**မျိုသိပ်မထားတတ်သူ**
တစ်နေသ့၌ မည်သည့်အကြောင်းအရာကိုမဆို မျိုသိပ်မထားတတ်သူ အမျိုးသားတစ်ဦးသည် ရထားစီးလာစဉ် သူ၏ထိုင်ခံဘေးနေရာလပ်တွင် ဂျာကင်အင်္ကျီဝတ်ဆင်ထားသော လူတစ်ဦးလာထိုင်လေသည်။
အမျိုးသား - ဒီကမိတ်ဆွေ ဘယ်အထိသွားမှာလဲ။
ဂျာကင်ဝတ် - ခရီးဆုံးအထိပါပဲဗျာ။
အမျိုးသား - ကျနော်ကတော့ ရှေ့ငါးဘူတာလောက်ဆိုရင် ဆင်းတော့မှာပါ။
ဂျာကင်ဝတ် - အော်…ရောက်တော့မှာပေါ့။
အမျိုးသား - ဟုတ်ကဲ့… ဒီရထားကိုမီအောင် အပြေးအလွှားစီးလာရလို့ လက်မှတ်တောင် မပါခဲ့ပါဘူးဗျာ။
ဂျာကင်ဝတ် - ဟုတ်လား။
အမျိုးသား - ဒါထက်… မိတ်ဆွေကော ရထားလက်မှတ်ပါရဲ့လား။
ဂျာကင်ဝတ် - ကျနော်က လက်မှတ်စစ်ပါ။
အမျိုးသား - “ဗျာ”
ရေးသားသူ-အာကာဟိန်း

No comments:
Post a Comment