ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, March 8, 2012

လူထုကျန်းမာရေး (နေရောင်ခြည်ထဲမှ ဗီတာမင်ကို အန္တရာယ်မရှိစေဘဲ ရယူနည်း)

>
**Public Health**

ဗီတာမင်D ချို့တဲ့မှုသည် အရိုးပါးရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊ သွေးတိုးရောဂါ၊ ကင်ဆာရောဂါတို့နှင့် ဆက်စပ်နေပါတယ်။ သုတေသန ပြုလုပ်ချက်အသစ်အရ နေရောင်ခြည်ထဲမှရရှိတဲ့ ဗီတာမင်Dကို လုံလောက်စွာ မရရှိပါက ဖော်ပြပါရောဂါ ခံစားနေရသူများသည် စောစောသေနိုင်သော အခွင့်အလမ်း ၂၆ရာခိုင်နှုန်း ပိုပါတယ်။ လူ ၁၃၀၀၀ကို ၁၂နှစ်ကြာ လေ့လာပြီးတဲ့အခါ သူတို့သေရခြင်းရဲ့ အကြောင်းရင်း တစ်ခုခုကို ထောက်ပြနိုင်စွမ်း မရှိခဲ့ပေမယ့် ဗီတာမင်D ချို့တဲ့မှုကတော့ ကျန်းမာရေးအပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ထိခိုက်မှုရှိကြောင်း အဲဗက်အိုင်းစတိုင်း ဆေးကောလိပ်မှ တွဲဖက်ပါမောက္ခတစ်ဦးက ပြောကြားခဲ့ပါတယ်။
ဒါကြောင့် ဗီတာမင်D အလုံအလောက် ရရှိဖို့လိုတယ်ဆိုတာ ထင်ရှားပါတယ်။ နေရောင်ခြည်မည်မျှ ခံယူရရှိလျှင် လုံလောက်မှုရှိသလဲ ဗီတာမင်Dခွဲတမ်း မည်မျှရရှိဖို့အတွက် နေရောင်ခြည်နှင့် ဘယ်လောက်ကြာကြာ ထိတွေ့ရမယ်ဆိုတဲ့ အချက်နဲ့ ပတ်သတ်ပြီး ရှုပ်ထွေးမှုတွေ ရှိနေပါတယ်။ အဖြေကတော့ နည်းနည်းလေးပဲ ထိတွေ့ဖို့ လိုပါတယ်။ ခရမ်းလွန်ရောင်ခြည် (UV light) လိုအပ်ချက်ကတော့ တစ်ယောက်နဲ့တစ်ယောက် ကွဲပြားမှု ရှိပါတယ်။ အကြမ်းဖျင်းအားဖြင့် ဆိုလျှင် အနေတော် အသားအရောင် အရေးပြားရှိသူတွေဟာ တစ်ကြိမ်လျှင် ၆မိနစ် မှ ၈မိနစ်ထိ၊ တစ်ပတ်လျှင် ၄ကြိမ် မှ ၆ကြိမ် နေရောင်ခြည်နှင့် ထိတွေ့မှု ရရှိဖို့လိုပါတယ်။ နေရောင်နဲ့ ထိတွေ့ရမယ့် အချိန်ကတော့ နံနက် ၁၀နာရီ မတိုင်ခင် သို့မဟုတ် နေ့လယ်၂နာရီ နောက်ပိုင်းမှာ ဖြစ်ပါတယ်။ မျက်နှာနှင့် လက်များအပေါ် နေရောင်ခြည် ထိတွေ့ရမယ်လို့ ဆိုပါတယ်။
အရေပြားပေါ်တွင် နီလာသည်အထိ နေရောင်နှင့် ထိတွေ့ရန် မလိုကြောင်း၊ ခရမ်းလွန်ရောင်ခြည် အများဆုံးထွက်ရှိသည့် အချိန်တွင် အရေပြားနှင့် နေရောင်ခြည် ထိတွေ့ခြင်းကို ရှောင်ကြဉ်ရမှာဖြစ်ကြောင်း သိရပါတယ်။ အညိုရောင်အရေပြား ရှိသူများကတော့ တစ်ကြိမ်လျှင် ၁၅မိနစ် နေဆာလှုံရန် လိုပါတယ်။ ဘာသာရေးအရဖြစ်စေ၊ ယဉ်ကျေးမှုကြောင့်ဖြစ်စေ အဝတ်အထည်များကို တစ်ကိုယ်လုံး လုံနေအောင် ဝတ်ဆင်လေ့ရှိသောသူများ၊ အိမ်ခန်းထဲမှာပဲ တစ်ချိန်လုံး နေရတဲ့သူများ၊ သက်ကြီးရွယ်အိုများ၊ အသားမည်းသူများသည် ဗီတာမင်D ချို့တဲ့ဖို့ အခွင့်အလမ်းများသူများ ဖြစ်ပါတယ်။ အရိုး ကျန်းမာရေးအတွက်လည်း ဗီတာမင်Dရဖို့ လိုပါတယ်။ ဗီတာမင်Dက ကယ်လ်စီယမ် သတ္တုဓာတ်စုပ်ယူမှုကို အထောက်အကူ ပေးပါတယ်။ ဒါကြောင့် ဗီတာမင်D ချို့တဲ့လျှင် အရိုးပါးရောဂါ ရနိုင်ပါတယ်။ အရိုးတွေ ပါးလာရင် ကျွတ်ဆတ်ကျိုးလွယ်ပြီး ယနေ့ကမ္ဘာတွင် အဓိက ပြည်သူ့ကျန်းမာရေး ပြဿနာတစ်ရပ်အဖြစ် ပေါ်ထွက်လျက်ရှိပါတယ်။ ပညာရှင်များရဲ့ ခန့်မှန်းမှုအရ ၂၀၅၀ပြည့်နှစ်တွင် အာရှတိုက်၌ အရိုးပါးရောဂါကြောင့် တင်ပါးဆုံရိုးကျိုးသူတွေ ၅၀ ရာခိုင်နှုန်းကျော်အထိ ရှိလာနိုင်ကြောင်း သိရှိရပါတယ်။

Ref: Heath Digest

**မေမွန်ကျော်**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)