**Public Health**
မြင်ရုံနဲ့တော့ သန့်မှန်း မသိနိုင် ဘူး ဆိုသလို ပါပဲ … ဒီပိုး ရှိသူ အများစုဟာ ကိုယ့် ကိုယ်ကို ပိုးရှိ နေမှန်း မသိကြပါဘူး ။ သွေးစစ် ရင်တောင် မှ HIV Antibody Test ကို စစ်လို့ ရှိရင် ခန္ဓာကိုယ် ထဲကို ပိုးစ ၀င်တဲ့ (၆) ပါတ်ကနေ
(၁၂) ပါတ်ထိ မတွေ့ နိုင် ပါဘူး။ တချို့မှာ လည်း (၆)လ ထိ တိုင်အောင် မတွေ့ရ ပါဘူး။ ဒီကာလကို Window
period လို့ခေါ်ပါတယ်။ ကိုယ်ထဲကို ပိုးက ၀င်နေပေမယ့် ခန္ဒာကိုယ် ကနေ ဒီပိုးကို တုန့်ပြန်တဲ့ ပဋိပစ္စည်း Antibody က မထွက် သေးတော့ ဆေးစစ် တဲ့အခါမှာ Negative ပြနေပါတယ်။ ( Antigen Test (သို့) PCR TEST ကို
စစ်ရင်တော့ (၂) ပါတ် ကနေ (၃)ပါတ် အတွင်းမှာ ဒီပိုး ကူးစက်ခြင်း ရှိမရှိ ဆိုတာကို သိနိုင် ပါတယ်။)
ကျွန်တော် တို့တတွေ သွေးသွင်းဖို့ လိုတဲ့အခါမှာလှုမယ့်သူရဲ့ သွေးကို HIV ပိုး ၊ဘီပိုး ၊စီပိုး စသဖြင့်စစ် ပြီးမှပဲ သွေးသွင်း
လေ့ ရှိ ပါတယ်။ အဲဒီအခါ လှူမယ့်သူရဲ့သွေး က Window period မှာရှိနေရင် (HIV ပိုးရှိပေမယ့် ) HIV Antibody Test ကို စစ်လို့ HIV negative ဆိုပြီး သွေးသွင်း မိရင် လည်းကူး စက်နိုင်ပါတယ် ။
မိမိခန္ဓာ ကိုယ်မှာ ဒဏ်ရာ အနာတရ ၊ပွန်းပဲ့နာမျိုး ရှိနေရင် အဲဒီနေရာ ကို ရောဂါပိုး ရှိသူရဲ့ သွေးနဲ့ ထိတွေ့မိရင် လဲရောဂါပိုး ကူးစက် နိုင် ပါတယ်။ ပိုး ရှိသူရဲ့သွေး နဲ့ ထိတွေ မိတဲ့ ခန္ဓာကိုယ် အရေပြား ပွန်းပဲ့တာ ရှိမနေရင် ရောဂါပိုး ဟာ အရေပြား ကို ဖောက်ပြီးတော့ မ၀င်နိုင် ပါဘူး ။ အရေပြား ပွန်းပဲ့တာ ရှိနေ ရင်တော့ သွေးထိမိတဲ့ နေရာကို ချက်ခြင်း ဆပ်ပြာနဲ့ စင်အောင် ဆေး လိုက်ရင် ရောဂါပိုး ကူးမယ့် အန္တရာယ် အလွန် နည်းသွား ပါတယ်။
အနောက်တိုင်း ရုပ်ရှင်တွေ ထဲကလို ပါးစပ်ခြင်း နမ်းတဲ့ အခါမှာလည်း ပါးစပ်မှာ အနာရှိ နေရင်ဖြစ်စေ ၊ သွားဖုံးသွေး ယိုနေတာ ဖြစ်စေ ၊ ကြမ်းကြမ်း တမ်းတမ်း နမ်းလို့ ပွန်းပဲ့ပြီး သွေးထွက် လာရင် ဖြစ်စေ အဲဒီသွေး ကနေတဆင့် ကူးဆက် နိုင်တဲ့ အန္တရာယ် ရှိပါတယ် ။ သာမန် နမ်းရုံ (social kiss) နဲ့တော့ မကူး စက်နိုင်ပါဘူး ။
ရောဂါရှိတဲ့ လူမမာက ပြုစုတဲ့ အခါ လူနာရဲ့ ခန္ဓာ ကိုယ်က ထွက်တဲ့ အရည်တွေ (ဥပမာ။ ။အနာက ထွက်တဲ့ သားငံရည် ၊ချွဲ ၊သလိပ် ) တွေထဲမှာ ရောဂါပိုး အနည်း အကျဉ်း ပါနိုင် ပါတယ်။ ဒါပေမယ့်လူနာကို ကိုယ်တိုင် ပြုစုရလို့ ရောဂါ ကူးစက်မှာ ကိုတော့ သိပ်ပြီး စိုးရိမ် စရာ မလိုပါဘူး။ ဒီလို လူနာတွေကို ပြုစုတဲ့ အခါ-သူ့ခန္ဓာကိုယ် ကနေ ထွက်တဲ့ သွေး တွေကို ကိုင်တွယ်တဲ့ အခါ ၊ လူ့နာရဲ့ သွေး ပါတဲ့ အန်ဖတ်တွေ၊ ဆီးတွေ ၀မ်းတွေ ကိုကိုင်တွယ်တဲ့ အခါမှာ လက်အိတ်နဲ့ ကိုင်တွယ် သင့်ပါတယ်။ ကိုင်တွယ်ပြီး ရင်လဲ လက်ကို တန်းပြီး ဆေးကြော သင့်ပါတယ်။ လူနာမှာ ဖြစ်စေ ပြုစုသူမှာဖြစ်စေ ဒဏ်ရာတွေ အနာတွေ ရှိရင်လုံအောင် ပတ်တီး စီးထားပါ။ သူ့နဲ့ သွားတိုက် တံနဲ့ မုတ်ဆိတ်ရိတ် ကိရိယာ တွေကို မျှပြီး မသုံး သင့်ပါ။ လူနာအတွက် အသုံးပြု ထားတဲ့ ဆေးထိုးပိုက်မှ အပ်တွေကို ဖြုတ်ခြင်း တပ်ခြင်း မပြုလုပ် သင့်ပါ။ ၎င်းအပ်တွေကို ကလေး ရှိရာ နေရာတွေမှာ မထားသင့်ပါဘူး။

ရောဂါပိုး မကူးစက်နိုင်တဲ့နည်းလမ်းတွေ ကတော့
- ရောဂါပိုး ရှိသူနဲ့ အတူတူ ပုံမှန်သွားလာနေထိုင် စားသောက်ချင်း တွေကနေ မကူးစက် နိုင်ပါဘူး ။
- အိတ်ခ်ျအိုင်ဗွီ ပိုးဟာ လူအချင်းချင်း ကနေပဲ ရောဂါ ကူးစက်နိုင်ပါတယ်။ အိမ်မွေး တိရစ္ဆာန်တွေ ၊ ခြင် ၊ ယင် ကြမ်းပိုးတွေ ကနေတဆင့် မကူးစက်နိုင်ပါဘူး ။ (ဒီပိုး ဟာလူခန္ဓာကိုယ် ထဲမှာပဲရှင်သန် ပြန့်ပွားနိုင်ပြီး တိရစ္ဆာန်တွေ ရဲ့ ကိုယ်ထဲမှာ ရှင်သန်နိုင်ဖြင်း မရှိပါဘူး။
**ရောဂါပိုး ရှိမရှိ သွေးစစ်ဆေးခြင်း***
ရောဂါပိုး ရှိမရှိ သိနိုင်တဲ့ တစ် ခုတည်းသော နည်းလမ်း မှာ ဆရာဝန်နဲ့ ဆွေးနွေး ပြီး သွေး အစစ်ခံ ခြင်းပဲ ဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ အပြင်ပန်း ပုံစံကို ကြည့်ခြင်း ဖြင့် လည်းကောင်း ၊ အင်္ဂါဇာတ် ကို စစ်ဆေး ခြင်း ဖြင့်လည်းကောင်း၊ ဆီး စစ်ခြင်း ဖြင့် လည်းကောင်း ၊ ရောဂါ အသွင် လက္ခဏာ ကိုကြည့်ခြင်း ဖြင့် လည်းကောင်း ရောဂါပိုး ရှိမရှိ ကို မသိရှိနိုင်ပါဘူး။ သွေး မစစ်ခင်မှာတော့ သွေးစစ်တာနဲ့ ပတ်သက်တဲ့ အချက် အလက်တွေ ကို နှစ်သိမ့်ဆွေးနွေး ပညာပေး အဖွဲ့နဲ့ဖြစ်စေ ၊ ဆရာဝန်နဲ့ ဖြစ်စေ ဆွေးနွေး တိုင်ပင် သင့်ပါတယ်။ လူ တစ်ယောက် ကို သွေး စစ်ကြည့်လို့ မရှိဘူးဆိုတာ နဲ့ ရောဂါ ပိုးမရှိဘူး လို့ လုံးဝ စိတ်ချလို့ မရပါဘူး။ ဒီကနေ့ မရှိပေ့မယ် နောက်နေ့ အပျော်အပါး လိုက်စား လို့ပဲဖြစ်စေ ၊ အခြား အခြားသော အကြောင်း ကြောင်း ကြောင့် ဖြစ်စေ ရောဂါပိုး ကူးစက်သွား နိုင်ပါတယ်။
နောက် တစ်ချက်ကတော့ အထက်မှာ ပြောပြ ထားသလို ကိုယ်ထဲ ကို ရောဂါပိုး ၀င်ခါစမှ သွေးစစ်ရင် ချက်ချင်း မပေါ်ပါဘူး။ HIV antibody test ကိုစစ်လို့ ရှိရင် လွန်ခဲ့တဲ့ (၃) လမတိုင် ခင်က အခြေအနေ ကိုပဲ ပြပါတယ်။ အမျိုးသား နဲ့ အမျိုးသမီး အိမ်ထောင် မပြုမီမှာလဲပဲ နှစ်ယောက်လုံး သွေးစစ် သင့်ပါတယ် ။ ဒီပိုးဟာ အိမ်ထောင်ပြု တဲ့ နှစ်ဦး ကို သာမကပဲ ၎င်းတို့မှ မွေးဖွား လာမယ့် သားသမီးကိုပါ ကူးစက် နိုင်ပါတယ်။
သွေးစစ်ကြည့်ပြီးနောက် အိတ်ခ်ျအိုင်ဗွီ ပိုးရှိနေရင် -
သွေးစစ်ကြည့် လို့ မိမိမှာ အိန်ခ်ျအိုင်ဗွီ ပိုးရှိနေပြီဆိုတာ ကို သိလိုက်တာနဲ့ မကြာခင် သေရတော့ မယ်ဆိုပြီး ထိတ်လန့် မသွားစေ လိုပါဘူး။ အိတ်ခ်ျအိုင်ဗွီ ပိုးရှိတာ နဲ့ ချက်ချင်း အေအိုင်ဒီအက်စ် ဖြစ် မသွားပါဘူး။ မိမိမှာ ဒီရောဂါ ပိုး ရှိနေတာကို လူတကာကို ပြောပြ နေဖို့လဲမလိုပါဘူး။ လူတောမတိုး ရဲ လောက်အောင် သိမ်ငယ် နေဖို့လဲ မလိုပါဘူး။ မိသားစုထဲ က ဖြစ်စေ အပေါင်း အသင်းတွေ ထဲက ဖြစ်စေ စိတ်ချ ယုံကြည် ရတဲ့ သူနဲ့ ရင်ဖွင့် ဆွေးနွေး တိုင်ပင်ပါ။ ဆရာဝန်နဲ့ ဖြစ်စေ နှစ် သိမ့်ဆွေးနွေး ပညာပေး အဖွဲ့ နဲ့ ဖြစ်စေ တွေ့ဆုံပြီး အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် နဲ့ ပတ်သက်လို့ ပို မို နားလည်အောင် ကြိုးစားပါ။
အိတ်ခ်ျအိုင်ဗွီ ပိုး ရှိနေပေမယ့် ရောဂါ လက္ခဏာ မပြသေးတဲ့ အတွက် လူကောင်း တစ်ယောက် ကဲ့သို့ပဲ နေထိုင် သွားလာ နိုင်ပါတယ်။ ဒါပေမယ့် အခြားသူများကို ကူးစက်နိုင်တဲ့ အမှု ကိစ္စတွေ ကိုတော့ ရှောင်ကြဉ် သင့်ပါတယ်။ အိတ်ခ်ျအိုင်ဗွီ ပိုး ရှိနေပေမယ့် ရောဂါ လက္ခဏာ မပြသေးတော့ သူ့ကို အေအိုင်ဒီအက်စ် ဖြစ်နေပြီ လို့ပြောလို့ မရပါဘူး။ ပုံမှန်လူတစ် ယောက် လုပ်နိုင်တဲ့ လုပ်ငန်း ဆောင် တာတွေ အားလုံးကို လုပ်ကိုင်နိုင် ပါတယ်။
ကမ္ဘာပေါ်တွင် ၁၉၈၁ ခုနှစ်မှ စတင် ပေါ်ပေါက် လာခဲ့သော HIV ပိုးသည် ၁၉၈၅ ခုနှစ်တွင် ကမ္ဘာ အရပ်ရပ်သို့ ပျံ့နှံ့ ကူးစက်ပြီး ဖြစ်ရာ ယခုဆိုလျှင် နှစ်ပေါင်း သုံးဆယ် တိုင်ရှိ ခဲ့ပြီဖြစ်ပါသည်။ စာရေးသူ တို့နိုင်ငံတွင်လည်း ၁၉၈၈ ခုနှစ်တွင် HIV ပိုးရှိသူကို စတင် တွေ့ရှိ ခဲ့ပြီး နောက်ပိုင်း ယနေ့အချိန်အထိ ကူးစက် ခံထားရသူများစွာရှိနေပြီလည်းဖြစ်ပါသည်။ အဓိကကူးစက်နည်းလမ်းများဖြစ်သည့် အကာအကွယ်မဲ့လိင်ဆက်ဆံခြင်း၊ မူးယစ် ဆေးဝါးသုံးစွဲရာတွင် ဆေးထိုးအပ်နှင့် ပိုက် ကို မျှဝေသုံးစွဲခြင်း HIV ပိုးရှိသော သွေး သွင်းမိခဲ့ခြင်းနှင့် မိခင်မှသန္ဓေသားသို့ ကူးစက်ခြင်း လေးမျိုးဖြင့် ကူးစက်ခဲ့သည် ဖြစ်ရာ လူတစ်ဦးမှတစ်ဦးသို့ ထပ်မံ ကူးစက်ပြီး ကမ္ဘာ့ကပ်ရောဂါကြီးသဖွယ် ဖြစ်နေပါတော့သည်။
HIV မျိုလျှင် ကမ္ဘာ ကြီး၏အနာဂတ်သည် အန္တရာယ်က အလွန်ကြီးမားပြီး နောင်မျိုးဆက်သစ်တို့ အတွက် ကျန်းမာကြံ့ခိုင်သောဘဝများကို လက်လွှတ် ဆုံးရှုံး ရနိုင် ပါသည်။ ယခုအချိန် တွင် တစ်ကမ္ဘာလုံး၌ HIV ကာကွယ်ရေး နှင့် တိုက်ဖျက် ရေးလုပ်ငန်း များကို အစွမ်း ကုန်အားထုတ်ကြိုးပမ်းလုပ်ဆောင်လျက်ရှိ ရာ စာရေးသူတို့နိုင်ငံတွင်လည်း HIV ကာကွယ်ရေး တိုက်ဖျက်ရေး ပြုစုစောင့် ရှောက်ရေးနှင့် ကုသရေးလုပ်ငန်းများကို လည်း နိုင်ငံတကာနည်းတူ ပြုလုပ်ဆောင် ရွက်လျက်ရှိကြပါသည်။ HIV စတင်ပေါ် ပေါက်စဉ်အချိန်က ကုသရန်နည်းလမ်း များနှင့် ဆေးဝါးများမပေါ်ပေါက်သေးချိန် ဖြစ်၍ ထိုစဉ်အချိန်က ကူးစက်ခံခဲ့ရသူ များသည်။
အချိန်တိုတစ်ခုအတွင်း၌ပင် AIDS ဘဝသို့ ရောက်ကာြွေကလွင့်ခဲ့ ကြရပါသည်။ HIV ပိုးသည် လူ၏ခုခံအားစနစ်ဖြစ် သည့် Immune System ကို တိုက်ခိုက် ဝါးမျိုပြီးမှသာ မျိုးပွား၍ရသောကြောင့် ကာလကြာလာသည်နှင့်တစ်မျှ လူ၏ခုခံ အားစနစ်များ လျှော့ကျလာသောအချိန် တွင် အခွင့်အရေးယူဝင်ရောက်လာသော ရောဂါ OI (Opportunistic Imfecion) များ၏ နှိပ်စက်မှုကြောင့် မည်သည့်ရောဂါ ကိုမှ မခုခံနိုင်တော့ဘဲ AIDS ဘဝသို့ ရောက်ကာ ကွယ်လွန်ကြရခြင်းပင်ဖြစ်ပါ သည်။
ယနေ့ခေတ်အချိန်တွင် ARV (Anti Retro Viral) ဆေးဝါးများပေါ်ပေါက် နေပြီဖြစ်၍ ယခင်အချိန်တုန်းကလို AIDS အဆင့်သို့မရောက်အောင် HIV ပိုးအား ထိန်းချုပ်လျှော့ချပြီး ခုခံအားစနစ်များ ပြန်လည်မြင့်မားလာအောင် ပြုလုပ်နိုင်ပြီး လူ့သက်တမ်းစေ့နေနိုင်လာသော အချိန် ကာလသို့ ရောက်နေပြီဖြစ်ပါသည်။ သို့ သော် မှန်ကန်သောကုသမှုလမ်းပေါ်သို့ အမြန်ရာက်ပြီး ကုသခံယူဖို့တော့ လိုအပ် ပါသည်။ ARV ဆေးဝါးများသည်HIV ပိုးကို လုံးဝကင်းစင်ပပျောက်စေရန် မပြု လုပ်နိုင်သော်လည်း ဆေးကိုအချိန်မှန်မှန် သောက်ခြင်းအပြုသဘောနေထိုင်ခြင်း စိတ်ပိုင်းဆိုင်ရာ လန်းဆန်းအောင်နေခြင်း နှင့် လုံလောက်သောအာဟာရမှီဝဲခြင်းတို့ ဖြင့် မှန်ကန်စွာနေထိုင်ပါက လူ့သက် တမ်းစေ့နေနိုင်ရန် ပေးစွမ်းနိုင်သည်လည်း ဖြစ်ပါသည်။
ဆေးစတင်သောက်ချိန်မှစ၍ ဆေးလုံးဝပြတ်လပ်မှုမရှိစေရန် ဂရုစိုက် သောက်ရမှာဖြစ်သလို တစ်သက်လုံး သောက်ရမည့်ဆေးလည်းဖြစ်ပါသည်။ ၁၉၉၅ ခုနှစ်မှစ၍ ARV ဆေးဝါးများကို သုံးမျိုးပေါင်းစပ်သောက်သုံးခြင်းဖြင့် ပိုမို ထိရောက်သောအစွမ်းရှိသည်ကို ပညာရှင် များမှ လေ့လာတွေ့ရှိခဲ့ရပြီး နောက်ပိုင်း ယခုအချိန်ထိ ဆေးသုံးမျိုးပေါင်းစပ်ပြီး သောက်နေရခြင်းပင်ဖြစ်သည်။ ARV ဆေးဝါးအုပ်စုသုံးမျိုးရှိရာNRTI, NNRTI နှင့် PI ဟူ၍လုပ်စုသုံးခု ရှိပါသည်။ W.H.O Guide Lime အရ ခုခံအားစနစ် CD4 COUNT 350 အောက် ရောက်ရှိနေသူများကို (ART) ကုထုံးဖြင့် ကုသရန် ညွှန်ကြားထားပါ သည်။
ARV ဆေးဝါးအုပ်စုဖြစ်သည့်NRTI အုပ်စုမှ ဆေးနှစ်မျိုးနှင့်NNRTI အုပ်စုမှဆေးတစ်မျိုးပေါင်းစပ်ပြီး Anti Retroviral Therapy (ART) ကုထုံးဖြင့်HIVပိုးကို မျိုးပွားခွင့်မပေးတော့ဘဲ ထိန်းချုပ်လျှော့ချကာ ခုခံအားစနစ်များကို ပြန်လည်မြင့်မားလာအောင် ပြုလုပ်နိုင်နေ ပြီဖြစ်ပါသည်။ စာရေးသူတို့နိုင်ငံတွင်လည်း နိုင်ငံပိုင်ဆေးရုံများနှင့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများမှ ART ကုထုံးများဖြင့် အခမဲ့ကုသပေးလျက်ရှိရာ စာရေးသူတို့ နိုင်ငံသားများ ရှင်သန်ခွင့်များ ရနေကြပြီ ဖြစ်ပါသည်။ ငွေကြေးတတ်နိုင်သူများအဖို့ ARTဆေးများအား လွတ်လပ်စွာဖြင့် အလွယ်တကူဝယ်သောက်နေနိုင်ကြပြီလည်း ဖြစ်ပါသည်။ သို့သော် ART ဆေးဝါးများကို မိမိသဘောဖြင့် ဝယ်သောက်ရန်မသင့်ဘဲ ART ကုထုံးကျွမ်းကျင်သောဆရာဝန်များ နှင့် ကုသပြီးမှ ဆရာဝန်ညွှန်ကြားသည့် အတိုင်း လိုက်နာသောက်သုံးသင့်သည်ကို HIV ပိုးရှိသူများနှင့် မိသားစုဝင်များမှ သိထားသင့်ပါသည်။
HIV ပိုးရှိတိုင်း ART သောက်ရသည်မဟုတ်ဘဲ ဆရာဝန်မှ ညွှန် ကြားမှသာလျှင် သောက်ရသည်ဆိုသည့် ဗဟုသုတကို HIV ပိုးရှိသည်နှင့် လေ့လာ သိရှိထားရန်လိုအပ်ပါသည်။
Ref:Health Journal
**မေမွန်ကျော်**

No comments:
Post a Comment