်ဆန်ဟာ အတွင်းရေးမှူးနှစ်ယောက်ကို ခေါ်ထားလိုက်ရပါတော့တယ်။
လက်ခံရရှိမှုအတွက် ဂုဏ်ပြု ချီးမြှင့်ခံရခြင်းထက် ပေးကမ်းစွန့်ကြဲခြင်းအတွက် ဂုဏ်ပြုချီးမြှင့်ခံရခြင်းက ပိုမြတ်၏။
မိုးကောင်းကင်တစ်ခုအောက်ထဲ အသက်ရှင် နေထိုင်သူတိုင်းသည် ကမ္ဘာ့ဆွေမျိုးများပင် ဖြစ်ကြသည်။ စာနာ၊ သနား၊ ကြင်နာမှုတို့ ဖိတ်လျှံလာသောအခါ အမုန်းတရား၊ အာဃာတ၊ လူမျိုး၊ ဘာသာစကား၊ အသွေးအရောင်စသည့် ကွဲပြားခြင်းတို့သည် အကြားအလပ် မရှိတော့ပဲ တစိတ် မ်းထဲ ဖြစ်သွားစေသည်။
(Melanie Stunkel ၏ Candy from Heaven ကို ဆီလျော်အောင် ပြန်ရေးပါသည်။ မူရင်းဝတ္တုဖတ်ချင်သူများ ဒီနေရာလေးမှာ ၀င်ဖတ်နိုင်ပါတယ်။ ဒီဝတ္တု မူရင်းလေးကို အပင်ပမ်းခံ ပြန်ရိုက်ပို့ပေးခဲ့တဲ့ ဂျပန်နိုင်ငံ၊ အိုဆာကာမှ ချစ်သူငယ်ချင်း မအိကို ကျေးဇူးမှတ်တမ်း တင်ပါရစေရှင်။ )
ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။
Posted by မြသွေးနီ
ဘာလင်မြို့ကို ဦးတည်နေတဲ့ လေယာဉ်ကို မောင်းနေရင်း အမေရိကန် စစ်ဗိုလ်တစ်ဦးဖြစ်တဲ့ ဗိုလ်ကြီးဂေးလ်ဟဲလ်ဗော်ဆန်တစ်ယောက် “ ငါတွေ့ရမယ့် လူတွေက ဘယ်လို လူစားမျိုးပါလိမ့် ” လို့ တွေးနေမိတယ်။ စစ်ကြီး ပြီးသွားတာ(၃)နှစ် ရှိနေပြီ။ စစ်ကြောင့် အမေရိကန်လူမျိုး အားလုံး နီးပါးလောက်က ဂျာမဏီကို မုန်းနေကြပြီ။ တစ်ချိန်က ကိုယ်တိုင် တိုက်ထုတ်ခဲ့ရတဲ့ ဂျာမဏီကို အခုလို အမိန့်အရ ကူညီထောက်ပံ့ရေးရိက္ခာ ဂျုံအိတ်တွေ သွားပို့ပေးရမယ်လို့ သူ မထင်ထားခဲ့ပါဘူး။ သူ စိတ်ဝင်စားနေတယ်။ စစ်ဘေးဒဏ်ကြောင့် စားနပ်ရိက္ခာမလုံလောက်တော့တဲ့ ဘာလင်မြို့ရဲ့ အနောက်ဖက်ကို ရိက္ခာသွားဝေဖို့ သူ့ကို ညွှန်ကြားခြင်းခံထားရတယ်။ ဘယ်လို အခြေအနေနဲ့ ကြုံရမလဲ။ ဘယ်သူတွေနဲ့ တွေ့ရမှာလဲ။ သူ့အပေါ် အာဃာတတွေနဲ့များ ဆက်ဆံတာ ကြုံရလေမလား။ သူ့ စိတ်တွေ အတော်လှုပ်ရှားနေမိတယ်။
တင်ပဲလ်ဟော့ဖ်လေဆိပ်ကို ရောက်တော့ အထင်နဲ့အမြင် ပါစင်အောင် လွဲနေလေပြီ။ လူတွေက တိုးဝှေ့ပြီး သူ့ဆီ လာနေကြတယ်။ သူတို့ ဘာသာစကားကို တစ်လုံးမှ နားမလည်ပေမယ့် သူတို့တွေ အားလုံးရဲ့ မျက်ဝန်းမှာ နွေးထွေးတဲ့ ကျေးဇူးတင်စကားတွေနဲ့ ပြည့်သိပ်နေတယ်။ အဲ့ဒီမှာ အမေရိကန်တွေကို ဂျာမန်တွေက ခါးခါးတူးတူး မုန်းနေတယ်ဆို ကြားဖူးခဲ့တာတွေ မမှန်ဘူးဆိုတာ ချက်ချင်းပဲ သူ နားလည်သွားရတယ်။
ကယ်ဆယ်ထောက်ပံ့ရေး လေယာဉ်တွေ ဆင်းသက်နေကျ ခြံစည်းရိုးနားမှာ ရပ်စောင့်နေကြတဲ့ ဂျာမန် ကလေးသုံးဆယ်လောက်ကို သူ တွေ့လိုက်ရတယ်။ သူတို့က သူ့ကို လက်ပြ လှမ်းခေါ်ကြတယ်။ ဒီရိက္ခာတွေက သူတို့ ရှင်သန်မှုအတွက် ဘယ်လောက်တောင်မှ အရေးကြီးတယ်ဆိုတာကို အင်္ဂလိပ်စကား မပြောတတ် ပြောတတ်နဲ့ ရှင်းပြကြတယ်။
“ ရာသီဥတု ဆိုးဝါးချိန်မို့ နောက်တစ်ခါဆို ဂျုံအိတ်တွေ ပိုယူခဲ့ပါနော်၊ ဒါမှ သမီးတို့ အလျဉ်မှီအောင် စားရမှာ ”
ကလေးတွေ ပါးစပ်က ဒီလိုမျိုး ပြောတာကို သူ အရင်က မကြားဖူးခဲ့ပါဘူး။ သုညဒီဂရီ စင်တီဂရိတ်အောက်က ရေခဲပွင့်တွေ သီးနေတဲ့ ဆံပင်စလေးတွေ၊ နှာသီးဖျားရဲရဲနဲ့ မျက်နှာလေးတွေဆီကနေ သူ ရုန်းမထွက်နိုင်တော့ပါဘူး။ အခြား တိုင်းပြည်တွေကို သူ ဒီလို ရိက္ခာထောက်ပံ့ရေး သွားခဲ့ဘူးတယ်။ ကလေးတွေက သူ့အိင်္ကျီလက်ကိုဆွဲလို့ သူ့ဆီကနေ သကြားလုံးတွေ တောင်းကြတယ်။ အခု ဘာလင်မှာတော့ ဒီလို မဟုတ်ဘူး။ သကြားလုံးဆိုတာကို မမြင်ဖူးကြလို့ တောင်းရကောင်းမှန်း မသိကြဘူး။ သကြားလုံးဆိုတာ သူတို့အတွက် အထူးအဆန်းအရာ။ မရှိမဖြစ် လိုအပ်တာက ဂျုံမှုန့်။ ဂျုံမှုန့်ရှိမှ သူတို့ မငတ်ကြမှာ။ သူ့ စိတ်ထဲ ကလေးတွေအတွက် စိတ်မကောင်းဖြစ်မိတယ်။
ဒါနဲ့ ဗိုလ်ကြီးဂေးလ်က သူ့ရဲ့ ကုတ်အိင်္ကျီရှည်အိတ်ထဲ လက်နှိုက်ကြည့်လိုက်တော့ သူ့ကိုယ်တာ ရထားတဲ့ ပီကေနှစ်တောင့် ထွက်လာတယ်။ တစ်ဝက်စီ ချိုးပြီး အနီးဆုံးက ကလေး လေးယောက်ကို မျှဝေပေးလိုက်တယ်။ သူတို့ မလုကြပါဘူး။ အဲ့ဒီ ကလေး လေးယောက်၊ ပီကေက ငွေရောင်စက္ကူပတ်လေး ခွာနေတာကို ကျန်ကလေးတွေ အားလုံးက တိတ်တဆိတ် ၀ိုင်းကြည့်နေကြတယ်။ မျှော်လင့်မျက်ဝန်းတွေနဲ့ပေါ့။
ပီကေလေး ထွက်လာတော့ သူတို့လက်ထဲကနေ ကျန်ကလေးတွေကို ဖဲ့ပြီး မျှဝေ ကျွေးနေပြန်ရော။ စားနေကြရင်း ကုန်သွားမှာ စိုးတဲ့ မျက်ဝန်းတွေနဲ့၊ ခွာချထားတဲ့ ပီကေစက္ကူစလေးတွေကို အထူးအဆန်းသဖွယ် ကောက်ယူကြည့်ရင်း ပျော်နေကြတဲ့ သူတို့လေးတွေကို ကြည့်ပြီး သူ့ရင်ထဲ နာကျင်နေသလို ခံစားရတယ်။ နေရောင်ထဲမှာ ငွေရောင်စက္ကူစလေးတွေက ကလေးတွေရဲ့ မျက်ဝန်းနဲ့အပြိုင် တလက်လက်နဲ့။ အပြစ်ကင်းကင်းနဲ့ တောက်ပနေတဲ့ မျက်ဝန်းလေးတွေကို ကြည့်ပြီး မိခင်တပ်ရင်းမှာ ကျန်ခဲ့တဲ့ သူ့အတွက် ဝေစုရထားတဲ့ သကြားလုံးတွေကို သွားမြင်မိတယ်။ ကလေးတိုင်းကို သူ ကျွေးချင်နေမိပြီ။ အစစ အရာရာ ရှားပါးပြီး ခွဲတမ်းချ စားနေရတဲ့ အချိန်မှာ သူ့စိတ်ကူးကို အကောင်အထည် ဖော်နိုင်ပါ့မလား။ နောက်ဆုံးတော့ ရုတ်ချည်းပေါ်လာတဲ့ “နောက်တစ်ခေါက် ရိက္ခာပြန်လာပို့ရင် လေယာဉ်ဆင်းကာနီး ခြံစည်းရိုးဆီကို သကြားလုံးတွေ ကြဲချပေးမယ်” ဆိုတဲ့ စိတ်ကူးကို ပုံဖော်ဖို့ ဆုံးဖြတ်လိုက်တယ်။
ဒါနဲ့ သူ ပြောတာကို နားမလည်တဲ့ ကလေးတွေကို ခြေဟန်လက်ဟန်နဲ့ သူ့အစီအစဉ်ကို နားလည်အောင် ရှင်းပြပေးပါတယ်။
“ တခြား လေယာဉ်တွေနဲ့၊ ဦးရဲ့ လေယာဉ် ဘယ်လို ခွဲခြားပြီး သိနိုင်မလဲ ” လို့ ကလေးတွေ မေးတော့ သူ သတိပြန်ရသွားတယ်။ စစ်အတွင်းက လေ့ကျင့်ခဲ့သလို “ ဦးက လေယာဉ် ဆင်းကာနီး တောင်ပံတွေကို လေထဲမှာ ဟောဒီလို ဟောဒီလို လူးလွန့်ပြီး ၀ဲပြမယ်လေ ” လို့ သူ့လက်ကို ဆန့်တန်း ၀ဲပြရင်း ပြောပြတော့ ကလေးတွေအားလုံး “ဟေး” ခနဲ အော်ပြီး ထခုန်ကြတယ်။
အမှန်ကတော့ ဒါမျိုး ပြုလုပ်ဖို့ တရားဝင် ခွင့်မပြုထားပါဘူး။ ဒါပေမယ့် နောက်တစ်ကြိမ် ဂျာမဏီကို ပြန်သွားချိန်မှာတော့ သူ့စိတ်ကူးတွေကို ရအောင် စတင်နိုင်ခဲ့တယ်။ ကိုယ်တိုင်က တင်းကျပ်တဲ့ ခွဲတမ်းစံနစ်နဲ့ ရိက္ခာတွေ ရနေခဲ့ပေမယ့် သူငယ်ချင်းတွေရဲ့ ၀ိုင်းဝန်းကူညီမှုနဲ့ ပီကေထုတ်တွေ၊ သကြားလုံးအချို့ကို သူ စုဆောင်းနိုင်ခဲ့တယ်။ နောက်ပြီး လက်ကိုင်ပုဝါလေးတွေကို သူ စုဆောင်းတယ်။ ကလေးတွေ အလွယ်တကူ ဖမ်းယူနိုင်ပြီး အနာတရ မဖြစ်လေရအောင်၊ သကြားလုံးတွေ တစုတစည်းထဲ ထည့်လို့ရအောင်၊ လက်ကိုင်ပုဝါစတွေကို လေထီးပုံသဏ္ဍာန် ခေါက်ချိုးပြီး ချိုချဉ်လေးတွေကို ထည့်ထားလိုက်တယ်။
လေယာဉ်ပျံ မဆင်းခင် အဝေးကြီးထဲကနေ ကလေးတွေကို သူ လှမ်းမြင်နေရပြီ။ ခြံစည်းရိုးတ၀ိုက်မှာ ကလေးတွေ မနည်းပါလား။ လေယာဉ်ပျံရဲ့ တောင်ပံတွေကို သူက လူးလွန့်လှုပ်ရမ်းရင်း ပျံသန်းပြလိုက်တဲ့အခါ ကလေးတွေက လက်တွေ မြှောက်လို့ လေထဲမှာ ခုန်ပေါက်ရင်း အော်ဟစ်နေကြတယ်။ လေယာဉ်ကို အသာနိမ့်ဆင်းလို့် ကုန်တင်ကုန်ချ အပေါက်ကနေ အသင့် ပြင်ဆင်ထားတဲ့ သကြားလုံး လေထီးအိတ်လေးတွေကို မြေပြင်ကို တစ်ခုချင်း ချပေးလိုက်တယ်။ သကြားလုံး လေထီးလေးတွေက လေထဲမှာ ဝေ့ကာ ဝေ့ကာ၊ လိမ့်ကာ လိမ့်ကာနဲ့ မြေပြင်က လက်ကလေးတွေ ကြားထဲ တဖြည်းဖြည်း နိမ့်ဆင်းသွားတယ်။ ကလေးတွေ အားလုံး လေထီးလေးတွေ နောက်ကို အပြေးအလွှား လိုက်ကြတယ်။
လေယာဉ်ပျံ ပြန်တက်သွားချိန်မှာတော့ လေထီးလေးတွေကို ဝှေ့ယမ်းပြရင်း သကြားလုံးလေးတွေကို ပျော်ရွှင်စွာ စားနေတဲ့ ကလေးတွေကို ကြည့်ပြီး ကြည်နူးပျော်ရွှင်စိတ်နဲ့ သူ့စိတ်ထဲ ဖိုလှိုက်နေမိတယ်။
အထက်လူကြီးတွေရဲ့ တရားဝင်အမိန့်မရပဲ လုပ်ဆောင်မှုအတွက် အပြစ်ပေး ခံရမှာကို သေမလောက် ကြောက်ရွံပေမယ့် သူနဲ့ သူ့သူငယ်ချင်းများက သကြားလုံးတွေ၊ ပီကေတွေကို လေယာဉ်ကွင်းလို နေရာမျိုးမှာ သာမကပဲ၊ ကျောင်းတွေအပေါ်၊ ကစားကွင်းတွေအပေါ် နောက်တစ်ကြိမ် ကျဲချဖို့အတွက် ဆက်ပြီး စည်းရုံး စုဆောင်းနေကြပါတယ်။
မိခင်တပ်ရင်းမှာ ရှိနေတဲ့ တစ်နေ့မှာတော့ ကိစ္စတစ်ခုနဲ့ အထက်အရာရှိရဲ့ ရုံးခန်းထဲ သူရောက်ခဲ့ပါတယ်။ အရာရှိရဲ့ စားပွဲပေါ်က စာအိတ်အပုံလိုက်ထဲက အပေါ်ဆုံးစာအိတ် တစ်အိတ်နှစ်အိတ်ခန့်ကို သူတွေ့မြင်လိုက်ရတော့ ထိတ်လန့် တုန်လှုပ်သွားရပါတယ်။ စာအိတ်မှာ ကလေးလက်ရေးလေးတွေနဲ့ လိပ်မူထားသူက “ ဦးဦးလူးလွန့်တောင်ပံ” “ ဦးဦး သကြားလုံးပိုင့်လော့”။ သူ ခပ်သွက်သွက်လေး စာအိတ်တွေကို တစ်အိတ်ချင်း လှန်လျောကြည့်လိုက်တယ်။ စားပွဲပေါ်က စာအိတ်အားလုံးက သူ့ဆီ လာထားတဲ့ ကလေးတွေဆီက စာအိတ်တွေ။ ခွင့်ပြုမိန့်မရပဲ ဆောင်ရွက်ထားတဲ့ သူ့ရဲ့ လုပ်ရပ်အတွက် သက်သေခံပစ္စည်းတွေ။ အဲ့ဒီအချိန်ထိ စာအိတ်များရဲ့ ပိုင်ရှင်ဟာ သူဆိုတာကို အထက်အရာရှိတွေက မသိကြသေးပါဘူး။
သိပ်မကြာပါဘူး။ နေ့စဉ်ထုတ် သတင်းစာမှာ သူ့ရဲ့ အမှတ်တံဆိပ်နဲ့ လေယာဉ်ပုံကြီးနဲ့ အတူ၊ လေထဲကနေ မြေပြင်ပေါ်ကို ၀ဲပျံကျနေတဲ့ သကြားလုံး လေထီးအိတ်လေးများနဲ့၊ ကလေးများရဲ့ ပျော်ရွှင် မျက်နှာများက ယှဉ်တွဲလို့ ပါလာပါတော့တယ်။ အထင်းသားမို့ သူ ဘာကိုမှ ဆက်ပြီး ဖုန်းကွယ်လို့ မရတော့ပါဘူး။ ပေးအပ်တဲ့ အပြစ်ကို ခံယူဖို့ အသင့်ဖြစ်နေခဲ့ပါပြီ။
ဒါပေမယ့် အံ့သြ၀မ်းသာမှုတွေက သူ့ရှေ့မှောက်ကို ခပ်မြန်မြန်ပဲ ရောက်ရှိလို့ လာပါတော့တယ်။ အပြစ်ပေးခံရမယ့်အစား၊ သူ့ကို အားတက်သရော ၀ိုင်းချီးကျူးကြပြီး၊ သကြားလုံးတွေကို ကလေးတွေအတွက် ဆက်ပြီး ကျဲချခွင့် တရားဝင် ရလိုက်ပါတော့တယ်။
ဒီလိုနဲ့ လေထီးလုပ်ဖို့ လက်ကိုင်ပုဝါတွေ၊ ရှပ်အိင်္ကျီစတွေ မလုံလောက်တော့ပါဘူး။ ကလေးတွေက သူတို့ လေထီးစလေးတွေကို အသုံးပြုဖို့ ပြန်ပို့ပေးကြပါတယ်။ ဒါ့အပြင် အမေရိကန်နိုင်ငံ တ၀ှမ်းလုံးမှာ ရှိတဲ့၊ သူ့လုပ်ရပ်ကို နှစ်သက်ထောက်ခံသူများက ပေးလှူတဲ့ လက်ကိုင်ပုဝါတွေ၊ သကြားလုံးတွေကို အဆက်မပြတ် လက်ခံရရှိနေတော့မှ သူ့ရဲ့ ကလေးတွေအတွက် သူ့စိတ်တွေ အေးရပါတော့တယ်။
မယုံကြည်နိုင်စရာ အဖြစ်ပဲလို့ သူတွေးနေမိပေမယ့် သူတကယ် လက်တွေ့ကြုံနေရာတာမှန်း သိနေခဲ့ပါတယ်။ မကြာခင်မှာပဲ “သို့ – လူးလွန့်တောင်ပံ” ဆိုပြီး သူ့ဆီ လိပ်မူထားတဲ့ သူ့ရဲ့ ဂျာမဏီက ကလေးများဆီ ပြန်စာတွေ အချိန်မှီ ရေးနိုင်ဖို့အတွက် ဗိုလ်ကြီးဂေးလ်ဟဲလ်ဗော်ဆန်ဟာ အတွင်းရေးမှူးနှစ်ယောက်ကို ခေါ်ထားလိုက်ရပါတော့တယ်။
လက်ခံရရှိမှုအတွက် ဂုဏ်ပြု ချီးမြှင့်ခံရခြင်းထက် ပေးကမ်းစွန့်ကြဲခြင်းအတွက် ဂုဏ်ပြုချီးမြှင့်ခံရခြင်းက ပိုမြတ်၏။
မိုးကောင်းကင်တစ်ခုအောက်ထဲ အသက်ရှင် နေထိုင်သူတိုင်းသည် ကမ္ဘာ့ဆွေမျိုးများပင် ဖြစ်ကြသည်။ စာနာ၊ သနား၊ ကြင်နာမှုတို့ ဖိတ်လျှံလာသောအခါ အမုန်းတရား၊ အာဃာတ၊ လူမျိုး၊ ဘာသာစကား၊ အသွေးအရောင်စသည့် ကွဲပြားခြင်းတို့သည် အကြားအလပ် မရှိတော့ပဲ တစိတ် မ်းထဲ ဖြစ်သွားစေသည်။
(Melanie Stunkel ၏ Candy from Heaven ကို ဆီလျော်အောင် ပြန်ရေးပါသည်။ မူရင်းဝတ္တုဖတ်ချင်သူများ ဒီနေရာလေးမှာ ၀င်ဖတ်နိုင်ပါတယ်။ ဒီဝတ္တု မူရင်းလေးကို အပင်ပမ်းခံ ပြန်ရိုက်ပို့ပေးခဲ့တဲ့ ဂျပန်နိုင်ငံ၊ အိုဆာကာမှ ချစ်သူငယ်ချင်း မအိကို ကျေးဇူးမှတ်တမ်း တင်ပါရစေရှင်။ )
ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။
Posted by မြသွေးနီ
No comments:
Post a Comment