ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, February 16, 2012

တံငါသည်.

>
“အဘရေ..အဘ…”
“ ဟဲ့ စောစောစီးစီး.. ရေးကြီးသုတ်ပြာနဲ့ ဘာဖြစ်လာတုံး ငမိုးရ..”
“မအေးခင် သားလေး ဆုံးပြီဗျ..”
“ ဟ.. ဟုတ်ကဲ့လား…. ဟိုနေ့ကတောင် ငါ့ဆီလာသွားသေးတာကိုပဲ….”
“ ဟာ.. မဟုတ်ပဲ ကျုပ်က ညာပြောမလားဗျ.. .မယုံသွားကြည့်ဗျာ…”

ရွာလူကြီး ဦးဘမောင်က ချက်ချင်းဆိုသလို အိမ်ထဲအမြန်ပြန်ဝင်လိုက်ပါတယ်.. ၀တ်နေကျ အပေါ်ထပ်လေးကို
ကပျာကယာ ၀တ်ဆင်လိုက်ပြီး.. ရွာနောက်ပိုင်းကို အပြေးတစ်ပိုင်း ထွက်လာခဲ့ပါတယ်… ရပ်ရွာရဲ့ သာရေး နာရေး
ကိစ္စ အ၀၀က ကိုယ့်ခေါင်းပေါ် တင်ထားရတာဆိုတော့လည်း ကိုယ်က ရှေ့က သွားဖို့ လိုတယ်မဟုတ်လား….ခုတောင်
လူတွေတော်တော်ရောက်နေကြပီထင်တယ်...။
အော်…. နေသွေး..နေသွေး…….အင်း…. နေ့မြင်ညပျောက်ဆိုတာ…. ဒါပဲထင်ပါတယ်…..။

ရွာ အရှေ့နဲ့ အနောက်ကလည်း ခပ်သွက်သွက်ကလေး လှမ်းနေရတာတောင် မိနစ် 20 လောက် သွားရတယ်။
မိုးတွင်းဆို သွားလို့လာလို့ကသိပ်မကောင်းဘူး…..။ ချောင်းရေများ လျှံလို့ကတော့.. ဘယ်သူမှတောင် အိမ်ပြင်
မထွက်ချင်ကြ…။ နေသွေးတို့ အိမ်ကလည်း ရွာပြင်နီးပါးရောက်နေတော့..
တော်ရုံဆို သိပ်မရောက်ဖြစ်တာကများတယ်လေ..။

နေသွေးတို့အိမ်ရောက်တော့ လူက တော်တော်စုံနေပြီ ကိုယ်တောင် နောက်ကျနေသေး..။ ခနော်ခနဲ့ အိမ်တိုင်လေး
မှာတော့ ကလေးအလောင်းကို တင်ထားတာက မသေမသပ်။ ခပ်နွမ်းနွမ်း စောင်လေးတစ်ထည်ကိုတော့ ဦးဘမောင်
ချက်ချင်း မှတ်မိလိုက်ပါတယ်… အော်.. မနှစ်က ရွာဘုရားပွဲမှာ နေသွေးမဲပေါက်တဲ့ စောင်လေးပါလား…။

“ဟဲ့ မိအေးခင်…နင်တို့ဘာတွေလုပ်ပြီးပလဲ င့ါကိုပြောစမ်းပါဦး”
“ရှင်..အဘ”
“ကိုစိန်လှတို့ အကုန်စီစဉ်ပေးမယ်ပြောတယ် အဘ ”

သားတစ်ယောက်ဆုံးသွားတော့လည်းခမျာမှာ အပူမီးတောက်နေတယ်ထင်ပါ့…. အိမ်တိုင်ကလေးကို မှီပြီး
ထိုင်နေပုံက သနားစရာ…။ လောကမှာ လင်မရှိဘဲ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နေရတာ ဒီ သားတစ်သက်
မဟုတ်လား…. အေးခင်တို့ ကံမကောင်းချက်ကတော့ …..
မွေးကတည်းက မကောင်းလာတာ..ခုထိ.. ခုထိ…. ဟင်း….။

*****-----------*****-------------************

သူကြီး ဘယ်လဲ
ဟေ…အေး..
ဟိုနား ဒီနားပါကွာ..

ညနေတိုင်းရွာတစ်ပတ်လမ်းလျောက်ကြည့်ရင်း…
ဒီနေ့ ဗီဒီယို ရုံက ဘာ ကားလဲဆိုတာကို သွားကြည့်ရတာက သူကြီးတာဝန်လိုလို…။

အော်. တောဓလေ့ဆိုတော့လည်း ရွာကအိမ်တိုင်းမှာ ရုပ်မြင်သံကြားစက်တွေကမပေါ်သေးတော့ ဒီတစ်ရွာ
လုံးက ဗီဒီယိုရုံလေးကိုပဲ အပန်းဖြေစရာအဖြစ် အားကိုးနေရတာ.. ညဘက်တွေဆို အိမ်တွေမှာ တစ်ယောက်မှ
ကို မကျန်တာ..။ ကိုယ်ကြိုက်တဲ့ မင်းသား၊ မင်းသမီးဆိုလို့ကတော့ ပြောမဆုံးမဟုတ်လား….။

“အင်း..ဒီနေ့လည်း ကျော်သူ ဆိုပါလား… ဒီကောင်တော့မဆိုးဘူး…ငါကြိုက်သား….”
ခေါင်းလေးတစ်ညှိမ့်ညှိမ့်နဲ့…သူကြီးတစ်ယောက်တော့ အိမ်ဘက်သာ ခြေဦးလှည့်လာရတော့တယ်…။
အိမ်က ကတော်ကို သွားပြောဖို့တာဝန်ကလည်း ကိုယ်ပဲမို့..အိမ်ဘက်ဆီသို့ သာ… လမ်းလျောက်လာလိုက်ရပါတယ်…..

နာမည်ကြီးမင်းသား၊ သရုပ်ဆောင်ကလည်းကောင်းတော့ လူတွေအားလုံးနီးပါး စိတ်ဝင်စားနေကြတဲ့အချိန်…..
သူကြီး..သူကြီး..
“ဟ ဘာဖြစ်ကြတာလဲ…”
ဟိုမှာ ဒေါ်အေးခင် ဗိုက်နာလို့တဲ့......
ဟာ… ဒီကောင်တော့…. င့ါ လာပြောရသလား…..

ဇာတ်ကားကြည့်နေရင်းက အားလုံး အလန့်တကြားဖြစ်ကုန်ကြတယ်…။
ရွာက ကလေးတစ်ယောက်ရဲ့ အသံကြောင့် အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြတယ်လေ..။
အင်းလေ.. အေးခင်ဆိုတာကလည်း.. ဆွေမျိုးသားချင်းကလဲမရှိဆိုတော့…..။

“ဟာ ညဘက်ကြီး….. ဘယ်သူမှလည်းရှိတာမဟုတ်ဘူး…သူ့ယောင်္ကျားကော.….”
“၀ါးခုတ်သွားတယ် သူကြီး”

ပြေးကြ၊ လွှားကြနဲ့ ရွာကလက်သည်ကော တက်သမျှသူတွေကော မတတ်တဲ့သူတွေကော အားလုံး
ကောင်းမှုကြောင့် အေးခင်တစ်ယောက် ကလေးကို အောင်မြင်စွာနဲ့ပဲ လူ့လောကထဲကို
အရောက်ပို့ပေးနိုင်ခဲ့တယ်လေ….

အဲ့ဒိညက ကျော်သူ နာမည်က နေသွေးမို့ အဲ့ဒိကလေးကိုလည်း နေသွေးလို့ နာမည်ပေးခဲ့တာကို အားလုံး
အမှတ်ရနေသေးတာ…… ဖြူဖြူဖွေးဖွေးနဲ့ ချစ်စရာလေးမို့လည်း တစ်ရွာလုံးက ၀ိုင်းချစ်ကြတာ…။
မအေးခင်တစ်ယောက် ထိန်းရတယ်လို့ကိုမရှိ..။

အေးခင်ယောင်္ကျား ရုတ်တရက်ဆုံးတော့ နေသွေးက လ သားပဲရှိသေးတာ.. တောင်ပေါ်ဝါးခုတ်သွားရင်းနဲု့
ရုတ်တရက် တိမ်းပါးသွားတော့ အေးခင်ခမျာမှာ တော်တော်နဲ့ ဖြေမဆည်နိုင်… လသား အရွယ် သားလေး
ကပဲ သူ့ဘ၀တွက် အဖော်……။ ကလေးတစ်ယောက်နဲ့ ဆိုပေမယ့် ရပ်ရွာဆိုတော့လည်း သိပ်တော့
ပူစရာမရှိပါလေ.. ရွာကအလုပ်တွေကို လုပ်နေရင်းကပဲ နေသွေးလေး လူလားမြောက်လာခဲ့ရပေါ့…။

ရွာဓလေ့အတိုင်း ငါးမျှား၊ ငှက်ပစ်၊ ထန်းရေသောက် ဒါနဲ့ဲ့ပဲ ကလေးတွေ ကြီးပြင်းလာရတာ.. နေသွေးကတော့
အကုသိုလ်နဲ့ အကျိုးပေးတယ်ပြောရမယ်..။ ငါးမျှားမှာတော့ ဘယ်သူမှ လိုက်မမှီနိုင်..။ သူ့အသက် 10 နှစ်
ကတည်းက ကျောင်းပြေးပြီး ငါးမျှားထွက်တာ ငါးတွေအများကြီးရကတည်းက သူ ကျောင်းကိုမတက်တော့တာ။

သားက မတက်ချင်ဘူးဆိုတော့လည်း မအေလုပ်သူက တစ်ခွန်းထက်ပိုမပြော… ချစ်တာကိုး…။ မျက်နှာလေးညှိုး
နေရင်တောင် ပျာယာခပ်နေတာ…။ အော်… ဖတဆိုး သားလေးမို့လည်း အချစ်ပိုတာ ဖြစ်နိုင်တာပဲလေ……။

*****--------*****----------

“နေသွေးရေ..နေသွေး..”
ဟဲ့..ဘယ်သူတွေတုံး..ကျွန်တော်တို့တွေပါ…
အေး..လာလေ.. ဒီမှာနေသွေး နေမကောင်းလို့…….ဖျားနေတာ.. 3ရက်ရှိပြီ..

“ ငါဒီနေ့ မလိုက်တော့ဘူးကွာ. မင်းတို့ပဲ သွားကြတော့…..
ဟာ မင်းမလိုက်ရင် ငါတို့က ကံမကောင်းဘူးကွ……..လာပါကွာ.. လိုက်ခဲ့ပါကွာ..

နေမကောင်းတာတောင်အတင်းပဲ ဆေးတိုက်၊ ရေတိုက်ပြီး ဆွဲခေါ်သွားတဲ့ သာလှတို့တွေကိုတော့
ဒေါ်အေးခင်တစ်ယောက်… မျက်လုံးပြူးပြီးသာ..ကြည့်နေရပါတော့တယ်….. သာလှတို့ဆိုတာကလည်း
တစ်ရွာတည်းသားချင်းမဟုတ်လား…။ သိပ်လည်း မစိုးရိမ်ရတာမို့ အသာလွှတ်ထားပေးလိုက်တယ်။
စိတ်လဲပြောင်းချင်ပြောင်းသွားနိုင်တာပဲဆိုပြီးတော့….။

တစ်ခုထူးခြားတာက နေသွေးကတခြားသူတွေလို ထန်းရေ မသောက်၊ အရက်မသောက်၊ ကြက်မတိုက်၊
သူကြိုက်တာက ငါးမြှားရဖို့ပဲ..။ ငါးသာမြှားရမယ်ဆိုလို့ကတော့ ထမင်းထုတ်နဲ့ကိုသွားတာ..။

ဒီလိုနဲ့ပဲ..နေသွေးတို့သတင်းကမွှေးနေတော့တာ…. သူများမရ သူရ၊ သူများမသွားရဲတဲ့ ဟိုဘက်ချောင်းတွေတောင်
သူသွားပြီး ငါရှာလာတာ.. ရလာတာကို အမေကရောင်း၊ ပိုတာကိုစားနဲ့ ဒါလေးကလည်းတစ်ဖက်က၀င်ငွေလေးလို့
ပြောရမယ်ထင်တယ်..။ ခင်ပွန်းသည်မရှိကတဲက တစ်ဖက်တစ်လမ်းက ၀င်ငွေမှန်လာတော့လည်း ဒေါ်အေးခင်
တစ်ယောက် သူ့သားလေးကို အချစ်ပိုတာ မမှားဘူးလေ..။

နွေဘက်ရောက်တော့ ငါးရှာရတာ ခက်တယ်လေ..။ အဲ့ဒိတော့ ကိုယ့်ရွာနဲ့ဝေးတဲ့ တခြားဘက်တွေကို
နေသွေးတို့ ထွက်ကြတာပေါ့….။ ကိုယ့်ရွာနဲ့ဝေးပေမယ့် ငါးရှာတာက သိပ်တော့မခက်ပေ။ ချောင်းရေကြည်ကြည်
ထဲမှာ ငါးတွေသွားနေတာတောင်မြင်ရတယ်။ လက်နဲ့တောင်ဖမ်းလို့ရနိုင်တဲ့ အနေအထားဆိုတော့လည်း…
နေသွေးတို့ မျက်စိကျနေတာပေါ့။ သာလှတို့ကလည်း ဒီလိုအကွက်ကိုသိထားတော့.. ခုလို လာခေါ်ကြခြင်းပင်။

ဒါပေမယ့်…တစ်ခု ထူးဆန်းတာက သူတို့ဘာသာလာရင် ငါးတွေ မတွေ့တာ…… ဘယ်လိုရှာရှာ ။
တစ်ခါတလေများဆို ချောင်းရိုးတစ် လျောက် ဆန်တက်သွားတာတောင် တစ်ကောင်တောင်မမြင်ရတာမျိုး
ကြုံရတယ်လေ။ တစ်ခါ၊ နှစ်ခါ သူတို့ကြုံလာတော့ နဲနဲ သဘောပေါက်လာကြတယ်။ နေသွေးပါလာတဲ့အခါမျိုး
ဆို ထူးဆန်းစွာပဲ ငါးတွေအများကြီးရတယ်လေ..။

ခုလဲ အဲ့ဒါကြောင့် နေမကောင်းတာတောင် အတင်းဆွဲခေါ်လာကြပြီး။ သစ်ပင်ရိပ်အောက်မှာ ထိုင်ခိုင်းထားတာ။

“နေသွေး ငါတို့ ဟိုဘက် ခဏသွားကြည့်လိုက်ဦးမယ်..မင်းခဏနားနေကွာ”
“အေးအေး.. ငါစောင့်နေမယ်.”

ပြောပြောဆိုဆို နေသွေးကိုထားခဲ့ပြီး သာလှတို့ ချောင်းရိုးတလျောက် ထွက်ခဲ့ကြတယ်.။

“ ဟာ ဟေ့ရောင်.. မင်းဘာလို့ လိုက်လာရတာလဲ”
“ငါ မနေနိုင်ဘူး…ရပါတယ်..”
“ ဟေး.. ဒီမှာ တစ်ကောင်ကွ… ဟိုဘက် ဟိုဘက် ”
သာလှတို့သူငယ်ချင်းတွေ ငါးတွေအတော်ကလေး စုမိချိန် သတိထားကြည့်မိတော့
“ ဟာ နေသွေးကော”
“ ဟိုး….မှာ”
“ ဟာ.. ဘာဖြစ်တာလဲ… ဟာ သွေးတွေပါလား ”
“ရတယ်… ရတယ်.. ဘာမှမဖြစ်ဘူး”

“ အဒေါ်…အဒေါ်…”
“ ဟာ.. ဘယ်သူမှလည်း မရှိပါလား…”
နဂိုက အဖျားရှိန်နဲ့ နေသွေးတစ်ယောက် ခေါင်းထောင် မထောင်နိုင်တော့ဘူး.. ခြစ်ခြစ်တောက် ပူနေတဲ့ ကိုယ်က
ကိုင်တောင်မကိုင်နိုင်…။ ရွာက ဆေးထိုးဆရာမ ပေးတဲ့ ဆေးကို တိုက်ထားခဲ့ပြီး..သာလှတို့တွေ အိမ်ကို
ပြန်လာခဲ့ကြတော့တယ်…။

အဲဒိနောက်တော့..အဲဒိနောက်တော့….။

*****------*****-------*****

”အီး.. ဟီး…အောင်မလေး…သားလေးရဲ့… အသေစောလို့ နှမြောလှချည်ရဲ့…နင့်အမေကို ထားခဲ့ပြီလား……”

“ ဟာ ကြီးခင်ကလည်း တိုးတိုးလုပ်ပါဗျာ.”
ရုတ်တရက်ထွက်လာတဲ့ အသံတွေကြောင့် ဦးဘမောင် လှည့်ကြည့်မိလိုက်ပါတယ်။
အသုဘတိုင်း လိုက်ပြီးငိုပေးနေတဲ့ မခင်.. သူရောက်လာတာ..။

ကလေးတစ်ယောက်ရဲ့ဘ၀တစ်ခုကို အစကနေ အဆုံးထိတိုင် သိထားတဲ့သူကတော့ တရားအသိ ရင်မှာထိ
သွားရရှာတယ်။ အော်.. ငါးရှာစားတဲ့သူလည်း ငါးရိုးစူးပြီးသေနိုင်တာပဲလို့…..။ ကိုယ့်ဝမ်းစာရှာဖွေတဲ့အလုပ်
ကပဲ ကိုယ့်ဘ၀ကို အဆုံးသတ်ပေးတယ်ဆိုတာ ခုတော့ မျက်မြင်ဖြစ်နေပီလေ။

ခပ်ပေါ့ပေါ့နေလိုက်တဲ့အတွက် လူ့အသက်တစ်ချောင်း ဆုံးရှုံးသွားရပြီလေ။ ပညာမတတ်၊ အသိမကြွယ်တာကိုပဲ
အပြစ်လို့ ပြောရတော့မလိုလို။ လမ်းပန်းဆက်သွယ်ရေးသိပ်မကောင်းတာကိုပဲ အပြစ်တင်ရမလိုလိုနဲ့..
နောက်ဆုံးတော့လည်း…. အသုဘလေးက.. ပြီးဆုံးသွားခဲ့ပြီလေ…..။

တစ်ရွာလုံးရဲ့ စိတ်မကောင်းတဲ့ မျက်နှာတွေနဲ့ မအေးခင်ရဲ့ ရှိုက်သံကတော့… တစ်စ တစ်စ…..

(ကြိုးစားပါဦးမည်)

**သူဇာလေး (စိမ့်စမ်းရေ)**

**From-Naing Min**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)