**ကိုယ်အလေးချိန် ၁၃ ပေါင် ၁၃ အောင်စရှိကလေးခွဲမွေးခြင်းမပြုဘဲ သဘာဝအတိုင်းမွေးဖွား**
(နယူးယောက်၊ ဖေဖော်ဝါရီ ၃)
အမေရိကန်နိုင်ငံ အိုင်အိုဝါပြည်နယ် ဒက်စ်မွိုင်းမြို့ရှိ မာစီဆေးရုံတွင် ကိုယ်ဝန်ဆောင်အမျိုးသမိးတစဦးသည် ကိုယ်အလေးချိန် ၁၃ ပေါင် ၁၃ အောင်စရှိ အလွန်ဖွံ့ထွားသော ကလေးငယ်တစ်ဦးကို ခွဲစိတ်မှုမပြုဘဲ သဘာဝအတိုင်းမွေးဖွားခဲ့သည်။ ယောက်ျားလေးတစ်ဦးဖြစ်သည့် ထိုကလေးငယ်၏အရပ်အမြင့်မှာ ၅၉.၇ စင်တီမီတာရှိသည်။ မိဘဖြစ်သူတို့က သူတို့၏ရင်သွေးငယ်ကို အက်ရှာစတီးဝပ်ဆင်ဟု အမည်မှည့်ခေါ်ခဲ့ကြသည်။ ကလေးငယ်အက်ရှာ၏ မိခင်ဖြစ်သူ ကင်ဒဲလ်စတီးဝပ်ဆင်သည် ထုံဆေးထိုးခံခြင်းမရှိဘဲ ခြောက်နာရီကြာမျှ သာားဖွားခြင်းဝေဒနာကို ကြိတ်မှိတ်ခံစားကာ မွေးဖွားခဲ့ရခြင်းဖြစ်သည်။ လွန်ခဲ့သော ၁၅လက ကင်ဒဲလ်စတီးဝပ်ဆင်သည် အက်ရှာလေး၏ အစ်ကိုဖြစ်သူ ဂျူဒါ့စ်ကို မွေးဖွားထားသူဖြစ်သည်။ ဂျူဒါ့စ်လေးမှာလည်း မွေးကင်းစ ကိုယ်အလေးချိန် ၁၁ ပေါင် ၉ အောင်စရှိသည်။(အင်တာနက်)
**ပြည်တွင်းလုပ်ဂြိုလ်တုတစ်လုံး အီရန်လွှတ်တင်**
(တီဟီရန် ဖေဖော်ဝါရီ ၃)
အီရန်နိုင်ငံက ပြည်တွင်းလုပ်သုတေသနဂြိုလ်တုတစ်လုံးကို ဖေဖော်ဝါရီ ၃ ရက်က အောင်မြင်စွာလွှတ်တင်လိုက်ကြောင်း အီရန်နိုင်ငံ ပရက်စ်တီဗွီသတင်းဌာနက သတင်းထုတ်ပြန်သည်။ နာဗစ်ဟု အမည်ပေးထားသော အဆိုပါဂြိုလ်တုသည် အလေးချိန် ကီလိုဂရမ် ၅၀ ရှိပြီး ကမ္ဘာမြေမှ ကီလိုမီတာ ၂၅၀ မှ ၃၇၅ ကီလိုမီတာခန့်အကြာရှိဝေဟင်၌ ရွေ့လျားကာ သတင်းဓာတ်ပုံများကို ရယူထုတ်ပြန်ပေးမည်ဖြစ်သည်။ အဆိုပါ ဂြိုလ်တုကို တီဟီရန်မြို့ရှိ သိပ္ပံနှင့် နည်းပညာတက္ကသိုလ်မှ ပညာရှင်များက ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားခြင်းဖြစ်သည်ဟု ၄င်းတက္ကသိုလ်အကြီးအကဲဂျာဘာလာမီလီက ပြောကြားသည်။ (အင်တာနက်)
**နေစကြစဠာအပြင်ဘက်၌ ဂြိုလ်သစ် ၁၁ လုံးတွေ့ရှိ**
(၀ါရှင်တန်၊ ဖေဖော်ဝါရီ ၃)
နေစကြ၀ဠာအပြင်ဘက်၌ ဂြိုလ်အသစ် ၁၁ လုံးကို နာဆာ၏အဝေးကြည့်မှန်ပြောင်းဖြင့် သုတေသနပညာရှင်များက ရှာဖွေတွေ့ရှိခဲ့ရာ နေစကြ၀ဠာအပြင်ဘက်တွင် စုစုပေါင်း ဂြိုလ်သစ် ၂၆ လုံးတွေ့ရှိပြီဖြစ်ကြောင်း နာဆာက ဖေဖော်ဝါရီ ၂ ရက်တွင် သတင်းထုတ်ပြန်သည်။ ယခုတွေ့ရှိရသည့် ဂြိုလ်သစ်များ၏ အရွယ်အစားမှာ ကမ္ဘာဂြိုလ်၏ အချင်းထက် ၁.၅ ဆမှ ငါးဆအထိ ပိုမိုကြီးမားကြောင်း၊ ၄င်းတို့သည် သောကြာဂြိုလ် အရွယ်အစားနီးပါးရှိကြောင်း နာဆာသုတေသနပညာရှင်များက ပြောကြားသည်။ အချို့ဂြိုလ်သစ်များ၏ အရွယ်အစားမှာ နေဂြိုလ်ခန့်ရှိသည်။ နာဆာ၏ ကီပလာအာကာသ အဝေးကြည့်မှန်ပြောင်းသည် နေဂြိုလ်ကိုလည်း အနီးကပ်လေ့လာနိုင်သည်။ ကီပညာအာကာသအဝေးကြည့်မှန်ပြောင်းဖြင့် နေစကြ၀ဠာအတွင်းအပြင်၌ ဂြိုလ်သစ်ပေါင်း ၆၀ ခန့်ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်သည်။ (အင်တာနက်)
**တရားမ၀င် ၀င်ရောက်လာသူ ၃၄ ဦးတရုတ်ရဲတပ်ဖွဲ့ဖမ်းဆီးရမိ**
တရုတ်နိုင်ငံတောင်ပိုင်း ကွမ်စီကျို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် တရားမ၀င် ၀င်ရောက်လာသည့် ဗီယက်နမ်နိုင်ငံသား ၃၄ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ဖေဖော်ဝါရီ ၂ ရက်တွင် ပြောကြားသည်။ ဇန်န၀ါရီ ၃၁ ရက် ည ၉ နာရီ မိနစ် ၄၀ ၀န်းကျင်က ဘတ်စ်ကားတစ်စီးသည် ခရီးသည်များစုဆာင်းရန်အဝေးပြေးလမ်းမတစ်နေရာတွင် တရားမ၀င်ရပ်ထားစဉ် ဖန်ချန်ဂန်မြို့ရဲတပ်ဖွဲ့မှ စစ်ဆေးမှုများပြုလုပ်ရာ ဘတ်စ်ကားပေါ် လိုက်ပါလာသူခရီးသည် ၅၄ ဦးအနက် တရုတ်နိုင်ငံအတွင်း တရားမ၀င် ၀င်ရောက်လာသည့် ဗီယက်နမ်နိုင်ငံသား ၃၄ ဦးအား တွေ့ရှိခဲ့ခြင်းဖြစ်သည်။ တရားမ၀င် ၀င်ရောက်လာသူများအား ဗီယက်နမ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်လကြောင်း၊ အဆမတန်တင်ဆောင်မှုနှင့် တရာားမ၀င်ရပ်နားထားမှုအတွက် ဘတ်စ်ကားမောင်းသူမှာ တရားရင်ဆိုင်ရဖွယ်ရှိကြောင်း ဒေသဆိုင်ရာရဲတပ်ဖွဲ့က ပြောကြားသည်။ (အင်တာနက်)
စုစည်းဘာသာပြန် - တင်မောင်လွင်

No comments:
Post a Comment