**ဒါကြောင့်ပါ**
အိမ်မွေးကြောင်များ ကိုယ်စီမွေးမြူထားကြသည့် မိတ်ဆွေနှစ်ဦးတို့ လမ်း၌ တွေ့ဆုံရင်းစကားပြောကြလေသည်။
ပထမအမျိုးသား - တွေ့တုန်းပြောရဦးမယ်။ ကျနော့်ကြောင်လေးက သိပ်လိမ္မာတယ်ဗျ။
ဒုတိယအမျိုးသား - ဟုတ်လား၊ ပြောပြပါဦး။
ပထမအမျိုးသား - မနက်တိုင်း ခြံပေါက်တံခါးမှာ ညှပ်ထားတဲ့ သတင်းစာကျနော့်ဖတ်ဖို့ ယူလာပေးတယ်။
ဒုတိယအမျိုးသား - သြော်…
ပထမအမျိုးသား - ကျနော့်သားအငယ်ဆုံးလေး ပုခက်နဲ့ အိပ်ချိန်မှာ ကြိုးကိုသူ့ပါးစပ်နဲ့ကိုက်ပြီး လွှဲပေးတယ်။
ဒုတိယအမျိုးသား - ကောင်းတာပေါ့။

ပထမအမျိုးသား - ကဲ… ကျနော့်ကြောင် ဘယ်လောက်လိမ္မာလဲ… မိတ်ဆွေရဲ့ကြောင်ကရော…။
ဒုတိယအမျိုးသား - ခင်ဗျားရဲ့ ကြောင်ကို အဲဒီအလုပ်တွေတတ်အောင် သူသင်ပေးထားတယ်လို့ ကျနော့်ကြောင်က ပြောပြထားပါတယ်။
ပထမအမျိုးသား - “ဗျာ”
ရေးသားသူ- အာကာဟိန်း

No comments:
Post a Comment