**ကမ္ဘာကျော်အဆိုတော် ရှာကီရာ..ပြင်သစ်ယဉ်ကျေးမှုဆု ဆွတ်ခူးရရှိ**
ကမ္ဘာကျော်ဟစ်ပေါ့ပ်အဆိုတော် ရှာကီရာကို သူမရဲ့ ဂီတအနုပညာ ထူးချွန်မှုတွေအတွက် ကိန်း(စ်)မြို့မှာ ပြင်သစ်ယဉ်ကျေးမှုဆိုင်ရာ ဆုတံဆိပ် ချီးမြှင့်လိုက်ပါတယ်။
Hips Don’t lie လို့အမည်ရတဲ့သီချင်းနဲ့ သီိဆိုဖြေဖျော်ပေးခဲ့တဲ့ကိုလံဘီယာအဆိုတော် ရှာကီရာကို လွန်ခဲ့တဲ့သီတင်းပတ်က ပြင်သစ်ယဉ်ကျေးမှုဝန်ကြီး ဖရက်ဒရစ်မစ်တာရန်းက ဒီဆု ချီးမြှင့်လိုက်တာဖြစ်ပါတယ်။
အဆိုတော် ရှာကီရာကို ကိန်း(စ်)မြို့မှာ ကျင်းပတဲ့ NRJ Music Awards ဂီတ ဆုပေးပွဲမှာ ဒီဆုချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ သူမဟာ ဒီဆုပေးပွဲမှာ JeL’Aime A Mourir လို့ အမည်ရတဲ့ ဟစ်သီချင်းနဲ့ ဖျော်ဖြေခဲ့ပါတယ်။ (အင်တာနက်)
**Roly-Poly ကို ဂျပန်တွင် အရောင်းမြှင့်တင်ရေးပြုလုပ်မည့် T-ara **
ကိုရီးယားအမျိုးသမီးပေါ့ပ်တေးဂီတအဖွဲ့ T-ara က ၄င်းတို့၏ တတိယ မြောက် ဂျပန်တေးသီချင်းအယ်လ်ဘမ် Roly-Polyကို မကြာမီ ဂျပန်နိုင်ငံတွင် အရောင်းမြှင့်တင်ရေးပြုလုပ်သွားမည်ဖြစ်ကြောင်း ၄င်းတို့၏ အေဂျင်စီ Core Contents Media က ထုတ်ပြန်ကြေညာသည်။
T-ara ဂီတအဖွဲ့သည် Roly-Poly တေးသီချင်းအယ်လ်ဘမ်ကို ထုတ်လုပ်ဖြန့်ချိပြီး တစ်လအကြာဖေဖော်ဝါရီ ၂၉ ရက်တွင် ဂျပန်နိုင်ငံ၌ အရောင်းမြှင့်တင်ရေးပြုလုပ်သွားမည်ဖြစ်ကြောင်း ကိုရီးယားတွင် ယင်းအယ်လ်ဘ် အရောင်းမြှင့်တင်ရေးလှုပ်ရှားမှုကို ဖေဖော်ဝါရီ ၁၆ ရက်တွင် အဆုံးသတ်သွားမည်ဖြစ်ပြီး ဂျပန်သတင်းမီဒီယာများ၊ ရေဒီယိုနှင့် ရုပ်သံလိုင်းများနှင့် တွေ့ဆုံမေးမြန်းမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း Core Contents Media က ထုတ်ပြန်ကြေညာသည်။ (အင်တာနက်)
စုစည်းဘာသာပြန် - မိုးမြင့်လင်းလက်

No comments:
Post a Comment