ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, March 16, 2012

၁၉၈၈ မတ်လ ၁၆ ရက်နေ့ က ကျနော်မှတ်မိခဲ့သော ခွပ်ဒေါင်းအလံ

>
အဲဒီနေ့ 

၁၉၈၈ မတ် ၁၆ နေ့ …

မနက် ၁၀ နာရီ သာသာလောက်မှာဟုထင်တယ် ... Main ဒါမှာ မဟုတ် ရာဇူး လို့ 
ကျနော် တို့ ခေါ်ကြတဲ့ ပင်မတက္ကသိုလ် ရဲ့  RC အာစီရှေ့ မှာ တရား ဟောနေ
တယ်ကြား လိုက်ရတယ် … သွားတော့ နားမထောင်လိုက်ဖြစ်ဖူး။

RIT စက်မှု တက္ကသိုလ် ဘက် က မျက်မှန်တန်းမိနေသူ တချို့ ကိုလည်း သုတ်သုတ် နဲ
့ လျောက်သွားတာ အဓိပတိလမ်း ပေါ်မှာ ဖြတ်ခနဲ သတိထားလိုက်မိတယ်။

သိပ်မကြာတဲ့ နာရီ အကြာမှာ တော့ ဘေးက ဖြတ်သွားတဲ့ ကောင်မလေးတွေ တစု
ကွိစိကွစိဖြစ်နေတယ် (အမှတ်မမှားဘူးဆိုရင် ခက်ခက်ဦးသာ တို့ 
အုပ်စုထင်တယ်) ... လုံထိန်းတွေ ကျောင်း အပေါက်အ၀ မှာချထားတာ ကို
မကျေနပ်လို့  ပြည့်ပြည့် (အဆိုတော်) အိမ်ပြန် ပြီး ဘေ့စ်ဘောတုတ် ယူ
ပြန်ရိုက်မလို့  အဲဒါကို မယူဖို့ ဖျောင်းဖျနေကြရတယ်ဆိုတဲ့ အကြောင်း ...
ဘာညာဆိုပြီး ကြားလိုက် ရမိသလိုပဲ … ပြည့် ပြည့် ကတော့ သူ့ အ၀ါ နုရောင်
323 နဲ့ RC 2 နဲ့ Main ဖက် ကူးချည့်သန်းချည် လုပ်နေတာကိုတော့
မနက်ပိုင်းထဲက သတိထား မိလိုက်တယ်။ ဒါပေမယ် ကိုယ်က သူတို့ 
အုပ်စုကိုသတိထားမိနေပေမယ့် နီး စပ်နိုင်ခဲ့သူ တယောက် တော့ မဟုတ်။

ဒီလိုနဲ့ မွန်းသာလွဲသွားတယ် … အသံတွေ ကမရပ်ပဲ ဆက်ကာ ဆက်ကာ ပဲ
ကျောင်းကြီး ထဲမှာ ပဲတင်သံရိုက်နေတယ်။

ငါတို့ကျောင်းသားရဲဘော် ကိုဖုန်းမော် ကို မဆလ အဏာပိုင် လက်ပါးစေ
လုံထိန်းတို့ က မတရားပစ်သတ်လိုက်ကြတယ် … ပြီးတော့ မဟုတ်မမှန်သတင်းတွေ
ထုတ်ပြန်တယ် ဒါလုံးဝမတရားဘူး …. ပြီးခဲတဲ့နှစ် စက်တင်ဘာလတုံး ကလည်း
၂၅ိ/၃၅ိ/၇၅ိ ကျပ်တန်တွေ ဖျက်သိမ်းခဲ့တယ် ဒါလည်းလုံးဝမတရားဘူး …. မဆလ
လက်ထက်မှာ မှ ငါတို့ နိုင်ငံ အဆင်းရဲ ဆုံး LDC ဖြစ်ရတယ် … ငါတို့ ဘွဲ
့ရလည်း ဘယ်မှာလည်းဘ၀အာမခံချက် … စသည့်စသည့် အသံတွေ ကတော့ အဲဒီလိုကို
စုံနေအောင်ကြားနေခဲ့ရတယ်။

အတန်းတွေလည်းမတတ်တော့ဘူး … ကျူတိုရီကယ်တို့ ပရယ်တီကယ်တို့  ဆိုထားတော့
အားလုံးက RC ရှေ့ မှာတရားများထပ်ဟောမလားလို့  အဓိပတိလမ်းမတလျှောက်မှာ
ကွန်ဗို့ ရှေ့ နားမှာ ဟို တစု ဒီတစု စောင့်နေကြတယ်။ ဘယ်သူ ကမှ တရားမဟော
တော့ပေမယ် ကိုယ့်အစု နဲ့ ကိုယ် မကျေနပ်ချက်တွေ ကို ကျယ်ကျယ်လောင်လောင်
ကြီးကို ပြောနေကြတော့တယ်။

ထူးထူးခြားခြားမှတ်မိနေတာတခုလည်းရှိတယ် … BPI အရာရှိရိပ်သာမှာ နေတဲ့ 
ကျောင်းသားတယောက်ကပြောတာ … ဒါနဲ့ တောင်ဗျာ ရဲချုပ်ဦးဖေကြည်က လေ ၁၃ ရက်နေ
ည နေခင်း BPI အရာရှိအိမ်ရိပ်သာ ရှေ့ က တင်းနစ်ကွင်းမှာ သူ
့လုံထိန်းအရာရှိတွေ ကို ဟန်ရေးပြပြီး ... ခေါင်းကိုမရိုက်ရဘူးနော်
ခါးအောက်ပိုင်းကိုပဲရိုက် ဒါတောင် ကိုယ့်ကိုအန္တရာယ်ပြုလာမှ … ဆိုပြီး
အထူးအဆန်းတွေ အနေနဲ့  လာပြီး ကြည့်နေကြတဲ့ BPI ၀န်ထမ်းရိပ်သာ ကသူတွေရှေ
့မှာ ပဏာ ယူပြီးခွန်းမိတ်ခြွေနေသေးတယ် … နောက်နေ့  မနက်စောစော
တင်းနစ်ကွင်းထဲမှာ စခန်းချထားတဲ့ သူတို့ ဆီကို ကျနော် ဂျီးဒေါ်က
မနေနိုင်မထိုင်နိုင် သွားပြီး … ညက သေနတ် သံကြားမိသလားလို …
ဆိုပြီ့းမေးတော့ ဘာပြန်ပြောတယ်မှတ်လည်း သေနတ်သံမဟုတ်ရပါဘူး … သူတို့ ကို
ကျောင်းသားတွေ က သာ ဗျတ်အိုးတွေ နဲ့ ပေါက်သတဲ့ ဗျာ …
အဲဒီလိုမျက်နှာဗြောင်တိုက်တာ။

(မဆလ ရဲချုပ် ဦးဖေကြည် သမီး မနွဲစိမ်းနဲ့ သူသူငယ်ချင်းတစု RC2 က T4 ရှေ
့အုတ်ခုံမှာ ထိုင်ရင် သွားသွားကြည့်ခဲ့ ရတဲ့ ထမိန်တို တို ရှန်ပိန်
ခေတ်ကိုလည်း မဆီမဆိုင် မှတ်မိနေသေးပါရဲ့ )

ဘယ်လိုဖြစ်ဖြစ် … ကိုဖုန်းမော်ကိစ္စနဲ့ ပတ်သက်ပြီး မဟုတ်မမှန် သတင်း
ထုတ်ခဲ့ပြန်ခဲ့တာဟာ ကျောင်းသားထုရဲ့ ဂုဏ်သိက္ခာကို စော်ကား နေတာ ဆိုတာ
ကိုတော့ နိုင်ငံရေးအသိရှိတဲ့ ကျောင်းသားထုကရော၊ သာမာန် ကျောင်းသားထုတွေ
က ရောသဘောပေါက်နေကြတယ်။ မ ကျေမ နပ်လည်းအားလုံးကဖြစ်နေကြတယ်။

တယောက်မကျေနပ်ချက် တွေ ကို တယောက်မျှဝေနားထောင်နေကြပြီး … အားလုံး က
တခုခုကိုစောင့်လင့်နေတဲ့ အချိန် … အားလုံးကလည်း တယောက်တပေါက်နဲ့ …
ဒီကိစ္စ နဲ့  ပတ်သက်ပြီး အာဏာပိုင်တွေ ဆီ ကို သွားအရေးဆို ရမယ်ဆိုတာကို
တော့ အားလုံး နောက် ဆုံးမှာ ကသဘောတူလိုက်ကြတယ်။

ဒီအချိန်မှာ RC.2 ဘက် က ကျောင်းသားထု ကလည်း အခုလို မဆလအာဏာပိုင်တွေ
မတော်မတားလုပ် မဟုတ်မမှန်ကြောငြာတာ ကို မကျေနပ်လို့  အာဏာပိုင်တွေ ကို
အရေးဆို ဖို့  ပင်မ Main ထဲက သူတွေ နဲ့ ပူးပေါင်း ဖို့ ချီတတ် လာပြီ
ဆိုတဲ့  သတင်းတွေ လည်း ကြားနေရတယ်။ စွတ်ကျယ်စက် နဲ့ ရှေးဟောင်းသုတေသန
နားမှာ လုံထိန်းကားတွေ မနက် ခင်ကျောင်း အလာမှာ တွေ ခဲ့ ရတာ ကို ဖြတ်ခနဲ
့သတိရလိုက်ပေမယ့် ဘယ်သူမှလည်း စကားလုပ်ပြောမနေခဲ့။

ဘယ်သူ က ဘယ်လိုစလည်းတော့မသိ … စီးပွားရေးတက္ကသိုလ်/အီကို ကိုဘက်ကို
ကိုယ့်အစု နဲ့ ကိုယ်ဦးတည်သွားနေတဲ့ ကျောင်းသားထု ကတော့ စုစည်းမိပြီး
လူတန်းကြီးဖြစ်နေပြီ။ RC.2 ဘက်က တတ်လာသူတွေ နဲ့ သွားပူးပေါင်းကြမယ်ပေါ့ …
အားလုံး က ပြည်လမ်းမဘက်ကိုဦးတည်လျက်။

ရှေ့ ဆုံးက ဦးတည်ချီတတ်သွားသူတွေ အီကို ပြည်လမ်းမ ဘက်က Bus
ကားမှတ်တိုင် ဂိတ်ပေါက် ၀ အရောက် မှာတော့ လှည်းတန်းနားတ၀ိုက်
ကလာရောက်အားပေးနေတဲ့ ပြည်သူလူထုက လည်း လက်ခုပ်တွေတီးလို့ ပေါ့။

ဘုတ် … ခနဲ့ ကျအလာ …

စက္ကူအိတ်တခု … အဲဒီခေတ်က ခပေါင်း/ဒူးယား ကာတွန်း တွေထုတ်တဲ့  အညိုရောင်
စက္ကူမျိုးနဲ့ ထုတ်ထားတဲ့ စက္ကူအိတ်တခု ချီတတ်လာနေတဲ့ ကျောင်းသားတွေ
အုပ်ထဲကို ဘုတ်ခနဲ့ ဆို ကြလာတယ်။ ရုတ်တရက်ဆိုတော့ အားလုံးက တခဏတော့
မင်တတ်သွားကြတယ်၊ ကြောင်သွားကြတယ်။

ရှေ့ ဆုံးရောက်နေတဲ့  အုပ်ထဲက ကျောင်းသားတယောက် က အထုတ်ကို ကောက်ယူ
ပြီးအိတ်ကို ဇတ်ခနဲ ဆွဲ ဖြဲပစ်လိုက်တယ် …… ပိတ်စအနီစတစ လို့ တော့
အားလုံး ကမြင်လိုက်ကြတယ်။

သူလည်း ဘာဆက်လုပ်ရမှန်းမသိ တခဏတော့ မင်တတ်နေတယ်ထင်တယ် … စက္ကန့် 
အတိုင်းအတာ တခုအထိတော့ ကြာသွားတာ သေချာတယ်။

ဘေးကရပ်ကြည့် နေတဲ့ လုအုပ်ထဲက သူလိုကိုယ်လို လူတယောက် ထွက်လာပြီး Bus
ကားဂိတ် ဘေးက ကွမ်းယာဆိုင်မှာ အမိုးထူဖို့ ထောင်ထားတဲ့ ၀ါးလုံးတိုင်ကို
ဆွဲယူပြီး … အဲဒီ အနီ ရောင်ပိတ်စ ကို ကိုင်ထားတဲ့ ကျောင်းသား
ဆီကိုထိုးပေးလိုက်တယ်။

အဲဒီအခါကြမှ အားလုံးဟာ အသက်ဝင်သွားသလို … အနီရောင်ပိတ်စကို ဆွဲဖြန့် 
လိုက်တယ်။ ၀ါးလုံးတိုင်မှာချည်ပြီး လွှင်တင်လိုက်တယ်။

သမဂ္ဂ ခွပ်ဒေါင်းအလံ …

ခြေပန်းကွင်း ကို ဖေါက်ဖြတ်ထွက်ပြီး မတရားမှုတွေ ကို ရင်ကိုကျော့
ခေါင်းကိုမော့ တိုက်ပွဲ ၀င်မဲ့ ဟန်နဲ့ … နီလည်းနီ ချွန်လည်းချွန်တဲ့ 
အတတ်အလက်တွေ နဲ့  ခွပ်ဒေါင်း …

အစဉ်အလာကြီးတဲ့ ကျောင်းသားသမဂ္ဂ ခွပ်ဒေါင်းအလံပါခင်ဗျား …

ဘယ်သူမှလည်းမထင်ထားခဲ့ဘူး ကျနော်လည်းမထင်ခဲ့ဘူး …

ဒါ့ထက် …. တခါမှ အပြင်မှာ မမြင်ခဲ့ဘူးတဲ့ ခွပ်ဒေါင်းအလံ …

အနှစ်နှစ် အလလ နှင်းခါး မုန်တိုင်းတွေ အောက်မှာ တဆောင်းတမိုး ခို ခဲ့ ရတဲ
့ သမဂ္ဂခွပ်ဒေါင်းအလံ …

မျိုးဆက်အသစ်အတွေ အတွက် မျိုးဆက်အဟောင်းတွေ က ဘ၀တွေ နဲ့ ရင်းပြီး
ထိမ်းသိမ်းထားခဲ့ တဲ့  ဒီအလံ …..

တိုက်ပွဲ နဲ့  အတူပြန်ပေါ်လာခဲ့ပါတယ်။

မြင်ရတဲ့ သူတိုင်း သွေးတွေ ဆူ လာစေတယ် …

ပြန်တွေ တိုင်းလည်း သွေးတွေ ပူလာစေပါတယ်။

ဒီ သမဂ္ဂခွပ်ဒေါင်း အလံကို ကို ၁၉၈၈ မတ်လ ၁၆ ရက်နေ တံတားနီ အရေးအခင်း
မဖြစ်ခင် မိနစ်ပိုင်း အလိုမှာ မျိုးဆက် ဟောင်းကနေ မျိုးဆက်သစ် ကို
လက်ပြောင်းလွဲ ပေးခဲ့ ပါတယ်။

ကံကောင်းထောက်မစွာပဲ ဒါ ကို ကျနော်တို့  တတွေ့ ခဲ့ရတယ်၊ မြင်ခဲ့ ရတယ်၊
ကြုံခဲ့ ရတယ်။

အဲဒါနဲ့ တဆက်ထဲ ခေတ်ကြီး ကပုခုံးပေါ်ကိုတင်ပေးလိုက်တဲ့ သမိုင်းတာဝန် တွေ
ကို လည်းထမ်းဆောင်ခွင့်ရခဲ့တယ်။ တကယ့် မဟာအခွင့်အရေး တခုပါပဲ။

တံတားနီမှာ တော့ တခဏ အရေးနိပ်ခဲ့ ဒါပေမယ့် ဒီအလံတော်ကို ၈၈ ဇွန်လ၊ ၈၈
ဝါဆိုလပြည့်၊ ၈၈ သြဂုတ်လ ၃ ရက်၊ ၅ ရက် နေ့ တွေ အထိ… နောက်ဆုံးတော့ ၈
လေးလုံး၊ ၁၉၉၆၊ ၁၉၉၈၊ ၂၀၀၇ မှ ယနေ့ အထိ ချီတက်ဆဲ မျိုးဆက်အဆင့်ဆင့် က
သယ်ဆောင် နေကြ ဆဲ … ကျောင်းနရံ တ၀ိုက် ဒေါင်းအလံ ကို
ပိုင်ပိုင်နိုင်နိုင် ပြန်စိုက်နိုင်ရေးအတွက် ကို ချီတက်နေဆဲ။

**Ko Ba**

ဖြစ်စဉ်ကို တင်ပြမူ၊ ကျောင်းသား အငွေ့အသက် ရနံ ပါဝင်မူ၊ ခွတ်ဒေါင်းရဲ့
တန်ဘိုး၊ စတာတွေကို ပြည့်နက်အောင်--ရေးသားပေးတဲ့ ကိုဘ
ကိုကျေးဇူးတင်ပါတယ်။ ချစ်ခင်သူများ
ဖတ်ရအောင် ဖြန့်ဝေမိပါတယ်၊ ဆိုင်ကောင်းလေး ညွန်တဲ့သဘောပါ။

ကိုပီတာ(စမ်းချောင်း)
I pray for you. please pray for me.
peter l ure

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)