**မော်ရင်ဟို ချယ်လ်ဆီးသို့ တစ်ကျော့ပြန်လာမှာလား…**
ယခင်ချယ်လ်ဆီးနည်းပြဟောင်း ဟိုဆေးမော်ရင်ဟိုသည် ယခုအခါ အသင်းဟောင်းသို့တစ်ကျော့ပြန်ခြေချရန် စဉ်းစားနေပြီဖြစ်ကြောင်း မော်ရင်ဟိုနှင့်နီးစပ်သော သတင်းရပ်ကွက်အချိုက သတင်းထုတ်ပြန်ခဲ့ကြသည်။ ၄င်းတို့၏ အဆိုအရ မော်ရင်ဟိုသည် ယခုနှစ်ဘောလုံးရာသီကုန်ဆုံးချိန်တွင် ယခုလက်ရှိကိုင်တွယ်နေသည့် ရီးယဲလ်မက်ဒရစ်နည်းပြအဖြစ်မှ ရပ်စဲပြီး ပရီမီယာလိဂ်သို့ တစ်ကျော့ပြန်လာရန် ပြင်ဆင်နေကြောင်း သိရသည်။ ထို့အပြင်တွင် စပါယ်ရှယ်ဝမ်းအဖြစ် လူသိများခဲ့သည့် မော်ရင်ဟိုကိုယ်တိုင်ကလည်း ပရီမီယာလိဂ်သို့ပြန်လာလိုကြောင်း ပြောကြားခဲ့ဖူးသည်။ ချယ်လ်ဆီးအသင်းပိုင်ရှင်အေဘရာမိုဗစ်ခ်ျလကည်း မော်ရင်ဟိုသာ ပြန်လာမည်ဆိုပါက အသင်းနှင့် ပတ်သတ်၍ လုပ်ပိုင်ခွင့်အားလုံးကို ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။ မော်ရင်ဟိုသည် ၂၀၀၇ ခုနှစ်က ချယ်လ်ဆီးအသင်း၏ ကစားသမားများရးရာတွင် ပိုင်ရှင်အေဘရာမိုဗစ်ခ်ျ၏ ၀င်ရောက်စွက်ဖက်မှုကြောင့် ဆက်ဆံရေးအဆင်မပြေဖြစ်ကာ ချယ်လ်ဆီးကို စွန့်ခွာခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)
**ဘာစီလိုနာအနိုင်ရရေးတွင် မက်ဆီသာအဓိကဆိုသည်ကို သီယာဂိုငြင်းဆို**
(ဘာစီလိုနာ ဖေဖော်ဝါရီ ၃)
ဘာစီလိုနာအသင်း အနေဖြင့် အာဂျင်တီးနားကစားသမား မက်ဆီကို အားကိုးအားထားပြုရခြင်းမှာ မက်ဆီသည် ၂၀၁၁ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ရရှိထားသူဖြစ်ပြီး ၄င်း၏ ဘောလုံးစွမ်းရည်ပြည့်ဝမှုနှင့် အတူ ၂၀၁၁-၂၀၁၂ ၏ ရွှေဖိနပ်ဆန်ခါတင်စာရင်းတွင်လည်း အဆင့်(၃)နေရာတွင် ရပ်တည်ခဲ့ခြင်းတို့ကြောင့် ဖြစ်သည်။
သီယာဂိုက ဘာစီလိုနာအသင်းမက်ဆီအား အားမကိုးသင့်ကြောင်းပြောဆိုခဲ့ခြင်းမှာလည်း ယခုတစ်ပတ်ယှဉ်ပြိုင်ကစားခဲ့သည့် ကိုပါပြိုင်ဘက်ဗလန်စီယာအသင်းနှင့် တစ်ဂိုး-တစ်ဂိုး ဖြင့် သရေကျခဲ့သည့်ပွဲတွင် မက်ဆီ၏ ကန်ချက်များ လွဲချော်ခဲ့ခြင်းကြောင့်ဖြစ်သည်။ (အင်တာနက်)
စုစည်းဘာသာပြန် - နိုင်လင်းကြည်

No comments:
Post a Comment