ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, March 8, 2012

အကောင်းစားကြီးတွေကို စာရင်းစစ်ဖို့လိုပြီ

> (လွှတ်တော်ထဲမှာ အိပ်ကြမယ်ဟေ့ ကောင်းကောင်း)

လက်ရှိ စစ် အသွင်ပြောင်းကြံ့ ခိုင်ရေး အစိုးရ ရဲ့
လျော့ရဲမှုတွေ မပိုင်မနိုင်မှု ၊ လုပ်နည်းလုံပ်ဟန်လိုအပ်မှုတွေက
နိုင်ငံနာပါတယ်။ လုပ်နိုင်တဲ့ သူတွေတက်ကြပါ။ လိုအပ်ရင် နိုင်ငံခြားက
ပညာရှင်တွေခေါ်ကြပါ။ ဒါအနောက်မျှော်တာမဟုတ်ဘူး။
ဂျပန်ရဲ့မေဂျိခေတ်ပြောင်းတော်လှန်ရေးကို နမူနာယူတာ။ ဒါ သိတ်ခါရှိရှိ
နိုင်ငံတိုးတက်အောင် လုပ်ခိုင်းတာ။
၁၈ ရာစု အစောပိုင်း လို့ မှတ်ယူရတာပဲ ကျွန်တော်လဲ သမိုင်း
ပညာရှင်မဟုတ်တော့ အတိအကျတော့မသိပါဘူး။ အာရှ နိုင်ငံအများစုနည်းတူ ဂျပန်က
ကိုယ့် နိုင်ငံထဲမှာတင် အင်အားတည်ဆောက်တယ် ။ဆာမူရိုင်းတွေက
နိုင်ငံခြားသား အထူးသဖြင့် လူဖြူတွေ ၀င်ရင် သတ်တယ် အ၀င်မခံဘူး။ ရလဒ်က
တိုးတက်နေတဲ့ စစ် နည်းပညာနဲ့ အမေရိကန် သင်္ဘောတွေ ဂျပန် ဆိပ်ကမ်းကို
စိမ်ပြေ နပြေ အမြောက်နဲ့ ဖရီးကစ်ကစ် တာကို ငြိမ်ခံခဲ့ရတယ်။အဲဒီမှာတင်
ဂျပန်ဘုရင် က ရေတွင်းထဲကဖားလုပ်လို့မဖြစ်တော့ ဘူး။ပတ်ဝန်းကျင် ကိုလဲ
လေ့လာမှဆိုပြီး နိုင်ငံခြားက အထူးသဖြင့် အမေရိကန်က ပညာရှင်တွေငှားတယ် ။
စစ်ဘက်မှာလဲ အမေရိကန် အငြိမ်းစား စစ် ဗိုလ်တွေကို လစာ ရွှေနဲ့
ပေးပြီးငှားတယ်။ သူတို့နဲ့ အကျိုးတူပေါင်းဖော်တယ် ။ရလဒ်က ဂျပန်မှာ
တခြားအာရှနို ငံတွေထက် စာရင် အစောကြီး မိမိကိုယ်ပိုင်
မီးရထားလမ်းဖောက်နိုင်ခဲ့တယ်။ဆေးပညာအပါအ၀င် ပညာရေး၊
နည်းပညာတွေဘက်မှာလဲတိုးတက်လာခဲ့တယ်။စစ်ဘက်ဆိုလဲ ဂျပန်စစ်တပ်ဟာ အမေရိကန်
အဆင့်အတန်း မှီလာခဲ့တယ်။ တခြား အာရှနိုင်ငံတွေ အနောက်တိုင်းရဲ့ စစ်ရေး
စီးပွားရေး ကျူးကျော်မှုတွေ ခေါင်းငုံ့ခံနေရချိန် မှာ ဂျပန်ကတော့
အေးဆေးပဲ။ ရုရှ- ဂျပန် ရေကြောင်းတိုက်ပွဲမှာ ဂျပန်အနိုင်ရရှိခဲ့တယ်။
နောက် ဆူပါပါဝါ အမေရိကန်ရဲ့ ပုလဲဆိပ်ကမ်းကို ဗုံးကြဲစိန်ခေါ်ရဲတဲ့အထိ
အတင့်ရဲနိုင်ခဲ့တယ်။သူစစ်ရှုံးခဲ့ရတာကတော့ သူတို့ရဲ့ အစွန်းရောက်တဲ့
ဂျပန်သာ သခင်ဆိုတဲ့ လူမျိုးကြီးဝါဒနဲ့
တခြားတိုင်းပြည်တွေပေါ်အနိုင်ကျင့်မှုတွေကြောင့်ဖြစ်တယ်။ဂျပန်ကို
အထင်မကြီး သူတို့ရဲ့ လုပ်ခဲ့တဲ့ လုပ်ရက်တွေရှုပ်ချ သည့်တိုင်
သူတို့ရဲ့နည်းကို အတုယူရမယ်။
ကိုရီးယားကျတော့တစ်မျိုး။ရာစုနှစ်ပေါင်းများစွာ
ခေတ်နောက်ကျခဲ့တဲ့ ကိုရီးယားဟာ ဂျပန်ရဲ့ ကျူးကျော်မှုနဲ့အတူ အနိုင်ကျင့်
စော်ကားမှုတွေခါးစီးခံခဲ့ရတယ်။ဒုတိယကမ္ဘာစစ္အၿပီး
ဂျပန်လက်အောက်ကလွတ်လပ်ရေးရပြီးချိန်ကွန်မြူနစ်ပုန်ကန်မှုများနဲ့
နိုင်ငံရဲ့ အခြေအနေရှုပ်ထွေးချိန် အမေရိကန်ကို မိတ်ဘက်ပြုခဲ့တယ်။ ရလဒ်က
တရုတ်နဲ့ ရုရှားကို အားကိုးခဲ့တဲ့ မြောက်ဘက် ကိုရီးယား ထက်စာရင်
အမေရိကန်နဲ့ပေါင်းခဲ့တဲ့တောင်ဘက်ကိုရီးယားဟာ ပိုပြီး
အနှောင်အဖွဲ့ကင်းလာသလို ပိုပြီး တိုးတက်လာခဲ့ တယ်။ နိုင်ငံသားတွေ ဟာလဲ
အခု ချမ်းသာနေကြပြီ။လက်မထောင်နိုင်နေပြီပေါ့။ ရုရှားနဲ့ပေါင်းခဲ့တဲ့
နိုင်ငံအများစုကတော့ ဖွတ်တက်ပြီးရင်းတက်ပေါ့။ ဥပမာ စစ်တပ်သာ ကောင်းနေပြီး
နိုင်ငံသားတွေနှစ်စဉ် ငတ်သေနေကြတဲ့ မြောက်ကိုရီးယာ၊ အခုထိ
သယံဇာတတွေကြွယ်ဝပါလျှက် နိုင်ငံသားအများစု ဆင်းရဲစုတ်ပြတ်နေတဲ့
မြန်မာပြည်။
အမျိုးပျောက်မှာတော့မကြောက်ကြပါနဲ့ နိုင်ငံသာ
ချမ်းသာလာပေ့စေ ။ မြန်မာ ခေါ်ခံချင်ကြသူတွေ အများကြီးဖြစ်လာမှာပါ။
အခုကိုရီးယားရူးရူးနေကြတဲ့ ကျပ်မပြည့်တဲ့ ကလေးတွေလိုပေါ့။ကိုယ့်
နိုင်ငံကိုဂုဏ်ယူရမှန်းမသိ။
နောက်ပြီးပြောရဦးမယ် ပြည်တွင်းမှာ လူမျိုးခြား
တွေဝင်ရောက်နေရာယူမှုက စိုးရိမ်ရေမှတ်ရောက်နေတယ်။ကျွန်တော်လဲ
အဲလူမျိုးသွေး အနည်းငယ်ပါတယ်ဆိုတာ မငြင်းပါဘူး။ဒါပေမယ့် ကျွန်တော်ဟာ
ရင်ထဲမှာတော့ သစ်စာရှိတဲ့ မြန်မာပြည်သားပါ။လူတန်းစားတစ်မျိုးထဲက
အခြားလူမျိုးလူတန်းစားတွေအပေါ် တဖက်စောင်းနင်း အထက်စီးနေရာယူသွားမှာ
မမြင်လိုပါဘူး။ကိုယ့်အသိ စိတ်ဓာတ်နဲ့ ကာကွယ်ကြပါ။အထူးသဖြင့်မြေကွက်တွေ
ဘယ်လောက်ဈေးပေးပေး မရောင်းကြပါနဲ့။မြေဟာနိုင်ငံပါ။လူကအိုလို့
သေသွားတောင်မှ မြေ ဟာ သားစဉ်မြေးဆက်နေဖို့လိုပါတယ်။ အခုက
အထင်ကရမြို့တွေမှာ တိုင်းရင်းသားထက် စာရင်
လူမျိုးခြားမြေပိုင်ဆိုင်မှုကပိုများပြားလာပါပြီ။ဒါဟာ
နိုင်ငံဆင်းရဲမှုရဲ့ အကျိုးရလဒ်ပဲဖြစ်ပါတယ်။နောက်ပြီး တရုတ် ထိုင်ဝမ်
ထိုင်း စတဲ့ အာရှနိုင်ငံ ကုမ်ပဏီတွေထက်စာရင် အနောက်တိုင်း စီးပွားရေး
အဖွဲ့အစည်းတွေကိုပဲ ကြိုဆိုပါ။ အရှေ့တိုင်းကကောင်တွေက
အချင်းချင်းကြည့်ရမယ့်အစား၊လစာလဲဒေသခံလစာပဲပေးပြီး နှိမ်ချင်တယ်။
အနောက်တိုင်း နိုင်ငံတွေက သူတို့နိုင်ငံ လစာ နီးပါးပေးပါတယ်။ ဥပမာ
တိုင်ရီလစာနဲ့NGO တွေ နဲ့ British council က၀န်ထမ်းခေါ်တဲ့
လစာတွေပဲနှိုင်းယှဉ်ကြည့်။ဒါပေမယ့် အချို့ တရုတ်company တွေကတော့
ကောင်းကြပါတယ်။အနည်းစုပေါ့လေ။

ပြောချင်တာက နည်းပညာ တိုးတက်နေတဲ့ ခေတ်မှာ တိုးတက်နေတဲ့
စီးပွားရေးစနစ်တွေ သူများကို အားမကိုးတောင် လိုအပ်ရင် အတုယူရမယ်
မလုပ်တတ်ရင် လုပ်တတ်တဲ့သူခေါ်။အတွေးအခေါ်တွေလဲ ရေတွင်းထဲက ဖားမလုပ်ကြနဲ့ ။
ကိုယ့်လူမျိုးပဲ ကိုယ် လေထဲမှာ ကြီးနေရင် သူများက ပိုက်ဆံ/သေနတ်နဲ့
လာဖိသတ်လိမ့်မယ်။ မျက်စိနားစွင့် အများနည်းယူ ။အပေါင်းအသင်း
လဲကြည့်ပေါင်း ။ကိုယ့်ပေါ်လူလည်ကျမယ့်သူတွေကိုရှောင်။
စိတ်ရင်း(အများအားဖြင့် ) မှန်နိုင်တဲ့သူတွေရွေးပေါင်း။မလို အပ်တဲ့
အရာတွေအတွက် ငွေလဲ အကုန်မခံကြပါနဲ့ ။လိုမှ အကျိုးရှိမှ ငွေကုန်ခံကြပါ။
ဥပမာ နေပြည်တော် အမြန်လမ်းလဲဆောက် တံတားဦး အမြန်လမ်းလဲဆောက် ။အရင် လမ်း
ဟောင်းတွေကျမပြင်။မြို့သစ်တွေ မလိုအပ်ပဲလျှောက်တည်။မြို့ ဟောင်းတွေ ကပျက်။
လိုအပ်တဲ့ ဟာတွေ ကျ ပိုက်ဆံမရှိတော့ဘူးတဲ့ (ဥပမာ ငါးထောင်တန်
တန်ဖိုးနည်းဖုန်းလုပ်ရန်)၊ဒါဆို စက်မှုတစ်က ဘယ်သူမှဝယ်မစီးတဲ့
လျှပ်စစ်ဘီးစီမံကိန်းနဲ့ ဘယ်သူမှ(မြေကွက်အလကားရတဲ့
လူတန်းစားနဲ့စာရင်)မနေချင်တဲ့ နေပြည်တော်
တည်ဖို့ပိုက်ဆံသောက်သောက်လဲဘယ်ကရလဲ။အခုတော့ အကျိုးမရှိတဲ့
ဟာတွေမှာအကြွေးတွေတင် နိုင်ငံကမွဲ။ စစ်ဗိုလ်မှူးတွေက သာမန်ဝန်ထမ်း (ဥပမာ
ဆရာမတွေထက်စာရင်)လုပ်ကွက်ကောင်း မြေကွက်တွေ တစ်ကွက်ပြီးတစ်ကွက် အလကားရ။
တခြားဝန်ထန်းတွေကတော့ စုတ်ပြတ်သတ်။အောက်ခြေ ၀န်ထမ်းတွေကျ မြေကွက်
တစ်ကွက်ကလေးတောင် မရဘဲ။ ဗိုလ်မှူးတွေကျ တန်းပြည့်တစ်ကွက်အပြင်
တစ်ကွက်ပြီးတစ်ကွက်ဖြစ်နေတာ ဘာလို့လဲသိချင်ပါတယ်။ဒါတောင်
လဘ်စားမှုနှိမ်နင်းဥိးမတဲ့ ဘူဘူချင်းတစ်လုပ်နေတယ်။အောက်ကဟာတွေ စားတာက
မလောက်လို့ တစ်ယောက်စာ။ သူတို့ စားတာက တနင့်တပိုး။မသိတာရောသိတာရော။
ဘာပဲပြောပြော ၀န်ထမ်းတွေလစာမတိုးပဲ လဘ်စားတာတိုက်ဖျက်ရင် မဖြစ်နိုင်ပါဘူး။
လစာတိုးနိုင်ဖို့ အကောင်းစားကြီးတွေ အသုံးအစွဲလျှော့ပါ။ လိုအပ်ရင်
စာရင်းစစ်အဖွဲ့ထားပြီး။ အကောင်းစားကြီးတွေ လစာ၊ တခြားဝင်ငွေနဲ့
သူတို့ပိုင်ဆိုင်မှုတွေလိုက်စစ်ပြီး သိမ်းပါ။သူတို့ဝင်ငွေတွေလဲ
အခွန်ကောက်ပါ။

*angel romeo**

(လွှတ်တော်ထဲမှာ အိပ်ကြမယ်ဟေ့ ကောင်းကောင်း)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)