ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, February 13, 2012

ဖေဖေါ်ဝါရီ (၁၃) ရက် နှင့် မနက်ဖြန်

>

မြန်မာနိုင်ငံကို ချစ်ကြတဲ့ မြန်မာနိုင်ငံသားတို့ သိကြတဲ့ အတိုင်း ဖေဖေါ်ဝါရီ (၁၃) ရက်၊ ကျွန်တော်တို့နိုင်ငံ ရဲ့ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရဲ့ (၉၇) နှစ်မြောက်မွေးနေ့ … သူသာ ယနေ့အချိန်အထိ အသက်ရှင်ခွင့်ရခဲ့မယ် ဆိုရင်ပေါ့ ။ ကမ္ဘာမှာ မြန်မာ ဆိုတဲ့ နေရာတစ်နေရာ ရအောင် ကြိုးပမ်းခဲ့သူ … ကျွန်စိတ်တွေ ပယ်ဖျောက်ကာ သခင်စိတ် သွင်းပေးခဲ့သူ … နှစ်ပေါင်း (၁၀၀) ကျော် တိုင်းတစ်ပါး ကျွန်ခံ ရတဲ့ ဘ၀၊ ဆင်းရဲတဲ့ ဒုက္ခတွင်းကနေ ကယ်တင်ခဲ့သူ စတဲ့ စတဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံပြီး တိုင်းပြည်အကျိုးကို ရှေ့တန်းတင်ခဲ့တယ့် ဒို့ “ဗိုလ်ချုပ်မွေးနေ့” …

မနက်ဖြန်ဆိုရင် ဖေဖေါ်ဝါရီ (၁၄) ရက် Valentines’ Day … မြန်မာ့အစဉ်အလာ မဟုတ်တဲ့ အနောက်နိုင်ငံသားတို့ရဲ့ ချစ်သူများနေ့ … ချော့ကလက်၊ ပန်းစည်း စတဲ့ လက်ဆောင် ပစ္စည်းတွေ၊ အမျိုးမျိုးသော ဆိုင်တို့ရဲ့ Promotion တွေ … တလောက Online မှာ တွေ့လိုက်ရတဲ့ Show ပွဲ တစ်ခုရဲ့ ကြော်ငြာလို တက်ရောက်လာတဲ့ စုံတွဲ အချို့ကို ကံစမ်းမဲ အနေ နဲ့ အခန်းများ မဲဖောက်ပေးမယ်တို့ စတဲ့ စတဲ့ မြန်မာ့ယဉ်ကျေးမှု နဲ့ လွဲနေတဲ့ အကြောင်းအရာတွေနဲ့ နေ့ ….

ကျွန်တော်တို့တွေ ဘယ်နေ့ကို သတိရကြသလဲ … ဘယ်နေ့ကို အထွဋ်အမြတ် ထားကြသလဲ … ဘယ်နေ့ကို အလေးပေးကြသလဲ … စဉ်းစားကြည့်ကြပါနော် … “ဖေဖေါ်ဝါရီဆယ့်သုံး မှာ ဗိုလ်ချုပ်မွေးနေ့ပါ ၁၉၁၅ ရှေ့နေ ဦးဖာ သား” အဲ့ဒီကဗျာလေးကို ကျွန်တော်တို့ တွေ သတိရကြရဲ့လား … အော် ဒီနေ့ဟာ ငါတို့ပြည်ကြီးရဲ့ လွတ်လပ်ရေးဖခင်ကြီးမွေးနေ့ပါလားလို့ရော အမှတ်ရကြရဲ့လား … အောက်မေ့ ဂုဏ်ပြုသင့်တယ်လို့ ရော မထင်မိကြဘူးလား အမိ နိုင်ငံသားတို့ရေ …

ကျွန်တော် ကောင်းစေချင်လို့ ပြောနေတာပါ … တိုင်းပြည်နဲ့လူမျိုး အတွက် ဘာမှ လုပ်မပေးနိုင်တာ အသာထားဦး … ကျွန်တော်တို့မှာ တိုင်းပြည်ကို ချစ်တဲ့စိတ်လေးတော့ ရှိသင့်ပါတယ် ရှိထိုက်ပါတယ် ... အများကြီး မဟုတ်ရင် နေပါ … တစ်ယောက် နည်းနည်း ၊ တစ်ယောက် နည်းနည်း ရှိနေရင်ကို ကျွန်တော်တို့ နိုင်ငံကြီး သာယာပါတယ် …

ကျွန်တော်က ဗိုလ်ချုပ်မွေးနေ့ အကြောင်းပြောတော့ တချို့က ပြောကြမယ် … မေးကြမယ် … ဖေဖေါ်ဝါရီ (၁၃) ကို သတိရရုံ နဲ့ ဘာဖြစ်လာမှာလည်း … ဘာအကျိုးရှိမှာလည်း စသဖြင့်ပေါ့ … အဲ့ဒါဆိုရင် ကျွန်တော် ပြောချင်တာက ဘာမှဖြစ်မလာသလို ဘာမှလည်း အကျိုး ရှိမလာပါဘူး … ဒါပေမယ့်လို့ ကျွန်တော်တို့တွေကို ကျွေးမွေးတဲ့ နိုင်ငံကြီး ရဲ့ လွတ်လပ်ရေး ဖခင်တစ်ယောက်ကို ဂုဏ်ပြုတာဟာ အမျိုးကို ချစ်တဲ့ စိတ်၊ တိုင်းပြည်ကို ချစ်တဲ့စိတ် စတဲ့ စိတ်တွေ နဲ့ ဦးညွတ်ကြတာပါ …

ဒါဆိုရင် ကျွန်တော်လည်း မေးခွန်းတစ်ခု ထပ်မေးပါရစေ … Valentines’ Day မှာ လက်ဆောင်တွေ ဖလှယ်ကြတော့ အချစ်တွေ ဖလှယ်ကြတော့ ဘာအကျိုးရှိမှာလည်း … အဲ့ဒီတော့ အကျိုးရှိတာ့ပေါ့လို့ ဖြေကြမယ် … အဲ့ဒါဆို ကောင်းပြီ … အဲ့ဒီ ရလာမယ့် အကျိုးက ကိုယ်ကျိုး အတွက် … ကိုယ့်ကောင်းကျိုးအတွက် … ကိုယ့်စီးပွားအတွက် ပဲ မဟုတ်လား … အခုလိုမျိုး ကျွန်တော်တို့တွေ အေးအေးချမ်းချမ်း ပညာသင်ကြားနိုင်အောင် စီးပွားရှာနိုင်အောင် စသဖြင့် အကျိုးစီးပွားများစွာကို အနစ်နာခံပြီး ဆောင်ရွက်ပေးခဲ့တာ အသက်ပေးခဲ့တာ ဘယ်သူလည်း … သေချာစဉ်းစားကြည့်ကြပါ … ကျွန်တော်တို့တွေ ကျေးဇူးမကန်းသင့်ဘူးနော် …

ကျွန်တော်တို့တွေ နေထိုင်တာ မြန်မာပြည်၊ မြန်မာပြည်က ထမင်းစား မြန်မာပြည်က ရေသောက်ပြီး ကြီးပြင်းခဲ့ကြတာ … ဒါတောင် မြန်မာပြည်ကို သူ့ကျွန်ဘ၀က ကယ်ခဲ့တဲ့သူ တွေ ကို မေ့ပစ်လိုက်ကြမှာလား … ဒါဆိုရင်တော့ မြန်မာနိုင်ငံသား လို့ မဆိုထိုက်ဘူးနော် …

ဖေဖေါ်ဝါရီ (၁၃) နဲ့ ဖေဖေါ်ဝါရီ (၁၄) … ရက်အားဖြင့် ဘယ်လောက်မကွာသလို … နာရီအားဖြင့်လည်း သိပ်မကွာလှ … သို့ပေမယ့် တန်ဖိုးချင်းကွာလွန်းတယ် … ကွာတာမှ နည်းနည်းလေး မဟုတ် တော်တော်လေး ကွာလှတယ်… ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ အတွက်တော့ အဲ့ဒီ (၂) ရက်ဟာ အတော်လေး ခြားနားတယ် … ဒါကို အားလုံးလည်း သိကြမှာပါ …

ထားပါတော့ လူငယ်တွေက မသိဘူးလို့ပဲ သဘောထားလိုက် … မသိတဲ့သူတွေကို သိအောင် လူကြီး တွေ ဘာလို့ မပြောကြလည်း … ဖေဖေါ်ဝါရီ (၁၃) ဟာ ငါတို့ နိုင်ငံ လွတ်လပ်ရေး ဖခင်ကြီးရဲ့ မွေးနေ့ ဟဲ့ … ဘာဟဲ့ … ညာဟဲ့ ဆိုပြီး လူငယ်တွေ သိလာအောင်၊ နိုင်ငံ ချစ်တဲ့ စိတ်လေးများ ရှိအောင် ဘာလို့ မပြောကြတာလည်း … အနောက်နိုင်ငံ က အယူအဆ Valentines’ Day ဆိုတာမျိုးကိုတော့ လူကြီးတွေက ပါ လက်ခံကြတယ် … ပျော်ပါးကြတယ် … အားပေးကြတယ် … အကုန်လုံးကိုတော့ မဆိုလိုပါဘူး … အများစု ကိုပြောတာပါ …

နိဂုံးချုပ် အနေနဲ့ ပြောချင်တာက ကျွန်တော်တို့တွေဟာ မြန်မာနိုင်ငံသားတွေ ပါ … ယဉ်ကျေးမှု၊ သမိုင်း၊ သွေး နဲ့ ချွေးတို့နဲ့တည်ဆောက်လာတဲ့ နိုင်ငံ ရဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေ ပါ … ဒီလို အစဉ်အလာတွေ ရှိလာတဲ့ ရှိနေတဲ့ ဒီနိုင်ငံကြီးကို နောင်လည်း ရှိမြဲ အတိုင်း ရှိနေအောင် ကျွန်တော်တို့တွေ မစွမ်းဆောင်သင့်ပေဘူးလား … မတူညီတဲ့ ရက်နှစ်ရက်ကို ကျွန်တော်တို့တွေ အတွက် ဘယ်ရက်ကဖြင့် ငါတို့ အမျိုးသားရေး … ဘယ်ရက်ကဖြင့် ငါတို့ ဘာရေး ညာရေး ဆိုတာတွေ ခွဲခြားနိုင်ပါစေ … နိုင်ငံကို ချစ်မြတ်နိုးပြီး ကိုယ်ကျိုးစွန့် အနစ်နာခံသွားတဲ့ (၉၇) နှစ်မြောက် ဗိုလ်ချုပ်မွေးနေ့ကို ကဗျာစာဆိုရှင် ဘဘတင်မိုး ရေးသားတဲ့ အောင်ဆန်းဇာနည် ဆိုတဲ့ ကဗျာလေးနဲ့ ဆုတောင်းပေးရင်း မတူညီတဲ့ ရက်နှစ်ရက် အကြောင်း အဆုံးသတ်ပါရစေ

**အောင်ဆန်းဇာနည်**

ဖေဖေါ်ဝါရီ ဆယ့်သုံး မှာ

ဗိုလ်ချုပ်မွေးနေ့ပါ၊

တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး

ရှေ့နေ ဦးဖာ သား။

ဇာတိနတ်မောက် မကွေးခရိုင်

သိကြများ ခုတိုင်၊

ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား

မိခင်ဒေါ်စု သား။

တစ်ထောင့်ကိုးရာ လေးဆယ့်ခွန်

ပြောင်းကြွ တမလွန်၊

မျက်ရည်သွန်လို့ ဘ၀င်ညှိုး

ဇူလိုင်တစ်ဆယ့်ကိုး။

ပြည်ထောင်စုရဲ့ ကျေးဇူးရှင်

ဗိုလ်ချုပ်တို့ဖခင်၊

ကောင်းစေချင်တဲ့မှာစကား

ငါတို့ မမေ့အား ။ ။

** ရာဟုငယ်**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)