ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, February 1, 2012

တန်းတူအခွင့်အရေး ရသင့်ပါသည် (အယ်ဒီတာ့ထံ ပေးစာ)

> အယ်ဒီတာခင်ဗျား
ကျွန်တော်တို့က ရာထူးစည်းစိမ်မရှိတဲ့ သာမန်ဝန်ထမ်းမိသားစု ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ဦးတည်းသော သမီးကိုတော့ ပညာအမွေပေးနိုင်ခဲ့ပါတယ်။ သမီးက လည်း ကျောင်းစနေကတည်းက စာကြိုးစားခဲ့တာ အတန်းတိုင်းလိုလို ပထမရခဲ့ပါတယ်။ ‘ဆရာဝန်ဖြစ်ရမယ်’ ဆိုတဲ့ ရည်မှန်းချက်နဲ့ ကြိုးစားခဲ့တဲ့အတွက် ၁၄-၂-၂ဝဝ၉ နေ့မှာ ဆရာဝန်ဘွဲ့ ရခဲ့ပါတယ်။
ဆရာဝန်ဘွဲ့ရပြီး သုံးနှစ်နီးပါးကြာတဲ့အချိန် ၂၆-၈-၂ဝ၁၁ နေ့ ပထမအကြိမ်ပြည်သူ့ လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးမှာ သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်၏ မေးမြန်းချက်ကို ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်၏ ပြန်လည်ဖြေကြားချက်အား ကြားသိရသည့် အတွက် ဝမ်းသာခဲ့ရပါတယ်။ ဝန်ကြီးက ”ဆေးတက္ကသိုလ်အသီးသီးမှ ဆေးပညာဘွဲ့ရရှိပြီးသည့် ဆရာဝန်သစ်လွင်များကို ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများ၌ လက်ထောက်ဆရာဝန် သို့မဟုတ် အဆင့်တူရာထူးနေရာများတွင် ခန့်အပ်လျက် စတင်တာဝန်ထမ်းဆောင် စေပါကြောင်း၊ အဓိက အားဖြင့် ကျန်းမာရေးဦးစီးဌာနနှင့် ဆေးသိပံ္ပပညာ ဦးစီးဌာနတို့တွင် ခန့်အပ်တာဝန်ပေးလျက် ရှိပါကြောင်း၊ လက်ထောက်ဆရာဝန် ခွင့်ပြုနေရာ ၅၅၈၁ ရှိသည့်အနက် ၃၆၄၆ ဦးကို ခန့်အပ် ပေးပြီးဖြစ်ရာ ရာထူး ၁၉၃၅ နေရာ လစ်လပ်လျက်ရှိပြီး ဆေးသိပံ္ပပညာ ဦးစီးဌာနတွင် နည်းပြခွင့်ပြုရာထူး ၉၂၂ နေရာရှိသည့် အနက် ၆၅၄ နေရာ ခန့်ထားပြီး ဖြစ်ရာ ရာထူး ၂၆၈ နေရာ လစ် လပ်လျက်ရှိပါကြောင်း အဆိုပါလစ်လပ် ၂၂ဝ၃ နေရာများတွင် ဆေးပညာဘွဲ့ရ ဆရာဝန်သစ်လွင် များကို ဖြည့်စွက်ခန့်ထားရန် အစီ အစဉ်ရှိပါကြောင်းနှင့် ထိုသို့ခန့်အပ် နိုင်ရေးအတွက် တင်ပြညှိနှိုင်းလျက် ရှိပါကြောင်း”ဟု ဖြေကြားသွားပါ သည်။
ပြည်ထောင်စုဝန်ကြီး၏ ပြန်လည်ဖြေကြားချက်ကို သိရသည့်အတွက် ဝမ်းသာပျော်ရွှင် ခဲ့ရသော်လည်း ၅-၁ဝ-၂ဝ၁၁ နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသော ရာထူးဝန်အဖွဲ့၏ ကြော်ငြာစာကို ဖတ်လိုက်ရသည့်အခါ အားငယ်ခဲ့ရပါသည်။ အဘယ့်ကြောင့် ဆိုသော် တစ်နှစ်လျှင် တစ်နိုင်ငံလုံး ကျောင်းဆင်းသည့် ဆေးကျောင်းသား ဦးရေမှာ ၂ဝဝဝ ကျော်ရှိပြီး ယခုခေါ်ယူသည့် အရေအတွက်မှာ ၅ဝဝ ဦးသာ ဖြစ်နေလို့ပါပဲ။ ပါနိုင်ပါ့ လားတွေးပြီး အားလုံးစိတ်ပူခဲ့ရပါ သည်။
၁၇-၁၁-၂ဝ၁၁ နှင့် ၁၈-၁၁-၂ဝ၁၁ နေ့များတွင် နေပြည်တော်၌ စာမေးပွဲဖြေဆိုရပါသည်။ အောင်စာရင်းထွက်လာသည့်အခါ သမီးလေးရွေးချယ်ခြင်း မခံရပါ။ သမီးရဲ့ ဘဝမှာ စာမေးပွဲကျရှုံးတယ်ဆိုတာ တစ်ကြိမ်မျှမရှိခဲ့ပါဘူး။ ယခုအခါ ပထမဆုံးအကြိမ် စာမေးပွဲကျရှုံးခြင်းပါပဲ။ မိဘတွေရှေ့မှာ ဘာမှမဖြစ်သလို နေပေမယ့် ကွယ်ရာ မှာတော့ ကြိတ်ငိုနေရှာပါတယ်။ သမီးလေးက ရည်မှန်းချက်ကြီးမားသူပါ။ ပါရဂူဘွဲ့ရသည်အထိ ကြိုးစားရန်အားခဲ ထားသူပါ။ ယခုလိုဖြစ်သွားတဲ့အတွက် အလွန်အားငယ် သွားရှာပါတယ်။
နောက်တစ်ကြိမ်ဘယ်တော့ ထပ်ခေါ်မှာလဲ။ အဲဒီလိုခေါ်တဲ့အခါမှာလည်း အခုလိုပဲ သွားရောက်ဖြေဆိုပြီး ရွေးချယ်မခံရတာမျိုး ဖြစ်နေမလား။ လက်ထောက်ဆရာဝန် အဖြစ် ရွေးချယ်ခန့်ထားခြင်း မခံရသူတွေအတွက် အဆင့်မြင့်ဆေးပညာတွေ ဆက်လက်သင်ယူနိုင်ရန် ဘယ်လိုစီစဉ်ပေးမှာလဲ စတာတွေကို သမီးလေးသိချင်နေရှာ ပါတယ်။
ဆရာဝန်ဘွဲ့ရအောင် ဘယ်လောက်အထိ ရုန်းကန်ခဲ့ရတယ်ဆိုတာ ကာယကံရှင်နဲ့မိဘတွေသာ သိကြတာပါ။ တစ်နှစ်တည်း ကျောင်းဆင်းတာချင်းအတူတူ ဒုတိယ အကြိမ်မှ ရွေးချယ်ခန့်ထား ခံရသူသည် ပထမအကြိမ်ရွေးချယ်ခံရ သူနှင့် ယှဉ်လျှင် ဝန်ထမ်းလုပ်သက် နည်းသွားပါပြီ။
ဝန်ထမ်းလုပ်သက် အရဦးစားပေးရရှိခံစားနိုင်မယ့် အခွင့်အရေးများလည်း နစ်နာဆုံးရှုံးသွားပါပြီ။ နိုင်ငံသားချင်းအတူတူ၊ တစ်နှစ်တည်း ကျောင်းဆင်းတာချင်း အတူတူ၊ အဘယ့်ကြောင့် တန်းတူအခွင့်အရေး မရနိုင်ပါ သလဲ။
ကျွန်တော်တို့က သာမန်ပြည်သူတွေပါ။ ဘယ်သူ့ကိုပြောပြရမှန်းလည်း မသိပါဘူး။ အယ်ဒီတာ့အနေဖြင့် လက်ထောက်ဆရာဝန်အဖြစ် ရွေးချယ်ခန့်ထားခြင်း မခံရသူတွေ နဲ့ သူတို့ရဲ့မိဘတွေရဲ့ ရင်ထဲကခံ စားချက်စကားသံတွေကို သက်ဆိုင်သူများထံ ပြောပြပေးပါရန် ပန်ကြားအပ်ပါသည်။
မိဘတစ်ဦး
by Popular Myanmar News Journal on Saturday, 28 January 2012 at 12:45

အယ်ဒီတာခင်ဗျား

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)