ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, February 19, 2012

လူထုကျန်းမာရေး( ပန်ကာလေကြောင့်လေဖြတ်နိုင် သည် )

>
**Public Health**

လေဖြတ်ရောဂါသည် အမြဲအလစ် ချောင်းနေသောရောဂါဆိုးကြီးဖြစ်ကြောင်း၊ အသက် ၅၀ ကျော်လျှင် အထူးသတိ ထားသင့်ကြောင်း၊ အစားမှားလျှင် လေ ဖြတ်နိုင်ကြောင်း၊ ဤရတနာပုံသတင်းစာ တွင် ကျွန်တော်ဆောင်း ပါးများရေးဘူးပါ သည်။ ယခုတင်ပြမည့် လေဖြတ်ဝေဒနာ ဖြစ်ရသူမှာ အသက် ၄၀ ကျော် အရွယ် ကောင်းဖြစ် ပါသည်။ သူသည်အောင်မြင် သောစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ် ပြီး နိုင်ငံခြားသို့သွား လေ့ရှိပါသည်။ တစ် ဘက်မှလည်း ဂေါက်သီးရိုက်အားကစား တွင်ထူးချွန်သူဖြစ်ပါသည်။
ပြောရလျှင် ခန္ဓာကိုယ်တုတ်ခိုင်သန်မာပြီးကျစ်လစ်သ ဖြင့် လေဖြတ်မည်ဟုမထင်ရက်စရာဖြစ် ပါသည်။ ဖြစ်သွားပုံမှာ တစ်နေ့နံနက်စောစော ဖုန်းမြည်လာသဖြင့် ကြည့်လိုက်ရာနိုင်ငံ ခြားမှ ဖုန်းနံပါတ်ဖြစ်နေသဖြင့် ကိုင်လိုက် ချိန်တွင် စကားသံမှာ ဝိုးတဝါး လျှာလေး အာလေးအသံဖြစ်နေသဖြင့်မနည်းနား ထောင်ရသည်။ 'ဆရာ . . .ရာ . . . ကျွန် . . .တော် ကို ___ပါ' လျှာလေးနေသဖြင့်စူးစိုက်နားထောင် မှ အထက်ဖော်ပြပါ ကျွန်တော့်မိတ်ဆွေ နိုင်ငံခြားမှဆက်နေကြောင်းသိရသည်။
သူပြောသည်မှာ သူယခုနံနက်အိပ် ယာထလိုက်ချိန်တွင် လျှာလေးနေပြီး စကားမပီဖြစ်နေကြောင်း၊ ညာဘက်လက် က အားယူကြိုးစားမှ အနည်းငယ်လှုပ်နိုင် ကြောင်းပြောပါသည်။ ခင်ဗျားညကဘာ စားသလဲ၊ ဧည့်ခံပွဲရှိသလား၊ အရက် သောက်သလား၊ သောက်တာရောများသ လားဟု တည့်တည့်ပဲမေးလိုက်ပါသည်။ သူက လျှာလေးနေသဖြင့် ကြိုးစား ပြီးပြန်ဖြေသည်မှာ သူအရက်မသောက် ကြောင်းနှင့် ဟိုတယ်မှာလည်းမတည်းခိုပဲ သူ့မိဘများအိမ်တွင် သွားရောက်လည် ပတ်ရင်းတည်းခိုရာ ထိုသူများမှာ သက် သက်လွတ်စားသူများဖြစ်သဖြင့်သူလည်း သက်သက်လွတ်စားနေသည်မှာ ၃ ရက် ရှိပြီဖြစ်ကြောင်းပြောပါသည်။

သွေးတိုးရောဂါရှိမရှိစစ်ဆေးဘူးရဲ့ လား၊ မြန်မာပြည်မှာနေစဉ်က သွေးပေါင် ချိစစ်ဘူးရဲ့လားဟုမေးရာ သွေးပေါင်မကြာ ခဏချိန်လေ့ရှိကြောင်းနှင့် သူ့ရုံးခန်းတွင် လည်း ဒီဂျစ်တယ် လက်ကောက်ဝတ် သွေးချိန်ကိရိယာဝယ်ယူထားပြီး မကြာခ ဏချိန်ကြည့်လေ့ရှိကြောင်းသူ့သွေးပေါင် ချိန်မှာ အမြဲ normal တွင်ရှိကြောင်းပြော ပါသည်။ သူ့မှာ ကြာကြာမပြောနိုင် ပြောရင်း စကားသံကပိုသံကပို၍ လေးလာသဖြင့် ဆေးရုံးဆေးခန်းတစ်ခုခုသို့ အမြန်သွားပြီး သွေးပေါင်ချိန်စစ်ဆေးရန်၊ ဖြစ်နိုင်လျှင် နှလုံးအထူးကု၊ အာရုံကြောအထူးကုတို့ထံ ပြရန်အကြံပေးလိုက်ရပါသည်။ သို့သော် နောက်ဆုံးအနေဖြင့် ညက ဘယ်လိုအိပ်သလဲဟုမေးရာ သူကဆက် မပြောနိုင်တော့သဖြင့် နံဘေးမှ အိမ်ရှင် တစ်ဦးကဝင်ဖြေပေးပါသည်။ အဖြေမှာ သူအိပ်သည့်အခန်းမှာ လေအေးစက်မရှိ သဖြင့် ပန်ကာတစ်လုံးပေးထားကြောင်း၊ ညကပူအိုက်သဖြင့် သူ့ရင်ဘက်တည့် တည့်သို့ ပန်ကာဖွင့်အိပ်ကြောင်း၊ တစ်ည လုံးပန်ကာဖြင့် အိပ်ကြောင်းပြောပါသည်။ တရားခံမှာ ပန်ကာလေပင်ဖြစ်ပါ တော့သည်။

သူသည် အထူးကုဆရာဝန် နှင့်ပြသပြီးထို့နေ့မှာပင် နိုင်ငံခြားဆေးရုံ ကြီးတစ်ခုတွင် တက်ရောက်ကုသမှုခံယူရ ပါသည်။ ဆေးရုံပေါ်မှာ စစ်ဆေးဆဲမှာပင် ဘယ်ခြမ်းတစ်ခုလုံး မလှုပ်နိုင်၊ လေဖြတ် သွားကြောင်း၊ နောက် ၃ ရက်အကြာတွင် ထပ်မံသိရသည်။ မြန်မာပြည်မှ မိသားစု များလိုက်သွားမည်ဖြစ်သဖြင့် လေဖြတ် လျှင်သုံးစွဲရမည့်တိုင်းရင်းဆေးလိမ်းဆေး၊ သောက်ဆေး၊ လျှာပွတ်ဆေးများထည့်ပေး ရန်မှာကြားလာပါသည်။ အကြောင်းအရင်းကို သေချာစိစစ် ကြည့်ပါက ထိုကျန်းမာရေးကောင်းမွန် သောမိတ်ဆွေကြီးလေဖြတ်ရခြင်းမှာ ရင် ဘတ်တည့်တည့် ပန်ကာဖွင့်အိပ်သဖြင့် ရင်ဘတ်အတွင်းမှ နှလုံးသွေးကြောမှာ ရေ ပိုက်ကိုကျုံ့သွားအောင် အဖျားတွင် ညှစ် ပေးလိုက်လျှင် ရေပန်းထွက်လာသကဲ့သို့ သွေးဖိအားတက်လာသည်။
သွေးဖိအား ညှစ်အားကို မခံနိုင်သောအခါ ဦးနှောက် အတွင်းရှိသွေးကြောငယ်ကလေးများ ပေါက်သွားခြင်း (သို့) ဖိအားများ၍ ဖြတ် မျောလာသော သွေးခဲ၊ အဆီခဲလေးများ ပိတ်ဆို့သွားခြင်းကြောင့် ဦးနှောက်မှာ အလုပ်မလုပ်နိုင်ဖြစ်ရလေသည်။ ဦးနှောက်အတွင်းတွင် စကားပြော ခြင်းကိုပြုလုပ်သည့်Speech center ကို သွေးခဲပိတ်သွားသောအခါ စကားမပီမသ ဖြစ်လာသည်။ ထို့နောက်ပိုဆိုးလာသောအခါ ကိုယ် တစ်ခြမ်းသေခြင်း၊ လေဖြတ်ခြင်းအထိဖြစ် ရလေသည်။ ထိုသို့လေဖြတ်ခြင်းမျိုးကို ကု သလျှင် ပြန်ကောင်းလာနိုင်သော်လည်း ခက်ခက်ခဲခဲကြိုးစာရမည်။ အချိန်ယူရမည် ဖြစ်လေသည်။ ဆေးရုံမှ ဆင်းလျှင်ပင် စကားပီဖို့ပြန်လည်သန်စွမ်းဖို့အတွက် အနှိပ်၊ အကြောပြင် ကာယကုထုံးကုသ မှုစသည်များဖြင့် ပြန်လည်ထူထောင်ရေး Rehalitation လုပ်ရဦးမည်ဖြစ်သည်။ လ ချီ၍ ကြာတတ်သည်၊ အမှုမဲ့အမှတ်မဲ့ကိစ္စလေးမှာ အကြီး အကျယ်ဖြစ်သွားသောအရာများလောက တွင်များစွာရှိပါသည်။ အစစသတိထားနေ သူများပင် အမှားပြုမိတတ်သည်။ သည် သို့ပင် ကျန်းမာရေးလိုက်စားသူဖြစ်စေ၊ အသက်ငယ်သေးသည့်အရွယ်ကောင်းတွင် ဖြစ်စေ၊ အနေအထိုင်အမှားကြောင့် ဒုက္ခ ရောက်နိုင်ကြောင်းနှင့် ညပူအိုင်လျှင်ပန် ကာလေခံခြင်း၊ လေဝင်များသည့်ပြတင်း ပေါက်ဖွင့်အိပ်ခြင်း၊ ဦးခေါင်းနှင့် ရင်ဘတ် ကိုဖွင့်၍ လေအေးခံအိပ်စက်ခြင်းများ မပြု သင့်ကြောင်းရေးသားလိုက်ရပါသည်။

Ref:Health Care Journal

**မေမွန်ကျော်**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)